iMyanmarHouse.com - Best Property Website for Myanmar
×

ကဲကိုယ္က အရင္ဘဝက ကိုယ့္ရဲ႕စိတ္ဓါတ္ေရးရာကို သိဖို႔ရန္ ေအာက္က ၄ ခုထဲက တခုခုကို ေရြးေပးပါ။

A. မိန္းမသူရဲေကာင္း
B. ေဗဒင္ဆရာ
C. ေမွာ္ဆရာ
D. ခရီးသြား



A. မိန္းမသူရဲေကာင္း ... သူတပါးအတြက္ဆိုရင္ အၿမဲကူညီခ်င္စိတ္အၿမဲရွိေနသူ

သူကေတာ့ အရင္ဘဝမွာ ကိုယ့္တိုင္းၿပည္အတြက္ အသက္စြန္႔ၿပီး တိုက္ခိုက္ခဲ့သူ မိန္းမသူရဲေကာင္းတစ္ေယာက္ပါ။ တိုင္းၿပည္အတြက္ဆိုရင္ ဘာကိုမွမေၾကာက္ပဲ ၿဖစ္သမွ်ကို ရဲရဲၾကီး ရင္ဆိုင္တတ္သူပါ။ ေခါင္းေဆာင္ေကာင္းတစ္ေယာက္အၿဖစ္ ရပ္တည္ခဲ့ၿပီး ကိုယ့္အတြက္ဆိုရင္ဘာကိုမွ မေတြးပဲ ေရွ႕သို႔သာေလွ်ာက္မယ္ဆိုတဲ့ စိတ္ဓါတ္က ယခုတိုင္ရွိေနဆဲပါ။

B. ေဗဒင္ဆရာ ... ၾကံဳေနရတဲ့ အခက္အခဲေတြကို ဝင္ေရာက္နားေထာင္ ေၿဖရွင္းေပးသူ

သူကေတာ့ အရင္ဘဝတုန္းက ဘုရင္၊ နန္းတြင္းအတြက္ မရွိမၿဖစ္လိုအပ္တဲ့ ေဗဒင္ဆရာတစ္ေယာက္ပါ။ ၿပသာနာေတြ၊ စိတ္ပူစရာေတြကို ေၿဖရွင္းေပးႏိုင္သူၿဖစ္တာေၾကာင့္ တကယ္ကို ေက်းဇူးတင္ထိုက္သူပါ။ တိုင္းၿပည္ကတိုးတက္ခဲ့တာက သူရဲ႕ၾကိဳးစားမႈေတြေၾကာင့္ဆိုရင္လည္း မမွားပါ။ တဖက္သားရဲ႕အခက္အခဲေတြကို နားေထာင္ေပးႏုိင္တဲ့ အားသာခ်က္ကေတာ့ ယခုအခ်ိန္ထိပင္ ရွိေနပါေသးတယ္။

C. ေမွာ္ဆရာ ... ကိုယ္သိတာေတြကို အကုန္လံုး မွ်ေဝတတ္သူ

သူကေတာ့ အရင္ဘဝတုန္းက ကိုယ့္မွာရွိေနတဲ့ တန္ခိုးအတတ္ပညာနဲ႔ ဒုကၡေရာက္ေနသူေတြကို ကယ္ဆယ္တတ္သူပါ။ ေမွာ္ဆရာဆိုတဲ့အတိုင္း လူေတြက ေၾကာက္တတ္ပင္မယ့္လည္း သူကေတာ့ လူခ်စ္လူခင္ေပါမ်ား ခဲ့သူပါ။ အေကာင္းဘက္ကေန ကိုယ့္ရဲ႕ပညာကို အသံုးခ်ခဲ့သူတစ္ေယာက္ၿဖစ္တာေၾကာင့္ပါ။ ကိုယ္သိတာေတြကို လြယ္လြယ္နဲ႔နားလည္ေအာင္ ရွင္းၿပႏုိင္သူဆိုတာ ယခုဘဝမွာလည္း ဒီအားသာခ်က္ေလးရွိေသးတယ္ေနာ္။

D. ခရီးသြား ... စူးစမ္းေလ့လာခ်င္စိတ္ ၿပင္းၿပသူ

သူကေတာ့ အရင္ဘဝတုန္းက လူေတြမသိေသးတဲ့ေနရာေတြကို ခ်က္ခ်င္းဆိုသလိုသြားၿပီးေလ့လာ စူးစမ္းခ်င္တဲ့သူတစ္ေယာက္ပါ။ ဒါေၾကာင့္လည္း ငယ္ငယ္ကတည္းက ေတြ႔ဆံုၿခင္းေတြ၊ ကဲြကြာၿခင္းဆိုတဲ့ ေလာကၾကီးရဲ႕ သဘာဝကို နားလည္ၿပီးသားပါ။ ေနရာအသစ္ကိုသြားေရာက္ၿခင္းဆိုတာ မိမိကုိယ္ကို တိုးတက္ေအာင္ ၾကိဳးစားခ်င္စိတ္ရွိသူၿဖစ္လို႕ပါ။ လြတ္လြတ္လပ္လပ္ေနရတာကို အၿမဲသေဘာက်ေနသူပါ။ လူအမ်ားနဲ႔ေတြ႕ဆံုၿပီး အၿပန္အလွန္ ေဆြးေႏြးၿပီး အၾကံဥာဏ္သစ္ေတြကို ရေအာင္ ဖန္တီးရတာကို ၾကိဳက္တဲ့စိတ္ေလးက ယခုဘဝမွာလည္း ရွိေနဆဲပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:ChelmoTeam

#Unicode Version
ကဲကိုယ်က အရင်ဘဝက ကိုယ့်ရဲ့စိတ်ဓါတ်ရေးရာကို သိဖို့ရန် အောက်က ၄ ခုထဲက တခုခုကို ရွေးပေးပါ။

A. မိန်းမသူရဲကောင်း
B. ဗေဒင်ဆရာ
C. မှော်ဆရာ
D. ခရီးသွား



A. မိန်းမသူရဲကောင်း ... သူတပါးအတွက်ဆိုရင် အမြဲကူညီချင်စိတ်အမြဲရှိနေသူ

သူကတော့ အရင်ဘဝမှာ ကိုယ့်တိုင်းပြည်အတွက် အသက်စွန့်ပြီး တိုက်ခိုက်ခဲ့သူ မိန်းမသူရဲကောင်းတစ်ယောက်ပါ။ တိုင်းပြည်အတွက်ဆိုရင် ဘာကိုမှမကြောက်ပဲ ဖြစ်သမျှကို ရဲရဲကြီး ရင်ဆိုင်တတ်သူပါ။ ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ရပ်တည်ခဲ့ပြီး ကိုယ့်အတွက်ဆိုရင်ဘာကိုမှ မတွေးပဲ ရှေ့သို့သာလျှောက်မယ်ဆိုတဲ့ စိတ်ဓါတ်က ယခုတိုင်ရှိနေဆဲပါ။

B. ဗေဒင်ဆရာ ... ကြုံနေရတဲ့ အခက်အခဲတွေကို ဝင်ရောက်နားထောင် ဖြေရှင်းပေးသူ

သူကတော့ အရင်ဘဝတုန်းက ဘုရင်၊ နန်းတွင်းအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗေဒင်ဆရာတစ်ယောက်ပါ။ ပြသာနာတွေ၊ စိတ်ပူစရာတွေကို ဖြေရှင်းပေးနိုင်သူဖြစ်တာကြောင့် တကယ်ကို ကျေးဇူးတင်ထိုက်သူပါ။ တိုင်းပြည်ကတိုးတက်ခဲ့တာက သူရဲ့ကြိုးစားမှုတွေကြောင့်ဆိုရင်လည်း မမှားပါ။ တဖက်သားရဲ့အခက်အခဲတွေကို နားထောင်ပေးနိုင်တဲ့ အားသာချက်ကတော့ ယခုအချိန်ထိပင် ရှိနေပါသေးတယ်။

C. မှော်ဆရာ ... ကိုယ်သိတာတွေကို အကုန်လုံး မျှဝေတတ်သူ

သူကတော့ အရင်ဘဝတုန်းက ကိုယ့်မှာရှိနေတဲ့ တန်ခိုးအတတ်ပညာနဲ့ ဒုက္ခရောက်နေသူတွေကို ကယ်ဆယ်တတ်သူပါ။ မှော်ဆရာဆိုတဲ့အတိုင်း လူတွေက ကြောက်တတ်ပင်မယ့်လည်း သူကတော့ လူချစ်လူခင်ပေါများ ခဲ့သူပါ။ အကောင်းဘက်ကနေ ကိုယ့်ရဲ့ပညာကို အသုံးချခဲ့သူတစ်ယောက်ဖြစ်တာကြောင့်ပါ။ ကိုယ်သိတာတွေကို လွယ်လွယ်နဲ့နားလည်အောင် ရှင်းပြနိုင်သူဆိုတာ ယခုဘဝမှာလည်း ဒီအားသာချက်လေးရှိသေးတယ်နော်။

D. ခရီးသွား ... စူးစမ်းလေ့လာချင်စိတ် ပြင်းပြသူ

သူကတော့ အရင်ဘဝတုန်းက လူတွေမသိသေးတဲ့နေရာတွေကို ချက်ချင်းဆိုသလိုသွားပြီးလေ့လာ စူးစမ်းချင်တဲ့သူတစ်ယောက်ပါ။ ဒါကြောင့်လည်း ငယ်ငယ်ကတည်းက တွေ့ဆုံခြင်းတွေ၊ ကွဲကွာခြင်းဆိုတဲ့ လောကကြီးရဲ့ သဘာဝကို နားလည်ပြီးသားပါ။ နေရာအသစ်ကိုသွားရောက်ခြင်းဆိုတာ မိမိကိုယ်ကို တိုးတက်အောင် ကြိုးစားချင်စိတ်ရှိသူဖြစ်လို့ပါ။ လွတ်လွတ်လပ်လပ်နေရတာကို အမြဲသဘောကျနေသူပါ။ လူအများနဲ့တွေ့ဆုံပြီး အပြန်အလှန် ဆွေးနွေးပြီး အကြံဉာဏ်သစ်တွေကို ရအောင် ဖန်တီးရတာကို ကြိုက်တဲ့စိတ်လေးက ယခုဘဝမှာလည်း ရှိနေဆဲပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:ChelmoTeam



 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top