iMyanmarHouse.com - Best Property Website for Myanmar
×

ထာ၀ရမႏၱေလး၊ ၀ကၤဘာစံအိမ္၊ ပို၍လွေသာမနက္ျဖန္၊ ၀ိဥာဥ္ရိႈက္သံအျပင္ အခုလက္ရွိ MRTV-4 မွာစတင္ျပသေနတာကေတာ့ ရတနာထဲကရတနာဆိုတဲ့ဇာတ္လမ္းတြဲေလးပါ။ ထူးျခားမႈရွိတဲ့ ဇာတ္လမ္းတြဲမ်ားကို တစ္ကားနဲ႕တစ္ကားမရိုးရေအာင္ပရိသတ္အတြက္ ဖန္တီးၾကိဳးစားရုိက္ကူးခဲ့တဲ့ ေအာင္မင္းခန္႕ဟာ ၂၀၁၇ မတ္လမွာလဲ ပဥၥလက္ရြာဆိုတဲ့ ဇာတ္လမ္းတြဲကို ပုဂံမွာသြားေရာက္ရုိက္ကူးဦးမယ္လို႕ဆိုပါတယ္။ ဒါ့အျပင္ေအာင္မင္းခန္႕ဟာ ဗီဒီယိုနဲ႕ရုပ္ရွင္ဇာတ္ကားၾကီးမ်ားကိုလဲ ပံုမွန္ရိုက္ကူးျဖစ္ေနသလို ကားၾကီး၊ ဗီဒီယို၊ ဇာတ္လမ္းတြဲမ်ားကုိ မွ်တေအာင္လက္ခံရိုက္ကူးျဖစ္ေနတယ္လို႕ေျပာျပလာတဲ့ ေအာင္မင္းခန္႕ရဲ႕ လူမႈကြန္ယက္ေတြအေပၚ ပ်ံ႕ႏွံ႕ေနတဲ့ လုပ္ၾကံခံရမႈေပၚ စိတ္ခံစားခ်က္မ်ားနဲ႕ လက္ရွိ အႏုပညာလႈပ္ရွားမႈမ်ားကိုသြားေရာက္ေမးျမန္းျဖစ္တဲ့အခါ

-ဒီေန႕ရုိက္တဲ့ ကားေလးကုိ အရင္ေျပာျပေပးပါဦး။

ကားနာမည္က အိမ္ေထာင္လူလြတ္တဲ့။ မင္းသမီးက သြန္းဆက္ ၊ ဒါရုိက္တာကမယ္မင္းဘံုပါ။ ကၽြန္ေတာ္တုိ႕က ဒီထဲမွာ လံုး၀အကဲေတြ၊ ကၽြန္ေတာ္နဲ႕သြန္းဆက္ေတြ႕ေတာ့ ကဲေဖာ္ကဲဖက္ေကာင္းေတြျဖစ္သြားတယ္။ ၿပီးေတာ့လူငယ္အခ်င္းခ်င္း ေမတၱာမွ်သြားတယ္။ ၿပီးေတာ့ ကၽြန္ေတာ္ကေနၿပီးေတာ့ ဒီလိုကဲေဖာ္ကဲဖက္ေကာင္းကိုမွ အိမ္ေထာင္ဖက္အျဖစ္မေရြးခ်ယ္ရင္ ဘယ္သူ႕ကိုေရြးခ်ယ္မလဲဆုိၿပီးေတာ့ ငယ္ငယ္ရြယ္ရြယ္နဲ႕ေနာင္ေရးကုိ ဘာမွမစဥ္းစားပဲ အိမ္ေထာင္ျပဳလုိက္တယ္။ အိမ္ေထာင္ေရးဆိုတာ လြယ္လြယ္ကူကူနဲ႕မဟုတ္ဘူးဆိုတာကို ေျပာျပခ်င္တယ္။ ခ်စ္တာတစ္ခုတည္းနဲ႕မၿပီးဘူး။ ေရွ႕ေရးအတြက္အမ်ားၾကီးလုပ္ရဦးမယ္။ ဆိုတာကုိ ရုိက္ျပထားတဲ့ကားေလးပါ။

-အခုလက္ရွိ MRTV-4 မွာျပေနတဲ့ ရတနာထဲကရတနာ ဇာတ္လမ္းတြဲေလးနဲ႕ပတ္သက္ၿပီးေတာ့လဲ အစပဲရွိေသးတယ္။ ပရိသတ္ေတာ္ေတာ္မ်ားမ်ား သေဘာက်ေနၾကတယ္။

ကၽြန္ေတာ္အဲ့ဒီ ကားကို ေနျပည္ေတာ္မွာ ၆လနီးပါးသြားရုိက္ခဲ့တယ္။ တကယ္လဲပင္ပန္းခဲ့ရတယ္။ ၾကိဳးလဲၾကိဳးစားခဲ့တယ္။ ကၽြန္ေတာ္တို႕ထုိင္းကဒါရုိက္တာေတြနဲ႕အနည္းဆံုး ၇၊ ၈၊ ၉၊ တိတ္ေလာက္က အနည္းဆံုးပဲ။ ဆင္းန္ၾကီးရင္ၾကီးသလုိ ရီဟာဇယ္လုပ္တယ္။ တစ္ေခါက္မွားၿပီဆိုတာနဲ႕အစအဆံုးျပန္ျပန္လုပ္ရတယ္။ တစ္ကဒ္ၿပီးတစ္ကဒ္ ျခားတာထက္စာရင္ ပုိၿပီးေတာ့ဆက္သြားတာကပိုေကာင္းတယ္လို႕ေျပာတယ္။ ကၽြန္ေတာ္နဲ႕သူတို႕နဲ႕လဲလက္တြဲလာတာၾကာၿပီဆုိေတာ့ ကၽြန္ေတာ္လဲသူတို႕အေၾကာင္းကိုသိတယ္။ တကယ္လဲပင္ပန္းခဲ့ရတယ္။ ဒါေပမဲ့ ဒီကားေလးက ပရိသတ္ၾကိဳက္မဲ့ကား၊ ပရိသတ္ႏွစ္သက္မဲ့ပံုစံကားမ်ိဳးေလးလဲျဖစ္တယ္။

-အဲ့ဒီဇာတ္လမ္းတြဲက အစ္ကိုရုိက္ခဲ့တဲ့ ဘယ္ႏွခုေျမာက္ဇာတ္လမ္းတြဲျဖစ္မလဲ။

ငါးခုေျမာက္ပါ။ ကၽြန္ေတာ္ရုိက္ခဲ့တာဆုိ ထာ၀ရမႏၱေလးရွိမယ္။ ၀ကၤဘာစံအိမ္ရွိမယ္။ ၀ိဥာဥ္ ရိႈက္သံ၊ ပို၍လွေသာမနက္ျဖန္၊ ေနာက္ဒီဟာရွိမယ္။

-အစ္ကုိရိုက္တဲ့ဇာတ္လမ္းတြဲတစ္ခုခ်င္းစီဟာထူးျခားတယ္။ ပရိသတ္လဲလက္ခံလာတယ္။ ျမန္မာဇာတ္လမ္းတြဲေတြကို ျမန္မာပရိသတ္ေတြေစာင့္ၾကည့္ရတဲ့ အေနအထားေလးျဖစ္လာတဲ့အေပၚ အစ္ကို႕စိတ္ခံစားခ်က္ေလးကိုလဲသိခ်င္ပါတယ္။

ဟုတ္ကဲ့။ အရမ္း၀မ္းသာပါတယ္။ ပရိသတ္က ကၽြန္ေတာ္ပါ၀င္သရုပ္ေဆာင္ထားတဲ့  ဇာတ္လမ္းတြဲေလးေတြကို အခုလိုေစာင့္ၾကည့္ေပးၾကတဲ့အတြက္အမ်ားၾကီး၀မ္းသာတယ္။ ကၽြန္ေတာ္က တစ္ကားနဲ႕တစ္ကားမတူေအာင္လဲဇာတ္ေလးေတြကို ကၽြန္ေတာ္ကေရြးတယ္။ အဲ့ဒီလိုမ်ိဳးနဲ႕ကၽြန္ေတာ့ပရိသတ္ေတြရဲ႕အာရံုကို ဖမ္းစားႏုိင္မဲ့ ဇာတ္လမ္းတြဲေလးေတြထပ္ရိုက္သြားပါမယ္။

-ထပ္ရုိက္ဖို႕စီစဥ္ထားတဲ့ဇာတ္လမ္းတြဲေတြေရာ ရွိဦးမလား။

ရွိတယ္။ MRTV-4 နဲ႕ပဲ။ ဒါရုိက္တာက ကိုသားၾကီးနဲ႕ပါ။ မတ္လေလာက္စရိုက္ပါမယ္။ ပဥၥလက္ရြာဆိုတဲ့ စီးရီးတြဲပါ။

-ခ်စ္သူမ်ားေန႕မွာေရာ ဘာအစီအစဥ္ေတြရွိလဲ။

ဘာအစီအစဥ္မွ မရွိပါဘူး။ အစီအစဥ္ကခ်စ္သူရွိမွာ ရမွာဆုိေတာ့ ကၽြန္ေတာ္က အခုဇာတ္ကားရိုက္ကူးမႈေတြပဲရွိေတာ့ တျခားေထြေထြထူးထူးကေတာ့ ဘာမွမရွိပါဘူး။ ခ်စ္သူကလဲ မရွိေသးေတာ့ေလ။

-အဲ့ဒီေန႕အတြက္ surprise ေတြဘာေတြေမွ်ာ္လင့္ထားတာမ်ိဳးေရာရွိလား။

ပရိသတ္ဆီကပဲလာဖို႕မ်ားပါမယ္။ တျခားတစ္စံုတစ္ေယာက္ဆီက လာဖို႕ဆိုတာကေတာ့ မျဖစ္ႏုိင္ဘူး။

-အစ္ကုိကိုယ္တိုင္ေရာ သူမ်ားကို တစ္ခုခုလုပ္ေပးဖို႕စီစဥ္ထားတာမ်ိဳးေရာရွိလား။

မရွိဘူးခင္ဗ်။ ကၽြန္ေတာ္အဲ့ဒီဟာနဲ႕ပတ္သက္ၿပီး ဘ၀မွာ အမွတ္တရေတာ္ေတာ္နည္းခဲ့တယ္။ မရွိသေလာက္ကိုနည္းခဲ့တယ္။ ဟိုးအရင္ကတည္းကေပါ့။ အရင္တုန္းကကၽြန္ေတာ္ရည္းစားထားဖူးတယ္။ ဘာကုသိုလ္ကံလဲေတာ့ မသိဘူး။ အဲ့ဒီေန႕ေရာက္ၿပီဆုိျပတ္ၿပီ။ ဘယ္ေရာက္သြားမွန္းလဲမသိဘူး။ ကိုယ္ေကၽြးခ်င္တာေတာင္ကိုယ့္မွာေကၽြးလို႕မရလိုက္ဘူး။

-ေလာေလာဆယ္ ဒီအလုပ္လုပ္ေနတဲ့ အတြက္ခ်စ္သူမထားေသးတာလား။

ကၽြန္ေတာ္လဲဒီအရြယ္ေရာက္မွေတာ့ အတည္တက်ေလးတစ္ေယာက္ေလာက္ထားခ်င္ၿပီေပါ့ေနာ္။ ဒါေပမဲ့ ကၽြန္ေတာ့အလုပ္ကလဲ အစ္မတို႕သိတဲ့အတိုင္းပဲ။ အခ်ိန္က အကန္႕အသတ္မရွိ၊ စေန၊ တနဂၤေႏြမရွိဆိုေတာ့ ဂ်ဴတီခ်ိန္ကျပည့္ေနေတာ့ ခ်စ္သူထားဖို႕ဖက္ကိုလွည့္ဖို႕က အလွည့္မေရာက္ဘူးျဖစ္ေနတယ္။ ဘာလို႕လဲဆိုေတာ့ ကိုယ္လဲႏွလံုးသားနဲ႕လူသားတစ္ေယာက္ပဲေလ။ ကိုယ့္ကိုၾကင္ၾကင္နာနာရွိၿပီးေႏြးေႏြးေထြးေထြးလုပ္ေပးမဲ့သူကိုယ္ကလဲလိုခ်င္တယ္။ ဒါေပမဲ့ ကံၾကမၼာေပါ့အစ္မရယ္၊ နဖူးမွာမပါလာတာေပါ့။

-အကယ္ဒမီေပးပြဲေရာ တက္ျဖစ္မလား။

မသိေသးဘူးအစ္မရဲ႕။ ဘာလို႕လဲဆိုေတာ့ မတ္လစရုိက္မဲ့ ဇာတ္လမ္းတြဲက ပုဂံမွာသြားရိုက္ရမယ္ဆိုေတာ့ အကယ္ဒမီေပးပြဲကလဲ အဲ့ဒီလဆိုေတာ့ အကယ္၍မ်ား အားခဲ့ရင္ကၽြန္ေတာ္ကေတာ့ သြားတက္မွာပဲ။ ကၽြန္ေတာ္တို႕ညီအစ္ကိုေမာင္ႏွမေတြအကယ္ဒမီဆြတ္ခူးေနတဲ့ပံုေတြကုိ အရမ္းၾကည့္ခ်င္တယ္။ အရမ္းျမင္ခ်င္တယ္။

-အခုလက္ရွိ လူမႈကြန္ယက္ေပၚပ်ံ႕ႏွံ႕ေနတဲ့ ဦးကိုနီ လုပ္ၾကံခံရမႈနဲ႕ပတ္သက္ၿပီး ျမန္မာႏိုင္ငံသားတစ္ေယာက္အေနနဲ႕ အစ္ကို႕စိတ္ခံစားခ်က္ေလးကိုလဲသိခ်င္ပါတယ္။

ကၽြန္ေတာ္ကေတာ့ ကၽြန္ေတာ္တို႕ႏုိင္ငံရဲ႕ ဥပေဒဗဟိုျပဳအၾကံေပးတစ္ေယာက္ဆံုးရံႈးရတဲ့အတြက္ အၾကံေပးမဟုတ္ခဲ့ရင္ေတာင္ လုပ္ၾကံသတ္ျဖတ္ခံခဲ့ရတဲ့အတြက္ သူ႕မိသားစုေနရာကေနကုိယ္ခ်င္းစာတယ္။ ကရုဏာသက္မိတယ္ဗ်ာ။ ကၽြန္ေတာ္တုိ႕ႏုိင္ငံကအခုမွေျခလွမ္းသစ္ေတြနဲ႕စၿပီးေရွ႕ဆက္မယ့္အခ်ိန္မွာ ဒီလိုမ်ိဳးဟာေတြမျဖစ္ေစခ်င္ဘူး။ အကုန္လံုးတည္တည္ျငိမ္ျငိမ္နဲ႕ပူးေပါင္းၿပီးေတာ့ ေရွ႕ကိုခ်ီတက္ေစခ်င္တာ ကၽြန္ေတာ္တို႕ႏုိင္ငံကသိတဲ့အတိုင္းပဲ။ အာရွမွာ ဆယ္ႏုိင္ငံ top ten စာရင္းထဲမွာ အဆင္းရဲဆံုးစာရင္း၀င္ေနတာအားလံုးလဲသိတဲ့အတုိင္းပဲ။ အိမ္နီးခ်င္းဘန္ေကာက္ျမိဳ႕ေတာင္မွ ကိုယ္ေတြထက္ႏွစ္ေပါင္းေျမာက္မ်ားစြာသာေနတယ္။ ကၽြန္ေတာ္က oversea ေတြေရာက္တယ္။ oversea ေတြေရာက္ရင္ ကိုယ့္ႏုိင္ငံကုိ အရမ္းတိုးတက္ေစခ်င္တယ္။ ဒါကကၽြန္ေတာ့္ရဲ႕ ႏုိင္ငံခ်စ္စိတ္မ်ိဳးခ်စ္စိတ္ေပါ့။ တစ္ခါတစ္ေလကၽြန္ေတာ္ oversea ေတြသြားတဲ့အခါ အရမ္းရင္နာစရာေကာင္းတယ္။ ကၽြန္ေတာ္လံုး၀မၾကိဳက္ဘူး။ ကိုယ့္ႏုိင္ငံသားေတြကိုယ့္ႏုိင္ငံအေၾကာင္းေျပာတာ ကိစၥမရွိဘူး။ တျခားႏုိင္ငံသားေတြကိုယ့္ႏုိင္ငံအေၾကာင္းေျပာတာေတာ့လံုး၀မၾကိဳက္ပါဘူး။ အဲ့ဒီေတာ့ကၽြန္ေတာ္တို႕ႏုိင္ငံသည္ အခုလက္ရွိအေျခအေနထက္ေျမာက္မ်ားစြာေသာ အေျခအေနမ်ိဳးကိုတိုးတက္ေစရမယ္ဆိုရင္ ႏုိင္ငံသားတစ္ေယာက္အေနနဲ႕ႏုိင္ငံေတာ္က ကိုယ့္ကိုဘာလုပ္ေပးႏုိင္မလဲဆိုတာထက္ကိုယ္ကႏုိင္ငံေတာ္ကိုဘာလုပ္ေပးရမလဲဆိုတဲ့ အသိစိတ္ဓာတ္ေတြပဲ၀င္ထားတယ္။

-တကၠစီသမားမိသားစုနဲ႕ပတ္သက္ၿပီး အစ္ကို႕စိတ္ခံစားခ်က္ေလးကိုလဲသိခ်င္ပါတယ္။

ကၽြန္ေတာ္တို႕လဲ တကၠစီမိသားစုဆီကုိ အႏုပညာေမာင္ႏွမေတြနဲ႕ေပါင္းၿပီးသြားလွဴျဖစ္ဦးမွာပါ။ ဘာလို႕လဲဆိုေတာ့ မိသားစုလဲနည္းတယ္။ ေသဆံုးသြားေတာ့ သူတို႕ခုိကိုးရာမဲ့သြားတယ္ေပါ့။ ကၽြန္ေတာ္လဲစိတ္မေကာင္းဘူး။ ကၽြန္ေတာ္တို႕အႏုပညာညီအစ္ကိုေမာင္ႏွမေတြစုစည္းၿပီး တတ္ႏုိင္သေလာက္သြားလွဴဒါန္းပါဦးမယ္။

Credit:  Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Unicode Version
ထာဝရမန္တလေး၊ ဝင်္ကဘာစံအိမ်၊ ပို၍လှသောမနက်ဖြန်၊ ဝိဉာဉ်ရှိုက်သံအပြင် အခုလက်ရှိ MRTV-4 မှာစတင်ပြသနေတာကတော့ ရတနာထဲကရတနာဆိုတဲ့ဇာတ်လမ်းတွဲလေးပါ။ ထူးခြားမှုရှိတဲ့ ဇာတ်လမ်းတွဲများကို တစ်ကားနဲ့တစ်ကားမရိုးရအောင်ပရိသတ်အတွက် ဖန်တီးကြိုးစားရိုက်ကူးခဲ့တဲ့ အောင်မင်းခန့်ဟာ ၂၀၁၇ မတ်လမှာလဲ ပဉ္စလက်ရွာဆိုတဲ့ ဇာတ်လမ်းတွဲကို ပုဂံမှာသွားရောက်ရိုက်ကူးဦးမယ်လို့ဆိုပါတယ်။ ဒါ့အပြင်အောင်မင်းခန့်ဟာ ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားကြီးများကိုလဲ ပုံမှန်ရိုက်ကူးဖြစ်နေသလို ကားကြီး၊ ဗီဒီယို၊ ဇာတ်လမ်းတွဲများကို မျှတအောင်လက်ခံရိုက်ကူးဖြစ်နေတယ်လို့ပြောပြလာတဲ့ အောင်မင်းခန့်ရဲ့ လူမှုကွန်ယက်တွေအပေါ် ပျံ့နှံ့နေတဲ့ လုပ်ကြံခံရမှုပေါ် စိတ်ခံစားချက်များနဲ့ လက်ရှိ အနုပညာလှုပ်ရှားမှုများကိုသွားရောက်မေးမြန်းဖြစ်တဲ့အခါ

-ဒီနေ့ရိုက်တဲ့ ကားလေးကို အရင်ပြောပြပေးပါဦး။

ကားနာမည်က အိမ်ထောင်လူလွတ်တဲ့။ မင်းသမီးက သွန်းဆက် ၊ ဒါရိုက်တာကမယ်မင်းဘုံပါ။ ကျွန်တော်တို့က ဒီထဲမှာ လုံးဝအကဲတွေ၊ ကျွန်တော်နဲ့သွန်းဆက်တွေ့တော့ ကဲဖော်ကဲဖက်ကောင်းတွေဖြစ်သွားတယ်။ ပြီးတော့လူငယ်အချင်းချင်း မေတ္တာမျှသွားတယ်။ ပြီးတော့ ကျွန်တော်ကနေပြီးတော့ ဒီလိုကဲဖော်ကဲဖက်ကောင်းကိုမှ အိမ်ထောင်ဖက်အဖြစ်မရွေးချယ်ရင် ဘယ်သူ့ကိုရွေးချယ်မလဲဆိုပြီးတော့ ငယ်ငယ်ရွယ်ရွယ်နဲ့နောင်ရေးကို ဘာမှမစဉ်းစားပဲ အိမ်ထောင်ပြုလိုက်တယ်။ အိမ်ထောင်ရေးဆိုတာ လွယ်လွယ်ကူကူနဲ့မဟုတ်ဘူးဆိုတာကို ပြောပြချင်တယ်။ ချစ်တာတစ်ခုတည်းနဲ့မပြီးဘူး။ ရှေ့ရေးအတွက်အများကြီးလုပ်ရဦးမယ်။ ဆိုတာကို ရိုက်ပြထားတဲ့ကားလေးပါ။

-အခုလက်ရှိ MRTV-4 မှာပြနေတဲ့ ရတနာထဲကရတနာ ဇာတ်လမ်းတွဲလေးနဲ့ပတ်သက်ပြီးတော့လဲ အစပဲရှိသေးတယ်။ ပရိသတ်တော်တော်များများ သဘောကျနေကြတယ်။

ကျွန်တော်အဲ့ဒီ ကားကို နေပြည်တော်မှာ ၆လနီးပါးသွားရိုက်ခဲ့တယ်။ တကယ်လဲပင်ပန်းခဲ့ရတယ်။ ကြိုးလဲကြိုးစားခဲ့တယ်။ ကျွန်တော်တို့ထိုင်းကဒါရိုက်တာတွေနဲ့အနည်းဆုံး ၇၊ ၈၊ ၉၊ တိတ်လောက်က အနည်းဆုံးပဲ။ ဆင်းန်ကြီးရင်ကြီးသလို ရီဟာဇယ်လုပ်တယ်။ တစ်ခေါက်မှားပြီဆိုတာနဲ့အစအဆုံးပြန်ပြန်လုပ်ရတယ်။ တစ်ကဒ်ပြီးတစ်ကဒ် ခြားတာထက်စာရင် ပိုပြီးတော့ဆက်သွားတာကပိုကောင်းတယ်လို့ပြောတယ်။ ကျွန်တော်နဲ့သူတို့နဲ့လဲလက်တွဲလာတာကြာပြီဆိုတော့ ကျွန်တော်လဲသူတို့အကြောင်းကိုသိတယ်။ တကယ်လဲပင်ပန်းခဲ့ရတယ်။ ဒါပေမဲ့ ဒီကားလေးက ပရိသတ်ကြိုက်မဲ့ကား၊ ပရိသတ်နှစ်သက်မဲ့ပုံစံကားမျိုးလေးလဲဖြစ်တယ်။

-အဲ့ဒီဇာတ်လမ်းတွဲက အစ်ကိုရိုက်ခဲ့တဲ့ ဘယ်နှခုမြောက်ဇာတ်လမ်းတွဲဖြစ်မလဲ။

ငါးခုမြောက်ပါ။ ကျွန်တော်ရိုက်ခဲ့တာဆို ထာဝရမန္တလေးရှိမယ်။ ဝင်္ကဘာစံအိမ်ရှိမယ်။ ဝိဉာဉ် ရှိုက်သံ၊ ပို၍လှသောမနက်ဖြန်၊ နောက်ဒီဟာရှိမယ်။

-အစ်ကိုရိုက်တဲ့ဇာတ်လမ်းတွဲတစ်ခုချင်းစီဟာထူးခြားတယ်။ ပရိသတ်လဲလက်ခံလာတယ်။ မြန်မာဇာတ်လမ်းတွဲတွေကို မြန်မာပရိသတ်တွေစောင့်ကြည့်ရတဲ့ အနေအထားလေးဖြစ်လာတဲ့အပေါ် အစ်ကို့စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

ဟုတ်ကဲ့။ အရမ်းဝမ်းသာပါတယ်။ ပရိသတ်က ကျွန်တော်ပါဝင်သရုပ်ဆောင်ထားတဲ့  ဇာတ်လမ်းတွဲလေးတွေကို အခုလိုစောင့်ကြည့်ပေးကြတဲ့အတွက်အများကြီးဝမ်းသာတယ်။ ကျွန်တော်က တစ်ကားနဲ့တစ်ကားမတူအောင်လဲဇာတ်လေးတွေကို ကျွန်တော်ကရွေးတယ်။ အဲ့ဒီလိုမျိုးနဲ့ကျွန်တော့ပရိသတ်တွေရဲ့အာရုံကို ဖမ်းစားနိုင်မဲ့ ဇာတ်လမ်းတွဲလေးတွေထပ်ရိုက်သွားပါမယ်။

-ထပ်ရိုက်ဖို့စီစဉ်ထားတဲ့ဇာတ်လမ်းတွဲတွေရော ရှိဦးမလား။

ရှိတယ်။ MRTV-4 နဲ့ပဲ။ ဒါရိုက်တာက ကိုသားကြီးနဲ့ပါ။ မတ်လလောက်စရိုက်ပါမယ်။ ပဉ္စလက်ရွာဆိုတဲ့ စီးရီးတွဲပါ။

-ချစ်သူများနေ့မှာရော ဘာအစီအစဉ်တွေရှိလဲ။

ဘာအစီအစဉ်မှ မရှိပါဘူး။ အစီအစဉ်ကချစ်သူရှိမှာ ရမှာဆိုတော့ ကျွန်တော်က အခုဇာတ်ကားရိုက်ကူးမှုတွေပဲရှိတော့ တခြားထွေထွေထူးထူးကတော့ ဘာမှမရှိပါဘူး။ ချစ်သူကလဲ မရှိသေးတော့လေ။

-အဲ့ဒီနေ့အတွက် surprise တွေဘာတွေမျှော်လင့်ထားတာမျိုးရောရှိလား။

ပရိသတ်ဆီကပဲလာဖို့များပါမယ်။ တခြားတစ်စုံတစ်ယောက်ဆီက လာဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူး။

-အစ်ကိုကိုယ်တိုင်ရော သူများကို တစ်ခုခုလုပ်ပေးဖို့စီစဉ်ထားတာမျိုးရောရှိလား။

မရှိဘူးခင်ဗျ။ ကျွန်တော်အဲ့ဒီဟာနဲ့ပတ်သက်ပြီး ဘဝမှာ အမှတ်တရတော်တော်နည်းခဲ့တယ်။ မရှိသလောက်ကိုနည်းခဲ့တယ်။ ဟိုးအရင်ကတည်းကပေါ့။ အရင်တုန်းကကျွန်တော်ရည်းစားထားဖူးတယ်။ ဘာကုသိုလ်ကံလဲတော့ မသိဘူး။ အဲ့ဒီနေ့ရောက်ပြီဆိုပြတ်ပြီ။ ဘယ်ရောက်သွားမှန်းလဲမသိဘူး။ ကိုယ်ကျွေးချင်တာတောင်ကိုယ့်မှာကျွေးလို့မရလိုက်ဘူး။

-လောလောဆယ် ဒီအလုပ်လုပ်နေတဲ့ အတွက်ချစ်သူမထားသေးတာလား။

ကျွန်တော်လဲဒီအရွယ်ရောက်မှတော့ အတည်တကျလေးတစ်ယောက်လောက်ထားချင်ပြီပေါ့နော်။ ဒါပေမဲ့ ကျွန်တော့အလုပ်ကလဲ အစ်မတို့သိတဲ့အတိုင်းပဲ။ အချိန်က အကန့်အသတ်မရှိ၊ စနေ၊ တနင်္ဂနွေမရှိဆိုတော့ ဂျူတီချိန်ကပြည့်နေတော့ ချစ်သူထားဖို့ဖက်ကိုလှည့်ဖို့က အလှည့်မရောက်ဘူးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကိုယ်လဲနှလုံးသားနဲ့လူသားတစ်ယောက်ပဲလေ။ ကိုယ့်ကိုကြင်ကြင်နာနာရှိပြီးနွေးနွေးထွေးထွေးလုပ်ပေးမဲ့သူကိုယ်ကလဲလိုချင်တယ်။ ဒါပေမဲ့ ကံကြမ္မာပေါ့အစ်မရယ်၊ နဖူးမှာမပါလာတာပေါ့။

-အကယ်ဒမီပေးပွဲရော တက်ဖြစ်မလား။

မသိသေးဘူးအစ်မရဲ့။ ဘာလို့လဲဆိုတော့ မတ်လစရိုက်မဲ့ ဇာတ်လမ်းတွဲက ပုဂံမှာသွားရိုက်ရမယ်ဆိုတော့ အကယ်ဒမီပေးပွဲကလဲ အဲ့ဒီလဆိုတော့ အကယ်၍များ အားခဲ့ရင်ကျွန်တော်ကတော့ သွားတက်မှာပဲ။ ကျွန်တော်တို့ညီအစ်ကိုမောင်နှမတွေအကယ်ဒမီဆွတ်ခူးနေတဲ့ပုံတွေကို အရမ်းကြည့်ချင်တယ်။ အရမ်းမြင်ချင်တယ်။

-အခုလက်ရှိ လူမှုကွန်ယက်ပေါ်ပျံ့နှံ့နေတဲ့ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ အစ်ကို့စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

ကျွန်တော်ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေဗဟိုပြုအကြံပေးတစ်ယောက်ဆုံးရှုံးရတဲ့အတွက် အကြံပေးမဟုတ်ခဲ့ရင်တောင် လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့အတွက် သူ့မိသားစုနေရာကနေကိုယ်ချင်းစာတယ်။ ကရုဏာသက်မိတယ်ဗျာ။ ကျွန်တော်တို့နိုင်ငံကအခုမှခြေလှမ်းသစ်တွေနဲ့စပြီးရှေ့ဆက်မယ့်အချိန်မှာ ဒီလိုမျိုးဟာတွေမဖြစ်စေချင်ဘူး။ အကုန်လုံးတည်တည်ငြိမ်ငြိမ်နဲ့ပူးပေါင်းပြီးတော့ ရှေ့ကိုချီတက်စေချင်တာ ကျွန်တော်တို့နိုင်ငံကသိတဲ့အတိုင်းပဲ။ အာရှမှာ ဆယ်နိုင်ငံ top ten စာရင်းထဲမှာ အဆင်းရဲဆုံးစာရင်းဝင်နေတာအားလုံးလဲသိတဲ့အတိုင်းပဲ။ အိမ်နီးချင်းဘန်ကောက်မြို့တောင်မှ ကိုယ်တွေထက်နှစ်ပေါင်းမြောက်များစွာသာနေတယ်။ ကျွန်တော်က oversea တွေရောက်တယ်။ oversea တွေရောက်ရင် ကိုယ့်နိုင်ငံကို အရမ်းတိုးတက်စေချင်တယ်။ ဒါကကျွန်တော့်ရဲ့ နိုင်ငံချစ်စိတ်မျိုးချစ်စိတ်ပေါ့။ တစ်ခါတစ်လေကျွန်တော် oversea တွေသွားတဲ့အခါ အရမ်းရင်နာစရာကောင်းတယ်။ ကျွန်တော်လုံးဝမကြိုက်ဘူး။ ကိုယ့်နိုင်ငံသားတွေကိုယ့်နိုင်ငံအကြောင်းပြောတာ ကိစ္စမရှိဘူး။ တခြားနိုင်ငံသားတွေကိုယ့်နိုင်ငံအကြောင်းပြောတာတော့လုံးဝမကြိုက်ပါဘူး။ အဲ့ဒီတော့ကျွန်တော်တို့နိုင်ငံသည် အခုလက်ရှိအခြေအနေထက်မြောက်များစွာသော အခြေအနေမျိုးကိုတိုးတက်စေရမယ်ဆိုရင် နိုင်ငံသားတစ်ယောက်အနေနဲ့နိုင်ငံတော်က ကိုယ့်ကိုဘာလုပ်ပေးနိုင်မလဲဆိုတာထက်ကိုယ်ကနိုင်ငံတော်ကိုဘာလုပ်ပေးရမလဲဆိုတဲ့ အသိစိတ်ဓာတ်တွေပဲဝင်ထားတယ်။

-တက္ကစီသမားမိသားစုနဲ့ပတ်သက်ပြီး အစ်ကို့စိတ်ခံစားချက်လေးကိုလဲသိချင်ပါတယ်။

ကျွန်တော်တို့လဲ တက္ကစီမိသားစုဆီကို အနုပညာမောင်နှမတွေနဲ့ပေါင်းပြီးသွားလှူဖြစ်ဦးမှာပါ။ ဘာလို့လဲဆိုတော့ မိသားစုလဲနည်းတယ်။ သေဆုံးသွားတော့ သူတို့ခိုကိုးရာမဲ့သွားတယ်ပေါ့။ ကျွန်တော်လဲစိတ်မကောင်းဘူး။ ကျွန်တော်တို့အနုပညာညီအစ်ကိုမောင်နှမတွေစုစည်းပြီး တတ်နိုင်သလောက်သွားလှူဒါန်းပါဦးမယ်။


Credit:  Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top