iMyanmarHouse.com - Best Property Website for Myanmar
×

အူမႀကီး-စအုိကင္ဆာ (Colorectal Cancer) ဟာ အေမရိကန္ျပည္ေထာင္စုမွာ ကင္ဆာေၾကာင့္ ေသဆံုးႏိုင္ေျခ ဒုတိယအျဖစ္မ်ားဆံုး အေၾကာင္းရင္းပါ။ ဒီေရာဂါျဖစ္ႏႈန္း ေလ်ာ့က်ေအာင္ အနီေရာင္အသားနဲ႔ ျပဳျပင္ထားတဲ့ အသားေတြကို ေလွ်ာ့ခ်ၿပီး ဟင္းသီးဟင္းရြက္နဲ႔ အသီးအႏွံေတြကို မ်ားမ်ားစားေပးဖို႔ လိုအပ္ေၾကာင္း သိၿပီးျဖစ္မွာပါ။ အခုေလ့လာမႈအသစ္ေတြအရ ကင္ဆာအႏၲရာယ္ ေလ်ာ့က်ေစဖို႔ ေအာက္ပါ အစာေလးမ်ဳိးကိုပါ ထည့္စားေပးသင့္ေၾကာင္း ဆိုပါတယ္။

၁။ ႏြားႏို႔
တစ္ေန႔မွာ ႏြားႏို႔တစ္ခြက္ (Cup) ေသာက္တာဟာ အူမႀကီးကင္ဆာျဖစ္ႏိုင္တဲ့ အႏၲရာယ္ကို ၂၂ ရာခိုင္ႏႈန္း ေလ်ာ့က်ေစေၾကာင္း ေလ့လာမႈ ၂၇ ခုအရ သိရပါတယ္။ အေကာင္းဆံုး အက်ဳိးေက်းဇူးရရွိေစဖို႔ အဆီမပါ ဒါမွမဟုတ္ အဆီနည္း ႏြားႏို႔ကို ေရြးခ်ယ္ပါ။

၂။ ငါး
အေမရိကန္လူႀကီး ၁၈၀၀ ေက်ာ္ကို လတ္တေလာ ေလ့လာမႈတစ္ရပ္အရ အိုမီဂါသရီးဖက္တီးအက္စစ္ ပမာဏမ်ားမ်ားပါတဲ့ အစာ အစားသူေတြဟာ အူမႀကီးကင္ဆာ ျဖစ္ႏႈန္းကို ၃၉ ရာခိုင္ႏႈန္း ေလ်ာ့နည္းေၾကာင္း သိရပါတယ္။ အိုမီဂါသရီးဖက္တီးအက္စစ္ အလံုအေလာက္ရရွိေအာင္ အဆီမ်ားတဲ့ ငါးေတြျဖစ္တဲ့ တူနာငါး၊ ဆယ္လ္မြန္ငါး၊ ဆာဒင္းငါးေတြကို တစ္ပတ္မွာ ႏွစ္ႀကိမ္စားေပးပါ။

၃။ ပဲပိစပ္
ေန႔စဥ္ ပဲပိစပ္နဲ႔ ျပဳလုပ္ထားတဲ့အစာ ငါးဂရမ္စားေပးရင္ အူမႀကီးစအိုကင္ဆာ အႏၲရာယ္ကို ၈ ရာခိုင္ႏႈန္း ေလ်ာ့က်ေစပါတယ္လို႔ တ႐ုတ္အမ်ဳိးသမီး ၆၈,၀၀၀ ေက်ာ္ကို လတ္တေလာ ေလ့လာမႈတစ္ခုက ဆိုပါတယ္။ ပဲပိစပ္ ငါးဂရမ္ဟာ တိုဟူးခြက္ရဲ႕ ရွစ္ပံုတစ္ပံုစာမွ်ပဲ ရွိတာပါ။ ပဲပိစပ္မွာပါဝင္တဲ့ Sphingadienes ဆိုတဲ့ သဘာဝအဆီ ေမာ္လီက်ဴးေတြဟာ အူမႀကီးထဲက ကင္ဆာဆဲလ္ေတြအတြက္ အဆိပ္ျဖစ္တာေၾကာင့္ ဒီလုိအက်ဳိးေက်းဇူးေပးတာ ျဖစ္ႏိုင္ေၾကာင္း တျခားေလ့လာမႈတစ္ခုက ရွင္းျပပါတယ္။

၄။ ၾကက္သြန္ျဖဴ
ၾကက္သြန္ျဖဴမွာ ဓာတ္တိုးဆန္႔က်င္ပစၥည္း ပါဝင္မႈမ်ားတဲ့အတြက္ အူမႀကီးအက်ိတ္ျဖစ္ႏိုင္ေျခကို ေလွ်ာ့ခ်ေပးပါတယ္။ တစ္ပတ္မွာ ၾကက္သြန္ျဖဴ ၊ ငါးဥအစိမ္းလိုက္ စားေပးရင္ ကင္ဆာအႏၲရာယ္ကို ၁၁ ရာခိုင္ႏႈန္း ေလ်ာ့က်ေစပါတယ္။

Credit: Good Health

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အူမကြီး-စအိုကင်ဆာ (Colorectal Cancer) ဟာ အမေရိကန်ပြည်ထောင်စုမှာ ကင်ဆာကြောင့် သေဆုံးနိုင်ခြေ ဒုတိယအဖြစ်များဆုံး အကြောင်းရင်းပါ။ ဒီရောဂါဖြစ်နှုန်း လျော့ကျအောင် အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့ အသားတွေကို လျှော့ချပြီး ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားပေးဖို့ လိုအပ်ကြောင်း သိပြီးဖြစ်မှာပါ။ အခုလေ့လာမှုအသစ်တွေအရ ကင်ဆာအန္တရာယ် လျော့ကျစေဖို့ အောက်ပါ အစာလေးမျိုးကိုပါ ထည့်စားပေးသင့်ကြောင်း ဆိုပါတယ်။

၁။ နွားနို့
တစ်နေ့မှာ နွားနို့တစ်ခွက် (Cup) သောက်တာဟာ အူမကြီးကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်ကို ၂၂ ရာခိုင်နှုန်း လျော့ကျစေကြောင်း လေ့လာမှု ၂၇ ခုအရ သိရပါတယ်။ အကောင်းဆုံး အကျိုးကျေးဇူးရရှိစေဖို့ အဆီမပါ ဒါမှမဟုတ် အဆီနည်း နွားနို့ကို ရွေးချယ်ပါ။

၂။ ငါး
အမေရိကန်လူကြီး ၁၈၀၀ ကျော်ကို လတ်တလော လေ့လာမှုတစ်ရပ်အရ အိုမီဂါသရီးဖက်တီးအက်စစ် ပမာဏများများပါတဲ့ အစာ အစားသူတွေဟာ အူမကြီးကင်ဆာ ဖြစ်နှုန်းကို ၃၉ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရပါတယ်။ အိုမီဂါသရီးဖက်တီးအက်စစ် အလုံအလောက်ရရှိအောင် အဆီများတဲ့ ငါးတွေဖြစ်တဲ့ တူနာငါး၊ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးတွေကို တစ်ပတ်မှာ နှစ်ကြိမ်စားပေးပါ။

၃။ ပဲပိစပ်
နေ့စဉ် ပဲပိစပ်နဲ့ ပြုလုပ်ထားတဲ့အစာ ငါးဂရမ်စားပေးရင် အူမကြီးစအိုကင်ဆာ အန္တရာယ်ကို ၈ ရာခိုင်နှုန်း လျော့ကျစေပါတယ်လို့ တရုတ်အမျိုးသမီး ၆၈,၀၀၀ ကျော်ကို လတ်တလော လေ့လာမှုတစ်ခုက ဆိုပါတယ်။ ပဲပိစပ် ငါးဂရမ်ဟာ တိုဟူးခွက်ရဲ့ ရှစ်ပုံတစ်ပုံစာမျှပဲ ရှိတာပါ။ ပဲပိစပ်မှာပါဝင်တဲ့ Sphingadienes ဆိုတဲ့ သဘာဝအဆီ မော်လီကျူးတွေဟာ အူမကြီးထဲက ကင်ဆာဆဲလ်တွေအတွက် အဆိပ်ဖြစ်တာကြောင့် ဒီလိုအကျိုးကျေးဇူးပေးတာ ဖြစ်နိုင်ကြောင်း တခြားလေ့လာမှုတစ်ခုက ရှင်းပြပါတယ်။

၄။ ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်မှုများတဲ့အတွက် အူမကြီးအကျိတ်ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ တစ်ပတ်မှာ ကြက်သွန်ဖြူ ၊ ငါးဥအစိမ်းလိုက် စားပေးရင် ကင်ဆာအန္တရာယ်ကို ၁၁ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

Credit: Good Health



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top