iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္ဝန္ေဆာင္ေနတဲ့ အခ်ိန္မွာ သားအိမ္အဝဟာ ပိတ္ေနတယ္ဆိုတာ ဟုတ္လားရွင့္။ ကုိယ္ဝန္ပ်က္/ဖ်က္တဲ့သူဟာ သားအိမ္ ပြင့္သြားလို႔လား။ ပ်က္ၿပီးရင္ သားအိမ္ဝက ျပန္ပိတ္ သြားတာလားရွင့္။ ကိုယ္ဝန္ပ်က္/ဖ်က္ၿပီးရင္ သားအိမ္ဝက ပြင့္ေနတဲ့ အတြက္ ပိုးဝင္ႏိုင္တယ္လို႔ ဆရာဝန္ေတြက ေျပာၾကလို႔ပါ။ ကိုယ္ဝန္ေဆာင္ မဟုတ္ပဲ သာမန္ အမ်ိဳးသမီးေတြမွာေကာ သားအိမ္ဝက ပြင့္ေနလား ပိတ္ေနတာလား သိခ်င္ပါတယ္။ သားအိမ္ ပိုးဝင္တာ အတြက္ ေသာက္ရတဲ့ ပိုးသတ္ေဆးက ပိုးေတြကို ေသေစရံုပဲလား။ မ်ိဳးဥထြက္မႈကိုေကာ ထိခိုက္ေစႏုိင္လား။

• သားအိမ္ဝဆိုတာ ျဖစ္ကတည္းက ပိတ္ထားတဲ့ပါးစပ္လိုေနတယ္။
• ရာသီဆင္းခ်ိန္မွာ စိမ့္ထြက္သေလာက္သာပြင့္တယ္။
• ကိုယ္ဝန္ေဆာင္ရင္ နဂိုအတိုင္သာ ပိတ္ထားတဲ့ ပါးစပ္လိုဘဲေနတယ္။
• ကိုယ္ဝန္ပ်က္ရင္ ပြင့္ပြင့္လာတယ္။ အတံုးအခဲ ဆင္းႏိုင္ေလာက္ေအာင္ ပြင့္တယ္။ လံုေလာက္ေအာင္ မပြင့္ဘဲ ေနတာလဲရွိတယ္ ပိုနာမယ္။ ရက္ပိုၾကာမယ္။ အဲလိုလူနာကို သားအိမ္ျခင္တဲ့ အခါ ခ်ဲ႕ေပးျပီးမွ ျခစ္ထုတ္ ရတယ္။ D and C လို႔ေခၚတယ္။ D ဆိုတာက ခ်ဲ႕ေပးတာ။ ေလဟာနယ္ကရိယာနဲ႔စုပ္ရရင္လဲ ကရိယာေလး ထည့္ႏိုင္ေအာင္ ခ်ဲ႕ေပးရတတ္တယ္။
• ကုိယ္ဝန္တား (ေကာပါးတီ) ထည့္ရင္ တခ်ိဳ႕ကို သားအိမ္ဝက လံုးဝမပြင့္ရင္ နဲနဲေလး ခ်ဲ႕ေပးရတတ္တယ္။
• ကိုယ္ဝန္ရင့္လာလို႔ တခ်ိဳ႕က မလိုအပ္ဘဲ ပြင့္တာရွိတတ္တယ္။ Cervical incompetence ေခၚတယ္။ သားအိမ္ဝကို ခ်ဳပ္ထားေပးျပီး တကယ္ေမြးဖြါးေတာ့မွ ျဖဳတ္ေပးရတာလဲ ရွိတယ္။
• ကေလး မီးဖြါးေတာ့မယ္ ဆိုရင္ ဗိုက္နာတာနဲ႔ သားအိမ္ဝက စပြင့္လာမယ္။ လက္တေခ်ာင္းစာ၊ ၂ ေခ်ာင္းစာ စသျဖင့္ ပြင့္ပြင့္လာေတာ့မယ္။ ၁ဝ စင္တီမီတာ အထိပြင့္ရင္ ကေလးဖြါးႏိုင္ျပီ။
• မီးဖြါဘို႔ရာ ဗိုက္နာေပမဲ့ သားအိမ္ဝက လံုေလာက္ေအာင္မပြင့္ရင္ ပြင့္ေဆးေပးရတာလဲ ရွိတယ္။ သားအိမ္ဝက ပြင့္ေပမဲ့ လံုေလာက္ေအာင္မနာရင္ ေဆးသြင္းေပးရတယ္။ အဲဒီ ျဖစ္စဥ္ ၂ ခု ဟန္ခ်က္ညီေနမွသာ ပံုမွန္ေမြးဖြါးတာျဖစ္တယ္။
• သားအိမ္ဝဟာ မဟဘဲ ပိတ္ထားသလိုေနေပမဲ့ မ်က္စိနဲ႔ မျမင္ႏိုင္ေအာင္ေသးတဲ့ပိုးေတြ ေကာင္းေကာင္းဝင္ႏိုင္တယ္။ ဒါေပမဲ့ ကိုယ္ဝန္ဆိုရင္ ကေလးက ေရမြာအိပ္ထဲေနလို႔ လံုျခံဳတယ္။ ေရမြာ အိတ္ေစာေပါက္သူေတြကို ျမန္ျမန္ ေမြးေအာင္ လုပ္ေပးရတယ္။ အခ်ိန္ၾကာရင္ ပိုးဝင္တာနဲ႔ အာဟာရနည္းတာ ကေလးမွာျဖစ္လာေစႏိုင္တယ္။
• ေရာဂါပိုးေတြဟာ သားအိမ္အဝ ပိတ္ေနလဲ သားအိမ္ႏႈပ္ခမ္းေခၚတဲ့ Cervix ကို ကူးစက္ႏိုင္တယ္။ လိင္ကတဆင့္ ကူးစက္ေရာဂါေတြဆိုတာ အဲဒီေနရာမွာျဖစ္ရတာမ်ားတယ္။ ေရာဂါေတြျဖစ္လဲ သားအိမ္ႏႈပ္ခမ္းမွာသာ အျဖစ္မ်ားတယ္။ သားအိမ္ ကိုယ္ထည္အထိေရာက္တာက နည္းတယ္။ ကင္ဆာလဲ အဲလိုဘဲ။
• ပြင့္ (ဟ) လာတဲ့ သားအိမ္ဝဟာ ကိုယ္ဝန္ပ်က္လို႔ျဖစ္ျဖစ္၊ သားအိမ္ျခစ္ျပီးလို႔ ျဖစ္ျဖစ္၊ ေမြးလမ္းေၾကာင္းကေန ကေလးဖြါးလို႔ ျဖစ္ျဖစ္ ျပီးစီးတာနဲ႔ ခ်က္ခ်င္းဆိုသလို ျပန္ပိတ္မယ္။ ဒါေပမဲ့ ကေလးဖြါးဘူးသူ တေယာက္ဟာ မေမြးဘူးသူထက္ ပိုသိသာမယ္။ တခ်ိဳ႕ ကိုယ္ဝန္ေဆာင္ေတြဟာ တကယ္ကေလးမေမြးခ်င္ေသးဘဲ နည္းနည္းျဖစ္ျဖစ္ ဟေနတတ္တာရွိတတ္တယ္။ ေရာဂါမဟုတ္ပါ။
• မ်ိဳးဥထြက္မႈကိုေတာ့ ပိုးေသေဆးေတြက သက္ေရာက္မႈမရွိပါ။ မ်ိဳးဥထြက္တာက ေဟာ္မုန္းထြက္ျခင္းနဲ႔ ဆိုင္တယ္။ ဗက္တီးရီးယားေသေဆးေတြ မလိုဘဲေသာက္ရင္ မိႈပိုးေတြ ပြါးလာႏိုင္တယ္။ အျဖဴဆင္းတာျဖစ္ႏိုင္တယ္။ ေဆးေၾကာ သန္႔ရွင္းတာမွာလဲ ပိုးေသေဆးေတြပါေနရင္ အဲလိုျဖစ္ႏိုင္တယ္။


Credit:ေဒါက္တာတင့္ေဆြ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကိုယ်ဝန်ဆောင်နေတဲ့ အချိန်မှာ သားအိမ်အဝဟာ ပိတ်နေတယ်ဆိုတာ ဟုတ်လားရှင့်။ ကိုယ်ဝန်ပျက်/ဖျက်တဲ့သူဟာ သားအိမ် ပွင့်သွားလို့လား။ ပျက်ပြီးရင် သားအိမ်ဝက ပြန်ပိတ် သွားတာလားရှင့်။ ကိုယ်ဝန်ပျက်/ဖျက်ပြီးရင် သားအိမ်ဝက ပွင့်နေတဲ့ အတွက် ပိုးဝင်နိုင်တယ်လို့ ဆရာဝန်တွေက ပြောကြလို့ပါ။ ကိုယ်ဝန်ဆောင် မဟုတ်ပဲ သာမန် အမျိုးသမီးတွေမှာကော သားအိမ်ဝက ပွင့်နေလား ပိတ်နေတာလား သိချင်ပါတယ်။ သားအိမ် ပိုးဝင်တာ အတွက် သောက်ရတဲ့ ပိုးသတ်ဆေးက ပိုးတွေကို သေစေရုံပဲလား။ မျိုးဥထွက်မှုကိုကော ထိခိုက်စေနိုင်လား။

• သားအိမ်ဝဆိုတာ ဖြစ်ကတည်းက ပိတ်ထားတဲ့ပါးစပ်လိုနေတယ်။
• ရာသီဆင်းချိန်မှာ စိမ့်ထွက်သလောက်သာပွင့်တယ်။
• ကိုယ်ဝန်ဆောင်ရင် နဂိုအတိုင်သာ ပိတ်ထားတဲ့ ပါးစပ်လိုဘဲနေတယ်။
• ကိုယ်ဝန်ပျက်ရင် ပွင့်ပွင့်လာတယ်။ အတုံးအခဲ ဆင်းနိုင်လောက်အောင် ပွင့်တယ်။ လုံလောက်အောင် မပွင့်ဘဲ နေတာလဲရှိတယ် ပိုနာမယ်။ ရက်ပိုကြာမယ်။ အဲလိုလူနာကို သားအိမ်ခြင်တဲ့ အခါ ချဲ့ပေးပြီးမှ ခြစ်ထုတ် ရတယ်။ D and C လို့ခေါ်တယ်။ D ဆိုတာက ချဲ့ပေးတာ။ လေဟာနယ်ကရိယာနဲ့စုပ်ရရင်လဲ ကရိယာလေး ထည့်နိုင်အောင် ချဲ့ပေးရတတ်တယ်။
• ကိုယ်ဝန်တား (ကောပါးတီ) ထည့်ရင် တချို့ကို သားအိမ်ဝက လုံးဝမပွင့်ရင် နဲနဲလေး ချဲ့ပေးရတတ်တယ်။
• ကိုယ်ဝန်ရင့်လာလို့ တချို့က မလိုအပ်ဘဲ ပွင့်တာရှိတတ်တယ်။ Cervical incompetence ခေါ်တယ်။ သားအိမ်ဝကို ချုပ်ထားပေးပြီး တကယ်မွေးဖွါးတော့မှ ဖြုတ်ပေးရတာလဲ ရှိတယ်။
• ကလေး မီးဖွါးတော့မယ် ဆိုရင် ဗိုက်နာတာနဲ့ သားအိမ်ဝက စပွင့်လာမယ်။ လက်တချောင်းစာ၊ ၂ ချောင်းစာ စသဖြင့် ပွင့်ပွင့်လာတော့မယ်။ ၁ဝ စင်တီမီတာ အထိပွင့်ရင် ကလေးဖွါးနိုင်ပြီ။
• မီးဖွါဘို့ရာ ဗိုက်နာပေမဲ့ သားအိမ်ဝက လုံလောက်အောင်မပွင့်ရင် ပွင့်ဆေးပေးရတာလဲ ရှိတယ်။ သားအိမ်ဝက ပွင့်ပေမဲ့ လုံလောက်အောင်မနာရင် ဆေးသွင်းပေးရတယ်။ အဲဒီ ဖြစ်စဉ် ၂ ခု ဟန်ချက်ညီနေမှသာ ပုံမှန်မွေးဖွါးတာဖြစ်တယ်။
• သားအိမ်ဝဟာ မဟဘဲ ပိတ်ထားသလိုနေပေမဲ့ မျက်စိနဲ့ မမြင်နိုင်အောင်သေးတဲ့ပိုးတွေ ကောင်းကောင်းဝင်နိုင်တယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆိုရင် ကလေးက ရေမွာအိပ်ထဲနေလို့ လုံခြုံတယ်။ ရေမွာ အိတ်စောပေါက်သူတွေကို မြန်မြန် မွေးအောင် လုပ်ပေးရတယ်။ အချိန်ကြာရင် ပိုးဝင်တာနဲ့ အာဟာရနည်းတာ ကလေးမှာဖြစ်လာစေနိုင်တယ်။
• ရောဂါပိုးတွေဟာ သားအိမ်အဝ ပိတ်နေလဲ သားအိမ်နှုပ်ခမ်းခေါ်တဲ့ Cervix ကို ကူးစက်နိုင်တယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေဆိုတာ အဲဒီနေရာမှာဖြစ်ရတာများတယ်။ ရောဂါတွေဖြစ်လဲ သားအိမ်နှုပ်ခမ်းမှာသာ အဖြစ်များတယ်။ သားအိမ် ကိုယ်ထည်အထိရောက်တာက နည်းတယ်။ ကင်ဆာလဲ အဲလိုဘဲ။
• ပွင့် (ဟ) လာတဲ့ သားအိမ်ဝဟာ ကိုယ်ဝန်ပျက်လို့ဖြစ်ဖြစ်၊ သားအိမ်ခြစ်ပြီးလို့ ဖြစ်ဖြစ်၊ မွေးလမ်းကြောင်းကနေ ကလေးဖွါးလို့ ဖြစ်ဖြစ် ပြီးစီးတာနဲ့ ချက်ချင်းဆိုသလို ပြန်ပိတ်မယ်။ ဒါပေမဲ့ ကလေးဖွါးဘူးသူ တယောက်ဟာ မမွေးဘူးသူထက် ပိုသိသာမယ်။ တချို့ ကိုယ်ဝန်ဆောင်တွေဟာ တကယ်ကလေးမမွေးချင်သေးဘဲ နည်းနည်းဖြစ်ဖြစ် ဟနေတတ်တာရှိတတ်တယ်။ ရောဂါမဟုတ်ပါ။
• မျိုးဥထွက်မှုကိုတော့ ပိုးသေဆေးတွေက သက်ရောက်မှုမရှိပါ။ မျိုးဥထွက်တာက ဟော်မုန်းထွက်ခြင်းနဲ့ ဆိုင်တယ်။ ဗက်တီးရီးယားသေဆေးတွေ မလိုဘဲသောက်ရင် မှိုပိုးတွေ ပွါးလာနိုင်တယ်။ အဖြူဆင်းတာဖြစ်နိုင်တယ်။ ဆေးကြော သန့်ရှင်းတာမှာလဲ ပိုးသေဆေးတွေပါနေရင် အဲလိုဖြစ်နိုင်တယ်။


Credit:ဒေါက်တာတင့်ဆွေ



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top