iMyanmarHouse.com - Best Property Website for Myanmar
×

ခ်စ္သူစုံတြဲေတြ အမ်ားႀကီးရွိတဲ့အထဲမွာ ေမာင္ေလးနဲ႔ မမအတြဲေတြလည္း ပါ၀င္ပါလိမ့္မယ္။ ေမာင္ေလးနဲ႔မမအတြဲေတြဟာ သာမန္အတြဲေတြထက္စာရင္ စိတ္ခ်မ္းသာမႈ၊ တစ္ဦးအေပၚတစ္ဦး ဂ႐ုစုိက္မႈ၊ အလုိက္သိမႈ စတဲ့အခ်က္ေတြမွာ ပုိတယ္လုိ႔ ဆုိပါတယ္။ ဘာေၾကာင့္လဲဆုိရင္ ေအာက္မွာ အေၾကာင္းျပခ်က္ေတြ ေဖာ္ျပထားပါတယ္။ ေမာင္ေလးနဲ႔မမ အခ်စ္ဇာတ္လမ္းကို ပုိင္ဆုိင္ထားတဲ့ Shwemom ပရိသတ္ႀကီးနဲ႔ မပိုင္ဆုိင္ရေသးသူေတြအတြက္ ေဖာ္ျပေပးလုိက္ပါတယ္။
(၁) လူငယ္ေတြအႀကိဳက္ကုိ သိတယ္

သင့္ထက္ အသက္နည္းနည္းပဲ ႀကီးတယ္ဆုိရင္ေတာင္ သူဟာ သင့္ရဲ႕အႀကိဳက္ ဘာဆုိတာကို ေသေသခ်ာခ်ာသိၿပီးမွ၊ သူမနဲ႔ အန္၀င္ကြင္က်ျဖစ္ႏုိ္င္တယ္ဆုိမွ လက္ခံခဲ့တာ ျဖစ္ပါတယ္။ ဒီအတြက္ စုိးရိမ္စရာ မရွိပါဘူး။ အသက္နည္းနည္းပုိႀကီးေလး လူငယ္ေတြအႀကိဳက္ကုိ ပုိသိေလပါဘဲ။ အေၾကာင္းကေတာ့ သူကုိယ္တုိုင္ လူငယ္ဘ၀က ျဖတ္သန္းလာလုိ႔ပါ။
(၂) သူတုိ႔ဘာလုိခ်င္တယ္ဆုိတာလည္း ရွင္းရွင္းလင္းလင္းသိတယ္

သူတုိ႔လုိခ်င္တဲ့ အရာေတြအတြက္ ဂ်ီက်ျခင္း၊ စိတ္ေကာက္ျခင္းကို သင္ ေတြ႕ရမွာ မဟုတ္ပါဘူး။ နံပတ္တစ္အခ်က္မွာ ပါတဲ့အတုိင္း သင့္အႀကိဳက္ကုိ သိတဲ့အတြက္ သူ႕အႀကိဳက္က ဘယ္လုိအရာလဲဆုိတာကုိ သင္သိေအာင္ ျပသႏုိင္ပါတယ္။ ဒါဟာ ကေလးဆန္ဆန္ ေကာင္မေလးေတြနဲ႔ ဆီနဲ႔ေရလုိ ကြာျခားခ်က္ပါဘဲ။

(၃) ဘ၀အေတြ႕အႀကဳံေတြ အမ်ားႀကီး

သူမမွာ ဘ၀အေတြ႕အႀကဳံေတြ အမ်ားႀကီး ျဖတ္သန္းလာခဲ့ဖူးပါၿပီ၊ ဒီေတာ့ သူတုိ႔ဟာ အျခားမိန္းကေလးေတြထက္ေတာ့ တည္ၿငိမ္ရင့္က်က္ေနမွာ အမွန္ပါဘဲ။ ေနာက္ၿပီးေတာ့ ေတာ္႐ုံ ေလာကဓံေလာက္ကေတာ့ ေယာက္်ားမိန္းမ တန္းတူနီးပါးေလာက္ကုိ ခံႏုိင္ရည္ ရွိေနပါၿပီ၊ အေတြ႕အႀကဳံရင့္က်က္ေတာ့ အမွားနည္းပါတယ္။ အမွားနည္းေတာ့ စိတ္ညစ္ရ သက္သာတာေပါ့။
(၄) အသက္ငယ္ငယ္အမ်ိဳူးသမီးထက္ အမ်ားႀကီးရင့္က်က္တယ္

အေသခ်ာဆုံးတစ္ခုကေတာ့ သင္နဲ႔ အနီးအနား ပတ္၀န္းက်င္က ေမာင္ေလးနဲ႔မမ စုံတြဲေတြကို လုိက္ၿပီး စုံစမ္းၾကည့္ရင္ သိမွာပါ။ အဲဒီအမ်ိဳးသမီးေတြက ကေလးကလားဆန္သလား၊ တစ္နာရီျခားတစ္ခါ စိတ္ေကာက္ေလ့ရွိသလား၊ ၾကည္ရင္
ၾကည္သလုိ၊ မၾကည္ရင္ မၾကည္သလုိ ဆက္ဆံသလား၊ ခ်ဳပ္ခ်ယ္သလားဆုိတာ … အသက္ပုိႀကီးတဲ့ အမ်ိဳးသမီးေတြက ဒါေတြဟာ တစ္ဖက္သားကုိ ဒုကၡသက္သက္ေပးေနတဲ့ အရာေတြပါလားဆုိတာ သိပါတယ္။

(၅) ထုိက္တန္တဲ့ လုိက္ေလ်ာမႈကုိ သိတယ္

အသက္ႀကီးႀကီး မမႀကီးေတြက အရမ္းကာေရာ အလုိလုိက္တာမ်ိဳး မဟုတ္ပါဘူး၊ ေနာက္ၿပီး ဘယ္လုိအခ်ိန္မွာ ဘယ္လုိလုိက္ေလ်ာမႈရွိရမယ္ဆုိတာကိုလည္း သိသူျဖစ္ပါတယ္။ အေပးအယူဆန္တဲ့ဆက္ဆံေရးမ်ိဳးမဟုတ္ေပမယ့္ သူတုိ႔မွာ ေပး
ျခင္းယူျခင္းဟာ စနစ္တက် ရွိပါတယ္။

Credit : shwemom

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ချစ်သူစုံတွဲတွေ အများကြီးရှိတဲ့အထဲမှာ မောင်လေးနဲ့ မမအတွဲတွေလည်း ပါဝင်ပါလိမ့်မယ်။ မောင်လေးနဲ့မမအတွဲတွေဟာ သာမန်အတွဲတွေထက်စာရင် စိတ်ချမ်းသာမှု၊ တစ်ဦးအပေါ်တစ်ဦး ဂရုစိုက်မှု၊ အလိုက်သိမှု စတဲ့အချက်တွေမှာ ပိုတယ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုရင် အောက်မှာ အကြောင်းပြချက်တွေ ဖော်ပြထားပါတယ်။ မောင်လေးနဲ့မမ အချစ်ဇာတ်လမ်းကို ပိုင်ဆိုင်ထားတဲ့ Shwemom ပရိသတ်ကြီးနဲ့ မပိုင်ဆိုင်ရသေးသူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) လူငယ်တွေအကြိုက်ကို သိတယ်

သင့်ထက် အသက်နည်းနည်းပဲ ကြီးတယ်ဆိုရင်တောင် သူဟာ သင့်ရဲ့အကြိုက် ဘာဆိုတာကို သေသေချာချာသိပြီးမှ၊ သူမနဲ့ အန်ဝင်ကွင်ကျဖြစ်နိုင်တယ်ဆိုမှ လက်ခံခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် စိုးရိမ်စရာ မရှိပါဘူး။ အသက်နည်းနည်းပိုကြီးလေး လူငယ်တွေအကြိုက်ကို ပိုသိလေပါဘဲ။ အကြောင်းကတော့ သူကိုယ်တိုင် လူငယ်ဘဝက ဖြတ်သန်းလာလို့ပါ။
(၂) သူတို့ဘာလိုချင်တယ်ဆိုတာလည်း ရှင်းရှင်းလင်းလင်းသိတယ်

သူတို့လိုချင်တဲ့ အရာတွေအတွက် ဂျီကျခြင်း၊ စိတ်ကောက်ခြင်းကို သင် တွေ့ရမှာ မဟုတ်ပါဘူး။ နံပတ်တစ်အချက်မှာ ပါတဲ့အတိုင်း သင့်အကြိုက်ကို သိတဲ့အတွက် သူ့အကြိုက်က ဘယ်လိုအရာလဲဆိုတာကို သင်သိအောင် ပြသနိုင်ပါတယ်။ ဒါဟာ ကလေးဆန်ဆန် ကောင်မလေးတွေနဲ့ ဆီနဲ့ရေလို ကွာခြားချက်ပါဘဲ။

(၃) ဘဝအတွေ့အကြုံတွေ အများကြီး

သူမမှာ ဘဝအတွေ့အကြုံတွေ အများကြီး ဖြတ်သန်းလာခဲ့ဖူးပါပြီ၊ ဒီတော့ သူတို့ဟာ အခြားမိန်းကလေးတွေထက်တော့ တည်ငြိမ်ရင့်ကျက်နေမှာ အမှန်ပါဘဲ။ နောက်ပြီးတော့ တော်ရုံ လောကဓံလောက်ကတော့ ယောက်ျားမိန်းမ တန်းတူနီးပါးလောက်ကို ခံနိုင်ရည် ရှိနေပါပြီ၊ အတွေ့အကြုံရင့်ကျက်တော့ အမှားနည်းပါတယ်။ အမှားနည်းတော့ စိတ်ညစ်ရ သက်သာတာပေါ့။
(၄) အသက်ငယ်ငယ်အမျိုူးသမီးထက် အများကြီးရင့်ကျက်တယ်

အသေချာဆုံးတစ်ခုကတော့ သင်နဲ့ အနီးအနား ပတ်ဝန်းကျင်က မောင်လေးနဲ့မမ စုံတွဲတွေကို လိုက်ပြီး စုံစမ်းကြည့်ရင် သိမှာပါ။ အဲဒီအမျိုးသမီးတွေက ကလေးကလားဆန်သလား၊ တစ်နာရီခြားတစ်ခါ စိတ်ကောက်လေ့ရှိသလား၊ ကြည်ရင်
ကြည်သလို၊ မကြည်ရင် မကြည်သလို ဆက်ဆံသလား၊ ချုပ်ချယ်သလားဆိုတာ … အသက်ပိုကြီးတဲ့ အမျိုးသမီးတွေက ဒါတွေဟာ တစ်ဖက်သားကို ဒုက္ခသက်သက်ပေးနေတဲ့ အရာတွေပါလားဆိုတာ သိပါတယ်။

(၅) ထိုက်တန်တဲ့ လိုက်လျောမှုကို သိတယ်

အသက်ကြီးကြီး မမကြီးတွေက အရမ်းကာရော အလိုလိုက်တာမျိုး မဟုတ်ပါဘူး၊ နောက်ပြီး ဘယ်လိုအချိန်မှာ ဘယ်လိုလိုက်လျောမှုရှိရမယ်ဆိုတာကိုလည်း သိသူဖြစ်ပါတယ်။ အပေးအယူဆန်တဲ့ဆက်ဆံရေးမျိုးမဟုတ်ပေမယ့် သူတို့မှာ ပေး
ခြင်းယူခြင်းဟာ စနစ်တကျ ရှိပါတယ်။


Credit : shwemom


ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top