iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ကုိ အမ်ားၾကီး ေမ်ွာ္လင့္လို႕ မရပါဘူး။ ေနာက္တစ္ခ်က္ အစကတည္းက သင့္နဲ႕မလိုက္မဖက္၊ မွားယြင္းစြာ ေရြးခ်ယ္ထားမိတဲ့ သူတစ္ေယာက္ကို လူေကာင္းတစ္ေယာက္ျဖစ္လာေအာင္၊ သင္နဲ႕အံ၀င္ခြင္က်ျဖစ္လာေအာင္ ၾကိဳးစားျခင္းဟာလည္း ဒါ ရူးသြပ္တဲ့ အရာပါပဲ။

ဒါ့ေၾကာင့္ ဘယ္လိုမွ ျဖစ္မလာႏိုင္တ့ဲ အရာေတြကို ေစာင့္ဆုိင္းေနျခင္း၊ ေမ်ွာ္လင့္ေနျခင္းဟာ သင့္ကို အခ်ိန္ေတြ၊ အခြင့္ေရးေပါင္းမ်ားစြာကို ဆံုးရႈံးေစရံုသာမက တစ္ကိုယ္တည္းဘ၀နဲ႕သာ သင္အဆံုးသတ္သြားရပါလိမ့္မယ္။ တစ္ကိုယ္တည္း ဘ၀ကို မေကာင္းဘူးလုိ႕ ေျပာေနျခင္း မဟုတ္ေပမယ့္ သင္က အိမ္ေထာင္တစ္ခု၊ မိသားစုေလးတစ္ခုကို လိုခ်င္ေနသူဆုိရင္ေတာ့ ခုေျပာျပေပးမယ့္ ေစာင့္ဆုိင္းျခင္းမ်ိဳးေတြကို လံုး၀အျပီးသတ္လိုက္ဖုိ႕ လိုပါတယ္။

၁။ ဇနီးရွိတဲ့ အမ်ိဳးသား၊ ရည္းစားရွိတဲ့ အမ်ိဳးသားတစ္ေယာက္ကို ခ်စ္မိေနတာေၾကာင့္ သူ႕ရည္းစား၊ မိန္းမနဲ႕ ကြဲခ်ိန္မ်ိဳးကို ေစာင့္ဆုိင္းေနျခင္း

၂။အရက္ေသာက္၊ ေဆးသံုးေနတဲ့ အမ်ိဳးသားတစ္ေယာက္ကို ခ်စ္မိေနတာေၾကာင့္ သူ ဒါေတြ မလုပ္ေတာ့တဲ့အခ်ိန္ကို ေစာင့္ဆုိင္းေနျခင္း
၃။ကတိေပးထားသလို ဘယ္ေတာ့မွ ဖုန္းမေခၚ၊ အီးေမးလ္မပို႕၊ ကိုယ့္ေရွ႕ေပၚမလာတဲ့သူအတြက္ ဆင္ေျခဆင္လက္ေတြ လုုပ္ေနရျခင္း

၄။အလုပ္ရွာပါ့မယ္၊ ကုိယ့္၀င္ေငြနဲ႕ကုိယ္ ရပ္တည္မယ္ဆုိျပီး သင္ရွာထားသမ်ွ ေငြေတြ ထုိင္သံုးေနတဲ့သူအတြက္ အခ်ိန္ျဖဳန္းေနျခင္း

၅။သင့္ကို အသံုးခ်ျပီး၊ ခုတံုးလုပ္ျပီး သူ႕ကိုယ္သူ အျမင့္ေရာက္ဖုိ႕ ၾကိဳးစားေနတဲ့သူကို ေစာင့္ဆုိင္းေနမိျခင္း .. စတာေတြပါပဲ။

တကယ္ေတာ့ ေျပာင္းလဲႏိုင္ဖုိ႕အတြက္ ၾကိဳးစားျခင္းဟာ သင့္ကိုယ္သင္ပဲ ျဖစ္သင့္ပါတယ္။ သူတစ္ပါးအေပၚ ေမ်ွာ္လင့္ေနတာ၊ ေစာင့္စားေနတာမ်ိဳးေတြက တစ္ပါးသူကို ဘာမွ ေျပာင္းလဲလုိ႕မရပါဘူး။ ဒီေတာ့ သင္ဟာ ခုလုိ အျဖစ္မ်ိဳးေတြ ၾကံဳေနရတဲ့အခါ ဒီလိုလူမ်ိဳးအတြက္ အခ်ိန္ျဖဳန္းမေနပဲ သင့္အတြက္ တကယ္ကို သင့္ေတာ္ေကာင္းမြန္မယ့္ သူတစ္ေယာက္ကုိသာ ရွာေဖြဖုိ႕ ၾကိဳးစားပါ။

Credit:yourtango


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လူတစ်ယောက်ကို အများကြီး မျှော်လင့်လို့ မရပါဘူး။ နောက်တစ်ချက် အစကတည်းက သင့်နဲ့မလိုက်မဖက်၊ မှားယွင်းစွာ ရွေးချယ်ထားမိတဲ့ သူတစ်ယောက်ကို လူကောင်းတစ်ယောက်ဖြစ်လာအောင်၊ သင်နဲ့အံဝင်ခွင်ကျဖြစ်လာအောင် ကြိုးစားခြင်းဟာလည်း ဒါ ရူးသွပ်တဲ့ အရာပါပဲ။

ဒါ့ကြောင့် ဘယ်လိုမှ ဖြစ်မလာနိုင်တဲ့ အရာတွေကို စောင့်ဆိုင်းနေခြင်း၊ မျှော်လင့်နေခြင်းဟာ သင့်ကို အချိန်တွေ၊ အခွင့်ရေးပေါင်းများစွာကို ဆုံးရှုံးစေရုံသာမက တစ်ကိုယ်တည်းဘဝနဲ့သာ သင်အဆုံးသတ်သွားရပါလိမ့်မယ်။ တစ်ကိုယ်တည်း ဘဝကို မကောင်းဘူးလို့ ပြောနေခြင်း မဟုတ်ပေမယ့် သင်က အိမ်ထောင်တစ်ခု၊ မိသားစုလေးတစ်ခုကို လိုချင်နေသူဆိုရင်တော့ ခုပြောပြပေးမယ့် စောင့်ဆိုင်းခြင်းမျိုးတွေကို လုံးဝအပြီးသတ်လိုက်ဖို့ လိုပါတယ်။

၁။ ဇနီးရှိတဲ့ အမျိုးသား၊ ရည်းစားရှိတဲ့ အမျိုးသားတစ်ယောက်ကို ချစ်မိနေတာကြောင့် သူ့ရည်းစား၊ မိန်းမနဲ့ ကွဲချိန်မျိုးကို စောင့်ဆိုင်းနေခြင်း

၂။အရက်သောက်၊ ဆေးသုံးနေတဲ့ အမျိုးသားတစ်ယောက်ကို ချစ်မိနေတာကြောင့် သူ ဒါတွေ မလုပ်တော့တဲ့အချိန်ကို စောင့်ဆိုင်းနေခြင်း
၃။ကတိပေးထားသလို ဘယ်တော့မှ ဖုန်းမခေါ်၊ အီးမေးလ်မပို့၊ ကိုယ့်ရှေ့ပေါ်မလာတဲ့သူအတွက် ဆင်ခြေဆင်လက်တွေ လုုပ်နေရခြင်း

၄။အလုပ်ရှာပါ့မယ်၊ ကိုယ့်ဝင်ငွေနဲ့ကိုယ် ရပ်တည်မယ်ဆိုပြီး သင်ရှာထားသမျှ ငွေတွေ ထိုင်သုံးနေတဲ့သူအတွက် အချိန်ဖြုန်းနေခြင်း

၅။သင့်ကို အသုံးချပြီး၊ ခုတုံးလုပ်ပြီး သူ့ကိုယ်သူ အမြင့်ရောက်ဖို့ ကြိုးစားနေတဲ့သူကို စောင့်ဆိုင်းနေမိခြင်း .. စတာတွေပါပဲ။

တကယ်တော့ ပြောင်းလဲနိုင်ဖို့အတွက် ကြိုးစားခြင်းဟာ သင့်ကိုယ်သင်ပဲ ဖြစ်သင့်ပါတယ်။ သူတစ်ပါးအပေါ် မျှော်လင့်နေတာ၊ စောင့်စားနေတာမျိုးတွေက တစ်ပါးသူကို ဘာမှ ပြောင်းလဲလို့မရပါဘူး။ ဒီတော့ သင်ဟာ ခုလို အဖြစ်မျိုးတွေ ကြုံနေရတဲ့အခါ ဒီလိုလူမျိုးအတွက် အချိန်ဖြုန်းမနေပဲ သင့်အတွက် တကယ်ကို သင့်တော်ကောင်းမွန်မယ့် သူတစ်ယောက်ကိုသာ ရှာဖွေဖို့ ကြိုးစားပါ။

Credit:yourtango




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top