iMyanmarHouse.com - Best Property Website for Myanmar
×

က်ြန္မတုိ႕ေတြ ေန႕တုိင္းမဟုတ္ရင္ေတာင္ တစ္ပတ္ကို တစ္ခါ ႏွစ္ခါေလာက္ေတာ့ ဆယ္လ္ဖီဓာတ္ပံုေတြ ရိုက္ျဖစ္ၾကပါတယ္။ လူမႈကြန္ယက္မွာ ပို႕စ္လုပ္ဖုိ႕ရယ္လို႕မဟုတ္ပဲ ဒီအတုိင္းအေပ်ာ္ရိုက္ျဖစ္တဲ့ ဆယ္လ္ဖီပံုေလးေတြလည္း ဖုန္းထဲမွာ အမ်ားၾကီး ရွိေနတတ္ပါတယ္။ တကယ္လုိ႕သင္ဟာ ဆယ္လ္ဖီဓာတ္ပံုရိုက္ရတာ သေဘာက်ႏွစ္ျခိဳက္သူတစ္ေယာက္ဆုိရင္ေတာ့ သင့္ကို အိုမင္းရင့္ေရာ္သြားေစတဲ့ ဒီလိုပို႕စ္ (၄)မ်ိဳးကို ေရွာင္ရိုက္ဖုိ႕ သတိေပးပါရေစ။
 
၁။ ႏႈတ္ခမ္းေထာ္ျပီး ရိုက္တဲ့ပုိ႕စ္
အားလံုးသိၾကတဲ့အတုိင္း မိန္းကေလးေတာ္ေတာ္မ်ားမ်ားက ဆယ္လ္ဖီရိုက္ျပီဆုိတာနဲ႕ ႏႈတ္ခမ္းေလးေထာ္ျပီး ခ်စ္စရာေကာင္းေအာင္ ရိုက္တတ္ၾကပါတယ္။ ဒါကို duck face လုိ႕ေခၚပါတယ္။ ဒီလိုပို႕စ္မ်ိဳး ခဏခဏလုပ္မယ္ဆုိရင္ သင့္ႏႈတ္ခမ္းနဲ႕ပါးစပ္တစ္၀ိုက္ အေရးအေၾကာင္းေတြမၾကာခင္ ေပၚလာတာ ျမင္ရပါလိမ့္မယ္။
 
၂။မ်က္ခံုးပင့္ရိုက္တဲ့ပုိ႕စ္
တစ္ခ်ိဳ႕က်ေတာ့လည္း ဆယ္လ္ဖီရိုက္လိုက္တိုင္း မ်က္ခံုးေလးပင့္ပင့္ျပီး ရိုက္တတ္ၾကျပန္ေရာ။ ဒါကလည္း အေရးအေၾကာင္း ျဖစ္ေပၚေစတဲ့ အခ်က္ေတြထဲက တစ္ခ်က္မုိ႕ ကိုယ့္စိတ္ထဲအထူးအဆန္းျဖစ္မိသြားရင္ေတာင္ မ်က္ခံုးမပင့္မိ ေအာင္ သတိထားသင့္တဲ့အရာပါ။ 
 
၃။ ႏွာေခါင္းရႈံးရိုက္တဲ့ပို႕စ္
Bunny nose လို႕ေခၚတဲ့ ဒီပို႕စ္ေလးကေတာ့ ႏွာေခါင္းကိုရံႈ႕ျပီး ခ်စ္စရာေကာင္းေအာင္ လုပ္တဲ့မ်က္ႏွာေပးေလးေပါ့။ အဲ့ဒီလိုပို႕စ္နဲ႕ ဓာတ္ပံုရိုက္ျပီး ပံုမွာၾကည့္ရင္ေတာင္ မ်က္ႏွာတစ္ေလွ်ာက္အေရးအေၾကာင္းေတြ အနည္းအက်ဥ္းျမင္မိပါလိမ့္မယ္။ ခဏခဏလုပ္မယ္ဆုိရင္ အဲ့ဒီေနရာေတြမွာ တကယ့္အေရးအေၾကာင္းေတြ ရွိလာမယ္ဆုိတာ သံသယျဖစ္စရာ မရွိပါဘူးေနာ္။
 
၄။ေမးေစ့ႏွစ္ထပ္ ဟာသပို႕စ္
ဟာသပို႕စ္လုပ္ခ်င္လုိ႕ဆုိျပီး ေမးေစ့ႏွစ္ထပ္ပို႕စ္ပံုစံမ်ိဳး ေျပာင္ေခ်ာ္ေခ်ာ္လုပ္မယ္လုိ႕ စဥ္းစားထားရင္ အဲ့ဒီလိုပို႕စ္မ်ိဳးအတြက္ လက္ေလ်ွာ့လိုက္ပါ။ ဒါကလည္း သင့္ကိုရိုက္ေနတုန္း အက်ည္းတန္ေစရံုမက ခဏခဏလုပ္ရင္ ပံုဆိုးပန္းဆိုးျဖစ္ေစတဲ့ ပို႕စ္မ်ိဳးပါပဲ။
 
Credit : Trend Myanmar
 
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 
Unicode Version
 
ကျွန်မတို့တွေ နေ့တိုင်းမဟုတ်ရင်တောင် တစ်ပတ်ကို တစ်ခါ နှစ်ခါလောက်တော့ ဆယ်လ်ဖီဓာတ်ပုံတွေ ရိုက်ဖြစ်ကြပါတယ်။ လူမှုကွန်ယက်မှာ ပို့စ်လုပ်ဖို့ရယ်လို့မဟုတ်ပဲ ဒီအတိုင်းအပျော်ရိုက်ဖြစ်တဲ့ ဆယ်လ်ဖီပုံလေးတွေလည်း ဖုန်းထဲမှာ အများကြီး ရှိနေတတ်ပါတယ်။ တကယ်လို့သင်ဟာ ဆယ်လ်ဖီဓာတ်ပုံရိုက်ရတာ သဘောကျနှစ်ခြိုက်သူတစ်ယောက်ဆိုရင်တော့ သင့်ကို အိုမင်းရင့်ရော်သွားစေတဲ့ ဒီလိုပို့စ် (၄)မျိုးကို ရှောင်ရိုက်ဖို့ သတိပေးပါရစေ။

၁။ နှုတ်ခမ်းထော်ပြီး ရိုက်တဲ့ပို့စ်

အားလုံးသိကြတဲ့အတိုင်း မိန်းကလေးတော်တော်များများက ဆယ်လ်ဖီရိုက်ပြီဆိုတာနဲ့ နှုတ်ခမ်းလေးထော်ပြီး ချစ်စရာကောင်းအောင် ရိုက်တတ်ကြပါတယ်။ ဒါကို duck face လို့ခေါ်ပါတယ်။ ဒီလိုပို့စ်မျိုး ခဏခဏလုပ်မယ်ဆိုရင် သင့်နှုတ်ခမ်းနဲ့ပါးစပ်တစ်ဝိုက် အရေးအကြောင်းတွေမကြာခင် ပေါ်လာတာ မြင်ရပါလိမ့်မယ်။

၂။မျက်ခုံးပင့်ရိုက်တဲ့ပို့စ်

တစ်ချို့ကျတော့လည်း ဆယ်လ်ဖီရိုက်လိုက်တိုင်း မျက်ခုံးလေးပင့်ပင့်ပြီး ရိုက်တတ်ကြပြန်ရော။ ဒါကလည်း အရေးအကြောင်း ဖြစ်ပေါ်စေတဲ့ အချက်တွေထဲက တစ်ချက်မို့ ကိုယ့်စိတ်ထဲအထူးအဆန်းဖြစ်မိသွားရင်တောင် မျက်ခုံးမပင့်မိ အောင် သတိထားသင့်တဲ့အရာပါ။

၃။ နှာခေါင်းရှုံးရိုက်တဲ့ပို့စ်

Bunny nose လို့ခေါ်တဲ့ ဒီပို့စ်လေးကတော့ နှာခေါင်းကိုရှုံ့ပြီး ချစ်စရာကောင်းအောင် လုပ်တဲ့မျက်နှာပေးလေးပေါ့။ အဲ့ဒီလိုပို့စ်နဲ့ ဓာတ်ပုံရိုက်ပြီး ပုံမှာကြည့်ရင်တောင် မျက်နှာတစ်လျှောက်အရေးအကြောင်းတွေ အနည်းအကျဉ်းမြင်မိပါလိမ့်မယ်။ ခဏခဏလုပ်မယ်ဆိုရင် အဲ့ဒီနေရာတွေမှာ တကယ့်အရေးအကြောင်းတွေ ရှိလာမယ်ဆိုတာ သံသယဖြစ်စရာ မရှိပါဘူးနော်။

၄။မေးစေ့နှစ်ထပ် ဟာသပို့စ်

ဟာသပို့စ်လုပ်ချင်လို့ဆိုပြီး မေးစေ့နှစ်ထပ်ပို့စ်ပုံစံမျိုး ပြောင်ချော်ချော်လုပ်မယ်လို့ စဉ်းစားထားရင် အဲ့ဒီလိုပို့စ်မျိုးအတွက် လက်လျှော့လိုက်ပါ။ ဒါကလည်း သင့်ကိုရိုက်နေတုန်း အကျည်းတန်စေရုံမက ခဏခဏလုပ်ရင် ပုံဆိုးပန်းဆိုးဖြစ်စေတဲ့ ပို့စ်မျိုးပါပဲ။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top