iMyanmarHouse.com - Best Property Website for Myanmar
×
၁။ ခေါင်းဖြီးပါ
၂။ ရေနဲ့ ဆေးချပါ
၃။ ပုံသွင်းပေးပါ
၅။ နိပ်နယ်ပေးပါ
၆။ ရေဖြင့်ဆေးချပါ
Credit : Trend Myanmar
Unicode Version
ဆံကေသာ ပျက်စီးမှု မရှိစေဖို့အတွက် သင့်တော်ကောင်းမွန်တဲ့ ခေါင်းလျှော်နည်းက အရေးကြီးပါတယ်။ ဆံပင်နဲ့ ဦးရေ ကျန်းမာစေဖို့အတွက်လည်း အရေးပါတယ်။ လူတိုင်းခေါင်းလျှော်ကြပေမယ့် နည်းမှန်လမ်းမှန် ခေါင်းလျှော်နည်းက ဘာဆိုတာ မသိကြပါဘူး။ အောက်မှာဖော်ပြထားတဲ့ အဆင့်တွေအတိုင်း လုပ်ဆောင်သွားမယ်ဆိုရင် ဖြောင့်စင်းလှပတဲ့ ဆံပင်သားကို ရရှိပိုင်ဆိုင်နိုင်ပါလိမ့်မယ်။
၁။ ခေါင်းဖြီးပါ
ရေပန်းအောက် မဝင်ခင် ခေါင်းကို အရင်ဆုံး ဖြီးပါ။ သို့ဖြစ်ပါက ရေချိုးနေစဉ် ဆံပင်ကျိုးပဲ့မှု နည်းစေပြီး ဦးရေအတွင်း သွေးလည်ပတ်မှု ကောင်းမှုစေမှာဖြစ်ပါတယ်။
၂။ ရေနဲ့ ဆေးချပါ
မိမိဆံပင် လုံးလုံးလျားလျား ရေစိုနေပါစေ။ အရင်းကနေစပြီး အဖျားအထိ လောင်းပေးပါ။ ရေနွေး အသုံးပြုခြင်းဖြင့် လှစ်ဟာမှု မရှိစေဘဲ အကတ်အသပ်တစ်ခု မကျန်အောင် အကူအညီ ဖြစ်စေပါလိမ့်မယ်။
၃။ ပုံသွင်းပေးပါ
ဆံပင်နှစ်ခွကွဲခြင်း ကင်းဝေးစေဖို့ ဆံပင်ပျော့ဆေးကို ဖြစ်နိုင်သလောက်များများ သုံးပါ။ ခေါင်းလျှော်ရည် မသုံးခင် ဆံပင်ပုံသွင်းဆေးရည်တစ်ခုခု အသုံးပြုပေးရပါမယ်။
၄။ ခေါင်းလျှော်ရည်နဲ့ ဆံပင်ကို ကောင်းမွန်စွာ ဆေးကြောသန့်စင်ပါ
ဦးရေဖျားကို ဆပ်ပြာမြုပ်လောက်သာ ထိပါစေ။ အဆီအပေကျံဆုံးနေရာဖြစ်တဲ့ ဦးရေဖျားနီးကိုသာ ခေါင်းလျှော်ရည်များများသုံးပြီး ဆံပင်ကို လျှော်ပါ။ ဆံပင်အဖျားဘက်က များစွာ ပိုခြောက်သွေ့ပါတယ်။ ခေါင်းလျှော်ရည်ကို အလွန်အကျွံ မသုံးမိပါစေနဲ့။ ဆံကေသာ ပျက်စီးတတ်ပါတယ်။
၅။ နိပ်နယ်ပေးပါ
ဦးရေဖျားက အရေးပါဆုံးနေရာဖြစ်တာကြောင့် နှိပ်နယ်ပေးဖို့ မမေ့ပါနဲ့။ ဦးရေဖျားနှိပ်နယ်ပေးခြင်းဖြင့် ဦးခေါင်းတွင် သွေးစီးဆင်းမှု ကောင်းမွန်စေကာ ဆံပင်ကို ဖွံ့ဖြိုးစေပါတယ်။
၆။ ရေဖြင့်ဆေးချပါ
ဆံပင်ကို ရေနဲ့ ဆေးချတဲ့အခါ ရေအေး အသုံးပြုပါ။ ဆံပင်ကို တောက်ပစေပါလိမ့်မယ်။ ဆံပင်ခြောက်သွေ့ခြင်း ကင်းစေဖို့ တစ်ပတ် သုံးကြိမ် ခေါင်းလျော်ပေးပါ။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top