iMyanmarHouse.com - Best Property Website for Myanmar
×

မွန္ထဲမွာ သင့္ကိုယ္သင္ၾကည့္ၿပီး စိတ္ထဲမွာ မ်က္ခံုးေမႊးကို ေဖ်ာက္ၾကည့္လိုက္ပါ။ လူေတြမွာ မ်က္ခံုးေမႊးသာ ပါမလာရင္ ၾကည့္ရတာ တစ္မ်ိဳးၾကီး ျဖစ္ေနျပီး ရယ္ဖို႔လည္း ေကာင္းပါတယ္။ မ်က္ခံုးေမႊးဟာ ဘယ္ေလာက္ အေရးပါသလဲဆိုတာ ခန္႔မွန္းလုိ႔ ရၿပီ ထင္ပါတယ္။

မ်က္ခံုးေမႊး ထူထူ ပိုင္ဆိုင္ျခင္းရဲ႕ အက်ိဳးေက်းဇူးကေတာ့ ထင္ေပၚေၾကာ္ၾကားျခင္း၊ ၾသဇာအာဏာၾကီးျခင္း၊ လူခ်စ္လူခင္ ေပါးမ်ားျခင္း၊ မိတ္ေဆြေကာင္းတို႔ရဲ႕ အေထာက္အပံ့ကို ရရွိျခင္း၊ ခ်စ္သူရဲ႕ ျမတ္ႏိုးတန္ဖိုးထားမႈကို ခံရျခင္း၊ သားသမီးအလိမၼာ ရရွိႏိုင္ျခင္းတို႔ ျဖစ္ပါတယ္။ ဘယ္အခ်ိန္ ၾကည့္ၾကည့္ မိတ္ကပ္မျပင္ဘဲ သဘာဝအတိုင္း လွပေနေစတာကလည္း မ်က္ခံုးေမႊးထူထူရွိျခင္းရဲ့ အက်ိဳးေက်းဇူးတစ္ခုပါပဲ။ မ်က္ခံုးေမႊးထူထူကို ပိုင္ဆုိင္ထားျခင္းေၾကာင့္ အမ်ားႀကီး အထူးတလည္ ျပင္ဆင္စရာမလိုဘဲ မ်က္ႏွာေလးက ထင္ေပၚေနတတ္ပါတယ္။

မ်က္ခံုးေမႊးထူထူေလး လိုခ်င္တယ္ဆိုရင္ ကြမ္းရြက္အရိုးႏုကို ႏြားႏို႔ေအးေအးထဲ ထည့္စိမ္ထားၿပီးေနာက္ သင္ လိုခ်င္တဲ့ မ်က္ခံုးအတန္းအတိုင္း သံုးခ်က္၊ ေလးခ်က္ေလာက္ဆြဲ ဆဲြေပးပါ။ ႏြားႏို႔ေအးေအးကို မ်က္ခံုးေမႊးေပၚ လိမ္းေပးထားၿပီး နာရီဝက္ခန္႔ အၾကာမွာ ေရေဆးလိုက္ပါ။ တစ္ရက္ကို ႏွစ္ႀကိမ္၊ ႏွစ္ပတ္ေလာက္ၿပီးသြားတဲ့အခါမွာ အံၾသသြားေလာက္တဲ့ အာနိသင္ကို ျမင္ေတြ႔ရပါလိမ့္မယ္။

 ကိုယ့္မ်က္ခံုးေမႊးက ပါးမယ္၊ ရိ္တ္ထားေပမယ့္လည္း ဆြဲေဆာင္မႈရွိတဲ့ မ်က္ခံုးေမႊးရေအာင္ဆဲြတဲ့နည္းေလးရွိပါေသးတယ္။ ပထမဆံုးအေနနဲ႔ ကိုယ့္ရဲ႕မ်က္ခံုးေမႊးကို ဘရက္ရွ္ (Brush) ကိုသံုးၿပီး အေပၚဘက္ကိုဖြဖြေလး ျဖီးေဘးပါ။ (မာစကာရာကုန္သြားတဲ့အခါ စုတ္တံကို မ်က္ခံုးေမႊးဆဲြဖို႔ သိမ္းထားလိုက္ပါ)

အတြင္းဘက္၊ ႏွာေခါင္းဘက္နားကေန စၿပီး အနားသတ္လိုင္း ေသခ်ာထပ္ဆြဲရမွာပါ။ မ်က္ခံုးေမႊးဆြဲ ခဲတံသံုးၿပီး လိုခ်င္တဲ့ပံုစံအတိုင္း မ်က္ခံုးေမႊးထြက္ရာဘက္ကို အမွ်င္ေလးေတြ ျဖည္းျဖည္းခ်င္း မွန္မွန္ေလး ဆြဲပါ။ ဒါဆုိရင္ လိုခ်င္တဲ့ စင္ေယာ္မ်က္ခံုးလွလွေလး ပိုင္ဆိုင္ႏိုင္ပါၿပီ။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မှန်ထဲမှာ သင့်ကိုယ်သင်ကြည့်ပြီး စိတ်ထဲမှာ မျက်ခုံးမွှေးကို ဖျောက်ကြည့်လိုက်ပါ။ လူတွေမှာ မျက်ခုံးမွှေးသာ ပါမလာရင် ကြည့်ရတာ တစ်မျိုးကြီး ဖြစ်နေပြီး ရယ်ဖို့လည်း ကောင်းပါတယ်။ မျက်ခုံးမွှေးဟာ ဘယ်လောက် အရေးပါသလဲဆိုတာ ခန့်မှန်းလို့ ရပြီ ထင်ပါတယ်။

မျက်ခုံးမွှေး ထူထူ ပိုင်ဆိုင်ခြင်းရဲ့ အကျိုးကျေးဇူးကတော့ ထင်ပေါ်ကြော်ကြားခြင်း၊ သြဇာအာဏာကြီးခြင်း၊ လူချစ်လူခင် ပေါးများခြင်း၊ မိတ်ဆွေကောင်းတို့ရဲ့ အထောက်အပံ့ကို ရရှိခြင်း၊ ချစ်သူရဲ့ မြတ်နိုးတန်ဖိုးထားမှုကို ခံရခြင်း၊ သားသမီးအလိမ္မာ ရရှိနိုင်ခြင်းတို့ ဖြစ်ပါတယ်။ ဘယ်အချိန် ကြည့်ကြည့် မိတ်ကပ်မပြင်ဘဲ သဘာဝအတိုင်း လှပနေစေတာကလည်း မျက်ခုံးမွှေးထူထူရှိခြင်းရဲ့ အကျိုးကျေးဇူးတစ်ခုပါပဲ။ မျက်ခုံးမွှေးထူထူကို ပိုင်ဆိုင်ထားခြင်းကြောင့် အများကြီး အထူးတလည် ပြင်ဆင်စရာမလိုဘဲ မျက်နှာလေးက ထင်ပေါ်နေတတ်ပါတယ်။

မျက်ခုံးမွှေးထူထူလေး လိုချင်တယ်ဆိုရင် ကွမ်းရွက်အရိုးနုကို နွားနို့အေးအေးထဲ ထည့်စိမ်ထားပြီးနောက် သင် လိုချင်တဲ့ မျက်ခုံးအတန်းအတိုင်း သုံးချက်၊ လေးချက်လောက်ဆွဲ ဆွဲပေးပါ။ နွားနို့အေးအေးကို မျက်ခုံးမွှေးပေါ် လိမ်းပေးထားပြီး နာရီဝက်ခန့် အကြာမှာ ရေဆေးလိုက်ပါ။ တစ်ရက်ကို နှစ်ကြိမ်၊ နှစ်ပတ်လောက်ပြီးသွားတဲ့အခါမှာ အံသြသွားလောက်တဲ့ အာနိသင်ကို မြင်တွေ့ရပါလိမ့်မယ်။

 ကိုယ့်မျက်ခုံးမွှေးက ပါးမယ်၊ ရိတ်ထားပေမယ့်လည်း ဆွဲဆောင်မှုရှိတဲ့ မျက်ခုံးမွှေးရအောင်ဆွဲတဲ့နည်းလေးရှိပါသေးတယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့မျက်ခုံးမွှေးကို ဘရက်ရှ် (Brush) ကိုသုံးပြီး အပေါ်ဘက်ကိုဖွဖွလေး ဖြီးဘေးပါ။ (မာစကာရာကုန်သွားတဲ့အခါ စုတ်တံကို မျက်ခုံးမွှေးဆွဲဖို့ သိမ်းထားလိုက်ပါ)

အတွင်းဘက်၊ နှာခေါင်းဘက်နားကနေ စပြီး အနားသတ်လိုင်း သေချာထပ်ဆွဲရမှာပါ။ မျက်ခုံးမွှေးဆွဲ ခဲတံသုံးပြီး လိုချင်တဲ့ပုံစံအတိုင်း မျက်ခုံးမွှေးထွက်ရာဘက်ကို အမျှင်လေးတွေ ဖြည်းဖြည်းချင်း မှန်မှန်လေး ဆွဲပါ။ ဒါဆိုရင် လိုချင်တဲ့ စင်ယော်မျက်ခုံးလှလှလေး ပိုင်ဆိုင်နိုင်ပါပြီ။

Credit : duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top