iMyanmarHouse.com - Best Property Website for Myanmar
×

ရန္​ျဖစ္​ဖ​ို႔​ေတာင္​ မအား​​ေလာက္​ေအာင္​ ရယ္စရာ​ေျပာ၊ စ​ေနာက္​ၿပီး ​အခြီတိုက္​တတ္တဲ့ စံုတြဲ​ေတြ သာမန္​အတြဲ​ေတြထက္​ လက္​တြဲပိုျမဲမယ္​ဆို မင္​းဘာ​ေျပာမလဲ။
သာမန္​ခ်စ္​သူစံုတြဲ​ေတြရဲ႕ သဘာဝက ခ်စ္​မယ္​၊ ရစ္​မယ္​၊ စိတ္​​ေကာက္​မယ္​၊ရန္​ျဖစ္​မယ္​၊ ​ေခ်ာ့မယ္​ စသျဖင့္​့သံသရာလည္​​ေန​ေရာ။ ဒါ​ေပမယ္​့ င​ေပါစံု​တြဲ​ေတြက သြားမယ္​၊စားမယ္​၊ ရီစရာ​ေျပာမယ္​၊ ​ေဆးထိုးမယ္​ စသျဖင္​့​ေပါ့​ေပါ့ပါးပါး​ေနတတ္​ၾကပါရဲ႕။

င​ေပါစံု​တြဲ​ေတြကို လူ​ေတြက…

အ ​ေပ်ာ္​မက္​တဲ့​ေပါ့ပ်က္​ပ်က္​စံုတြဲလို႔ျမင္​မိၾကပါလိမ္​့မယ္​။ တကယ္​ဆို သူတို႔က ပို​ေလးနက္​တာပါ။ အျခားစံုတြဲ​ေတြ စကားလံုးနဲ႔ဂ႐ုစိုက္​ျပတဲ့အခါ င​ေပါစံုတြဲ​ေတြက ​ရယ္​စရာ​ေျပာရင္​း တစ္​ဖက္​က ကိုယ္​့ခ်စ္​သူကို ​​ေပ်ာ္​ရႊင္​​ေစတာပါ။

႐ုိမန္​တစ္​မဆန္​ဘူးလိုု႔​ေျပာၾကလိမ္​့မယ္​ ။တကယ္​ဆို လူ​ေ႐ွ႕သူ​ေ႐ွ႕ ဂ႐ုုတစိုက္​နမ္​းတာထက္​ လူၾကားသူၾကား ​ေနာက္​​ေျပာင္​က်ီစယ္​္​ လက္ခ်င္းခ်ိတ္ျပီး ​​​​အတူတူအူတက္​​ေအာင္​ ရယ္​တာက ပိုၿပီးသဘာဝက် ႐ုိမန္​တစ္​ဆန္​တယ္​လို႔ျမင္​မိတယ္​။

ဂ႐ုမစိုက္ ​တတ္​ဘူးလို႔​ေျပာၾကလိမ္​့မယ္​။ တကယ္​ဆို ​ေန႔​ေရာည​ေရာ ဖုန္​းတဂြမ္​ဂြမ္​ဆက္​ၿပီး ဂ႐ုစိုက္​ျပတာထက္​ ​ပံုမွန္​လူခ်င္​း​ေတြ႕ ​ေဆးထိုးတာက ပိုဂ႐ုစိုက္​ျပရာ​ေရာက္​တယ္​။

င​ေပါစံုတြဲ​ေတြရဲ႕ ထူးျခားခ်က္​က တစ္​​ေယာက္​စိတ္​​တစ္​​ေယာက္​ နားလည္​​ေပးႏိုင္​ၾကတာပဲ။ အခ်စ္​ကို နားလည္​မႈအျပင္​ ရယ္​​ေမာျခင္​းနဲ႔ပါ ​ေရာၿပီး တည္​​ေဆာက္​ထားတာ​ေၾကာင္​့ ပိုခိုင္​ျမဲပါတယ္​။ ဘယ္​​ေလာက္​ပဲ အခက္​အခဲလာလာ အျမဲစိုးရိမ္​​ေနတာမ်ိဳးမဟုတ္​ပဲ လြတ္​လြတ္​လပ္​လပ္​​ေဆြး​ေႏြးတိုင္​ပင္​ဆံုးျဖတ္​တတ္​တာမို႔ သာမန္​အီစီကလီ အခ်စ္​မ်ိဳးထက္​ ပိုၿပီးတန္​ဖိုးထားတတ္​ၾကပါတယ္​။

အ႐ွင္​းဆံုး​ ေျပာရရင္​ ႏွစ္​​ေယာက္​စိတ္​တူကိုယ္​တူ ​ေပါတယ္​ဆိုတာ ​ေတာ္​႐ုံတန္​႐ုံစ​ေကးမ်ိဳး​ေတာ့မဟုတ္​ပါဘူး။ င​ေပါစံုတြဲ​ေတြက အခ်စ္​ဆံုးသူငယ္​ခ်င္​း​ေတြလိုပါပဲ။ တစ္​ေယာက္​မ႐ွိတစ္​​ေယာက္​မ​ေနႏိုင္​၊ စိတ္​ၾကာၾကာမ​ေကာက္​ႏိုင္​နဲ႔။ ဒီကိစၥနဲ႔ ပတ္​သတ္​ၿပီး ဥ​ေ႐ာပမမွာ​ေတာင္​ စစ္္​တမ္​း​ေကာက္​ခဲ့ၾက​ေသးတယ္​။ ဟာသဉာဏ္​ရႊင္​ၿပီး ရယ္​​ေမာ​ေပ်ာ္​ရႊင္​တတ္​တဲ့စံုတြဲ​ေတြဟာ သာမန္​႐ုိးက်စံုတြဲ​ေတြထက္​ပိုၿပီးလက္​တြဲျမဲတယ္​တဲ့။

ဒါဆို အျမဲ​ေပါ​ေနရမယ္​​ေပါ့လို႔ ဘုကန္​႔လန္​႔ ​ေမးလာရင္​​ေတာ့ ႏိုးလို႔​ေျဖပါရ​ေစ။တစ္​ကယ္​့ဆိုလိုရင္​းက နားလည္​မႈနဲ႔တည္​​ေဆာက္​ထားတဲ့အခ်စ္​ထဲ ရယ္​စရာေလး​ေရာလိုက္​ရင္​ ထြက္​လာတာက​ေတာ့ တည္​ျမဲတဲ့အခ်စ္​ပါ။ ဒါ​ေၾကာင္​့မို႔ ဘယ္​​ေလာက္​ပဲ အခက္​အခဲ​ေတြၾကံဳ​ေတြ႔​ေနရပါ​ေစ တစ္​​ေန႔တစ္​ခြန္​း အခ်င္​းခ်င္​းစ​ေနာက္​ၿပီး အတူတူ ရယ္​ခ်လိုက္​ရင္​​ေတာ့ ႐ွင္​တိုု႔​ေျပာ​ေနၾကတဲ့ အသဲကြဲ​ေရာဂါဆိုတာ႐ွိလာမွာမဟုတ္​​ေတာ့ပါဘူး။

Credit : for her myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရန်ဖြစ်ဖို့တောင် မအားလောက်အောင် ရယ်စရာပြော၊ စနောက်ပြီး အခွီတိုက်တတ်တဲ့ စုံတွဲတွေ သာမန်အတွဲတွေထက် လက်တွဲပိုမြဲမယ်ဆို မင်းဘာပြောမလဲ။
သာမန်ချစ်သူစုံတွဲတွေရဲ့ သဘာဝက ချစ်မယ်၊ ရစ်မယ်၊ စိတ်ကောက်မယ်၊ရန်ဖြစ်မယ်၊ ချော့မယ် စသဖြင့့်သံသရာလည်နေရော။ ဒါပေမယ့် ငပေါစုံတွဲတွေက သွားမယ်၊စားမယ်၊ ရီစရာပြောမယ်၊ ဆေးထိုးမယ် စသဖြင့်ပေါ့ပေါ့ပါးပါးနေတတ်ကြပါရဲ့။

ငပေါစုံတွဲတွေကို လူတွေက…

အ ပျော်မက်တဲ့ပေါ့ပျက်ပျက်စုံတွဲလို့မြင်မိကြပါလိမ့်မယ်။ တကယ်ဆို သူတို့က ပိုလေးနက်တာပါ။ အခြားစုံတွဲတွေ စကားလုံးနဲ့ဂရုစိုက်ပြတဲ့အခါ ငပေါစုံတွဲတွေက ရယ်စရာပြောရင်း တစ်ဖက်က ကိုယ့်ချစ်သူကို ပျော်ရွှင်စေတာပါ။

ရိုမန်တစ်မဆန်ဘူးလိုု့ပြောကြလိမ့်မယ် ။တကယ်ဆို လူရှေ့သူရှေ့ ဂရုုတစိုက်နမ်းတာထက် လူကြားသူကြား နောက်ပြောင်ကျီစယ် လက်ချင်းချိတ်ပြီး အတူတူအူတက်အောင် ရယ်တာက ပိုပြီးသဘာဝကျ ရိုမန်တစ်ဆန်တယ်လို့မြင်မိတယ်။

ဂရုမစိုက် တတ်ဘူးလို့ပြောကြလိမ့်မယ်။ တကယ်ဆို နေ့ရောညရော ဖုန်းတဂွမ်ဂွမ်ဆက်ပြီး ဂရုစိုက်ပြတာထက် ပုံမှန်လူချင်းတွေ့ ဆေးထိုးတာက ပိုဂရုစိုက်ပြရာရောက်တယ်။

ငပေါစုံတွဲတွေရဲ့ ထူးခြားချက်က တစ်ယောက်စိတ်တစ်ယောက် နားလည်ပေးနိုင်ကြတာပဲ။ အချစ်ကို နားလည်မှုအပြင် ရယ်မောခြင်းနဲ့ပါ ရောပြီး တည်ဆောက်ထားတာကြောင့် ပိုခိုင်မြဲပါတယ်။ ဘယ်လောက်ပဲ အခက်အခဲလာလာ အမြဲစိုးရိမ်နေတာမျိုးမဟုတ်ပဲ လွတ်လွတ်လပ်လပ်ဆွေးနွေးတိုင်ပင်ဆုံးဖြတ်တတ်တာမို့ သာမန်အီစီကလီ အချစ်မျိုးထက် ပိုပြီးတန်ဖိုးထားတတ်ကြပါတယ်။

အရှင်းဆုံး ပြောရရင် နှစ်ယောက်စိတ်တူကိုယ်တူ ပေါတယ်ဆိုတာ တော်ရုံတန်ရုံစကေးမျိုးတော့မဟုတ်ပါဘူး။ ငပေါစုံတွဲတွေက အချစ်ဆုံးသူငယ်ချင်းတွေလိုပါပဲ။ တစ်ယောက်မရှိတစ်ယောက်မနေနိုင်၊ စိတ်ကြာကြာမကောက်နိုင်နဲ့။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဥရောပမမှာတောင် စစ်တမ်းကောက်ခဲ့ကြသေးတယ်။ ဟာသဉာဏ်ရွှင်ပြီး ရယ်မောပျော်ရွှင်တတ်တဲ့စုံတွဲတွေဟာ သာမန်ရိုးကျစုံတွဲတွေထက်ပိုပြီးလက်တွဲမြဲတယ်တဲ့။

ဒါဆို အမြဲပေါနေရမယ်ပေါ့လို့ ဘုကန့်လန့် မေးလာရင်တော့ နိုးလို့ဖြေပါရစေ။တစ်ကယ့်ဆိုလိုရင်းက နားလည်မှုနဲ့တည်ဆောက်ထားတဲ့အချစ်ထဲ ရယ်စရာလေးရောလိုက်ရင် ထွက်လာတာကတော့ တည်မြဲတဲ့အချစ်ပါ။ ဒါကြောင့်မို့ ဘယ်လောက်ပဲ အခက်အခဲတွေကြုံတွေ့နေရပါစေ တစ်နေ့တစ်ခွန်း အချင်းချင်းစနောက်ပြီး အတူတူ ရယ်ချလိုက်ရင်တော့ ရှင်တိုု့ပြောနေကြတဲ့ အသဲကွဲရောဂါဆိုတာရှိလာမှာမဟုတ်တော့ပါဘူး။


Credit : for her myanmar



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top