iMyanmarHouse.com - Best Property Website for Myanmar
×

မၾကာမီက ျပဳလုပ္ခဲ့ေသာ ေလ့ လာမႈတစ္ခုအရ အေရးေပၚသေႏၶတား ျခင္းအေၾကာင္းကို အနည္းအက်ဥ္းမွ်သာသိေသာ အမ်ဳိးသမီး ၅၉ ရာခိုင္ႏႈန္းရွိၿပီး မ်ားစြာမသိသည့္ အမ်ဳိးသမီး ၁၂ ရာခိုင္ႏႈန္းရွိကာ လုံး၀မသိ သူ ၃ ရာခိုင္ႏႈန္းရွိေၾကာင္း သိရသည္။

အသက္(၁၆)ႏွစ္မွ (၅၄)ႏွစ္အတြင္းရွိ အမ်ဳိးသမီးေပါင္း ၂၀၀၀ ဦးကို စစ္တမ္းေကာက္ယူမႈအရ အေရးေပၚ သေႏၶတားျခင္းႏွင့္ပတ္သက္သည့္ ၎တို႔၏ လဲြမွားေသာ ယူဆခ်က္မ်ားကိုလည္း ေဖာ္ျပေနသည္။

အကာအကြယ္မပါဘဲ လိင္ဆက္ဆံျခင္း(သို႔မဟုတ္) သုံးေနက် သေႏၶတားနည္းႏွင့္ အဆင္မေျပသည့္အခါ အေရးေပၚ သေႏၶတားႏုိင္ သည့္ နည္းလမ္းသုံးမ်ဳိးရွိသည္။ သေႏၶတားႏုိင္ေသာ ေဆးမ်ား ရွိပါသည္။ IUD ဟုေခၚေသာ အေရးေပၚ သေႏၶတားႏုိင္သည့္ပစၥည္းကိုအကာအကြယ္မပါဘဲ လိင္ဆက္ဆံၿပီးေနာက္  ငါးရက္အထိသားအိမ္ထဲတြင္ ထည့္ထားႏုိင္သည္။ IUD ပစၥည္းမွာ ပလတ္စတစ္ႏွင့္ ေၾကးနီျဖင့္ ျပဳလုပ္ထားေသာ သားအိမ္ထဲတြင္ ထည့္ရေသာ ပစၥည္းငယ္ေလး တစ္ခုျဖစ္ၿပီး ငါးႏွစ္မွ ဆယ္ႏွစ္အထိ အသုံးျပဳႏုိင္သည္။


လတ္တေလာ ေလ့လာမႈမ်ားအရ အမ်ဳိးသမီး သုံးပုံတစ္ပုံေက်ာ္က အေရးေပၚသေႏၶတားေဆးမ်ား ၀ယ္ယူရန္သားဖြားမီးယပ္ဆရာ၀န္ထံမွ ၫႊန္ၾကားစာလိုေၾကာင္း ယုံၾကည္ၾကသည္ဟု သိရသည္။ အေရးေပၚ သေႏၶတားေဆးအမ်ဳိးမ်ဳိးကို ေဆးဆုိင္မ်ားတြင္ ေဆးစာမလိုဘဲ အလြယ္တကူ၀ယ္ယူရရွိႏုိင္ပါသည္။ အကယ္၍ သေႏၶတားရန္  IUD ပစၥည္း သုံးမည္ဟု ဆုံးျဖတ္ထားပါက ယင္းပစၥည္းကို ဆရာ၀န္(သို႔မဟုတ္) သူနာျပဳတုိ႔က ထည့္ေပးရန္ လိုအပ္သည္။

အေရးေပၚသေႏၶတားေဆးမ်ားကို ေဆးဆုိင္မ်ား၊ ေဆး႐ုံမ်ား၊ သားဖြားမီးယပ္ဆုိင္ရာ ေဆးခန္းမ်ားတြင္ အလြယ္တကူ ၀ယ္ယူရရွိႏုိင္ပါသည္။ အမ်ဳိးသမီး ၅၀ ရာခိုင္ႏႈန္းက အေရးေပၚသေႏၶတား နည္း အသုံးျပဳျခင္းမွာ ကိုယ္၀န္ပ်က္က်ေစသည္ (သို႔မဟုတ္) ေသခ်ာေရရာမႈ မရွိဟု ယုံၾကည္ၾကေၾကာင္း အထက္ပါ ေလ့လာမႈအရ သိရသည္။ အေရးေပၚသေႏၶတားေဆးမ်ားက မ်ဳိးဥမ်ဳိးေအာင္ျခင္း(သို႔မဟုတ္) ထုတ္လႊတ္ျခင္းကို တားဆီးေပးျခင္း (သို႔မဟုတ္) သားအိမ္ထဲတြင္ သေႏၶမတည္ႏုိင္ရန္ ကာကြယ္ေပးျခင္းတုိ႔ ျပဳလုပ္ေပးႏုိင္သည္။

ယင္းနည္းလမ္းမွာ မလိုလားအပ္ေသာ ကိုယ္၀န္ေဆာင္ျခင္းကို ႀကိဳတင္ကာကြယ္ျခင္းျဖစ္ၿပီး ကိုယ္၀န္ဖ်က္ခ်ျခင္းမဟုတ္ေၾကာင္း၊ေဆးဘက္ဆုိင္ရာ ေလ့လာမႈမ်ားႏွင့္ တရားဌာနမ်ားက အတိအလင္း ေျပာၾကားထားၿပီး ျဖစ္သည္။ ကိုယ္၀န္ဖ်က္ခ်ျခင္းမွာ ကိုယ္၀န္ေဆာင္ထားရျခင္းကို အဆုံးသတ္ေစလုိက္ျခင္းျဖစ္ၿပီး မ်ဳိးေအာင္ၿပီး မ်ဳိးဥသားအိမ္ထဲတြင္ တြယ္ေနၿပီးမွသာ ကိုယ္၀န္ဖ်က္ခ်ႏုိင္သည္။ ယင္းကိစၥႏွစ္ခုမွာ အလြန္ပင္ ကြာျခားပါသည္။

အေရးေပၚသေႏၶတားေဆးကို အကာအကြယ္မပါဘဲ လိင္ဆက္ဆံၿပီးေနာက္ ၂၄ နာရီအတြင္း ေသာက္ရမည္ဟူေသာ ယူဆခ်က္သည္ မမွန္ကန္ဘဲ ယင္းေဆးမ်ားမွာ သုံးရက္အထိ ေဆးစြမ္းျပႏုိင္သည္။ သို႔ေသာ္ ေစာေစာေသာက္ေလ ေဆး၏အက်ဳိးသက္ေရာက္မႈအားေကာင္းေလ ျဖစ္သည္။

အေရးေပၚသေႏၶတားေဆးကို တစ္လအတြင္း တစ္ႀကိမ္ထက္ပို၍ ေသာက္သုံးႏုိင္ေသာ္လည္း ကြၽမ္းက်င္သူမ်ားက ယင္းသို႔ လုံး၀လမ္း မၫႊန္ေပ။ အေရးေပၚသေႏၶတားႏုိင္သည့္ တျခားနည္းလမ္းမ်ား ရွိသည္ကို အမွတ္ရပါ။

အေရးေပၚသေႏၶတားေဆးေသာက္ၿပီး ႏုိ႔တုိက္ျခင္းကို သီတင္းတစ္ပတ္အထိ မလုပ္ရန္ ကြၽမ္းက်င္သူမ်ားက ၫႊန္ၾကားသည္။ ေလ့လာမႈအတြင္းပါ၀င္ေသာ အမ်ဳိးသမီးသုံးပုံႏွစ္ပုံက အေရးေပၚသေႏၶတားေဆးမ်ား အႀကိမ္ႀကိမ္ အသုံးျပဳျခင္းျဖင့္ ကိုယ္၀န္မေဆာင္ႏုိင္ျဖစ္မည္ဟု ယုံ ၾကည္ထားၾကသည္ (သို႔မဟုတ္) မေသခ်ာဟုယုံၾကည္ၾကသည္။

အေရးေပၚသေႏၶတားေဆး အႀကိမ္ႀကိမ္သုံးျခင္းက သင္၏ရာသီလာခ်ိန္ကို အေႏွာင့္အယွက္ျဖစ္ေစႏုိင္သည္။ သို႔ေသာ္လည္း ေနာင္တစ္ခ်ိန္ ကိုယ္၀န္မေဆာင္ႏုိင္ျဖစ္ျခင္းမ်ဳိး မရွိပါ။ ယင္းေဆးမ်ားမွာ ပုံမွန္ေသာက္သုံးရန္ မဟုတ္ဆုိျခင္းကို အမွတ္ရပါ။ ပုံမွန္သုံးရန္ သေႏၶတားေဆးလုိအပ္ပါက နည္းလမ္းမ်ားစြာရွိၿပီး ဆရာ၀န္ႏွင့္ တုိင္ပင္ကာ သင့္ အတြက္ အဆင္ေျပဆုံးနည္းလမ္းျဖင့္ ပုံမွန္သေႏၶတားႏုိင္သည္။


Credit: 7Day Daily

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
မကြာမီက ပြုလုပ်ခဲ့သော လေ့ လာမှုတစ်ခုအရ အရေးပေါ်သန္ဓေတား ခြင်းအကြောင်းကို အနည်းအကျဉ်းမျှသာသိသော အမျိုးသမီး ၅၉ ရာခိုင်နှုန်းရှိပြီး များစွာမသိသည့် အမျိုးသမီး ၁၂ ရာခိုင်နှုန်းရှိကာ လုံးဝမသိ သူ ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အသက်(၁၆)နှစ်မှ (၅၄)နှစ်အတွင်းရှိ အမျိုးသမီးပေါင်း ၂၀၀၀ ဦးကို စစ်တမ်းကောက်ယူမှုအရ အရေးပေါ် သန္ဓေတားခြင်းနှင့်ပတ်သက်သည့် ၎င်းတို့၏ လွဲမှားသော ယူဆချက်များကိုလည်း ဖော်ပြနေသည်။

အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်း(သို့မဟုတ်) သုံးနေကျ သန္ဓေတားနည်းနှင့် အဆင်မပြေသည့်အခါ အရေးပေါ် သန္ဓေတားနိုင် သည့် နည်းလမ်းသုံးမျိုးရှိသည်။ သန္ဓေတားနိုင်သော ဆေးများ ရှိပါသည်။ IUD ဟုခေါ်သော အရေးပေါ် သန္ဓေတားနိုင်သည့်ပစ္စည်းကိုအကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးနောက်  ငါးရက်အထိသားအိမ်ထဲတွင် ထည့်ထားနိုင်သည်။ IUD ပစ္စည်းမှာ ပလတ်စတစ်နှင့် ကြေးနီဖြင့် ပြုလုပ်ထားသော သားအိမ်ထဲတွင် ထည့်ရသော ပစ္စည်းငယ်လေး တစ်ခုဖြစ်ပြီး ငါးနှစ်မှ ဆယ်နှစ်အထိ အသုံးပြုနိုင်သည်။


လတ်တလော လေ့လာမှုများအရ အမျိုးသမီး သုံးပုံတစ်ပုံကျော်က အရေးပေါ်သန္ဓေတားဆေးများ ဝယ်ယူရန်သားဖွားမီးယပ်ဆရာဝန်ထံမှ ညွှန်ကြားစာလိုကြောင်း ယုံကြည်ကြသည်ဟု သိရသည်။ အရေးပေါ် သန္ဓေတားဆေးအမျိုးမျိုးကို ဆေးဆိုင်များတွင် ဆေးစာမလိုဘဲ အလွယ်တကူဝယ်ယူရရှိနိုင်ပါသည်။ အကယ်၍ သန္ဓေတားရန်  IUD ပစ္စည်း သုံးမည်ဟု ဆုံးဖြတ်ထားပါက ယင်းပစ္စည်းကို ဆရာဝန်(သို့မဟုတ်) သူနာပြုတို့က ထည့်ပေးရန် လိုအပ်သည်။

အရေးပေါ်သန္ဓေတားဆေးများကို ဆေးဆိုင်များ၊ ဆေးရုံများ၊ သားဖွားမီးယပ်ဆိုင်ရာ ဆေးခန်းများတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါသည်။ အမျိုးသမီး ၅၀ ရာခိုင်နှုန်းက အရေးပေါ်သန္ဓေတား နည်း အသုံးပြုခြင်းမှာ ကိုယ်ဝန်ပျက်ကျစေသည် (သို့မဟုတ်) သေချာရေရာမှု မရှိဟု ယုံကြည်ကြကြောင်း အထက်ပါ လေ့လာမှုအရ သိရသည်။ အရေးပေါ်သန္ဓေတားဆေးများက မျိုးဥမျိုးအောင်ခြင်း(သို့မဟုတ်) ထုတ်လွှတ်ခြင်းကို တားဆီးပေးခြင်း (သို့မဟုတ်) သားအိမ်ထဲတွင် သန္ဓေမတည်နိုင်ရန် ကာကွယ်ပေးခြင်းတို့ ပြုလုပ်ပေးနိုင်သည်။

ယင်းနည်းလမ်းမှာ မလိုလားအပ်သော ကိုယ်ဝန်ဆောင်ခြင်းကို ကြိုတင်ကာကွယ်ခြင်းဖြစ်ပြီး ကိုယ်ဝန်ဖျက်ချခြင်းမဟုတ်ကြောင်း၊ဆေးဘက်ဆိုင်ရာ လေ့လာမှုများနှင့် တရားဌာနများက အတိအလင်း ပြောကြားထားပြီး ဖြစ်သည်။ ကိုယ်ဝန်ဖျက်ချခြင်းမှာ ကိုယ်ဝန်ဆောင်ထားရခြင်းကို အဆုံးသတ်စေလိုက်ခြင်းဖြစ်ပြီး မျိုးအောင်ပြီး မျိုးဥသားအိမ်ထဲတွင် တွယ်နေပြီးမှသာ ကိုယ်ဝန်ဖျက်ချနိုင်သည်။ ယင်းကိစ္စနှစ်ခုမှာ အလွန်ပင် ကွာခြားပါသည်။

အရေးပေါ်သန္ဓေတားဆေးကို အကာအကွယ်မပါဘဲ လိင်ဆက်ဆံပြီးနောက် ၂၄ နာရီအတွင်း သောက်ရမည်ဟူသော ယူဆချက်သည် မမှန်ကန်ဘဲ ယင်းဆေးများမှာ သုံးရက်အထိ ဆေးစွမ်းပြနိုင်သည်။ သို့သော် စောစောသောက်လေ ဆေး၏အကျိုးသက်ရောက်မှုအားကောင်းလေ ဖြစ်သည်။

အရေးပေါ်သန္ဓေတားဆေးကို တစ်လအတွင်း တစ်ကြိမ်ထက်ပို၍ သောက်သုံးနိုင်သော်လည်း ကျွမ်းကျင်သူများက ယင်းသို့ လုံးဝလမ်း မညွှန်ပေ။ အရေးပေါ်သန္ဓေတားနိုင်သည့် တခြားနည်းလမ်းများ ရှိသည်ကို အမှတ်ရပါ။

အရေးပေါ်သန္ဓေတားဆေးသောက်ပြီး နို့တိုက်ခြင်းကို သီတင်းတစ်ပတ်အထိ မလုပ်ရန် ကျွမ်းကျင်သူများက ညွှန်ကြားသည်။ လေ့လာမှုအတွင်းပါဝင်သော အမျိုးသမီးသုံးပုံနှစ်ပုံက အရေးပေါ်သန္ဓေတားဆေးများ အကြိမ်ကြိမ် အသုံးပြုခြင်းဖြင့် ကိုယ်ဝန်မဆောင်နိုင်ဖြစ်မည်ဟု ယုံ ကြည်ထားကြသည် (သို့မဟုတ်) မသေချာဟုယုံကြည်ကြသည်။

အရေးပေါ်သန္ဓေတားဆေး အကြိမ်ကြိမ်သုံးခြင်းက သင်၏ရာသီလာချိန်ကို အနှောင့်အယှက်ဖြစ်စေနိုင်သည်။ သို့သော်လည်း နောင်တစ်ချိန် ကိုယ်ဝန်မဆောင်နိုင်ဖြစ်ခြင်းမျိုး မရှိပါ။ ယင်းဆေးများမှာ ပုံမှန်သောက်သုံးရန် မဟုတ်ဆိုခြင်းကို အမှတ်ရပါ။ ပုံမှန်သုံးရန် သန္ဓေတားဆေးလိုအပ်ပါက နည်းလမ်းများစွာရှိပြီး ဆရာဝန်နှင့် တိုင်ပင်ကာ သင့် အတွက် အဆင်ပြေဆုံးနည်းလမ်းဖြင့် ပုံမှန်သန္ဓေတားနိုင်သည်။


Credit: 7Day Daily


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top