iMyanmarHouse.com - Best Property Website for Myanmar
×

ညသန္းေခါင္ ႏွစ္ႏွစ္ၿခိဳက္ျခိဳက္ အိပ္ေပ်ာ္ေနရာကေန အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ႏိုးတာမ်ိဳးေတြ ရွိဖူးပါတယ္။ ဒီလိုအခ်ိန္ေတြဆို မ်က္စိမွိတ္ၿပီး ျပန္အိပ္ေပ်ာ္ဖို႔ ေတာ္ေတာ္ႀကိဳးစားခဲ့ရဖူးပါတယ္။ အိပ္ေရးမဝတဲ့အခါမွာ ေနာက္တစ္ေန႔ လႈပ္ရွားသြားလာဖို႔အတြက္ ကိုယ္ခႏၶာက လံုေလာက္တဲ့ အနားယူျခင္းကို အျပည့္မရေတာ့ပါဘူး။ ညဘက္ႀကီး ဒီလို လန္႔ႏိုးရင္ ျမန္ျမန္ျပန္အိပ္ေပ်ာ္သြားေအာင္ ဘယ္လိုလုပ္ရမလဲ။

ၿငိမ္ၿငိမ္ေလး ဆက္လွဲေနပါ

ခ်က္ခ်င္းႀကီး ျပန္အိပ္ေပ်ာ္မသြားေသးလည္း ဒီတိုင္းပဲ မလႈပ္မယွက္ ဆက္လွဲေနပါ။ သင္အိပ္ေပ်ာ္ေနစဥ္မွာ ခႏၶာကိုယ္တစ္ကိုယ္လံုးက အေၾကာေတြက ေျပေလ်ာ့ေနၿပီး ႏွလံုးခုန္ႏႈန္းက (၆၀) ေလာက္နဲ႔ ခုန္ေနတာပါ။ သင္ အိပ္ယာက ထဖို႔ လႈပ္လႈပ္ရွားရွားလုပ္လိုက္တာန႔ဲ ႏွလံုးကလည္း ပံုမွန္ ႏွလံုးခုန္ႏႈန္း (၉၀) ေလာက္ ေရာက္ေအာင္ ခုန္ရပါတယ္။ ျပန္အိပ္ေပ်ာ္ဖို႔ဆိုရင္ ႏွလံုးခုန္ႏႈန္းကို (၆၀) ထိ ျပန္ေႏွးေအာင္ လုပ္ရဦးမွာပါ။ ဒီလို ေလွ်ာ့ခ်ေနစဥ္ ႏွလံုးျပန္ၿငိမ္သက္သြားေစဖို႔ အခ်ိန္တစ္ခု ေပးရပါတယ္။

ဒါေၾကာင့္ ညဘက္ တေရးႏိုးခ်ိန္မွာ ေရထေသာက္တာ၊ အိမ္သာသြားတာ စတဲ့လႈပ္ရွားမႈေတြ မလုပ္ရင္ သင္ ျပန္အိပ္ေပ်ာ္သြားပါႏိုင္ပါတယ္။

နာရီကို သြားမၾကည့္မိပါေစနဲ႔

ညဘက္ ရုတ္တရက္ ႏိုးၿပီး ျပန္ အိပ္မေပ်ာ္တဲ့အခါ ဘယ္ႏွနာရီထိုးၿပီလဲ ဘယ္အခ်ိန္ရွိေနၿပီလဲ ဆိုတဲ့စိတ္နဲ႔ နာရီကို သြားၾကည့္မိတတ္ၾကတယ္။ ၾကည့္ၿပီး ထခါနီးဆိုလည္း ထခါနီးမို႔လို႔ စိတ္က နည္းနည္း သတိေလးနဲ႔ ျဖစ္သြားပါတယ္။ ဒီလို စိတ္နဲ႔ ၿငိမ္ၿငိမ္ေလး လွဲေနရင္ေတာင္ ထရေတာ့မွာပဲ ဆုိတဲ့ အသိရွိသြားၿပီမို႔ ေကာင္းေကာင္းျပန္အိပ္မေပ်ာ္ေတာ့ပါဘူး။ တကယ္လို႔ အေရးႀကီးကိစၥေတြဘာေတြရွိေနရင္ ဥပမာ စာေမးပဲြရက္တြင္း ေတြမွာ ဆိုရင္ အိပ္ေရးမဝလို႔ မနက္က်ရင္ တိုင္ပတ္ေတာ့မွာပဲ ဆိုတဲ့အသိ ရွိေနရင္လည္း အိပ္မေပ်ာ္ပါဘူး။ အိပ္မေပ်ာ္တာကို သိေနၿပီး ငါ အိပ္မေပ်ာ္ေသးပါလား မနက္လင္းေတာ့မွာလား မသိဘူး စတဲ့ အေတြးေတြ တစ္ေလွၾကီးနဲ႔ လွဲေနတာလည္း တူတူပါပဲ။

စိတ္ကို ေျဖေလ်ာ့ထားပါ

ဆရာဝန္ေတြကေတာ့ အိပ္ေနရင္း ႏိုးလာရင္ စိတ္ကို ေျဖေလ်ာ့ထားသင့္ပါတယ္လို႔ တိုက္တြန္းၾကပါတယ္။ စိတ္ကို ေျဖေလ်ာ့နည္း နည္းေပါင္းေသာင္းေျခာက္ေထာင္ထဲက အႀကိဳက္ဆံုး တစ္ခုကို ေဝမွ်ခ်င္ပါတယ္။

အရင္ဆံုး ကုတင္ေပၚမွာ ပက္လက္လွန္ၿပီး အိပ္ေနမယ္။ လက္ႏွစ္ဖက္ကို ဝမ္းဗိုက္ေပၚမွာ တင္ထားမယ္။ ဗိုက္ႀကီး ေဖာင္းကားတက္လာတဲ့အထိ အသက္႐ႈသြင္းလုိက္မယ္။ အသက္႐ႈထုတ္တဲ့အခါ ခ်က္ေနရာကို ဝမ္းဗိုက္အတြင္းဘက္ ကပ္သြားတဲ့အထိ ညွစ္ထုတ္လိုက္မယ္။ ဒီတိုင္းသာ ႐ႈေန၊ ထုတ္ေနလိုက္ပါ။ ဘယ္ႏွစ္ႀကိမ္ ဘယ္ႏွစ္ေခါက္ေတြ မွတ္ထားဖို႔ မလိုပါဘူး။ ဘယ္ခ်ိန္အိပ္ေပ်ာ္သြားမွန္းေတာင္ သိလိုက္မွာ မဟုတ္ပါဘူး။

Credit:duwun

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ညသန်းခေါင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာကနေ အကြောင်းအမျိုးမျိုးကြောင့် နိုးတာမျိုးတွေ ရှိဖူးပါတယ်။ ဒီလိုအချိန်တွေဆို မျက်စိမှိတ်ပြီး ပြန်အိပ်ပျော်ဖို့ တော်တော်ကြိုးစားခဲ့ရဖူးပါတယ်။ အိပ်ရေးမဝတဲ့အခါမှာ နောက်တစ်နေ့ လှုပ်ရှားသွားလာဖို့အတွက် ကိုယ်ခန္ဓာက လုံလောက်တဲ့ အနားယူခြင်းကို အပြည့်မရတော့ပါဘူး။ ညဘက်ကြီး ဒီလို လန့်နိုးရင် မြန်မြန်ပြန်အိပ်ပျော်သွားအောင် ဘယ်လိုလုပ်ရမလဲ။

ငြိမ်ငြိမ်လေး ဆက်လှဲနေပါ

ချက်ချင်းကြီး ပြန်အိပ်ပျော်မသွားသေးလည်း ဒီတိုင်းပဲ မလှုပ်မယှက် ဆက်လှဲနေပါ။ သင်အိပ်ပျော်နေစဉ်မှာ ခန္ဓာကိုယ်တစ်ကိုယ်လုံးက အကြောတွေက ပြေလျော့နေပြီး နှလုံးခုန်နှုန်းက (၆၀) လောက်နဲ့ ခုန်နေတာပါ။ သင် အိပ်ယာက ထဖို့ လှုပ်လှုပ်ရှားရှားလုပ်လိုက်တာနဲ့ နှလုံးကလည်း ပုံမှန် နှလုံးခုန်နှုန်း (၉၀) လောက် ရောက်အောင် ခုန်ရပါတယ်။ ပြန်အိပ်ပျော်ဖို့ဆိုရင် နှလုံးခုန်နှုန်းကို (၆၀) ထိ ပြန်နှေးအောင် လုပ်ရဦးမှာပါ။ ဒီလို လျှော့ချနေစဉ် နှလုံးပြန်ငြိမ်သက်သွားစေဖို့ အချိန်တစ်ခု ပေးရပါတယ်။

ဒါကြောင့် ညဘက် တရေးနိုးချိန်မှာ ရေထသောက်တာ၊ အိမ်သာသွားတာ စတဲ့လှုပ်ရှားမှုတွေ မလုပ်ရင် သင် ပြန်အိပ်ပျော်သွားပါနိုင်ပါတယ်။

နာရီကို သွားမကြည့်မိပါစေနဲ့

ညဘက် ရုတ်တရက် နိုးပြီး ပြန် အိပ်မပျော်တဲ့အခါ ဘယ်နှနာရီထိုးပြီလဲ ဘယ်အချိန်ရှိနေပြီလဲ ဆိုတဲ့စိတ်နဲ့ နာရီကို သွားကြည့်မိတတ်ကြတယ်။ ကြည့်ပြီး ထခါနီးဆိုလည်း ထခါနီးမို့လို့ စိတ်က နည်းနည်း သတိလေးနဲ့ ဖြစ်သွားပါတယ်။ ဒီလို စိတ်နဲ့ ငြိမ်ငြိမ်လေး လှဲနေရင်တောင် ထရတော့မှာပဲ ဆိုတဲ့ အသိရှိသွားပြီမို့ ကောင်းကောင်းပြန်အိပ်မပျော်တော့ပါဘူး။ တကယ်လို့ အရေးကြီးကိစ္စတွေဘာတွေရှိနေရင် ဥပမာ စာမေးပွဲရက်တွင်း တွေမှာ ဆိုရင် အိပ်ရေးမဝလို့ မနက်ကျရင် တိုင်ပတ်တော့မှာပဲ ဆိုတဲ့အသိ ရှိနေရင်လည်း အိပ်မပျော်ပါဘူး။ အိပ်မပျော်တာကို သိနေပြီး ငါ အိပ်မပျော်သေးပါလား မနက်လင်းတော့မှာလား မသိဘူး စတဲ့ အတွေးတွေ တစ်လှေကြီးနဲ့ လှဲနေတာလည်း တူတူပါပဲ။

စိတ်ကို ဖြေလျော့ထားပါ

ဆရာဝန်တွေကတော့ အိပ်နေရင်း နိုးလာရင် စိတ်ကို ဖြေလျော့ထားသင့်ပါတယ်လို့ တိုက်တွန်းကြပါတယ်။ စိတ်ကို ဖြေလျော့နည်း နည်းပေါင်းသောင်းခြောက်ထောင်ထဲက အကြိုက်ဆုံး တစ်ခုကို ဝေမျှချင်ပါတယ်။

အရင်ဆုံး ကုတင်ပေါ်မှာ ပက်လက်လှန်ပြီး အိပ်နေမယ်။ လက်နှစ်ဖက်ကို ဝမ်းဗိုက်ပေါ်မှာ တင်ထားမယ်။ ဗိုက်ကြီး ဖောင်းကားတက်လာတဲ့အထိ အသက်ရှုသွင်းလိုက်မယ်။ အသက်ရှုထုတ်တဲ့အခါ ချက်နေရာကို ဝမ်းဗိုက်အတွင်းဘက် ကပ်သွားတဲ့အထိ ညှစ်ထုတ်လိုက်မယ်။ ဒီတိုင်းသာ ရှုနေ၊ ထုတ်နေလိုက်ပါ။ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခေါက်တွေ မှတ်ထားဖို့ မလိုပါဘူး။ ဘယ်ချိန်အိပ်ပျော်သွားမှန်းတောင် သိလိုက်မှာ မဟုတ်ပါဘူး။

Credit:duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top