iMyanmarHouse.com - Best Property Website for Myanmar
×

ေနပူတဲ့ေဒသေတြကို ခရီးထြက္ၿပီး ျပန္အလာမွာ လုပ္သင့္တာကေတာ့ အသားအေရကို ျပန္လည္ထိန္းသိမ္းဖုိ႔ပါပဲ။ ေနဒဏ္၊ ေလဒဏ္ေၾကာင့္ အသားအေရေတြ ပ်က္စီးရတယ္ေလ။ ေနေလာင္ဒဏ္ခံရတဲ့ အသားအေရကို သဘာဝပစၥည္းေတြနဲ႔ ေပါင္းတင္လိုသူေတြအတြက္ ထိေရာက္တဲ့နည္းတစ္ခုကို မွ်ေဝလိုက္ပါတယ္။

အသားအေရကို ျပန္လည္ထိန္းသိမ္းမယ္ဆို ကုလားပဲမႈန္႔ - ထမင္းစားဇြန္း ၁ ဇြန္း၊ ဒိန္ခ်ဥ္ - ထမင္းစားဇြန္း ၁ ဇြန္း၊ နႏြင္းမႈန္႔ - ထမင္းစားဇြန္း ၁ ဇြန္း၊ သံပ႐ုိရည္ - လက္ဖက္စားဇြန္း ၁ ဇြန္း၊ ပ်ားရည္စစ္စစ္ - လက္ဖက္စားဇြန္း ၁ ဇြန္းတို႔ လိုအပ္ပါတယ္။ သံပ႐ိုရည္ကိုေတာ့ လတ္လတ္ဆတ္ဆတ္ညႇစ္ယူထားတာကိုသာ သံုးရမွာျဖစ္ပါတယ္။ ပစၥည္းအားလံုးကို သန္႔ရွင္းတဲ့ခြက္တစ္လံုးထဲမွာ ေရာေမႊလိုက္ပါ။ ပဲမႈန္႔ေတြျဖစ္တဲ့အတြက္ ညက္သြားေအာင္ေမႊေပးဖုိ႔ေတာ့ လိုပါတယ္။

ေနေလာင္တဲ့ေနရာေပၚမွာ သုတ္လိမ္းထားလိုက္ပါ။ ေနမေလာင္တဲ့ေနရာေတြကို လိမ္းဖုိ႔မလိုပါဘူးေနာ္။ လိမ္းၿပီးသြားတာနဲ႔ ေျခာက္ေသြ႔ဖို႔အတြက္ မိနစ္ ၂၀ ခန္႔ ထားေပးရပါမယ္။ ေျခာက္သြားၿပီဆိုမွ လက္ကိုေရဆြတ္ၿပီး လိမ္းထားတဲ့ေနရာကို အသာအယာ ပြတ္တုိက္ေပးရပါမယ္။ ဆဲလ္ေသေတြကို ဖယ္႐ွားေပးတဲ့ သေဘာပါပဲ။

ၿပီးမွ ႐ိုး႐ိုးေရနဲ႔ ျပန္ေဆးေၾကာလိုက္ရမွာျဖစ္ပါတယ္။ ဆပ္ျပာသံုးဖုိ႔ မလိုပါဘူး။ ေရကိုသုတ္လိုက္တာနဲ႔ ဝင္းလက္စိုေျပတဲ့ အသားအေရကို ခ်က္ျခင္းရ႐ွိသြားမွာျဖစ္ပါတယ္။

Credit : duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နေပူတဲ့ဒေသတွေကို ခရီးထွက်ပြီး ပြန်အလာမှာ လုပ်သင့်တာကတော့ အသားအရေကို ပြန်လည်ထိန်းသိမ်းဖို့ပါပဲ။ နေဒဏ်၊ လေဒဏ်ကြောင့် အသားအရေတွေ ပျက်စီးရတယ်လေ။ နေလောင်ဒဏ်ခံရတဲ့ အသားအရေကို သဘာဝပစ္စည်းတွေနဲ့ ပေါင်းတင်လိုသူတွေအတွက် ထိရောက်တဲ့နည်းတစ်ခုကို မျှဝေလိုက်ပါတယ်။

အသားအရေကို ပြန်လည်ထိန်းသိမ်းမယ်ဆို ကုလားပဲမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း၊ ဒိန်ချဉ် - ထမင်းစားဇွန်း ၁ ဇွန်း၊ နနွင်းမှုန့် - ထမင်းစားဇွန်း ၁ ဇွန်း၊ သံပရိုရည် - လက်ဖက်စားဇွန်း ၁ ဇွန်း၊ ပျားရည်စစ်စစ် - လက်ဖက်စားဇွန်း ၁ ဇွန်းတို့ လိုအပ်ပါတယ်။ သံပရိုရည်ကိုတော့ လတ်လတ်ဆတ်ဆတ်ညှစ်ယူထားတာကိုသာ သုံးရမှာဖြစ်ပါတယ်။ ပစ္စည်းအားလုံးကို သန့်ရှင်းတဲ့ခွက်တစ်လုံးထဲမှာ ရောမွှေလိုက်ပါ။ ပဲမှုန့်တွေဖြစ်တဲ့အတွက် ညက်သွားအောင်မွှေပေးဖို့တော့ လိုပါတယ်။

နေလောင်တဲ့နေရာပေါ်မှာ သုတ်လိမ်းထားလိုက်ပါ။ နေမလောင်တဲ့နေရာတွေကို လိမ်းဖို့မလိုပါဘူးနော်။ လိမ်းပြီးသွားတာနဲ့ ခြောက်သွေ့ဖို့အတွက် မိနစ် ၂၀ ခန့် ထားပေးရပါမယ်။ ခြောက်သွားပြီဆိုမှ လက်ကိုရေဆွတ်ပြီး လိမ်းထားတဲ့နေရာကို အသာအယာ ပွတ်တိုက်ပေးရပါမယ်။ ဆဲလ်သေတွေကို ဖယ်ရှားပေးတဲ့ သဘောပါပဲ။

ပြီးမှ ရိုးရိုးရေနဲ့ ပြန်ဆေးကြောလိုက်ရမှာဖြစ်ပါတယ်။ ဆပ်ပြာသုံးဖို့ မလိုပါဘူး။ ရေကိုသုတ်လိုက်တာနဲ့ ဝင်းလက်စိုပြေတဲ့ အသားအရေကို ချက်ခြင်းရရှိသွားမှာဖြစ်ပါတယ်။


Credit : duwun



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top