iMyanmarHouse.com - Best Property Website for Myanmar
×
Credit:trend myanmar
#Unicode Version
ကိုယ့်အိမ်မှာ မဟုတ်ပဲ အပြင်ထွက် ထမင်းစားရတာ သဘောမကျတဲ့သူ ဘယ်သူရှိမှာလဲ။ အရသာရှိတဲ့ အစားအသောက်တွေ မိမိချစ်ခင်ရသူတွေနဲ့အတူ သုံးဆောင်ရတာကလည်း ပျော်ရွှင်မှုတွေ ရရှိစေတာကိုး။ ဒါတွေကြောင့် ကျွနု်ပ်တို့တွေဟာ ကိုယ်သဘောကျတဲ့ စားသောက်ဆိုင်မှာ ငွေထည်ပစ္စည်းတွေ အသုံးပြုခြင်းရဲ့ ဖြစ်နိုင်ခြေအန္တရာယ်တွေကို သတိမရကြတော့ပါဘူး။
ပါးစပ်ထဲ ထိုးထည့်ရတဲ့ စားသောက်ဆိုင်အသုံးအဆောင်ပစ္စည်းတွေနဲ့ ပတ်သက်လာရင် အနည်းငယ် ဂရုတစိုက်ရှိသင့်ပါတယ်။ အစာအိမ်၊ အူရောင်ရမ်းနာဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေ ရှိနေနိုင်ပါတယ်။ ကမ္ဘာပေါ်ရှိ ရောဂါပိုးတွေ အကုန်အစင် ရှင်းပစ်လို့ မရပါဘူး။ တချို့စားသောက်ဆိုင်တွေ ပန်းကန်ဆေးစက်သုံးပြီး ဇွန်း၊ ပန်းကန်တွေကို ပိုသတ်ဆေးစိမ်တာတွေတော့ ရှိကြပါတယ်။
စားသောက်ဆိုင်မှာ စားခါနီး စားသောက်ဆိုင်နောက်ကွယ်မှာ လုပ်နေတာတွေကို ထိန်းချုပ်လို့ မရပေမယ့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်တာတော့ အမြဲသတိရပါ။ ကိုယ်စားတဲ့ နေရာသန့်ရှင်းပြီး အနံ့အသက်တွေ ကောင်းမွန်နေပါစေ။ နေမကောင်းတဲ့အချိန် သို့မဟုတ် ကိုယ်ခံအား နည်းနေတဲ့အချိန် စားသောက်ဆိုင်မှာ ဘယ်တော့မှာ မစားပါနဲ့။ ပြီးတော့ ငွေထည်အသုံးအဆောင်ပစ္စည်းတွေပေါ် အညစ်အကြေး၊ ထမင်းကျန်တွေကပ်နေလားဆိုတာ အမြဲတမ်းစစ်ဆေးပါ။
ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:trend myanmar
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top