iMyanmarHouse.com - Best Property Website for Myanmar
×

ေသြးဆံုးကိုင္ခ်ိန္မွာ ေယာဂက်င့္ေပးျခင္းဟာ ေကာင္းမြန္စြာ အိပ္ေပ်ာ္ေစႏိုင္တယ္လို႔ သုေတသနတစ္ရပ္မွာ ေဖာ္ျပထားပါတယ္။ ၁၂ ပတ္ၾကာ ေလ့ က်င့္ေပးရမယ့္ ေယာဂေၾကာင့္ ေသြးဆံုးၿပီး အမ်ိဳးသမီးေတြဟာ ညဘက္ ေခၽြးထြက္လြန္ျခင္း၊ ကိုယ္ခႏၶာ ပူစပ္ ပူေလာင္ျဖစ္ျခင္းေတြ ေလ်ာ့ပါး လာတယ္လို႔လည္း သုေတသီေတြက ေျပာၾကားထားပါတယ္။

ဒီေလ့လာမႈကို Group Health Research Institute မွ သုေတသီ Katherine Newton က ဦးေဆာင္ခဲ့ၿပီး ေသြးဆံုးကိုင္ခ်ိန္္ ၾကံဳေတြ႕ရမယ့္ အိပ္ မေပ်ာ္ျခင္းကို ေယာဂက်င့္ေပးျခင္းအားျဖင့္ သက္သာေစႏိုင္ေၾကာင္းေျပာၾကားထားပါတယ္။ ေသြးဆံုးကိုင္ျခင္းမွာ ၾကံဳေတြ႕ရမယ့္ ျပႆနာေတြကို ေလ့က်င့္ခန္းလုပ္ျခင္း၊ ေယာဂက်င့္ျခင္းနဲ႔ ငါးႀကီးဆီစားျခင္းအားျဖင့္ သက္သာေစႏိုင္တယ္ဆိုတာကို ယခင္သုေတသနမ်ားမွာ ေဖာ္ထုတ္ႏိုင္ခဲ့ၿပီး ျဖစ္ပါတယ္။

ေလ့လာမႈမွာ ေသြးဆံုးခါနီး အမ်ိဳးသမီး ၂၄၉ဦးကို သုေတသနျပဳခဲ့ၿပီး အုပ္စုႏွစ္စု ခြဲလိုက္ပါတယ္။ အုပ္စုတစ္စုကို   ေယာဂက်င့္ေစခဲ့ၿပီး ေနာက္တစ္အုပ္စုကိုေတာ့ အလယ္အလတ္အဆင့္ ေအ႐ိုးဗစ္အားကစားကို ျပဳလုပ္ေစခဲ့ပါတယ္။ ေတြ႕ရွိလာရတာကေတာ့ ေအ႐ိုးဗစ္ အုပ္စုမွာ အိပ္စက္မႈအရည္အေသြး တိုးတက္လာပါတယ္။ ေယာဂအုပ္စုမွာကေတာ့ အိပ္စက္မႈအရည္အေသြးက ေအ႐ိုးဗစ္အုပ္စုထက္ ပိုေကာင္းၿပီး စိတ္က်ျခင္းေ၀ဒနာလဲ သက္သာလာတာကို ေတြ႕ရွိရပါတယ္။
ဒီေတြ႕ရွိမႈကို Online Journal in Menopause မွာ ေဖာ္ျပထားပါတယ္။
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Health Updates Journal

Unicode Version

သွးဆုံးကိုင်ချိန်မှာ ယောဂကျင့်ပေးခြင်းဟာ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်တယ်လို့ သုတေသနတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ၁၂ ပတ်ကြာ လေ့ ကျင့်ပေးရမယ့် ယောဂကြောင့် သွေးဆုံးပြီး အမျိုးသမီးတွေဟာ ညဘက် ချွေးထွက်လွန်ခြင်း၊ ကိုယ်ခန္ဓာ ပူစပ် ပူလောင်ဖြစ်ခြင်းတွေ လျော့ပါး လာတယ်လို့လည်း သုတေသီတွေက ပြောကြားထားပါတယ်။

ဒီလေ့လာမှုကို Group Health Research Institute မှ သုတေသီ Katherine Newton က ဦးဆောင်ခဲ့ပြီး သွေးဆုံးကိုင်ချိန် ကြုံတွေ့ရမယ့် အိပ် မပျော်ခြင်းကို ယောဂကျင့်ပေးခြင်းအားဖြင့် သက်သာစေနိုင်ကြောင်းပြောကြားထားပါတယ်။ သွေးဆုံးကိုင်ခြင်းမှာ ကြုံတွေ့ရမယ့် ပြဿနာတွေကို လေ့ကျင့်ခန်းလုပ်ခြင်း၊ ယောဂကျင့်ခြင်းနဲ့ ငါးကြီးဆီစားခြင်းအားဖြင့် သက်သာစေနိုင်တယ်ဆိုတာကို ယခင်သုတေသနများမှာ ဖော်ထုတ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။

လေ့လာမှုမှာ သွေးဆုံးခါနီး အမျိုးသမီး ၂၄၉ဦးကို သုတေသနပြုခဲ့ပြီး အုပ်စုနှစ်စု ခွဲလိုက်ပါတယ်။ အုပ်စုတစ်စုကို   ယောဂကျင့်စေခဲ့ပြီး နောက်တစ်အုပ်စုကိုတော့ အလယ်အလတ်အဆင့် အေရိုးဗစ်အားကစားကို ပြုလုပ်စေခဲ့ပါတယ်။ တွေ့ရှိလာရတာကတော့ အေရိုးဗစ် အုပ်စုမှာ အိပ်စက်မှုအရည်အသွေး တိုးတက်လာပါတယ်။ ယောဂအုပ်စုမှာကတော့ အိပ်စက်မှုအရည်အသွေးက အေရိုးဗစ်အုပ်စုထက် ပိုကောင်းပြီး စိတ်ကျခြင်းဝေဒနာလဲ သက်သာလာတာကို တွေ့ရှိရပါတယ်။
ဒီတွေ့ရှိမှုကို Online Journal in Menopause မှာ ဖော်ပြထားပါတယ်။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Health Updates Journal
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top