iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္၀န္းဟာ စိတ္ရဲ႕ျပတင္းေပါက္လို႔ တင္စားၾကရင္ ႏွဳတ္ခမ္းဟာလည္း ခႏၶာကုိယ္က်န္းမာေရးအခ်က္ျပ သေကၤတလို႔ သတ္မွတ္ႏိုင္ပါတယ္။ က်န္းမာတဲ့သူတစ္ေယာက္ရဲ႕ ႏွဳတ္ခမ္းအေရာင္က ပန္းေသြးေရာင္မို႔ ႏွဳတ္ခမ္းအေရာင္ေျပာင္းေနၿပီဆိုရင္ က်န္းမာေရးဂရုစိုက္ဖို႔ အခ်က္ေပးလိုက္တာပါပဲ။ ႏွဳတ္ခမ္းအေရာင္ေျပာင္းတာ၊ ႏွဳတ္ခမ္းသားေတြေျခာက္လာၿပီဆိုရင္ ႏွဳတ္ခမ္းတစ္ေနရာပဲကြက္ၿပီး ဂရုစိုက္ေနလို႔မရပါဘူး။ သူနဲ႔ဆက္စပ္တဲ့ က်န္းမာေရးအေျခအေနကိုပါ နားလည္ထားမွ ကာကြယ္ႏိုင္မွာပါ။

ပံုမွန္ထက္ႏွဳတ္ခမ္းသားေတြ ေျခာက္ေနၿပီဆိုရင္ ေရဓာတ္ခန္းေျခာက္တာကို ညႊန္ျပေနတာပါ။ ေနာက္တစ္ခ်က္ကေတာ့ ဆိုးတဲ့ႏွဳတ္ခမ္းနီဓာတ္မတည့္တာေၾကာင့္ပါ။ ေဆးပညာေလ့လာခ်က္ေတြမွာေတာ့ ႏွဳတ္ခမ္းေျခာက္တာက ဆီးခ်ဳိေရာဂါရဲ႕ေရွ႕ေျပးလကၡဏာအျဖစ္ ေဖာ္ျပၾကပါတယ္။

တခ်ဳိ႕ႏွဳတ္ခမ္းေတြကိုၾကည့္လိုက္ရင္ ျဖဴေဖ်ာ့ေဖ်ာ့နဲ႔ ေဆးရုံတက္ေနတဲ့ လူမမာအတုိင္းပါပဲ။ ဒါဟာ သင့္ခႏၶာကိုယ္ထဲမွာ ေသြးအားနည္းတာကို ညႊန္ျပေနတာမို႔ သံဓာတ္ပါတဲ့ ပန္းေဂၚဖီစိမ္း၊ အနီေရာင္အသားနဲ႔ စြန္ပလြန္သီးစားေပးပါ။ တစ္ခါတစ္ေလ ေဆာင္းတြင္းမဟုတ္ပဲ ေႏြရာသီမွာေတာင္ လက္ဖ်ား၊ ေျခဖ်ားေအးၿပီး ၀မ္းေဖာ၀မ္းေရာင္ျဖစ္လို႔ ႏွဳတ္ခမ္းျဖဴေဖ်ာ့ေနတတ္ပါတယ္။ ဒီအေျခအေနက တရုတ္တိုင္းရင္းေဆးနည္းအရ အစာအိမ္မွာ အေအးဓာတ္မ်ားေနလို႔ပါ။ အစာအိမ္ေႏြးေစမယ့္ အသားျပား၊ သိုးသား၊ ကမာ၊ ဖရုံသီး၊ ခ်ယ္ရီသီး၊ နာနတ္သီး၊ လိုင္ခ်ီးသီး စားေပးဖို႔လိုပါတယ္။

ပံုမွန္ထက္ႏွဳတ္ခမ္းသားနီရဲေနၿပီဆိုရင္ ဒါဟာ ခံတြင္းနံ႔မေကာင္းတာ၊ snack ေတြ အငမ္းမရစားခ်င္တာနဲ႔ ဆက္စပ္ေနပါတယ္။ ကိုယ္တြင္းအပူမ်ားၿပီး အသည္းနဲ႔သရက္ရြက္ အလုပ္ပိုလုပ္ေနရတဲ့ လကၡဏာပါ။ ဒီလိုျဖစ္ရင္ ေရေႏြးၾကမ္း၊ ၾကက္ဟင္းခါးသီး စားေပးသင့္သလို ခႏၶာကိုယ္အပူအေအးမွ်တေအာင္လုပ္ေပးမယ့္ ပ်ားရည္ကိုလည္း စားေပးရပါ့မယ္။ ကိုယ္တြင္းအဂၤါေတြ အလုပ္ပိုမလုပ္ရေအာင္ ညဆို ၁၁ နာရီမထုိးခင္ အိပ္ပါ၊ စိတ္ဖိစီးမွဳမရွိေအာင္ ေနပါ။

ႏွဳတ္ခမ္းသားက ခရမ္းစိမ္းေရာင္လိုမ်ဳိးကေတာ့ ေဆာင္းတြင္းဘက္ဆို ျဖစ္ေလ့ရွိေပမယ့္ တျခားအခ်ိန္ေတြမွာပါ ျဖစ္ေနၿပီဆိုရင္ သင့္ႏွလံုး (သို႔) အသက္ရွဳလမ္းေၾကာင္းမွာ ျပႆနာရွိေနပါၿပီ။ ဒီလိုဆိုရင္ ကၽြမ္းက်င္တဲ့ဆရာ၀န္ဆီသြားၿပီး ျပသဖို႔လိုအပ္ပါတယ္။

အနီရင့္ေရာင္မည္းေနတဲ့ ႏွဳတ္ခမ္းသားကေတာ့ အစာအိမ္မေကာင္းတာကို အခ်က္ျပေနတာပါ။ အစာအိမ္ေကာင္းေကာင္းအလုပ္မလုပ္ႏိုင္တာေၾကာင့္ ဆန္ျပဳတ္၊ ကစြန္းဥ၊ တိုဖူးလို အစာေပ်ာ့ေပ်ာ့ေတြ စားေပးပါ။ ေသာက္မယ့္ေရခြက္ထဲကို သံပုရာသီးညွစ္ထည့္ေသာက္တာကလည္း အစာအိမ္ထဲက မေကာင္းတဲ့အဆိပ္ေတြကို ဖယ္ထုတ္ေပးႏိုင္ပါတယ္။

ေနာက္ဆံုးတမ်ဳိးကေတာ့ ႏွဳတ္ခမ္းေဘးသားတစ္၀ိုက္ ခရမ္းပုပ္ေရာင္ျဖစ္ေနတာပါ။ ဒါဟာ တရုတ္ေဆးနည္းအရ ကိုယ္တြင္းအပူအေအး မမွ်တတာကို ညႊန္ျပေနပါတယ္။ အေအးခန္းထဲမွာေနလိုက္ အျပင္ေနပူထဲထြက္လိုက္ လုပ္ေနသူေတြအျဖစ္မ်ားပါတယ္။ ဒီလိုျဖစ္လာရင္ ေကာင္းေကာင္းစားၿပီး ေသခ်ာအနားယူပါ။ မိန္းကေလးဆိုရင္ ရာသီလာခ်ိန္မွာ အေအးစာေတြျဖစ္တဲ့ ဘဲဥ၊ ၾကက္ဥ၊ ဂဏန္း၊ ဘဲသား၊ မွိဳ၊ မုန္ညင္း၊ ငွက္ေပ်ာ သီး၊ လိေမၼာ္ သီး၊ လက္ဖက္နဲ႔ အစပ္ကဲတဲ့အစားအစာေတြ ေရွာင္ရပါမယ္။

Credit: yangonlife

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
မျက်ဝန်းဟာ စိတ်ရဲ့ပြတင်းပေါက်လို့ တင်စားကြရင် နှုတ်ခမ်းဟာလည်း ခန္ဓာကိုယ်ကျန်းမာရေးအချက်ပြ သင်္ကေတလို့ သတ်မှတ်နိုင်ပါတယ်။ ကျန်းမာတဲ့သူတစ်ယောက်ရဲ့ နှုတ်ခမ်းအရောင်က ပန်းသွေးရောင်မို့ နှုတ်ခမ်းအရောင်ပြောင်းနေပြီဆိုရင် ကျန်းမာရေးဂရုစိုက်ဖို့ အချက်ပေးလိုက်တာပါပဲ။ နှုတ်ခမ်းအရောင်ပြောင်းတာ၊ နှုတ်ခမ်းသားတွေခြောက်လာပြီဆိုရင် နှုတ်ခမ်းတစ်နေရာပဲကွက်ပြီး ဂရုစိုက်နေလို့မရပါဘူး။ သူနဲ့ဆက်စပ်တဲ့ ကျန်းမာရေးအခြေအနေကိုပါ နားလည်ထားမှ ကာကွယ်နိုင်မှာပါ။

ပုံမှန်ထက်နှုတ်ခမ်းသားတွေ ခြောက်နေပြီဆိုရင် ရေဓာတ်ခန်းခြောက်တာကို ညွှန်ပြနေတာပါ။ နောက်တစ်ချက်ကတော့ ဆိုးတဲ့နှုတ်ခမ်းနီဓာတ်မတည့်တာကြောင့်ပါ။ ဆေးပညာလေ့လာချက်တွေမှာတော့ နှုတ်ခမ်းခြောက်တာက ဆီးချိုရောဂါရဲ့ရှေ့ပြေးလက္ခဏာအဖြစ် ဖော်ပြကြပါတယ်။

တချို့နှုတ်ခမ်းတွေကိုကြည့်လိုက်ရင် ဖြူဖျော့ဖျော့နဲ့ ဆေးရုံတက်နေတဲ့ လူမမာအတိုင်းပါပဲ။ ဒါဟာ သင့်ခန္ဓာကိုယ်ထဲမှာ သွေးအားနည်းတာကို ညွှန်ပြနေတာမို့ သံဓာတ်ပါတဲ့ ပန်းဂေါ်ဖီစိမ်း၊ အနီရောင်အသားနဲ့ စွန်ပလွန်သီးစားပေးပါ။ တစ်ခါတစ်လေ ဆောင်းတွင်းမဟုတ်ပဲ နွေရာသီမှာတောင် လက်ဖျား၊ ခြေဖျားအေးပြီး ဝမ်းဖောဝမ်းရောင်ဖြစ်လို့ နှုတ်ခမ်းဖြူဖျော့နေတတ်ပါတယ်။ ဒီအခြေအနေက တရုတ်တိုင်းရင်းဆေးနည်းအရ အစာအိမ်မှာ အအေးဓာတ်များနေလို့ပါ။ အစာအိမ်နွေးစေမယ့် အသားပြား၊ သိုးသား၊ ကမာ၊ ဖရုံသီး၊ ချယ်ရီသီး၊ နာနတ်သီး၊ လိုင်ချီးသီး စားပေးဖို့လိုပါတယ်။

ပုံမှန်ထက်နှုတ်ခမ်းသားနီရဲနေပြီဆိုရင် ဒါဟာ ခံတွင်းနံ့မကောင်းတာ၊ snack တွေ အငမ်းမရစားချင်တာနဲ့ ဆက်စပ်နေပါတယ်။ ကိုယ်တွင်းအပူများပြီး အသည်းနဲ့သရက်ရွက် အလုပ်ပိုလုပ်နေရတဲ့ လက္ခဏာပါ။ ဒီလိုဖြစ်ရင် ရေနွေးကြမ်း၊ ကြက်ဟင်းခါးသီး စားပေးသင့်သလို ခန္ဓာကိုယ်အပူအအေးမျှတအောင်လုပ်ပေးမယ့် ပျားရည်ကိုလည်း စားပေးရပါ့မယ်။ ကိုယ်တွင်းအင်္ဂါတွေ အလုပ်ပိုမလုပ်ရအောင် ညဆို ၁၁ နာရီမထိုးခင် အိပ်ပါ၊ စိတ်ဖိစီးမှုမရှိအောင် နေပါ။

နှုတ်ခမ်းသားက ခရမ်းစိမ်းရောင်လိုမျိုးကတော့ ဆောင်းတွင်းဘက်ဆို ဖြစ်လေ့ရှိပေမယ့် တခြားအချိန်တွေမှာပါ ဖြစ်နေပြီဆိုရင် သင့်နှလုံး (သို့) အသက်ရှုလမ်းကြောင်းမှာ ပြဿနာရှိနေပါပြီ။ ဒီလိုဆိုရင် ကျွမ်းကျင်တဲ့ဆရာဝန်ဆီသွားပြီး ပြသဖို့လိုအပ်ပါတယ်။

အနီရင့်ရောင်မည်းနေတဲ့ နှုတ်ခမ်းသားကတော့ အစာအိမ်မကောင်းတာကို အချက်ပြနေတာပါ။ အစာအိမ်ကောင်းကောင်းအလုပ်မလုပ်နိုင်တာကြောင့် ဆန်ပြုတ်၊ ကစွန်းဥ၊ တိုဖူးလို အစာပျော့ပျော့တွေ စားပေးပါ။ သောက်မယ့်ရေခွက်ထဲကို သံပုရာသီးညှစ်ထည့်သောက်တာကလည်း အစာအိမ်ထဲက မကောင်းတဲ့အဆိပ်တွေကို ဖယ်ထုတ်ပေးနိုင်ပါတယ်။

နောက်ဆုံးတမျိုးကတော့ နှုတ်ခမ်းဘေးသားတစ်ဝိုက် ခရမ်းပုပ်ရောင်ဖြစ်နေတာပါ။ ဒါဟာ တရုတ်ဆေးနည်းအရ ကိုယ်တွင်းအပူအအေး မမျှတတာကို ညွှန်ပြနေပါတယ်။ အအေးခန်းထဲမှာနေလိုက် အပြင်နေပူထဲထွက်လိုက် လုပ်နေသူတွေအဖြစ်များပါတယ်။ ဒီလိုဖြစ်လာရင် ကောင်းကောင်းစားပြီး သေချာအနားယူပါ။ မိန်းကလေးဆိုရင် ရာသီလာချိန်မှာ အအေးစာတွေဖြစ်တဲ့ ဘဲဥ၊ ကြက်ဥ၊ ဂဏန်း၊ ဘဲသား၊ မှို၊ မုန်ညင်း၊ ငှက်ပျော သီး၊ လိမ္မော် သီး၊ လက်ဖက်နဲ့ အစပ်ကဲတဲ့အစားအစာတွေ ရှောင်ရပါမယ်။

Credit: yangonlife



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top