iMyanmarHouse.com - Best Property Website for Myanmar
×

 မၾကာေသးခင္ကထုတ္ျပန္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံက ေလ့လာမႈတစ္ခုမွာ ကိုယ္ဝန္မေဆာင္ခင္ကာလ မိခင္ရဲ႕ေသြး ဖိအားက ေမြးလာမယ့္ကေလးငယ္က ေယာက်ာ္းေလးျဖစ္မလား မိန္းကေလး ျဖစ္မလားဆို တဲ့အခ်က္အေပၚမွာ လႊမ္းမိုး မႈရွိပါတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

တကယ္လို႔ သည္ေလ့လာမႈရလဒ္ေတြသာ အမွန္ဆိုခဲ့ရင္ သည္ေတြ႕ရွိခ်က္ေတြက အေတာ္ကိုစိတ္ဝင္စားစရာ ေကာင္းပါတယ္။အခ်ိဳ႕ေတြကကိုယ္ဝန္ ေဆာင္ရဲ႕ဗိုက္အေနအထား
ကိုၾကည့္ၿပီးေတာ့ ေမြးလာမယ့္ကေလးငယ္ေလးက ေယာက်ာ္းေလး
လား၊ မိန္းကေလးလားဆို တာကို ခန္႔မွန္းၾကပါတယ္။ တကယ္လို႔ ဗိုက္က ေအာက္ဘက္ကို
 ေလွ်ာက်ေနမယ္ဆိုရင္ ေယာက်ာ္းေလးကို ကိုယ္ဝန္ ေဆာင္ထားတာျဖစ္ၿပီး ဗိုက္ကေရွ႕ကို စူထြက္ေနရင္ မိန္းကေလးကို ကိုယ္ဝန္ ေဆာင္ထားတာလို႔ ခန္႔မွန္းေျပာဆိုၾကပါတယ္။

အလားတူပဲ ကိုယ္ဝန္ေဆာင္ရဲ႕ ဆီးကို Drano လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာနဲ႔ ေရာလိုက္တဲ့အခါ အစိမ္းေရာင္ေျပာင္းသြားပါက ေမြးလာမယ့္ကေလး ငယ္က မိန္းကေလးျဖစ္ၿပီး အျပာေရာင္ ေျပာင္းသြားခဲ့ရင္ ေမြးလာမယ့္ကေလး ငယ္က ေယာက်ာ္းေလးလို႔ သတ္မွတ္တာမ်ိဳး လည္းရွိပါတယ္။

အခ်ိဳ႕သိပံပညာရွင္ေတြက ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြရဲ႕ကိုယ္ဝန္ မေဆာင္ခင္ကာလမွာ စားေသာက္ေနထိုင္မႈပံုစံေတြကို ခန္႔မွန္းၾကည့္႐ႈၿပီးမွာ ေမြးလာမယ့္ကေလးငယ္ေတြဟာ ေယာက်ာ္းေလးျဖစ္မလား၊ မိန္းကေလး ျဖစ္မလားဆိုတာကို ခန္႔မွန္းၾကည့္ဖို႔ တိုက္တြန္းခဲ့ပါတယ္။

အစားအေသာက္ေကာင္းေတြ မ်ားမ်ားစားသံုးတဲ့အမ်ိဳးသမီးေတြက သား ေယာက်ာ္းေလးေမြးဖြားႏိုင္ေျခပိုမ်ားၿပီး  အာဟာရျဖစ္တဲ့အစားအေသာက္နည္း နည္းပဲစားသံုးသူအမ်ိဳးသမီးေတြဟာ မိန္း ကေလးေမြးဖြားႏိုင္ေျခပိုမ်ားတာကို ေတြ႕ရပါတယ္။ ကေနဒါမွာရွိတဲ့ Mount Sinai ေဆး႐ံုက အတြင္းထုတ္ဂလင္းေဗဒပညာရွင္တစ္ဦးျဖစ္သလို Lunendfeld- Tanenbaum သုေတသနဌာနက ေလ့လာသူ တစ္ဦးျဖစ္တဲ့ ေဒါက္တာ Ravi Retna-karan ဟာ အခုေဖာ္ျပထားတဲ့ေလ့လာမႈ ကို လုပ္ေဆာင္ဖို႔ ၂၀ဝ၉ ခုႏွစ္က လူစုေဆာင္းခဲ့ပါတယ္။ သည္ေလ့လာမႈအတြက္ တ႐ုတ္ႏိုင္ငံ Liuyang  က အမ်ိဳးသ မီး ၁၄၁၁ ဦး ပါဝင္ခဲ့ၾကပါတယ္။

ေလ့လာမႈမွာပါဝင္တဲ့အမ်ိဳးသမီးေတြရဲ႕ ကိုလက္စထေရာပမာဏ၊ ေသြးေပါင္ခ်ိန္၊ ေသြးတြင္းသၾကားဓာတ္နဲ႔ triglycerides ပမာဏတို႔ကို ေလ့လာအကဲျဖတ္ခဲ့ၾကပါတယ္။ သည္နည္းလမ္းေတြကို ပ်မ္းမွ်အားျဖင့္ ကိုယ္ဝန္မေဆာင္ခင္သီတင္းပတ္ ၂၆.၃ ပတ္ခန္႔အလိုမွာ လုပ္ေဆာင္ခဲ့တာျဖစ္ပါတယ္။ စုစုေပါင္းအေနနဲ႔ ေလ့လာမႈမွာပါဝင္သူ ကိုယ္ဝန္ေဆာင္မိခင္ေတြက သားေယာက်ာ္းေလး ၇၉၃ ဦး နဲ႔ သမီးမိန္းကေလး ၆၇၂ ဦးကို ေမြးဖြားခဲ့ပါတယ္။

ကိုယ္ဝန္မေဆာင္ခင္ကာလမွာ ႏွလံုး က ညႇစ္ထုတ္တဲ့ေသြးဖိအားကို တိုင္းတာ တဲ့ေလ့လာသံုးသပ္မႈအတြင္း ကိုယ္ဝန္မေဆာင္ခင္ကာလမွာ ေသြးဖိအားမ်ားတဲ့မိခင္ေတြကေလးေမြးဖြားတဲ့အခါသားေယာက်ာ္းေလး
ေမြးဖြားတာကို ေတြ႕ရပါတယ္။

သုေတသီေတြဟာ ေလ့လာမႈမွာ ပါ ဝင္တဲ့မိခင္ေလာင္းေတြရဲ႕အသက္အရြယ္၊ ေဆးလိပ္ေသာက္သံုးမႈ၊ ပညာအရည္အခ်င္း၊ ခါးအတိုင္းအတာ၊ ခႏာကိုယ္ညႊန္း ကိန္း (BMI) ‘ triglycerides ပမာဏ၊ low-density lipoprotein (LDL) ကိုလက္စထေရာ ပမာဏ၊ ေသြးတြင္းသၾကားဓာတ္ေတြကို ထိန္းညႇိၾကည့္တာေတာင္မွ ေသြးဖိအား မ်ားတဲ့မိခင္ေလာင္းေတြမွာ သား ေယာက်ာ္းေလးေမြးဖြားတဲ့အက်ိဳးသက္ေရာက္မႈကရွိေနဆဲျဖစ္ပါတယ္။

ေသြးဖိအား ၁၀၆.ဝ မီလီမီတာမာက်ဴ ရီရွိတဲ့မိခင္ေတြက သားေယာက်ာ္းေလး ေမြးဖြားၿပီး ေသြးဖိအား ၁၀၃.၃ မီလီမီတာမာက်ဴရီရွိတဲ့မိခင္ေလာင္းေတြမွာေတာ့ သမီးမိန္းကေလး ပိုမိုေမြးဖြားပါတယ္လို႔ ႏိႈင္းယွဥ္ေလ့လာမႈအရ သိရပါတယ္။

Credit: Kumudra
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 မကြာသေးခင်ကထုတ်ပြန်ခဲ့တဲ့ တရုတ်နိုင်ငံက လေ့လာမှုတစ်ခုမှာ ကိုယ်ဝန်မဆောင်ခင်ကာလ မိခင်ရဲ့သွေး ဖိအားက မွေးလာမယ့်ကလေးငယ်က ယောကျာ်းလေးဖြစ်မလား မိန်းကလေး ဖြစ်မလားဆို တဲ့အချက်အပေါ်မှာ လွှမ်းမိုး မှုရှိပါတယ်လို့ ဖော်ပြခဲ့ပါတယ်။

တကယ်လို့ သည်လေ့လာမှုရလဒ်တွေသာ အမှန်ဆိုခဲ့ရင် သည်တွေ့ရှိချက်တွေက အတော်ကိုစိတ်ဝင်စားစရာ ကောင်းပါတယ်။အချို့တွေကကိုယ်ဝန် ဆောင်ရဲ့ဗိုက်အနေအထား
ကိုကြည့်ပြီးတော့ မွေးလာမယ့်ကလေးငယ်လေးက ယောကျာ်းလေး
လား၊ မိန်းကလေးလားဆို တာကို ခန့်မှန်းကြပါတယ်။ တကယ်လို့ ဗိုက်က အောက်ဘက်ကို
 လျှောကျနေမယ်ဆိုရင် ယောကျာ်းလေးကို ကိုယ်ဝန် ဆောင်ထားတာဖြစ်ပြီး ဗိုက်ကရှေ့ကို စူထွက်နေရင် မိန်းကလေးကို ကိုယ်ဝန် ဆောင်ထားတာလို့ ခန့်မှန်းပြောဆိုကြပါတယ်။

အလားတူပဲ ကိုယ်ဝန်ဆောင်ရဲ့ ဆီးကို Drano လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ ရောလိုက်တဲ့အခါ အစိမ်းရောင်ပြောင်းသွားပါက မွေးလာမယ့်ကလေး ငယ်က မိန်းကလေးဖြစ်ပြီး အပြာရောင် ပြောင်းသွားခဲ့ရင် မွေးလာမယ့်ကလေး ငယ်က ယောကျာ်းလေးလို့ သတ်မှတ်တာမျိုး လည်းရှိပါတယ်။

အချို့သိပံပညာရှင်တွေက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ကိုယ်ဝန် မဆောင်ခင်ကာလမှာ စားသောက်နေထိုင်မှုပုံစံတွေကို ခန့်မှန်းကြည့်ရှုပြီးမှာ မွေးလာမယ့်ကလေးငယ်တွေဟာ ယောကျာ်းလေးဖြစ်မလား၊ မိန်းကလေး ဖြစ်မလားဆိုတာကို ခန့်မှန်းကြည့်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အစားအသောက်ကောင်းတွေ များများစားသုံးတဲ့အမျိုးသမီးတွေက သား ယောကျာ်းလေးမွေးဖွားနိုင်ခြေပိုများပြီး  အာဟာရဖြစ်တဲ့အစားအသောက်နည်း နည်းပဲစားသုံးသူအမျိုးသမီးတွေဟာ မိန်း ကလေးမွေးဖွားနိုင်ခြေပိုများတာကို တွေ့ရပါတယ်။ ကနေဒါမှာရှိတဲ့ Mount Sinai ဆေးရုံက အတွင်းထုတ်ဂလင်းဗေဒပညာရှင်တစ်ဦးဖြစ်သလို Lunendfeld- Tanenbaum သုတေသနဌာနက လေ့လာသူ တစ်ဦးဖြစ်တဲ့ ဒေါက်တာ Ravi Retna-karan ဟာ အခုဖော်ပြထားတဲ့လေ့လာမှု ကို လုပ်ဆောင်ဖို့ ၂၀ဝ၉ ခုနှစ်က လူစုဆောင်းခဲ့ပါတယ်။ သည်လေ့လာမှုအတွက် တရုတ်နိုင်ငံ Liuyang  က အမျိုးသ မီး ၁၄၁၁ ဦး ပါဝင်ခဲ့ကြပါတယ်။

လေ့လာမှုမှာပါဝင်တဲ့အမျိုးသမီးတွေရဲ့ ကိုလက်စထရောပမာဏ၊ သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်နဲ့ triglycerides ပမာဏတို့ကို လေ့လာအကဲဖြတ်ခဲ့ကြပါတယ်။ သည်နည်းလမ်းတွေကို ပျမ်းမျှအားဖြင့် ကိုယ်ဝန်မဆောင်ခင်သီတင်းပတ် ၂၆.၃ ပတ်ခန့်အလိုမှာ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ စုစုပေါင်းအနေနဲ့ လေ့လာမှုမှာပါဝင်သူ ကိုယ်ဝန်ဆောင်မိခင်တွေက သားယောကျာ်းလေး ၇၉၃ ဦး နဲ့ သမီးမိန်းကလေး ၆၇၂ ဦးကို မွေးဖွားခဲ့ပါတယ်။

ကိုယ်ဝန်မဆောင်ခင်ကာလမှာ နှလုံး က ညှစ်ထုတ်တဲ့သွေးဖိအားကို တိုင်းတာ တဲ့လေ့လာသုံးသပ်မှုအတွင်း ကိုယ်ဝန်မဆောင်ခင်ကာလမှာ သွေးဖိအားများတဲ့မိခင်တွေကလေးမွေးဖွားတဲ့အခါသားယောကျာ်းလေး
မွေးဖွားတာကို တွေ့ရပါတယ်။

သုတေသီတွေဟာ လေ့လာမှုမှာ ပါ ဝင်တဲ့မိခင်လောင်းတွေရဲ့အသက်အရွယ်၊ ဆေးလိပ်သောက်သုံးမှု၊ ပညာအရည်အချင်း၊ ခါးအတိုင်းအတာ၊ ခနာကိုယ်ညွှန်း ကိန်း (BMI) ‘ triglycerides ပမာဏ၊ low-density lipoprotein (LDL) ကိုလက်စထရော ပမာဏ၊ သွေးတွင်းသကြားဓာတ်တွေကို ထိန်းညှိကြည့်တာတောင်မှ သွေးဖိအား များတဲ့မိခင်လောင်းတွေမှာ သား ယောကျာ်းလေးမွေးဖွားတဲ့အကျိုးသက်ရောက်မှုကရှိနေဆဲဖြစ်ပါတယ်။

သွေးဖိအား ၁၀၆.ဝ မီလီမီတာမာကျူ ရီရှိတဲ့မိခင်တွေက သားယောကျာ်းလေး မွေးဖွားပြီး သွေးဖိအား ၁၀၃.၃ မီလီမီတာမာကျူရီရှိတဲ့မိခင်လောင်းတွေမှာတော့ သမီးမိန်းကလေး ပိုမိုမွေးဖွားပါတယ်လို့ နှိုင်းယှဉ်လေ့လာမှုအရ သိရပါတယ်။

Credit: Kumudra

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top