iMyanmarHouse.com - Best Property Website for Myanmar
×

ကြန္ပ်ဴတာေရွ႕ထိုင္ၿပီး အခ်ိန္ၾကာ ၾကာ စာ႐ိုက္ရသူမ်ားမွာ မ်က္လံုးၾကြက္ သားမ်ား အားကုန္ျခင္း၊ အေညာင္းမိ/ ခါးနာျခင္း၊ အ႐ိုးက်ီးေပါင္းတက္ျခင္း၊ လက္ေခ်ာင္းမ်ားႏွင့္ လက္ေကာက္ဝတ္ မ်ားနာက်င္ျခင္း စသည့္ေဝဒနာမ်ား ျဖစ္လာေစပါတယ္။

သတိေပးခ်က္(၁)
==========
ကြန္ပ်ဴတာကို မိနစ္ ၂ဝ ေလာက္ ၾကည့္ၿပီးတိုင္း အျခားတစ္ေနရာသို႔ မ်က္ႏွာ မူ၍ ေပ ၂ဝ အကြာရွိ ပစၥည္းတစ္ခုခုထံ အၾကည့္လႊဲပါ။ ဒီနည္းက မ်က္လံုးအိမ္ထဲ ရွိမွန္ဘီလူးကို ေျပေလ်ာ့ေစပါတယ္။

သတိေပးခ်က္(၂)
==========
ကြန္ပ်ဴတာကို မိနစ္ ၂ဝ ေလာက္ ၾကည့္ၿပီးတိုင္း မ်က္လံုးအိမ္စိုစြတ္ေစဖို႔ မ်က္ေတာင္အႀကိမ္ ၂ဝ ခတ္ေပးပါ။ ဒီနည္းက ကြန္ပ်ဴတာစိုက္ၾကည့္ျခင္း ေၾကာင့္ မ်က္စိေျခာက္ျခင္းႏွင့္ အျခား ေနာက္ဆက္တြဲ မ်က္စိေဝဒနာမ်ားမျဖစ္ ေအာင္ ထိန္းသိမ္းေပးပါတယ္။

သတိေပးခ်က္(၃)
==========
ကြန္ပ်ဴတာခံုမွာ မိနစ္ ၂ဝ ေလာက္ ထိုင္ၿပီးတိုင္း ေျခလွမ္း ၂ဝ ထေလွ်ာက္ ေပးပါ။ ဒီနည္းက ေျခေထာက္နဲ႔ခႏၶာကိုယ္ ေအာက္ပိုင္းမွာ ေသြးမ်ားစုပံုမေနေတာ့ဘဲ ခႏၶာကိုယ္တစ္ခုလံုးသို႔ ေသြးလည္ပတ္မႈျပန္လည္မွ်တလာေစပါတယ္။

သတိေပးခ်က္(၄)
==========
အလုပ္ခ်ိန္ၿပီးၿပီဆိုရင္ လက္ေကာက္ ဝတ္ကို နာရီလက္တံလည္ပတ္သည့္ လားရာအတိုင္း ၁ဝ ႀကိမ္စက္ဝိုင္းပံုစံ လွည့္ေပးပါ။ ၿပီးရင္ နာရီလက္တံ ေျပာင္းျပန္ ၁ဝ ႀကိမ္စက္ဝိုင္းပံုစံလွည့္ ပါ။ ဒီနည္းက လက္ေခ်ာင္း၊ လက္ဆစ္ မ်ားႏွင့္ လက္ေကာက္ဝတ္နာက်င္ျခင္းကို သက္သာေစပါတယ္။

သတိေပးခ်က္(၅)
==========
တစ္ေန႔တာအတြက္ တာဝန္ခ်ိန္ၿပီး ဆံုးသြားပါက လည္ပင္းကိုၿငိမ္ၿငိမ္ထား ၿပီး ေခါင္းကို ယာဘက္သို႔ ၁ဝ ႀကိမ္ ျဖည္းျဖည္းခ်င္းေရႊ႕ပါ။ ၿပီးရင္ေခါင္းကို အေပၚ-ေအာက္ ၁ဝ ႀကိမ္ျဖည္းျဖည္း ခ်င္းေရႊ႕ပါ။ ဒီနည္းက ဇက္ေၾကာတက္ ျခင္း၊ လည္ပင္းအ႐ိုးအဆစ္မ်ားေညာင္းညာ ျခင္း စသည့္ေဝဒနာမ်ားကိုခ်က္ခ်င္း သက္သာသြားေစပါတယ္။

Credit:ေပါက္ေပါက္ - The Union Daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 ကွန်ပျူတာရှေ့ထိုင်ပြီး အချိန်ကြာ ကြာ စာရိုက်ရသူများမှာ မျက်လုံးကြွက် သားများ အားကုန်ခြင်း၊ အညောင်းမိ/ ခါးနာခြင်း၊ အရိုးကျီးပေါင်းတက်ခြင်း၊ လက်ချောင်းများနှင့် လက်ကောက်ဝတ် များနာကျင်ခြင်း စသည့်ဝေဒနာများ ဖြစ်လာစေပါတယ်။

သတိပေးချက်(၁)
==========
ကွန်ပျူတာကို မိနစ် ၂ဝ လောက် ကြည့်ပြီးတိုင်း အခြားတစ်နေရာသို့ မျက်နှာ မူ၍ ပေ ၂ဝ အကွာရှိ ပစ္စည်းတစ်ခုခုထံ အကြည့်လွှဲပါ။ ဒီနည်းက မျက်လုံးအိမ်ထဲ ရှိမှန်ဘီလူးကို ပြေလျော့စေပါတယ်။

သတိပေးချက်(၂)
==========
ကွန်ပျူတာကို မိနစ် ၂ဝ လောက် ကြည့်ပြီးတိုင်း မျက်လုံးအိမ်စိုစွတ်စေဖို့ မျက်တောင်အကြိမ် ၂ဝ ခတ်ပေးပါ။ ဒီနည်းက ကွန်ပျူတာစိုက်ကြည့်ခြင်း ကြောင့် မျက်စိခြောက်ခြင်းနှင့် အခြား နောက်ဆက်တွဲ မျက်စိဝေဒနာများမဖြစ် အောင် ထိန်းသိမ်းပေးပါတယ်။

သတိပေးချက်(၃)
==========
ကွန်ပျူတာခုံမှာ မိနစ် ၂ဝ လောက် ထိုင်ပြီးတိုင်း ခြေလှမ်း ၂ဝ ထလျှောက် ပေးပါ။ ဒီနည်းက ခြေထောက်နဲ့ခန္ဓာကိုယ် အောက်ပိုင်းမှာ သွေးများစုပုံမနေတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံးသို့ သွေးလည်ပတ်မှုပြန်လည်မျှတလာစေပါတယ်။

သတိပေးချက်(၄)
==========
အလုပ်ချိန်ပြီးပြီဆိုရင် လက်ကောက် ဝတ်ကို နာရီလက်တံလည်ပတ်သည့် လားရာအတိုင်း ၁ဝ ကြိမ်စက်ဝိုင်းပုံစံ လှည့်ပေးပါ။ ပြီးရင် နာရီလက်တံ ပြောင်းပြန် ၁ဝ ကြိမ်စက်ဝိုင်းပုံစံလှည့် ပါ။ ဒီနည်းက လက်ချောင်း၊ လက်ဆစ် များနှင့် လက်ကောက်ဝတ်နာကျင်ခြင်းကို သက်သာစေပါတယ်။

သတိပေးချက်(၅)
==========
တစ်နေ့တာအတွက် တာဝန်ချိန်ပြီး ဆုံးသွားပါက လည်ပင်းကိုငြိမ်ငြိမ်ထား ပြီး ခေါင်းကို ယာဘက်သို့ ၁ဝ ကြိမ် ဖြည်းဖြည်းချင်းရွှေ့ပါ။ ပြီးရင်ခေါင်းကို အပေါ်-အောက် ၁ဝ ကြိမ်ဖြည်းဖြည်း ချင်းရွှေ့ပါ။ ဒီနည်းက ဇက်ကြောတက် ခြင်း၊ လည်ပင်းအရိုးအဆစ်များညောင်းညာ ခြင်း စသည့်ဝေဒနာများကိုချက်ချင်း သက်သာသွားစေပါတယ်။

Credit:ပေါက်ပေါက် - The Union Daily




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top