iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၆၀ အရြယ္ Chengdu ဟာ အိပ္ေပ်ာ္ေနစဥ္မွာ ပုိးဟပ္နားထဲ၀င္သြားခဲ့ပါတယ္။ နားထဲမွာ အေကာင္တစ္ေကာင္၀င္ေနတာကုိ သိၿပီးေနာက္ သူဟာ ဖယ္ရွားဖုိ႔ နည္းမ်ဳိးစုံကို အသုံးျပဳခဲ့ပါတယ္။ ပထမသူ႔ရဲ႕လက္ ၊ ေနာက္ ဇြန္း ၊ ေနာက္ သြားတုိက္တံ နဲ႔ ေနာက္ဆုံး ေမႊးညွပ္ စတဲ့ ကိရိယာအမ်ဳိးမ်ဳိးကုိ သုံးၿပီးဖယ္ရွားဖုိ႔ ႀကဳိးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။ ေနာက္ေန႔မွာေတာ့ သူဟာ သူ႔ရဲ႕နား၀န္းက်င္ကုိ အျပင္းအထန္ပုတ္ၿပီး ပုိးဟပ္ထြက္လာေအာင္ ေျခာက္လွန္႔ေပမယ့္ ဒီနည္းကလည္း အဆင္မေျပခဲ့ျပန္ပါဘူး။ ပုိးဟပ္က နားထဲမွာ ရွိေနဆဲပါပဲ။


သုံးရက္ေျမာက္ေန႔မွာေတာ့ သူဟာ ပုိးဟပ္ကုိ သတ္ဖုိ႔ထပ္ႀကဳိးစားျပန္ပါတယ္။ ဒီတစ္ခါေတာ့ ပုိးမႊားတိရစာၦန္ သတ္ေဆးကို သူ႔ရဲ႕နားထဲ ျဖန္းလုိက္တာပါ။ ေအာင္ျမင္သြားၿပီး ပိုးဟပ္ေသဆုံးသြားပါတယ္။ ဒါေပမယ့္ ပိုးဟပ္ေသ ကုိ ထုတ္လုိ႔မရျပန္ပါဘူး။ ဒါ႔အျပင္ ပုိးသတ္ေဆးျဖန္းလုိက္မိတဲ့ သူ႔နားဟာ ေယာင္ကုိင္းလာတာေၾကာင့္ ဆရာ၀န္ထံေျပးရပါတယ္။ ဆရာ၀န္က ဒီနည္းလမ္းကုိ သုံးျခင္းဟာ အလြန္ဆုိးရြားေၾကာင့္ အခန္႔မသင့္ပါက နားကန္းသြားႏုိင္ေၾကာင္း ဆုိၿပီး မိနစ္အတြင္းမွာပဲ ၁စင္တီမီတာရွိတဲ့ ပုိးဟပ္ကုိ ဆြဲထုတ္ႏုိင္ခဲ့ပါတယ္။


"ေဆာင္းရာသီမွာ ပုိးဟပ္ေတြဟာ ေႏြးတဲ့ေနရာဆီသြားေလ့ရွိတယ္၊သူတုိ႔ဟာလူ႔ရဲ႕နားဖားေခ်းကိုလည္း
 အလြန္ႀကဳိက္ၾကပါတယ္။ ဒါေၾကာင့္ ခုလုိနားထဲကုိ ၀င္သြားတာပဲ ျဖစ္တယ္" လုိ႔ ပိုးဟပ္ကုိ
ထုတ္ေပးခဲ့တဲ့ ဆရာ၀န္ Wan Ji က ဆုိပါတယ္။ နားထဲကုိ အင္းဆက္ပုိးမႊားေတြ၀င္တဲ့အခါ
 ပစၥည္းေတြနဲ႔ ထုိးကေလာ္တာ ၊ ပုိးသတ္ေဆးလုိ အရည္ေတြနဲ႔ျဖန္းတာဟာ နားကို အႏၱရာယ္ျဖစ္ေစႏုိင္
ပါတယ္။ နားအတြင္းဘက္ အသားဟာ အလြန္ႏူးညံ့တဲ့အတြက္ေၾကာင့္ အခန္႔မသင့္ရင္ နားကန္း
သြားႏုိင္ပါတယ္။ တကယ္လုိ႔မ်ား ပိုးမႊား အင္းဆက္ေတြ နားထဲကုိ ၀င္ခဲ့မယ္ဆုိရင္ သန္႔ရွင္းတဲ့ ဆီတစ္ခုခုကုိ ေလာင္းထည့္ၿပီး နားကုိေစာင္းလုိက္ရုံနဲ႔ လြယ္ကူေခ်ာေမြ႔စြာ ထုတ္ႏုိင္ေၾကာင္း ၊ လုံး၀မရရင္ေတာ့ ဆရာ၀န္ရဲ႕ အကူအညီကုိ ယူသင့္ေၾကာင္း သူက ဆက္ၿပီး အႀကံေပးသြားပါတယ္။ ။


Credit: သုတဇုန္

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version



အသက် ၆၀ အရွယ် Chengdu ဟာ အိပ်ပျော်နေစဉ်မှာ ပိုးဟပ်နားထဲဝင်သွားခဲ့ပါတယ်။ နားထဲမှာ အကောင်တစ်ကောင်ဝင်နေတာကို သိပြီးနောက် သူဟာ ဖယ်ရှားဖို့ နည်းမျိုးစုံကို အသုံးပြုခဲ့ပါတယ်။ ပထမသူ့ရဲ့လက် ၊ နောက် ဇွန်း ၊ နောက် သွားတိုက်တံ နဲ့ နောက်ဆုံး မွှေးညှပ် စတဲ့ ကိရိယာအမျိုးမျိုးကို သုံးပြီးဖယ်ရှားဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နောက်နေ့မှာတော့ သူဟာ သူ့ရဲ့နားဝန်းကျင်ကို အပြင်းအထန်ပုတ်ပြီး ပိုးဟပ်ထွက်လာအောင် ခြောက်လှန့်ပေမယ့် ဒီနည်းကလည်း အဆင်မပြေခဲ့ပြန်ပါဘူး။ ပိုးဟပ်က နားထဲမှာ ရှိနေဆဲပါပဲ။


သုံးရက်မြောက်နေ့မှာတော့ သူဟာ ပိုးဟပ်ကို သတ်ဖို့ထပ်ကြိုးစားပြန်ပါတယ်။ ဒီတစ်ခါတော့ ပိုးမွှားတိရစ္ဆာန် သတ်ဆေးကို သူ့ရဲ့နားထဲ ဖြန်းလိုက်တာပါ။ အောင်မြင်သွားပြီး ပိုးဟပ်သေဆုံးသွားပါတယ်။ ဒါပေမယ့် ပိုးဟပ်သေ ကို ထုတ်လို့မရပြန်ပါဘူး။ ဒါ့အပြင် ပိုးသတ်ဆေးဖြန်းလိုက်မိတဲ့ သူ့နားဟာ ယောင်ကိုင်းလာတာကြောင့် ဆရာဝန်ထံပြေးရပါတယ်။ ဆရာဝန်က ဒီနည်းလမ်းကို သုံးခြင်းဟာ အလွန်ဆိုးရွားကြောင့် အခန့်မသင့်ပါက နားကန်းသွားနိုင်ကြောင်း ဆိုပြီး မိနစ်အတွင်းမှာပဲ ၁စင်တီမီတာရှိတဲ့ ပိုးဟပ်ကို ဆွဲထုတ်နိုင်ခဲ့ပါတယ်။


"ဆောင်းရာသီမှာ ပိုးဟပ်တွေဟာ နွေးတဲ့နေရာဆီသွားလေ့ရှိတယ်၊သူတို့ဟာလူ့ရဲ့နားဖားချေးကိုလည်း
 အလွန်ကြိုက်ကြပါတယ်။ ဒါကြောင့် ခုလိုနားထဲကို ဝင်သွားတာပဲ ဖြစ်တယ်" လို့ ပိုးဟပ်ကို
ထုတ်ပေးခဲ့တဲ့ ဆရာဝန် Wan Ji က ဆိုပါတယ်။ နားထဲကို အင်းဆက်ပိုးမွှားတွေဝင်တဲ့အခါ
 ပစ္စည်းတွေနဲ့ ထိုးကလော်တာ ၊ ပိုးသတ်ဆေးလို အရည်တွေနဲ့ဖြန်းတာဟာ နားကို အန္တရာယ်ဖြစ်စေနိုင်
ပါတယ်။ နားအတွင်းဘက် အသားဟာ အလွန်နူးညံ့တဲ့အတွက်ကြောင့် အခန့်မသင့်ရင် နားကန်း
သွားနိုင်ပါတယ်။ တကယ်လို့များ ပိုးမွှား အင်းဆက်တွေ နားထဲကို ဝင်ခဲ့မယ်ဆိုရင် သန့်ရှင်းတဲ့ ဆီတစ်ခုခုကို လောင်းထည့်ပြီး နားကိုစောင်းလိုက်ရုံနဲ့ လွယ်ကူချောမွေ့စွာ ထုတ်နိုင်ကြောင်း ၊ လုံးဝမရရင်တော့ ဆရာဝန်ရဲ့ အကူအညီကို ယူသင့်ကြောင်း သူက ဆက်ပြီး အကြံပေးသွားပါတယ်။ ။


Credit: သုတဇုန်



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top