iMyanmarHouse.com - Best Property Website for Myanmar
×

ေဒါက္တာစြမ္းခင္ဗ်ား ...ကြၽန္ေတာ့္မွာ မၾကာခဏ ဝမ္းခ်ဳပ္ျခင္း ျဖစ္တတ္ပါတယ္။ ဝမ္းႏုတ္ေဆး စားသံုး လိုေပမဲ့ ေဘးထြက္ဆိုးက်ဳိး ရွိတယ္ေျပာလို႔ စားလည္း မစားရဲပါဘူး ဆရာ။ ဝမ္းခ်ဳပ္တာေ ၾကာင့္

အလုပ္မွာပါ စိတ္မပါ ျဖစ္ရပါတယ္။ တစ္ကိုယ္လံုးေညာင္းၿပီး ႏံုးခ်ည့္ပင္ပန္း ေနသလို အၿမဲခံစား ရပါတယ္ဆရာ။ ဝမ္းတစ္လံုး မေကာင္းလို႔ ကၽြန္ေတာ္ ေခါင္းခဲ ေနပါၿပီ။ ၀မ္းမခ်ဳပ္ေအာင္ ဘယ္လို လုပ္ရမလဲ ဆရာ။ (ကြၽန္ေတာ္က ဝမ္းႏုတ္ေဆး မစားခ်င္ပါ) ဦးကိုကို(အမရပူရ)

ဝမ္းခ်ဳပ္ျခင္း ေဝဒနာ ျဖစ္ရတဲ့ အေၾကာင္းအရင္း မ်ားကေတာ့ အစာစားေသာက္မႈ လြဲမွားျခင္း၊ ဝမ္းသြား က်င့္မမွန္ျခင္း၊ အသက္ႀကီးလာျခင္း၊ အိပ္ရာထဲ အလွဲမ်ားျခင္း၊ကား၊ ရထားအစီးမ်ားျခင္း စတဲ့ သာမန္ အေၾကာင္းအရင္းမ်ား အျပင္ အစာအိမ္ေဆး အခ်ဳိ႕၊ ေသြးေပါင္က်ေဆး အခ်ဳိ႕နဲ႔ စိတ္က်ေရာဂါ ကုသေဆး အခ်ဳိ႕ေၾကာင့္လည္း ဝမ္းခ်ဳပ္ႏိုင္ပါတယ္။ ဒါ့အျပင္ ဆီးခ်ဳိ၊ ေက်ာက္ကပ္၊ သိုင္း႐ိြဳက္ဂလင္း အားနည္းျခင္း၊ ပိုတက္ဆီယမ္နည္းျခင္း၊ ကယ္လ္ဆီယမ္ မ်ားျခင္းႏွင့္ ကိုယ္ဝန္ရွိျခင္း တို႔ေၾကာင့္လည္း ဝမ္းခ်ဳပ္ ႏိုင္ပါ တယ္။ ဒါ့အျပင္ အူမႀကီး ကင္ဆာ၊ အူလမ္းေၾကာင္း ပိတ္ဆို႔ျခင္း၊ အူကြၽံအူေခါက္ျခင္း စတဲ့ အူလမ္းေၾကာင္း ဆိုင္ရာ ေဝဒနာမ်ားေၾကာင့္လည္း ဝမ္းခ်ဳပ္ ႏိုင္ပါေသးတယ္။ တခ်ဳိ႕ကေတာ့ စအိုကြၽံျခင္း၊ ဝမ္းညႇစ္ ၾကြက္သား အားနည္းျခင္း၊ စိတ္က်ျခင္း၊ ဝမ္းပံုမွန္ မသြားဘဲ ခ်ဳပ္တည္းထားျခင္း တို႔ေၾကာင့္လည္း ဝမ္းခ်ဳပ္ ျခင္း ျဖစ္ေပၚ ႏိုင္ပါတယ္။ ဒါေၾကာင့္ အထက္ပါ လကၡဏာေတြ အနက္ ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေစေသာ ေရာဂါ ရွိပါက အဆိုပါ ေရာ ဂါကို ဦးစြာ ကုသရမွာပါ။ ဝမ္းခ်ဳပ္ေစေသာ ေဆးမ်ားႏွင့္ ဝမ္းႏုတ္ေဆး အျပင္းစားမ်ား သံုးစြဲျခင္းကို ေရွာင္ပါ။ အမွ်င္ဓာတ္ မ်ားမ်ားပါေသာ သီးႏွံ၊ ဟင္းသီးဟင္းရြက္မ်ားကို စားသံုးပါ ။ ေရ၊ ေဖ်ာ္ ရည္နဲ႔ အခ်ဳိရည္မ်ားမ်ား ေသာက္ေပးၿပီး ကိုယ္လက္လႈပ္ရွားမႈ မွန္မွန္လုပ္ပါ။ အမွ်င္ဓာတ္ ပါေသာေဆး Normacol တို႔၊ Fybogel-Fybranta တို႔ တြဲေသာက္ ႏိုင္ပါတယ္။ ဝမ္းခ်ဴေဆးေတာင့္လည္း သံုးႏိုင္ပါတယ္။

နံနက္တိုင္း ပံုမွန္ ဝမ္းသြားတဲ့ အက်င့္ လုပ္ေဆာင္ေပးပါ။ ဝမ္းခ်ဳပ္ျခင္း ျဖစ္ရတာဟာ အစားအေသာက္ အေနအထိုင္ မမွန္ကန္ျခင္း၊ ေရေသာက္နည္းျခင္း၊ ဝမ္းသြားက်င့္ မရွိျခင္း၊ အူလမ္းေၾကာင္း လႈပ္ရွားမႈ မမွန္ျခင္းနဲ႔ ကိုယ္လက္လႈပ္ရွားမႈ နည္းျခင္းတို႔ေၾကာင့္ အျဖစ္မ်ားပါတယ္။ ဒါေပမဲ့ ဝမ္းခ်ဳပ္တာဟာ အူမႀကီး ကင္ဆာရဲ႕ ေရွ႕ေျပး လကၡဏာလည္း ျဖစ္ႏိုင္တာေၾကာင့္ ဂ႐ုျပဳဖို႔ လိုအပ္ပါတ ယ္။ ဒါေၾကာင့္ ဦးကိုကိုရဲ႕ မလိုအပ္ဘဲ ဝမ္းႏုတ္ေဆး မစားတဲ့ အက်င့္ဟာ အေလ့အထ ေကာင္းပါ။ အူလမ္းေၾကာင္း ပိတ္လို႔ ဝမ္းခ်ဳပ္ သူေတြမွာ ဝမ္းႏုတ္ေဆးေၾကာင့္ အူေပါက္ျခင္း၊ ေရာဂါပို ဆိုးျခင္း၊ အေရးေပၚ ခြဲစိတ္ရျခင္းတို႔ ျဖစ္တတ္ပါ တယ္။ ဒါေၾကာင့္ ေကာင္းမြန္မွ်တေသာ ေနထိုင္နည္းျဖင့္ ဝမ္းတစ္လံုးေကာင္းလို႔ ေခါင္းမခဲ ေစႏိုင္ေၾကာင္း ပါ။ အေနအထိုင္၊ အစားအေသာက္၊ အေလ့အက်င့္ ေျပာင္းလဲ လိုက္တာနဲ႔ ဝမ္းပံုမွန္ ျဖစ္သြားပါမယ္။ အကယ္၍ ကိုယ္အေလးခ်ိန္ သိသာစြာ က်ဆင္းျခင္း၊ ဝမ္းသြားေသြးပါျခင္း၊ ဝမ္းသြားလိုက္၊ ခ်ဳပ္လိုက္ အျဖစ္ မ်ားျခင္း၊ ဗိုက္ေဖာင္း လာျခင္း၊ ပ်ဳိ႕အန္ျခင္း၊ သာမန္ထက္ ပိုေမာပန္းျခင္း၊ ဗိုက္နာျခင္းစတဲ့ လကၡဏာေတြ ျဖစ္ေပၚရင္ေတာ့ နီးစပ္ရာေဆး႐ံု၊ ေဆးခန္းသို႔ အျမန္ဆံုး သြားေရာက္ျပသ သင့္ပါေၾကာင္း လမ္းၫႊန္ရင္း ဦးကို ကိုလည္း ဝမ္းေကာင္းလို႔ စိတ္ၾကည္ ေပ်ာ္ရႊင္ ခ်မ္းေျမ့ပါေစေၾကာင္း ဆုေတာင္း အပ္ပါသည္။

Credit:ျမ၀တီ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version
ဒေါက်တာစွမ်းခင်ဗျား ...ကျွန်တော့်မှာ မကြာခဏ ဝမ်းချုပ်ခြင်း ဖြစ်တတ်ပါတယ်။ ဝမ်းနုတ်ဆေး စားသုံး လိုပေမဲ့ ဘေးထွက်ဆိုးကျိုး ရှိတယ်ပြောလို့ စားလည်း မစားရဲပါဘူး ဆရာ။ ဝမ်းချုပ်တာေ ကြာင့်

အလုပ်မှာပါ စိတ်မပါ ဖြစ်ရပါတယ်။ တစ်ကိုယ်လုံးညောင်းပြီး နုံးချည့်ပင်ပန်း နေသလို အမြဲခံစား ရပါတယ်ဆရာ။ ဝမ်းတစ်လုံး မကောင်းလို့ ကျွန်တော် ခေါင်းခဲ နေပါပြီ။ ဝမ်းမချုပ်အောင် ဘယ်လို လုပ်ရမလဲ ဆရာ။ (ကျွန်တော်က ဝမ်းနုတ်ဆေး မစားချင်ပါ) ဦးကိုကို(အမရပူရ)

ဝမ်းချုပ်ခြင်း ဝေဒနာ ဖြစ်ရတဲ့ အကြောင်းအရင်း များကတော့ အစာစားသောက်မှု လွဲမှားခြင်း၊ ဝမ်းသွား ကျင့်မမှန်ခြင်း၊ အသက်ကြီးလာခြင်း၊ အိပ်ရာထဲ အလှဲများခြင်း၊ကား၊ ရထားအစီးများခြင်း စတဲ့ သာမန် အကြောင်းအရင်းများ အပြင် အစာအိမ်ဆေး အချို့၊ သွေးပေါင်ကျဆေး အချို့နဲ့ စိတ်ကျရောဂါ ကုသဆေး အချို့ကြောင့်လည်း ဝမ်းချုပ်နိုင်ပါတယ်။ ဒါ့အပြင် ဆီးချို၊ ကျောက်ကပ်၊ သိုင်းရွိုက်ဂလင်း အားနည်းခြင်း၊ ပိုတက်ဆီယမ်နည်းခြင်း၊ ကယ်လ်ဆီယမ် များခြင်းနှင့် ကိုယ်ဝန်ရှိခြင်း တို့ကြောင့်လည်း ဝမ်းချုပ် နိုင်ပါ တယ်။ ဒါ့အပြင် အူမကြီး ကင်ဆာ၊ အူလမ်းကြောင်း ပိတ်ဆို့ခြင်း၊ အူကျွံအူခေါက်ခြင်း စတဲ့ အူလမ်းကြောင်း ဆိုင်ရာ ဝေဒနာများကြောင့်လည်း ဝမ်းချုပ် နိုင်ပါသေးတယ်။ တချို့ကတော့ စအိုကျွံခြင်း၊ ဝမ်းညှစ် ကြွက်သား အားနည်းခြင်း၊ စိတ်ကျခြင်း၊ ဝမ်းပုံမှန် မသွားဘဲ ချုပ်တည်းထားခြင်း တို့ကြောင့်လည်း ဝမ်းချုပ် ခြင်း ဖြစ်ပေါ် နိုင်ပါတယ်။ ဒါကြောင့် အထက်ပါ လက္ခဏာတွေ အနက် ဝမ်းချုပ်ခြင်းကို ဖြစ်စေသော ရောဂါ ရှိပါက အဆိုပါ ရော ဂါကို ဦးစွာ ကုသရမှာပါ။ ဝမ်းချုပ်စေသော ဆေးများနှင့် ဝမ်းနုတ်ဆေး အပြင်းစားများ သုံးစွဲခြင်းကို ရှောင်ပါ။ အမျှင်ဓာတ် များများပါသော သီးနှံ၊ ဟင်းသီးဟင်းရွက်များကို စားသုံးပါ ။ ရေ၊ ဖျော် ရည်နဲ့ အချိုရည်များများ သောက်ပေးပြီး ကိုယ်လက်လှုပ်ရှားမှု မှန်မှန်လုပ်ပါ။ အမျှင်ဓာတ် ပါသောဆေး Normacol တို့၊ Fybogel-Fybranta တို့ တွဲသောက် နိုင်ပါတယ်။ ဝမ်းချူဆေးတောင့်လည်း သုံးနိုင်ပါတယ်။

နံနက်တိုင်း ပုံမှန် ဝမ်းသွားတဲ့ အကျင့် လုပ်ဆောင်ပေးပါ။ ဝမ်းချုပ်ခြင်း ဖြစ်ရတာဟာ အစားအသောက် အနေအထိုင် မမှန်ကန်ခြင်း၊ ရေသောက်နည်းခြင်း၊ ဝမ်းသွားကျင့် မရှိခြင်း၊ အူလမ်းကြောင်း လှုပ်ရှားမှု မမှန်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းတို့ကြောင့် အဖြစ်များပါတယ်။ ဒါပေမဲ့ ဝမ်းချုပ်တာဟာ အူမကြီး ကင်ဆာရဲ့ ရှေ့ပြေး လက္ခဏာလည်း ဖြစ်နိုင်တာကြောင့် ဂရုပြုဖို့ လိုအပ်ပါတ ယ်။ ဒါကြောင့် ဦးကိုကိုရဲ့ မလိုအပ်ဘဲ ဝမ်းနုတ်ဆေး မစားတဲ့ အကျင့်ဟာ အလေ့အထ ကောင်းပါ။ အူလမ်းကြောင်း ပိတ်လို့ ဝမ်းချုပ် သူတွေမှာ ဝမ်းနုတ်ဆေးကြောင့် အူပေါက်ခြင်း၊ ရောဂါပို ဆိုးခြင်း၊ အရေးပေါ် ခွဲစိတ်ရခြင်းတို့ ဖြစ်တတ်ပါ တယ်။ ဒါကြောင့် ကောင်းမွန်မျှတသော နေထိုင်နည်းဖြင့် ဝမ်းတစ်လုံးကောင်းလို့ ခေါင်းမခဲ စေနိုင်ကြောင်း ပါ။ အနေအထိုင်၊ အစားအသောက်၊ အလေ့အကျင့် ပြောင်းလဲ လိုက်တာနဲ့ ဝမ်းပုံမှန် ဖြစ်သွားပါမယ်။ အကယ်၍ ကိုယ်အလေးချိန် သိသာစွာ ကျဆင်းခြင်း၊ ဝမ်းသွားသွေးပါခြင်း၊ ဝမ်းသွားလိုက်၊ ချုပ်လိုက် အဖြစ် များခြင်း၊ ဗိုက်ဖောင်း လာခြင်း၊ ပျို့အန်ခြင်း၊ သာမန်ထက် ပိုမောပန်းခြင်း၊ ဗိုက်နာခြင်းစတဲ့ လက္ခဏာတွေ ဖြစ်ပေါ်ရင်တော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းသို့ အမြန်ဆုံး သွားရောက်ပြသ သင့်ပါကြောင်း လမ်းညွှန်ရင်း ဦးကို ကိုလည်း ဝမ်းကောင်းလို့ စိတ်ကြည် ပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း ဆုတောင်း အပ်ပါသည်။

Credit:မြဝတီ



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top