iMyanmarHouse.com - Best Property Website for Myanmar
×

(၁) ဆရာခင္ဗ်ား။ ကိုယ္၀န္ဖ်က္ခ်တာနဲ႔ ပတ္သက္ၿပီး လူသတ္မႈ ေျမာက္ မေျမာက္ သိခ်င္လို႔ပါ။ ေဆးပညာအရ သေႏၶတည္ျခင္း၊ လူ႔အသက္၊ ေသျခင္း စတာေတြကို ဘယ္လိုသတ္မွတ္သလဲ ရွင္းျပေပးပါခင္ဗ်ာ။

 (၂) ကိုယ္ဝန္ဖ်က္ခ်တာ လူသတ္မႈ မေျမာက္ပါ။ သို႔ေသာ္ လူသတ္မႈကဲ့သို႔ ျပစ္ဒဏ္ႀကီးေလးပါသည္။
 ျပစ္မႈပုဒ္မ ၃၁၃ တြင္ မိခင္သေဘာမတူဘဲ ပ်က္ေစလ်ွင္ ေသဒဏ္ထိျပ႒ာန္းထားပါသည္။ ပုဒ္မ ၃၁၅ တြင္ မိခင္ကိုယ္တိုင္ ပ်က္ေစလ်ွင္ ေထာင္ဒဏ္ ၁ဝ ႏွစ္ထိျပဌာန္းထားပါတယ္။ မိခင္အသက္ကယ္ရန္ဆိုရင္ ကင္းလြတ္ခြင့္ ရပါတယ္။



 • ေယာက္်ားကေန လိင္ဆက္ဆံမႈျဖစ္စဥ္ အဆံုးမွာ သုက္ရည္ေတြ ထြက္တယ္။ တခါထြက္တာထဲမွာ သုက္အေကာင္ေရ သန္း ၄ဝ ကေန ၁၅ဝ ပါေနမယ္။
 • မိန္းမမ်ိဳးဥအိမ္ကေန ရင့္မွည့္ေနတဲ့ မ်ိဳးဥထြက္လာတာနဲ႔ သားအိမ္ျပြန္ထဲကို အဖ်ားမွာ လက္ဝါးလိုေနတဲ့ အေပါက္ဝကေန ဝင္လာမယ္။
• အမ်ိဳးသမီး ဗဂ်ိဳင္းနာထဲမွာ အဲလို စြန္႔ထုတ္-ပန္းထြက္မႈ ျဖစ္တာနဲ႔ သုက္ေကာင္ေတြဟာ သားအိမ္ဝကေန သားအိမ္ထဲကို ေရကူးသလို တက္လာၾကမယ္။ မ-မ်ိဳးဥကို အငန္းမရ လိုက္ရွာေနၾကတာ ျဖစ္တယ္။ အျမန္ဆံုး သုက္ပိုးဟာ နာရီဝက္သာ ၾကာတယ္။ ေႏွးတဲ့ေကာင္ေတြက တရက္နဲ႔ မေရာက္ႏိုင္ဘူး။
 • တခုတည္းေသာ သုက္ပိုးကေန ရင့္သန္မႈရွိေနတဲ့ မ်ိဳးဥထဲကို ထိုးေဖါက္ဝင္ေရာက္တာနဲ႔ Conception သေႏၶျဖစ္ျခင္း ဒါမွမဟုတ္ Fertilization မ်ိဳးစပ္ျခင္းျဖစ္စဥ္ စတင္ပါေတာ့မယ္။
• ဒီျဖစ္စဥ္က ၂၄ နာရီသာၾကာတယ္။ ဒီအခ်ိန္မွာ Genetic makeup မ်ိဳးဗီဇအသစ္ပံုေဖၚမႈ
 ျပီးဆံုးသြားျပီ ျဖစ္တယ္။ ကေလးဟာ မိန္းကေလးလား၊ ေယာက္်ားေလးလား သတ္မွတ္လိုက္ျပီ ျဖစ္တယ္။ စမ္းလို႔ေတာ့ မရႏိုင္ေသးဘူး။
 • မ်ိဳးဥထဲကို သုက္ပိုးတခု ဝင္ေရာက္လာႏိုင္ေတာ့တဲ့ေနာက္မွာ မ်ိဳးဥအဖံုးနံရံက
 ေျပာင္းလဲလာမယ္။ ေနာက္ သုက္ပိုးေတြ ဝင္မလာေစေတာ့ေအာင္လုပ္တာ ျဖစ္တယ္။
• ဆဲလ္တခုခ်င္းစီသာရွိတဲ့ သုက္ပိုးနဲ႔ မ်ိဳးဥဟာ တခုတည္းသာျဖစ္လာျပီး ခ်က္ခ်င္း ၁ ကေန ၂ အဆင့္ကို ဒုတိယေန႔မွာ ျဖစ္မယ္။ ဆက္ျပီး ၂ ကေန ၄ အဆင့္ကို ၃-၄ ရက္မွာျဖစ္ျပီး ၈ ကို ၄ ရက္ေျမာက္မွာျဖစ္လာမယ္။
 • ဆဲလ္ပြါးျခင္းျဖစ္စဥ္အတြင္းမွာ သုက္ပိုးနဲ႔ မ်ိဳးဥေတြ႔ဆုံခဲ့ၾကတဲ့ သားအိမ္ျပြန္ဖ်ားပိုင္းေလာက္ကေန သားအိမ္ထဲ ဝင္လာမယ္။
• ဆလ္ပြါးျခင္းျဖစ္စဥ္ဆက္ျဖစ္ျပီး ေထာင္ဂဏန္အေရအတြက္ကေန သိန္း-သန္းအထိ တိုးတိုးလာမယ္။ ၅ ရက္ကေန ၇ ရက္အတြင္း သားအိမ္အတြင္းနံရံကို လာျပီး တြယ္ကပ္ျမဳပ္ဝင္မယ္။
• Implantation သေႏၶကပ္ျပီလို႔ေျပာႏိုင္ျပီျဖစ္တယ္။ အတူေနျပီးေနာက္ ၆ ရက္လို႔ ယူဆႏိုင္တယ္။ ဒါေၾကာင့္ အေရးေပၚ တားေဆးေတြကို အတူေနျပီး ၅ ရက္ (၁၂ဝ နာရီ) အတြင္း အသံုးျပဳဘို႔ ညႊန္ရတာျဖစ္တယ္။
• (ဆဲလ္) ပြါးျဖစ္စဥ္က ရပ္မေနဘူး။ မ်ားသထက္ မ်ားလာမယ္။ သားအိမ္အတြင္းဆံုးလႊာမွာ နစ္ျမဳပ္တြယ္ကပ္တာ ျဖစ္ျပီးေနာက္ (ဆဲလ္) တခ်ိဳ႕က အခ်င္း၊ (ဆဲလ္) တခ်ိဳ႕က ကေလးျဖစ္လာၾကတယ္။
• ကိုယ္ဝန္ေဆာင္တာနဲ႔ ေဟာ္မုန္းေတြ အမ်ိဳးမ်ိဳးက အခ်ိန္ကိုက္ထြက္လာမယ္။ သေႏၶျဖစ္ျခင္းျဖစ္စဥ္ ပဌမပတ္မွာ အသစ္ထြက္လာတဲ့ အခ်င္းနဲ႔ဆိုင္တဲ့ ေဟာ္မုန္းတမ်ိဳးက (hCG) ျဖစ္တယ္။ ဒီေဟာ္မုန္း ေသြးထဲ၊ ဆီးထဲ ပါေနတာကို သိေအာင္ စစ္နည္းနဲ႔ ကိုယ္ဝန္ ရွိေန-မေန စမ္းၾကရတယ္။ အေျဖမွန္ရေအာင္ ၃-၄ ပတ္ ေစာင့္ရတယ္။ • ၄ ပတ္ရွိရင္ ဦးေခါင္း၊ လည္ပင္း၊ မ်က္ႏွာ သိသာလာျပီ။ ကေလးရဲ႕ ႏွလံုးဟာ ၅ ပတ္အၾကာမွာ ျဖစ္လာတယ္။ ဦးေႏွာက္၊ ခါးရိုးထဲက အာရံုေၾကာၾကီးေတြလဲ ဆက္တိုက္ျဖစ္ေပၚလာတယ္။ အဆုပ္၊ အသဲ၊ အစာအိမ္၊ အူ စတာေတြ ျဖစ္လာမယ္။
• ၈ ပတ္ဆိုရင္ Fetus သေႏၶသားလို႔ေခၚႏိုင္ျပီ။ အရြယ္အစားအားျဖင့္ လကၼဝက္မက ရွိလာျပီ။ ပါးစပ္၊ ႏွာေခါင္း ပီျပင္လာျပီ။ ၄ဝ-၄၂ ပတ္အထိ ဆက္ၾကီးထြားလိမ့္မယ္။
• ၁၂ ပတ္ေရာက္ရင္ ၂ လကၼရွိျပီ။ လႈတ္ရွားမႈစလာျပီ။ မိခင္ေလာင္က မသိေသးဘူး။ ဗိုက္ကိုစမ္းရင္ ဆီးစပ္ရိုးမွာ တခုခု ခံေနတာ (သားအိမ္အျမင့္ဆံုးေနရာ) ကိုစမ္းလို႔ ေတြ႔ႏိုင္ျပီ။ ကရိယာနဲ႔စမ္းရင္ ႏွလံုးအလုပ္လုပ္ေနတာ သိမယ္။ က်ား-မ ခြဲလို႔သိမယ္။
• ၁၆ ပတ္ရွိရင္ ၄႕၃ ကေန ၄႕၆ လကၼရွိလာျပီ။ ၃႕၅ ေအာင္စေလးေနျပီ။ ဗိုက္ကိုစမ္းရင္ ဆီးစပ္ရိုးနဲ႔ ခ်က္ၾကားအထိ သားအိမ္က ျမင့္တက္ေနျပီ။
• ၂ဝ ပတ္ဆိုရင္ သားအိမ္အျမင့္က ခ်က္ေအာက္တည့္တည့္မွာေရာက္လာျပီ။ ၆ လကၼရွိျပီ။ မေအက အထဲမွာ ကေလးလႈတ္တာ သိႏိုင္ျပီ။ (အာလ္ထြာေဆာင္း) ရိုက္တာကို အမ်ားအားျဖင့္ ၂ဝ ပတ္မွာ လုပ္တယ္။
• ၂၄ ပတ္ရွိရင္ ၁႕၄ ေပါင္ေလးေနျပီ။
• ၂၈ ပတ္မွာ ၂ ေပါင္ ၆ ေအာင္စေလးျပီ။ ကေလးက အထဲမွာ အေနအထား အမ်ိဳးမ်ိဳးေျပာင္းေနမယ္။ အခ်ိန္ေစာေမြးတာျဖစ္လာရင္လဲ ရွင္ႏိုင္စြမ္းရွိလာေနျပီ။
• ၃၂ ပတ္ဆိုရင္ ၄ ေပါင္ေလးျပီ။ အေရျပားေအာက္မွာ အဆီစုလာရာကေန အေရးအေၾကာင္းေလးေတြ ျဖစ္လာႏိုင္ျပီ။
• ၃၆ ပတ္ အေၾကာင္းခံ အမ်ိဳးမ်ိဳးေၾကာင့္ ကေလးအရြယ္အစား အမ်ိဳးမ်ိဳးျဖစ္ႏိုင္တယ္။ ပ်မ္းမွ် ၆ ေပါင္ေလးျပီး၊ ၁၈႕၅ လကၼရွည္မယ္။
• ၃၇ ပတ္ျပည့္တာကို ကိုယ္ဝန္ အျပည့္သက္တမ္းလို႔
 ေခၚႏိုင္တယ္။
 ANC မွတ္တမ္းမွာ ၄ဝ ပတ္ကို EDD ခန္႔မွန္းေျခေမြးမဲ့ရက္လို႔ တြက္ေပးထားမယ္။ တကယ္ေမြးမွာက ၃၈ ပတ္ကေန ၄၂ ပတ္အတြင္း ျဖစ္မယ္။ ကိုယ္ဝန္ရွိျပီဆိုတာ က်ား-သုက္ပိုး နဲ႔မ-မ်ိဳးဥေတြ ေပါင္းစပ္ခ်ိန္၊
 သေႏၶျဖစ္ခ်ိန္ကို ေခၚတာလား။ သားအိမ္ထဲမွာ တြယ္ကပ္လိုက္ခ်ိန္ကို ေခၚတာလား။ ဒီအယူအဆ ၂ မ်ိဳးကို သုေတသန လုပ္ေတာ့ ဆရာဝန္ေတြ အျမင္မတူၾကတာ ေတြ႔ရတယ္လို႔ အေမရိကန္ သားဖြါးမီးယပ္ ဂ်ာနယ္မွာ ေရးသားလိုက္ပါတယ္။ ေမးခြန္းကို အေမရိကားမွာရွိတဲ့ သားဖြါး-မီးယပ္ ဆရာဝန္ေပါင္း ၁၁၅၄ ဦးတို႔ကေန အေျဖေတြေပးခဲ့ၾကတယ္။ ၅၇% က ကိုယ္ဝန္ရွိျပီဆိုတာ က်ား-သုက္ပိုး နဲ႔ မ-မ်ိဳးဥေတြ Fertilization ေပါင္းစပ္ခ်ိန္၊ Conception သေႏၶတည္ခ်ိန္ ျဖစ္တယ္။ ၂၈% က က်ား-သုက္ပိုး နဲ႔ မ-မ်ိဳးဥေတြ ေပါင္းစပ္ျပီး ေနာက္တပါတ္အၾကာ သားအိမ္ထဲမွာ Embryo implantation တြယ္ကပ္လိုက္ခ်ိန္ ျဖစ္တယ္။ ၁၅% က မေသျခာဘူးလို႔ ဆိုပါတယ္။ အေျဖေတြမွာ ဘာသာေရးအယူအဆ သက္ေရာက္မႈရွိမွာျဖစ္သလို ကိုယ္ဝန္ကို မလိုခ်င္လို႔ ဖ်က္ျပစ္တာမွာလဲ လုပ္သင့္တယ္-မလုပ္သင့္ဘူး ဆံုးျဖတ္ရာမွာလဲ သက္ေရာက္ေစတယ္။ ဘာသာေရးေတြက မတူသလို ဥပေဒေတြကလဲ တေနရာနဲ႔တေနရာမွာ မတူၾကပါ။ ျမန္မာဆရာဝန္ တေယာက္အေနနဲ႔ က်န္းမာေရးေဒါင့္ကေနေျပာရရင္ ေယာက္်ား-မိန္းမ အတူေနၾကျပီးေနာက္ အေရးေပၚတားေဆး-တားနည္းကို (၅) ရက္ အတြင္းလုပ္လို႔ ကိုယ္ဝန္မရတာဟာ အျပစ္လြတ္တယ္။ ၆ ရက္ကေနစျပီး ကိုယ္ဝန္ ဘယ္အဆင့္မွာျဖစ္ျဖစ္ ဆက္မတည္ႏိုင္ေအာင္ ဘယ္နည္းနဲ႔လုပ္လုပ္ ကိုယ္ဝန္ကို ဖ်က္ရာေရာက္တယ္။


Credit: Dr. တင့္ေဆြ

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

(၁) ဆရာခင်ဗျား။ ကိုယ်ဝန်ဖျက်ချတာနဲ့ ပတ်သက်ပြီး လူသတ်မှု မြောက် မမြောက် သိချင်လို့ပါ။ ဆေးပညာအရ သန္ဓေတည်ခြင်း၊ လူ့အသက်၊ သေခြင်း စတာတွေကို ဘယ်လိုသတ်မှတ်သလဲ ရှင်းပြပေးပါခင်ဗျာ။

 (၂) ကိုယ်ဝန်ဖျက်ချတာ လူသတ်မှု မမြောက်ပါ။ သို့သော် လူသတ်မှုကဲ့သို့ ပြစ်ဒဏ်ကြီးလေးပါသည်။
 ပြစ်မှုပုဒ်မ ၃၁၃ တွင် မိခင်သဘောမတူဘဲ ပျက်စေလျှင် သေဒဏ်ထိပြဋ္ဌာန်းထားပါသည်။ ပုဒ်မ ၃၁၅ တွင် မိခင်ကိုယ်တိုင် ပျက်စေလျှင် ထောင်ဒဏ် ၁ဝ နှစ်ထိပြဌာန်းထားပါတယ်။ မိခင်အသက်ကယ်ရန်ဆိုရင် ကင်းလွတ်ခွင့် ရပါတယ်။



 • ယောက်ျားကနေ လိင်ဆက်ဆံမှုဖြစ်စဉ် အဆုံးမှာ သုက်ရည်တွေ ထွက်တယ်။ တခါထွက်တာထဲမှာ သုက်အကောင်ရေ သန်း ၄ဝ ကနေ ၁၅ဝ ပါနေမယ်။
 • မိန်းမမျိုးဥအိမ်ကနေ ရင့်မှည့်နေတဲ့ မျိုးဥထွက်လာတာနဲ့ သားအိမ်ပြွန်ထဲကို အဖျားမှာ လက်ဝါးလိုနေတဲ့ အပေါက်ဝကနေ ဝင်လာမယ်။
• အမျိုးသမီး ဗဂျိုင်းနာထဲမှာ အဲလို စွန့်ထုတ်-ပန်းထွက်မှု ဖြစ်တာနဲ့ သုက်ကောင်တွေဟာ သားအိမ်ဝကနေ သားအိမ်ထဲကို ရေကူးသလို တက်လာကြမယ်။ မ-မျိုးဥကို အငန်းမရ လိုက်ရှာနေကြတာ ဖြစ်တယ်။ အမြန်ဆုံး သုက်ပိုးဟာ နာရီဝက်သာ ကြာတယ်။ နှေးတဲ့ကောင်တွေက တရက်နဲ့ မရောက်နိုင်ဘူး။
 • တခုတည်းသော သုက်ပိုးကနေ ရင့်သန်မှုရှိနေတဲ့ မျိုးဥထဲကို ထိုးဖေါက်ဝင်ရောက်တာနဲ့ Conception သန္ဓေဖြစ်ခြင်း ဒါမှမဟုတ် Fertilization မျိုးစပ်ခြင်းဖြစ်စဉ် စတင်ပါတော့မယ်။
• ဒီဖြစ်စဉ်က ၂၄ နာရီသာကြာတယ်။ ဒီအချိန်မှာ Genetic makeup မျိုးဗီဇအသစ်ပုံဖေါ်မှု
 ပြီးဆုံးသွားပြီ ဖြစ်တယ်။ ကလေးဟာ မိန်းကလေးလား၊ ယောက်ျားလေးလား သတ်မှတ်လိုက်ပြီ ဖြစ်တယ်။ စမ်းလို့တော့ မရနိုင်သေးဘူး။
 • မျိုးဥထဲကို သုက်ပိုးတခု ဝင်ရောက်လာနိုင်တော့တဲ့နောက်မှာ မျိုးဥအဖုံးနံရံက
 ပြောင်းလဲလာမယ်။ နောက် သုက်ပိုးတွေ ဝင်မလာစေတော့အောင်လုပ်တာ ဖြစ်တယ်။
• ဆဲလ်တခုချင်းစီသာရှိတဲ့ သုက်ပိုးနဲ့ မျိုးဥဟာ တခုတည်းသာဖြစ်လာပြီး ချက်ချင်း ၁ ကနေ ၂ အဆင့်ကို ဒုတိယနေ့မှာ ဖြစ်မယ်။ ဆက်ပြီး ၂ ကနေ ၄ အဆင့်ကို ၃-၄ ရက်မှာဖြစ်ပြီး ၈ ကို ၄ ရက်မြောက်မှာဖြစ်လာမယ်။
 • ဆဲလ်ပွါးခြင်းဖြစ်စဉ်အတွင်းမှာ သုက်ပိုးနဲ့ မျိုးဥတွေ့ဆုံခဲ့ကြတဲ့ သားအိမ်ပြွန်ဖျားပိုင်းလောက်ကနေ သားအိမ်ထဲ ဝင်လာမယ်။
• ဆလ်ပွါးခြင်းဖြစ်စဉ်ဆက်ဖြစ်ပြီး ထောင်ဂဏန်အရေအတွက်ကနေ သိန်း-သန်းအထိ တိုးတိုးလာမယ်။ ၅ ရက်ကနေ ၇ ရက်အတွင်း သားအိမ်အတွင်းနံရံကို လာပြီး တွယ်ကပ်မြုပ်ဝင်မယ်။
• Implantation သန္ဓေကပ်ပြီလို့ပြောနိုင်ပြီဖြစ်တယ်။ အတူနေပြီးနောက် ၆ ရက်လို့ ယူဆနိုင်တယ်။ ဒါကြောင့် အရေးပေါ် တားဆေးတွေကို အတူနေပြီး ၅ ရက် (၁၂ဝ နာရီ) အတွင်း အသုံးပြုဘို့ ညွှန်ရတာဖြစ်တယ်။
• (ဆဲလ်) ပွါးဖြစ်စဉ်က ရပ်မနေဘူး။ များသထက် များလာမယ်။ သားအိမ်အတွင်းဆုံးလွှာမှာ နစ်မြုပ်တွယ်ကပ်တာ ဖြစ်ပြီးနောက် (ဆဲလ်) တချို့က အချင်း၊ (ဆဲလ်) တချို့က ကလေးဖြစ်လာကြတယ်။
• ကိုယ်ဝန်ဆောင်တာနဲ့ ဟော်မုန်းတွေ အမျိုးမျိုးက အချိန်ကိုက်ထွက်လာမယ်။ သန္ဓေဖြစ်ခြင်းဖြစ်စဉ် ပဌမပတ်မှာ အသစ်ထွက်လာတဲ့ အချင်းနဲ့ဆိုင်တဲ့ ဟော်မုန်းတမျိုးက (hCG) ဖြစ်တယ်။ ဒီဟော်မုန်း သွေးထဲ၊ ဆီးထဲ ပါနေတာကို သိအောင် စစ်နည်းနဲ့ ကိုယ်ဝန် ရှိနေ-မနေ စမ်းကြရတယ်။ အဖြေမှန်ရအောင် ၃-၄ ပတ် စောင့်ရတယ်။ • ၄ ပတ်ရှိရင် ဦးခေါင်း၊ လည်ပင်း၊ မျက်နှာ သိသာလာပြီ။ ကလေးရဲ့ နှလုံးဟာ ၅ ပတ်အကြာမှာ ဖြစ်လာတယ်။ ဦးနှောက်၊ ခါးရိုးထဲက အာရုံကြောကြီးတွေလဲ ဆက်တိုက်ဖြစ်ပေါ်လာတယ်။ အဆုပ်၊ အသဲ၊ အစာအိမ်၊ အူ စတာတွေ ဖြစ်လာမယ်။
• ၈ ပတ်ဆိုရင် Fetus သန္ဓေသားလို့ခေါ်နိုင်ပြီ။ အရွယ်အစားအားဖြင့် လက္မဝက်မက ရှိလာပြီ။ ပါးစပ်၊ နှာခေါင်း ပီပြင်လာပြီ။ ၄ဝ-၄၂ ပတ်အထိ ဆက်ကြီးထွားလိမ့်မယ်။
• ၁၂ ပတ်ရောက်ရင် ၂ လက္မရှိပြီ။ လှုတ်ရှားမှုစလာပြီ။ မိခင်လောင်က မသိသေးဘူး။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးမှာ တခုခု ခံနေတာ (သားအိမ်အမြင့်ဆုံးနေရာ) ကိုစမ်းလို့ တွေ့နိုင်ပြီ။ ကရိယာနဲ့စမ်းရင် နှလုံးအလုပ်လုပ်နေတာ သိမယ်။ ကျား-မ ခွဲလို့သိမယ်။
• ၁၆ ပတ်ရှိရင် ၄့၃ ကနေ ၄့၆ လက္မရှိလာပြီ။ ၃့၅ အောင်စလေးနေပြီ။ ဗိုက်ကိုစမ်းရင် ဆီးစပ်ရိုးနဲ့ ချက်ကြားအထိ သားအိမ်က မြင့်တက်နေပြီ။
• ၂ဝ ပတ်ဆိုရင် သားအိမ်အမြင့်က ချက်အောက်တည့်တည့်မှာရောက်လာပြီ။ ၆ လက္မရှိပြီ။ မအေက အထဲမှာ ကလေးလှုတ်တာ သိနိုင်ပြီ။ (အာလ်ထွာဆောင်း) ရိုက်တာကို အများအားဖြင့် ၂ဝ ပတ်မှာ လုပ်တယ်။
• ၂၄ ပတ်ရှိရင် ၁့၄ ပေါင်လေးနေပြီ။
• ၂၈ ပတ်မှာ ၂ ပေါင် ၆ အောင်စလေးပြီ။ ကလေးက အထဲမှာ အနေအထား အမျိုးမျိုးပြောင်းနေမယ်။ အချိန်စောမွေးတာဖြစ်လာရင်လဲ ရှင်နိုင်စွမ်းရှိလာနေပြီ။
• ၃၂ ပတ်ဆိုရင် ၄ ပေါင်လေးပြီ။ အရေပြားအောက်မှာ အဆီစုလာရာကနေ အရေးအကြောင်းလေးတွေ ဖြစ်လာနိုင်ပြီ။
• ၃၆ ပတ် အကြောင်းခံ အမျိုးမျိုးကြောင့် ကလေးအရွယ်အစား အမျိုးမျိုးဖြစ်နိုင်တယ်။ ပျမ်းမျှ ၆ ပေါင်လေးပြီး၊ ၁၈့၅ လက္မရှည်မယ်။
• ၃၇ ပတ်ပြည့်တာကို ကိုယ်ဝန် အပြည့်သက်တမ်းလို့
 ခေါ်နိုင်တယ်။
 ANC မှတ်တမ်းမှာ ၄ဝ ပတ်ကို EDD ခန့်မှန်းခြေမွေးမဲ့ရက်လို့ တွက်ပေးထားမယ်။ တကယ်မွေးမှာက ၃၈ ပတ်ကနေ ၄၂ ပတ်အတွင်း ဖြစ်မယ်။ ကိုယ်ဝန်ရှိပြီဆိုတာ ကျား-သုက်ပိုး နဲ့မ-မျိုးဥတွေ ပေါင်းစပ်ချိန်၊
 သန္ဓေဖြစ်ချိန်ကို ခေါ်တာလား။ သားအိမ်ထဲမှာ တွယ်ကပ်လိုက်ချိန်ကို ခေါ်တာလား။ ဒီအယူအဆ ၂ မျိုးကို သုတေသန လုပ်တော့ ဆရာဝန်တွေ အမြင်မတူကြတာ တွေ့ရတယ်လို့ အမေရိကန် သားဖွါးမီးယပ် ဂျာနယ်မှာ ရေးသားလိုက်ပါတယ်။ မေးခွန်းကို အမေရိကားမှာရှိတဲ့ သားဖွါး-မီးယပ် ဆရာဝန်ပေါင်း ၁၁၅၄ ဦးတို့ကနေ အဖြေတွေပေးခဲ့ကြတယ်။ ၅၇% က ကိုယ်ဝန်ရှိပြီဆိုတာ ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ Fertilization ပေါင်းစပ်ချိန်၊ Conception သန္ဓေတည်ချိန် ဖြစ်တယ်။ ၂၈% က ကျား-သုက်ပိုး နဲ့ မ-မျိုးဥတွေ ပေါင်းစပ်ပြီး နောက်တပါတ်အကြာ သားအိမ်ထဲမှာ Embryo implantation တွယ်ကပ်လိုက်ချိန် ဖြစ်တယ်။ ၁၅% က မသေခြာဘူးလို့ ဆိုပါတယ်။ အဖြေတွေမှာ ဘာသာရေးအယူအဆ သက်ရောက်မှုရှိမှာဖြစ်သလို ကိုယ်ဝန်ကို မလိုချင်လို့ ဖျက်ပြစ်တာမှာလဲ လုပ်သင့်တယ်-မလုပ်သင့်ဘူး ဆုံးဖြတ်ရာမှာလဲ သက်ရောက်စေတယ်။ ဘာသာရေးတွေက မတူသလို ဥပဒေတွေကလဲ တနေရာနဲ့တနေရာမှာ မတူကြပါ။ မြန်မာဆရာဝန် တယောက်အနေနဲ့ ကျန်းမာရေးဒေါင့်ကနေပြောရရင် ယောက်ျား-မိန်းမ အတူနေကြပြီးနောက် အရေးပေါ်တားဆေး-တားနည်းကို (၅) ရက် အတွင်းလုပ်လို့ ကိုယ်ဝန်မရတာဟာ အပြစ်လွတ်တယ်။ ၆ ရက်ကနေစပြီး ကိုယ်ဝန် ဘယ်အဆင့်မှာဖြစ်ဖြစ် ဆက်မတည်နိုင်အောင် ဘယ်နည်းနဲ့လုပ်လုပ် ကိုယ်ဝန်ကို ဖျက်ရာရောက်တယ်။


Credit: Dr. တင့်ဆွေ


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top