iMyanmarHouse.com - Best Property Website for Myanmar
×

ေႏြရာသီေရာက္လာေတာ့မယ္ဆိုေတာ့ ခရီးေတြသြားၾကမယ္၊ ကမ္းေျခသြားၾကမယ္၊ ကမ္းေျခမွာ ဗိုက္ခ်ပ္ခ်ပ္ေလးနဲ႔ အဆီမရွိတဲ့ ကိုယ္လံုးလွလွေလးေတြနဲ႔ ဓာတ္ပံုရုိက္ခ်င္ၾကမယ္ ထင္ပါတယ္။
ဝိတ္ေလ်ာ့မယ္ဆိုၿပီး Diet Plan ေတြနဲ႔ စိတ္ဆင္းရဲခံၿပီး အစားေလ်ာ့စားတာ၊ ကိုယ္အေလးခ်ိန္ကို ေလ်ာ့ေအာင္ ေလ့က်င့္ခန္းလုပ္မယ္၊ ဘယ္လီ (Belly) ရုိက္မယ္ ၾကံစည္ထားေပမယ့္လည္း မလုပ္ျဖစ္လို႔ စိတ္ညစ္တာေတြလည္း ၾကံဳႏိုင္တယ္။ အစားလည္း ေလ်ာ့စားစရာမလို၊ ေလ့က်င့္ခန္းလည္း အေသအေၾက လုပ္စရာမလိုဘဲ သင့္ဝမ္းဗိုက္ေနရာမွာ အဆီမရွိဘဲ တင္းရင္းခ်ပ္ရပ္ေနေအာင္ ဒီလို လုပ္လို႔ရပါတယ္။

ကိုယ့္ကိုယ္ကိုယ္ မအားေအာင္ ထားပါ

တစ္ခါတစ္ေလ အားေနတဲ့အခါမ်ိဳးမွာ လုပ္စရာမရွိေတာ့ ေတြ႔တာ ေကာက္စားေနမိတာမ်ိဳးေတြ လုပ္ခဲ့ဖူးမွာပါ။ အလုပ္အရမ္းရႈပ္ေနတဲ့အခါမွာေတာ့ အစားေတာင္ မစားျဖစ္ၾကပါဘူး။ တစ္ခုခုကို မအားမလပ္လုပ္ေနရတဲ့အခါ အစားေတာင္စားဖို႔ သတိမရႏိုင္ေလာက္ေအာင္ ျဖစ္သြားတာပါ။ အလုပ္ရႈပ္ေနတဲ့အခ်ိန္္မွာ အလုပ္ကို အာရုံအျပည့္စိုက္ထားရတာေၾကာင့္ တျခားကို စိတ္ကမေရာက္သြားေတာ့ဘဲ မုန္႔စားဖို႔လည္း သတိမရေတာ့ပါဘူး။

အလုပ္ကို တစ္ခုၿပီး တစ္ခု ဆက္တိုက္လုပ္ေနၿပီး ကိုယ့္ကုိယ္ကိုယ္မအားေအာင္ ထားျခင္းျဖင့္ ကိုယ္လက္လႈပ္ရွားတာကို သက္သက္ႀကီး လုပ္စရာမလိုေတာ့ပါဘူး။ အစားလည္း တဇြတ္ဇြတ္စားေနႏိုင္မွာ မဟုတ္ေတာ့ သေရစာဆုိတာမ်ိဳးက ေဝလာေဝးျဖစ္သြားပါၿပီ။ သေရစာ မစားတဲ့အခါ အဆီလည္းတက္မွာ မဟုတ္ေတာ့ပါဘူး။ အဆီမရွိမွေတာ့ ဗိုက္ေခါက္ျဖစ္မလာႏိုင္တာ အေသအခ်ာပါပဲ။ ဒီနည္းနဲ႔ ဗိုက္ၾကြက္သားေတြ ရလာမွာ မဟုတ္ေပမယ့္ ဗိုက္ကို လက္နဲ႔ ဆဲြလိုက္ရင္ အတဲြလိုက္ပါလာမယ့္ ဗိုက္ေခါက္မရွိိဖို႔ကိုေတာ့ အာမခံပါတယ္။


ပီေကမဝါးပါနဲ႔

ပီေကဝါးျခင္းက ေလကို မသိလိုက္ဘဲ သြင္းလိုက္ထုတ္လိုက္လုပ္ေနမိတာနဲ႔ အတူတူပါပဲ။ ႏွာေခါင္းက ရႈတဲ့ေလက အဆုတ္ထဲကို ဝင္သြားေပမယ့္ ပါးစပ္က ဝင္မယ့္ေလကေတာ့ ဗိုက္ထဲကို အမ်ားႀကီး ေရာက္သြားမွာပါ။ ပီေကဝါးတဲ့အခါ ဘယ္သူမွ ပါးစပ္ပိတ္ၿပီး မဝါးၾကပါဘူး။ ပါးစပ္ကို ဟ ဟ ၿပီး ဝါးတာမို႔လို႔ ေလက အနည္းနဲ႔အမ်ားေတာ့ ဝင္သြားမွာပါပဲ။ ဒီေလက အက်ိဳးမရွိတဲ့အျပင္ တကယ္ႀကီးကို ဗိုက္ႀကီးေဖာင္းလာေစပါတယ္။

တစ္ခ်ိန္လံုး ေရေသာက္ေနပါ

အားေနယားေန ေရကို တစ္ခြက္ၿပီး တစ္ခြက္ ေသာက္ေနပါ။ သတိရတာနဲ႔ ေရတစ္ခြက္သြားထည့္ၿပီး ေသာက္လိုက္ရင္ အသားအေရပိုလွလာေစႏိုင္တဲ့အျပင္  ဗိုက္ထဲမွာ ေခ်ဖ်က္စရာတစ္ခုရွိေနတဲ့အတြက္ေၾကာင့္ ေတာ္ရုံတန္ရုံ ဗိုက္မဆာေတာ့ပါဘူး။ ဝိတ္အျမန္က်ခ်င္ရင္ အစာမစားမီ ေရတစ္ခြက္ကို အားရပါးရသာ ေမာ့ေသာက္လိုက္ပါ။ အစား သက္သက္ႀကီးေလ်ာ့စားစရာ မလိုဘဲ သိပ္မစားႏိုင္ေတာ့တာကို ေတြ႔ရပါလိိမ့္မယ္။ ေရေၾကာင့္ ဗိုက္တင္းၿပီး အစာမဝင္ေတာ့တာျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Duwun

Unicode Version

နွေရာသီရောက်လာတော့မယ်ဆိုတော့ ခရီးတွေသွားကြမယ်၊ ကမ်းခြေသွားကြမယ်၊ ကမ်းခြေမှာ ဗိုက်ချပ်ချပ်လေးနဲ့ အဆီမရှိတဲ့ ကိုယ်လုံးလှလှလေးတွေနဲ့ ဓာတ်ပုံရိုက်ချင်ကြမယ် ထင်ပါတယ်။
ဝိတ်လျော့မယ်ဆိုပြီး Diet Plan တွေနဲ့ စိတ်ဆင်းရဲခံပြီး အစားလျော့စားတာ၊ ကိုယ်အလေးချိန်ကို လျော့အောင် လေ့ကျင့်ခန်းလုပ်မယ်၊ ဘယ်လီ (Belly) ရိုက်မယ် ကြံစည်ထားပေမယ့်လည်း မလုပ်ဖြစ်လို့ စိတ်ညစ်တာတွေလည်း ကြုံနိုင်တယ်။ အစားလည်း လျော့စားစရာမလို၊ လေ့ကျင့်ခန်းလည်း အသေအကြေ လုပ်စရာမလိုဘဲ သင့်ဝမ်းဗိုက်နေရာမှာ အဆီမရှိဘဲ တင်းရင်းချပ်ရပ်နေအောင် ဒီလို လုပ်လို့ရပါတယ်။

ကိုယ့်ကိုယ်ကိုယ် မအားအောင် ထားပါ

တစ်ခါတစ်လေ အားနေတဲ့အခါမျိုးမှာ လုပ်စရာမရှိတော့ တွေ့တာ ကောက်စားနေမိတာမျိုးတွေ လုပ်ခဲ့ဖူးမှာပါ။ အလုပ်အရမ်းရှုပ်နေတဲ့အခါမှာတော့ အစားတောင် မစားဖြစ်ကြပါဘူး။ တစ်ခုခုကို မအားမလပ်လုပ်နေရတဲ့အခါ အစားတောင်စားဖို့ သတိမရနိုင်လောက်အောင် ဖြစ်သွားတာပါ။ အလုပ်ရှုပ်နေတဲ့အချိန်မှာ အလုပ်ကို အာရုံအပြည့်စိုက်ထားရတာကြောင့် တခြားကို စိတ်ကမရောက်သွားတော့ဘဲ မုန့်စားဖို့လည်း သတိမရတော့ပါဘူး။

အလုပ်ကို တစ်ခုပြီး တစ်ခု ဆက်တိုက်လုပ်နေပြီး ကိုယ့်ကိုယ်ကိုယ်မအားအောင် ထားခြင်းဖြင့် ကိုယ်လက်လှုပ်ရှားတာကို သက်သက်ကြီး လုပ်စရာမလိုတော့ပါဘူး။ အစားလည်း တဇွတ်ဇွတ်စားနေနိုင်မှာ မဟုတ်တော့ သရေစာဆိုတာမျိုးက ဝေလာဝေးဖြစ်သွားပါပြီ။ သရေစာ မစားတဲ့အခါ အဆီလည်းတက်မှာ မဟုတ်တော့ပါဘူး။ အဆီမရှိမှတော့ ဗိုက်ခေါက်ဖြစ်မလာနိုင်တာ အသေအချာပါပဲ။ ဒီနည်းနဲ့ ဗိုက်ကြွက်သားတွေ ရလာမှာ မဟုတ်ပေမယ့် ဗိုက်ကို လက်နဲ့ ဆွဲလိုက်ရင် အတွဲလိုက်ပါလာမယ့် ဗိုက်ခေါက်မရှိဖို့ကိုတော့ အာမခံပါတယ်။


ပီကေမဝါးပါနဲ့

ပီကေဝါးခြင်းက လေကို မသိလိုက်ဘဲ သွင်းလိုက်ထုတ်လိုက်လုပ်နေမိတာနဲ့ အတူတူပါပဲ။ နှာခေါင်းက ရှုတဲ့လေက အဆုတ်ထဲကို ဝင်သွားပေမယ့် ပါးစပ်က ဝင်မယ့်လေကတော့ ဗိုက်ထဲကို အများကြီး ရောက်သွားမှာပါ။ ပီကေဝါးတဲ့အခါ ဘယ်သူမှ ပါးစပ်ပိတ်ပြီး မဝါးကြပါဘူး။ ပါးစပ်ကို ဟ ဟ ပြီး ဝါးတာမို့လို့ လေက အနည်းနဲ့အများတော့ ဝင်သွားမှာပါပဲ။ ဒီလေက အကျိုးမရှိတဲ့အပြင် တကယ်ကြီးကို ဗိုက်ကြီးဖောင်းလာစေပါတယ်။

တစ်ချိန်လုံး ရေသောက်နေပါ

အားနေယားနေ ရေကို တစ်ခွက်ပြီး တစ်ခွက် သောက်နေပါ။ သတိရတာနဲ့ ရေတစ်ခွက်သွားထည့်ပြီး သောက်လိုက်ရင် အသားအရေပိုလှလာစေနိုင်တဲ့အပြင်  ဗိုက်ထဲမှာ ချေဖျက်စရာတစ်ခုရှိနေတဲ့အတွက်ကြောင့် တော်ရုံတန်ရုံ ဗိုက်မဆာတော့ပါဘူး။ ဝိတ်အမြန်ကျချင်ရင် အစာမစားမီ ရေတစ်ခွက်ကို အားရပါးရသာ မော့သောက်လိုက်ပါ။ အစား သက်သက်ကြီးလျော့စားစရာ မလိုဘဲ သိပ်မစားနိုင်တော့တာကို တွေ့ရပါလိမ့်မယ်။ ရေကြောင့် ဗိုက်တင်းပြီး အစာမဝင်တော့တာဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top