iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ရဲ႕ခ်စ္သူဟာ သင္အေပၚ တကယ္ေကာင္းတဲ့သူပါ။ သင့္ကို ေရႊမင္းသမီးေလးတစ္ေယာက္လို ဆက္ဆံတတ္ၿပီး သင္လိုအပ္သမွ်အရာအားလံုးကိုလည္း သူတတ္ႏိုင္သေလာက္ အၿမဲျဖည့္ဆည္းေပးတတ္သူပါ။ သူဒီလိုေတြ ဂရုစို္က္ေပးေနလို႔ သင္တုိ႔ႏွစ္ဦးအဆင္ေျပေနေပမယ့္ သူ႔စိတ္ထဲ သင္နဲ႔ပတ္သက္ၿပီး စိုးရိမ္ပူပန္တာ၊ သ၀န္တုိတာ၊ စိတ္မလံုမၿခံဳျဖစ္တာမ်ိဳးေတြ မရွိဘူးလုိ႔ မထင္လိုက္ပါနဲ႔။ တစ္ခ်ိဳ႕ေယာက်ၤားေလးေတြရဲ႕ စိတ္ထဲမွာ သူတုိ႔ခ်စ္သူကို ဆံုးရႈံးရမွာ ေၾကာက္တာေၾကာင့္ အစြမ္းကုန္ခ်စ္ျပေနပမယ့္ သူတုိ႔ရဲ႕မသိစိတ္ထဲမွာ ကိုယ္နဲ႔ပတ္သက္ၿပီး လံုျခံဳမႈမခံစားၾကရပါဘူး။ ဒီေတာ့ ဘယ္လုိအျပဳအမူေတြနဲ႔ ဒါေတြကို ဆံုးျဖတ္ႏို္င္မလဲ ၾကည့္ရေအာင္။

၁။သူ႕မွာ သင္ကလြဲၿပီး အျပင္သူငယ္ခ်င္းမထားဘူး၊ အျခားစိတ္၀င္စားတာမ်ိဳးလည္း မရွိဘူး။

အလုပ္ရွိရင္ အလုပ္သြားမယ္။ အလုပ္ကသူငယ္ခ်င္းေတြနဲ႔ ခ်ိန္းၿပီး သြားတာလာတာမ်ိဳးမရွိသလို အျခားသူငယ္ခ်င္းေတြနဲ႔လည္း မေတြ႕ျဖစ္ဘူး။ သူ႕မွာ ၀ါသနာႀကီးႀကီးမားမားလည္း မရွိဘူး။ သင္တန္းတက္တာမ်ိဳးေတြ၊ ကိုယ္လက္ေလ့က်င့္ခန္းလုပ္တာမ်ိဳး၊ အျခား အသင္းအဖြဲ႕တစ္ခုခုနဲ႔သြားလာတာမ်ိဳး ဘာမွမရွိဘူး။ သင္နဲ႔မေတြ႕ရတဲ့ေန႔ေတြဆို အိမ္မွာထုိင္ၿပီး သင့္အေၾကာင္းေတြးေနလိမ့္မယ္။ သူဟာ အားလံုးနဲ႔သင္ကို လဲလွယ္ပစ္လုိက္ၿပီ။

၂။သင္ဟာ အရင္ရည္းစားအေပၚ စိတ္ခံစားခ်က္ေတြရွိေနေသးတယ္လို႔ သူထင္ေနလိမ့္မယ္။

ရည္းစားေဟာင္းနဲ႔ျပတ္တာ နွစ္ေတြၾကာသြားလုိ႔ သူ႔အေပၚဘာခံစားခ်က္မွ မရွိေတာ့ေပမယ့္ သူကေတာ့ သင့္အေပၚ မယံုၾကည္ေသးပါဘူး။ ရည္းစားေဟာင္းကိုပဲ စြဲလန္းေနတုန္းလို႔ ထင္ျမင္ေနပါလိမ့္မယ္။ ဒီလိုျဖစ္ေအာင္လည္း ဘာအဆက္အသြယ္မွမရွိ၊ ဘာမွမလုပ္ေပမယ့္ သူ႕ရဲ႕မလံုၿခံဳတဲ့ စိတ္ခံစားခ်က္ေၾကာင့္ သူ႕ကိုအရင္ရည္းစားေလာက္ မခ်စ္ဘူးလုိ႔ သင့္ကို မၾကာခဏေျပာလိမ့္မယ္။

၃။သင္ဟာ သူ႔ဘ၀အတြက္ အရာရာတုိင္းပါလို႔ ေျပာတတ္တယ္။

သင္ဟာ သူ႔ရဲ႕ကမၻာ၊ သူ႔ရဲ႕ဘ၀၊ သင္မရွိရင္ သူလည္း အသက္ေတာင္ မရွင္ခ်င္ေတာ့ဘူးဆိုတာမ်ိဳးေတြ အၿမဲေျပာေနတတ္တယ္။ အစပိုင္းကေတာ့ ေျမွာက္ေျပာေနတာမ်ိဳးလုိ႔ သင္ထင္ေကာင္းထင္ေနႏိုင္ပါတယ္။ ဒါေပမယ့္ သူဟာ တကယ္ကို ဆိုလိုတယ္ဆိုတဲ့ ပံုစံမ်ိဳး သင္ေနာက္ပိုင္းသိလာပါလိမ့္မယ္။ ဒါဟာ သူ႕ကိုထားၿပီး ထြက္မသြားေအာင္ ေျပာသလိုပံုစံမ်ိဳးျဖစ္ၿပီး၊ သူ႕ကိုထားသြားမွာ ေၾကာက္လို႔ဖြင့္ဟလာတဲ့ အေနအထားေတြပါ။

၄။သူ႕ကိုခ်စ္တယ္ဆုိတာ မယံုၾကည္ပါဘူး။

မၾကာခဏဆိုသလို သူ႕ကိုခ်စ္ရဲ႕လားဆုိတဲ့ ေမးခြန္းေတြ ေမးတတ္ပါတယ္။ ဒါ့အျပင္ သူဟာဆြဲေဆာင္မႈရွိတယ္လုိ႔ ေျပာတာမ်ိဳးကိုလည္း သူမယံုပါဘူး။ သူ႕ကိုဘယ္ေလာက္ခ်စ္တယ္ေျပာေျပာ သူ႕စိတ္ထဲ ဟာေနတ့ဲအပိုင္းက ရွိေနဆဲပါ။

၅။သ၀န္တိုတာမ်ိဳးေတြ ျဖစ္လာပါၿပီ။

သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔လည္း စိတ္မခ်ေတာ့ပါဘူး။ သူနဲ႔လြဲၿပီး အျခားသူငယ္ခ်င္းေတြနဲ႔ အလုပ္ခ်ိန္ျပင္ပေတြ႕ဖုိ႔ကိုလည္း သူမလႊတ္ခ်င္ပါဘူး။ တစ္ျခားသူငယ္ခ်င္းေတြနဲ႔ ေရွာ့ပင္ထြက္မယ္ဆုိရင္လည္း သူစိတ္မခ်တာမ်ိဳးေတြ ျဖစ္လာပါၿပီ။ ဒါ့အျပင္ ဟိုလူနဲ႔သ၀န္တုိ၊ ဒီလူနဲ႔ သ၀န္တိုတာမ်ိဳးေတြလည္း ရွိလာပါၿပီ။ ဒါဟာ သူ႕စိတ္မလံုၿခံဳမႈေတြကို သင္ျမင္ႏိုင္တဲ့ အေၾကာင္းအခ်က္တစ္ခုေပါ့။

၆။သူ႔ရဲ႕အရင္ရည္းစားအေၾကာင္းေတြ ေျပာျပၿပီး သူ႕ကိုဘယ္လိုလိမ္ညာသြားတယ္ဆိုတာ သင့္ကိုေျပာလိမ့္မယ္။

သူေျပာျပတဲ့အတိုင္းဆို သူ႔ရည္းစားေဟာင္းေတြက သူ႕ကို လံုး၀မခ်စ္ၾကဘူး။ လိမ္ညာသြားၾကတယ္။ သူကသာ သူ႕တုိ႔အေပၚ ေကာင္းရဲ႕သားနဲ႔ အျမဲက်န္ရစ္ျဖစ္ရတာ။ ဘယ္သူကမွ သူ႕ကိုမခ်စ္ဘူးဆိုတာမ်ိဳးေတြက မွန္ေကာင္းမွန္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္လည္း သူခုလို ခံစားေနရတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ေနာက္တစ္ခ်က္က ဒါ့ေၾကာင့္ သင့္အေပၚ သူ စိတ္မခ်တာ၊ ထားသြားဦးမယ္လုိ႔ ထင္ေနတာ ျဖစ္ႏိုင္ပါတယ္။

၇။ဖုန္းေတြစစ္တတ္တယ္၊ ေဖ့စ္ဘြတ္ခ္နဲ႔ အျခားဆုိရွယ္မီဒီယာေတြမွာ သင့္ကိုေတာက္ေလွ်ာက္လိုက္ၾကည့္ေနတတ္တယ္။

သင္ဘာ စေတးတပ္စ္တင္လိုက္သလဲ၊ ဘာပို႔စ္တင္လိုက္သလဲ၊ ဘာပံုတင္လိုက္သလဲ ဆုိတာ သူအကုန္သိေနတယ္။ ၾကည့္ေနတယ္။ သင္သံုးတဲ့ေဖ့စ္ဘြတ္ခ္၊ instagram အားလံုးကို သူအၿမဲ လိုက္စစ္ေနတတ္သလို သင့္ဖုန္းကိုလည္း ဘယ္သူေတြနဲ႔ ေျပာထားသလဲဆိုတာ လိုက္ၾကည့္ေနတတ္တယ္။

၈။လက္ေဆာင္ပစၥည္းေတြ အၿမဲလိုလုိေပးၿပီး သင့္သူ႕ေဘးက ထြက္မသြားေအာင္ ခ်ဳပ္တတ္တယ္။

အမွန္ေတာ့ လက္ေဆာင္ပစၥည္းေပးတယ္ဆုိတာ ခ်စ္သူရည္းစားေတြအတြက္ ေကာင္းပါတယ္။ အမွတ္ရစရာလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ သူက တစ္ခါတစ္ေလလည္း မဟုတ္ အၿမဲတမ္း၊ ေန႔တိုင္းနီးပါး သင့္ကိုလက္ေဆာင္ေတြေပးၿပီး သင္သူ႕ဆီက ရုန္းလို႔မရေအာင္ ႀကိဳးေတြနဲ႔ ခ်ည္ထားတာမ်ိဳးဟာလည္း သူ႔စိတ္ထဲ သင္နဲ႔ပတ္သက္လုိ႔ လံုၿခံဳမႈမရွိိလုိ႔ပါပဲ။

၉။သူ႔ရဲ႕စိတ္အေျခအေနဟာ သင့္အေပၚမွာ မူတည္ေနတယ္။

သင္ကသာ ေပ်ာ္ရႊင္ေနမယ္ဆိုရင္ သူလည္း ေပ်ာ္ရႊင္ေနပါလိမ့္မယ္။ သင္က အေၾကာင္းကိစၥတစ္ခုခုေၾကာင့္ စိတ္ေတြရႈပ္၊ အလုပ္ေတြရႈပ္ၿပီး သူ႕ကိုလည္း အရင္လို ခ်စ္တယ္တဖြဖြ မေျပာျဖစ္တာ၊ သူ႔ေရွ႕မွာ တစ္ျခားကိစၥေတြ ေတြးေနမိတဲ့အခါဆုိရင္ေတာ့ သူ႕ကိုမခ်စ္ေတာ့ဘူး၊ သူ႕ကိုဂရုမစိုက္ေတာ့ဘူးဆိုတဲ့စိတ္နဲ႔ သူပါ စိတ္ညစ္ညဴးတာမ်ိဳး၊ သင့္ကိုရစ္တာမိ်ဳးေတြ ရွိႏိုင္ပါတယ္။

၁၀။သင့္ကိုအျပစ္ရွာၿပီး ေ၀ဖန္တတ္တယ္။

လူတစ္ေယာက္ဟာ သူ႕စိတ္ထဲ မလံုၿခံဳတဲ့အခါ တစ္ျခားသူကို အျပစ္ရွာေလ့ရွိပါတယ္။ သင္လုပ္ေနတဲ့အရာေတြကို သူေထာက္ျပၿပီး ေျပာဆုိတတ္ပါလိမ့္မယ္။ အၿမဲမဟုတ္ေတာင္ တစ္ခါတစ္ေလေပါ့။ ေျပာတဲ့အခါမွာလည္း သင္လုပ္ဖူးသမွ်ေတြထဲက သူစိတ္မၾကည္ရာေတြအားလံုးကိ စုၿပီး ေထာက္ျပေ၀ဖန္တာမ်ိဳးေတြ လုပ္တတ္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်ရဲ့ချစ်သူဟာ သင်အပေါ် တကယ်ကောင်းတဲ့သူပါ။ သင့်ကို ရွှေမင်းသမီးလေးတစ်ယောက်လို ဆက်ဆံတတ်ပြီး သင်လိုအပ်သမျှအရာအားလုံးကိုလည်း သူတတ်နိုင်သလောက် အမြဲဖြည့်ဆည်းပေးတတ်သူပါ။ သူဒီလိုတွေ ဂရုစိုက်ပေးနေလို့ သင်တို့နှစ်ဦးအဆင်ပြေနေပေမယ့် သူ့စိတ်ထဲ သင်နဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်တာ၊ သဝန်တိုတာ၊ စိတ်မလုံမခြုံဖြစ်တာမျိုးတွေ မရှိဘူးလို့ မထင်လိုက်ပါနဲ့။ တစ်ချို့ယောကျၤားလေးတွေရဲ့ စိတ်ထဲမှာ သူတို့ချစ်သူကို ဆုံးရှုံးရမှာ ကြောက်တာကြောင့် အစွမ်းကုန်ချစ်ပြနေပမယ့် သူတို့ရဲ့မသိစိတ်ထဲမှာ ကိုယ်နဲ့ပတ်သက်ပြီး လုံခြုံမှုမခံစားကြရပါဘူး။ ဒီတော့ ဘယ်လိုအပြုအမူတွေနဲ့ ဒါတွေကို ဆုံးဖြတ်နိုင်မလဲ ကြည့်ရအောင်။

၁။သူ့မှာ သင်ကလွဲပြီး အပြင်သူငယ်ချင်းမထားဘူး၊ အခြားစိတ်ဝင်စားတာမျိုးလည်း မရှိဘူး။

အလုပ်ရှိရင် အလုပ်သွားမယ်။ အလုပ်ကသူငယ်ချင်းတွေနဲ့ ချိန်းပြီး သွားတာလာတာမျိုးမရှိသလို အခြားသူငယ်ချင်းတွေနဲ့လည်း မတွေ့ဖြစ်ဘူး။ သူ့မှာ ဝါသနာကြီးကြီးမားမားလည်း မရှိဘူး။ သင်တန်းတက်တာမျိုးတွေ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာမျိုး၊ အခြား အသင်းအဖွဲ့တစ်ခုခုနဲ့သွားလာတာမျိုး ဘာမှမရှိဘူး။ သင်နဲ့မတွေ့ရတဲ့နေ့တွေဆို အိမ်မှာထိုင်ပြီး သင့်အကြောင်းတွေးနေလိမ့်မယ်။ သူဟာ အားလုံးနဲ့သင်ကို လဲလှယ်ပစ်လိုက်ပြီ။

၂။သင်ဟာ အရင်ရည်းစားအပေါ် စိတ်ခံစားချက်တွေရှိနေသေးတယ်လို့ သူထင်နေလိမ့်မယ်။

ရည်းစားဟောင်းနဲ့ပြတ်တာ နှစ်တွေကြာသွားလို့ သူ့အပေါ်ဘာခံစားချက်မှ မရှိတော့ပေမယ့် သူကတော့ သင့်အပေါ် မယုံကြည်သေးပါဘူး။ ရည်းစားဟောင်းကိုပဲ စွဲလန်းနေတုန်းလို့ ထင်မြင်နေပါလိမ့်မယ်။ ဒီလိုဖြစ်အောင်လည်း ဘာအဆက်အသွယ်မှမရှိ၊ ဘာမှမလုပ်ပေမယ့် သူ့ရဲ့မလုံခြုံတဲ့ စိတ်ခံစားချက်ကြောင့် သူ့ကိုအရင်ရည်းစားလောက် မချစ်ဘူးလို့ သင့်ကို မကြာခဏပြောလိမ့်မယ်။

၃။သင်ဟာ သူ့ဘဝအတွက် အရာရာတိုင်းပါလို့ ပြောတတ်တယ်။

သင်ဟာ သူ့ရဲ့ကမ္ဘာ၊ သူ့ရဲ့ဘဝ၊ သင်မရှိရင် သူလည်း အသက်တောင် မရှင်ချင်တော့ဘူးဆိုတာမျိုးတွေ အမြဲပြောနေတတ်တယ်။ အစပိုင်းကတော့ မြှောက်ပြောနေတာမျိုးလို့ သင်ထင်ကောင်းထင်နေနိုင်ပါတယ်။ ဒါပေမယ့် သူဟာ တကယ်ကို ဆိုလိုတယ်ဆိုတဲ့ ပုံစံမျိုး သင်နောက်ပိုင်းသိလာပါလိမ့်မယ်။ ဒါဟာ သူ့ကိုထားပြီး ထွက်မသွားအောင် ပြောသလိုပုံစံမျိုးဖြစ်ပြီး၊ သူ့ကိုထားသွားမှာ ကြောက်လို့ဖွင့်ဟလာတဲ့ အနေအထားတွေပါ။

၄။သူ့ကိုချစ်တယ်ဆိုတာ မယုံကြည်ပါဘူး။

မကြာခဏဆိုသလို သူ့ကိုချစ်ရဲ့လားဆိုတဲ့ မေးခွန်းတွေ မေးတတ်ပါတယ်။ ဒါ့အပြင် သူဟာဆွဲဆောင်မှုရှိတယ်လို့ ပြောတာမျိုးကိုလည်း သူမယုံပါဘူး။ သူ့ကိုဘယ်လောက်ချစ်တယ်ပြောပြော သူ့စိတ်ထဲ ဟာနေတဲ့အပိုင်းက ရှိနေဆဲပါ။

၅။သဝန်တိုတာမျိုးတွေ ဖြစ်လာပါပြီ။

သူငယ်ချင်းအပေါင်းအသင်းတွေနဲ့လည်း စိတ်မချတော့ပါဘူး။ သူနဲ့လွဲပြီး အခြားသူငယ်ချင်းတွေနဲ့ အလုပ်ချိန်ပြင်ပတွေ့ဖို့ကိုလည်း သူမလွှတ်ချင်ပါဘူး။ တစ်ခြားသူငယ်ချင်းတွေနဲ့ ရှော့ပင်ထွက်မယ်ဆိုရင်လည်း သူစိတ်မချတာမျိုးတွေ ဖြစ်လာပါပြီ။ ဒါ့အပြင် ဟိုလူနဲ့သဝန်တို၊ ဒီလူနဲ့ သဝန်တိုတာမျိုးတွေလည်း ရှိလာပါပြီ။ ဒါဟာ သူ့စိတ်မလုံခြုံမှုတွေကို သင်မြင်နိုင်တဲ့ အကြောင်းအချက်တစ်ခုပေါ့။

၆။သူ့ရဲ့အရင်ရည်းစားအကြောင်းတွေ ပြောပြပြီး သူ့ကိုဘယ်လိုလိမ်ညာသွားတယ်ဆိုတာ သင့်ကိုပြောလိမ့်မယ်။

သူပြောပြတဲ့အတိုင်းဆို သူ့ရည်းစားဟောင်းတွေက သူ့ကို လုံးဝမချစ်ကြဘူး။ လိမ်ညာသွားကြတယ်။ သူကသာ သူ့တို့အပေါ် ကောင်းရဲ့သားနဲ့ အမြဲကျန်ရစ်ဖြစ်ရတာ။ ဘယ်သူကမှ သူ့ကိုမချစ်ဘူးဆိုတာမျိုးတွေက မှန်ကောင်းမှန်နိုင်ပါတယ်။ ဒါ့ကြောင့်လည်း သူခုလို ခံစားနေရတာမျိုး ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က ဒါ့ကြောင့် သင့်အပေါ် သူ စိတ်မချတာ၊ ထားသွားဦးမယ်လို့ ထင်နေတာ ဖြစ်နိုင်ပါတယ်။

၇။ဖုန်းတွေစစ်တတ်တယ်၊ ဖေ့စ်ဘွတ်ခ်နဲ့ အခြားဆိုရှယ်မီဒီယာတွေမှာ သင့်ကိုတောက်လျှောက်လိုက်ကြည့်နေတတ်တယ်။

သင်ဘာ စတေးတပ်စ်တင်လိုက်သလဲ၊ ဘာပို့စ်တင်လိုက်သလဲ၊ ဘာပုံတင်လိုက်သလဲ ဆိုတာ သူအကုန်သိနေတယ်။ ကြည့်နေတယ်။ သင်သုံးတဲ့ဖေ့စ်ဘွတ်ခ်၊ instagram အားလုံးကို သူအမြဲ လိုက်စစ်နေတတ်သလို သင့်ဖုန်းကိုလည်း ဘယ်သူတွေနဲ့ ပြောထားသလဲဆိုတာ လိုက်ကြည့်နေတတ်တယ်။

၈။လက်ဆောင်ပစ္စည်းတွေ အမြဲလိုလိုပေးပြီး သင့်သူ့ဘေးက ထွက်မသွားအောင် ချုပ်တတ်တယ်။

အမှန်တော့ လက်ဆောင်ပစ္စည်းပေးတယ်ဆိုတာ ချစ်သူရည်းစားတွေအတွက် ကောင်းပါတယ်။ အမှတ်ရစရာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် သူက တစ်ခါတစ်လေလည်း မဟုတ် အမြဲတမ်း၊ နေ့တိုင်းနီးပါး သင့်ကိုလက်ဆောင်တွေပေးပြီး သင်သူ့ဆီက ရုန်းလို့မရအောင် ကြိုးတွေနဲ့ ချည်ထားတာမျိုးဟာလည်း သူ့စိတ်ထဲ သင်နဲ့ပတ်သက်လို့ လုံခြုံမှုမရှိလို့ပါပဲ။

၉။သူ့ရဲ့စိတ်အခြေအနေဟာ သင့်အပေါ်မှာ မူတည်နေတယ်။

သင်ကသာ ပျော်ရွှင်နေမယ်ဆိုရင် သူလည်း ပျော်ရွှင်နေပါလိမ့်မယ်။ သင်က အကြောင်းကိစ္စတစ်ခုခုကြောင့် စိတ်တွေရှုပ်၊ အလုပ်တွေရှုပ်ပြီး သူ့ကိုလည်း အရင်လို ချစ်တယ်တဖွဖွ မပြောဖြစ်တာ၊ သူ့ရှေ့မှာ တစ်ခြားကိစ္စတွေ တွေးနေမိတဲ့အခါဆိုရင်တော့ သူ့ကိုမချစ်တော့ဘူး၊ သူ့ကိုဂရုမစိုက်တော့ဘူးဆိုတဲ့စိတ်နဲ့ သူပါ စိတ်ညစ်ညူးတာမျိုး၊ သင့်ကိုရစ်တာမျိုးတွေ ရှိနိုင်ပါတယ်။

၁၀။သင့်ကိုအပြစ်ရှာပြီး ဝေဖန်တတ်တယ်။

လူတစ်ယောက်ဟာ သူ့စိတ်ထဲ မလုံခြုံတဲ့အခါ တစ်ခြားသူကို အပြစ်ရှာလေ့ရှိပါတယ်။ သင်လုပ်နေတဲ့အရာတွေကို သူထောက်ပြပြီး ပြောဆိုတတ်ပါလိမ့်မယ်။ အမြဲမဟုတ်တောင် တစ်ခါတစ်လေပေါ့။ ပြောတဲ့အခါမှာလည်း သင်လုပ်ဖူးသမျှတွေထဲက သူစိတ်မကြည်ရာတွေအားလုံးကိ စုပြီး ထောက်ပြဝေဖန်တာမျိုးတွေ လုပ်တတ်ပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top