iMyanmarHouse.com - Best Property Website for Myanmar
×

သင္ဟာ ၁၅၊ ၁၆ အရြယ္ပဲ ျဖစ္ျဖစ္ ၂၅ အရြယ္ပဲ ျဖစ္ျဖစ္ ကိုယ္ေၾကြရတဲ့လူနားေရာက္ရင္ ျဖစ္သြားတတ္တာေတြက တူတတ္ပါတယ္။ သိသာလြန္းတာနဲ႔ မသိတာပဲ ကြာပါတယ္။ ဒီလိုခံစားခ်က္မ်ိဳး လူတိုင္းျဖစ္ဖူးတတ္ၾကပါတယ္။ ဒါေပမဲ့ ေၾကြေနတဲ့လူ အနားေရာက္လာတဲ့အခါ အမူအရာေတြ ပ်က္ေနတာကို သင့္ေဘးနားက လူေတြက ပိုသတိထားမိတတ္ပါတယ္။ ေအာက္ပါအခ်က္ေတြကေတာ့ ေျပာင္းလဲသြားတတ္တဲ့ အမူအရာ ပုံစံ ၅ မ်ိဳး ျဖစ္ပါတယ္။

၁ - ျဖတ္ခနဲၾကည့္တယ္

သင္ၾကည့္လိုက္တဲ့ အၾကည့္ေလးက ၁၀ စကၠန္႔ထက္ မပိုတတ္ပါဘူး။ ျဖတ္ခနဲၾကည့္တဲ့ အၾကည့္မ်ိဳးပါ။  ေနာက္ဆံုးမွာ သူ႔နားေရာက္ရင္ ဒီအၾကည့္ကိုကၽြမ္းကၽြမ္းက်င္က်င္ ၾကည့္တတ္လာတဲ့ သင္ဟာ ဘယ္လို အေျခအေနမ်ိဳးမွာမဆုိ ရေအာင္ၾကည့္တတ္လာပါတယ္။ သင္ေခါင္းငံု႔ထားတဲ့အခ်ိန္မွာေတာင္ သူ႔ကို ဘယ္လိုၾကည့္ရမလဲဆိုတာ သိပါတယ္။ လူအုပ္ၾကားထဲေရာက္ရင္လည္း သူ႔ကိုလွမ္းၾကည့္ႏုိင္မယ့္ လမ္းေၾကာင္းကို ခဏအတြင္း ရွာႏုိင္ပါတယ္။

၂ - ပံုမွန္လိုၾကိဳးစား

ဘာေၾကာင့္မွန္းမသိဘဲ သူ႔နားေရာက္ရင္ ပံုမွန္ပုံစံကို ထိန္းထားလို႔ မရပါဘူး။ ေျပာလိုက္တဲ့စကားအခ်ိဳ႕၊ လုပ္လိုက္တဲ့ အျပဴအမူအခ်ိဳ႕ဟာ ပံုမွန္မဟုတ္သလို ျဖစ္ေနပါတယ္။ ဒီလိုပံုမွန္မဟုတ္မွန္းသိလို႔ လိုက္ထိန္းေလ ပိုဆိုးေလျဖစ္သြားတတ္ပါတယ္။

၃ - အာရုံစိုက္ခံခ်င္

သူ႔ရဲ႕အာရုံစိုက္မႈရေအာင္ ၾကိဳးစားပါတယ္။ ၾကိတ္ေၾကြေနတ့ဲလူအနားမွာရွိရင္ အသံေတြက က်ယ္သြားတတ္ပါတယ္။ ဒါမွမဟုတ္ တိုးသြားတတ္ပါတယ္။ ရယ္သံကလည္း က်ယ္သြားပါတယ္။ ဒါမွမဟုတ္ရင္လည္း ရယ္သံက ပံုစံတစ္မ်ိဳး ျဖစ္ေနပါတယ္။ အရာရာအားလံုးဟာ သူမ်ားသတိျပဳမိမလားဆုိတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ လုပ္တာ ျဖစ္ပါတယ္။

၄ - ထိန္းခ်ဳပ္မႈ

ေအာ္လိုက္ခ်င္တာလား၊ ေဘးနားကလူရဲ႕ လက္ေမာင္းကို ရိုက္လိုက္ခ်င္တာလား၊ ဘာမွန္းမသိတဲ့ အရာတစ္ခုခုကို ထိန္းခ်ဳပ္ထားရပါတယ္။ ဒီလိုထိန္းခ်ဳပ္ထားရမႈေၾကာင့္ လူနဲ႔စိတ္နဲ႔ တျခားဆီျဖစ္ျပီး လုပ္တာတျခား၊ ေျပာတာတျခားေတြ ျဖစ္ကုန္တာပါ။

၅ - ခပ္မိုက္မိုက္ပံုစံ

သူၾကိဳက္ေလာက္မယ္ထင္တဲ့ ပံုစံမ်ိဳး သင္က ဖမ္းပါတယ္။ ဒါေပမဲ့ သင္လုပ္ခ်င္တဲ့ ပံုစံနဲ႔ တျခားစီျဖစ္သြားတတ္ပါတယ္။ သူအနားမွာ ရွိတဲ့အခ်ိန္ ဟာသေျပာဖို႔ ၾကိဳးစားေပမဲ့ တလြဲ ျဖစ္သြားတတ္ပါတယ္။ မရည္ရြယ္ဘဲ ေၾကာင္ေတာင္ေတာင္လို႔ ထင္သြားႏုိင္တဲ့လုပ္ရပ္ေတြကို လုပ္မိသြားတတ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:Duwun

Unicode Version

သင်ဟာ ၁၅၊ ၁၆ အရွယ်ပဲ ဖြစ်ဖြစ် ၂၅ အရွယ်ပဲ ဖြစ်ဖြစ် ကိုယ်ကြွေရတဲ့လူနားရောက်ရင် ဖြစ်သွားတတ်တာတွေက တူတတ်ပါတယ်။ သိသာလွန်းတာနဲ့ မသိတာပဲ ကွာပါတယ်။ ဒီလိုခံစားချက်မျိုး လူတိုင်းဖြစ်ဖူးတတ်ကြပါတယ်။ ဒါပေမဲ့ ကြွေနေတဲ့လူ အနားရောက်လာတဲ့အခါ အမူအရာတွေ ပျက်နေတာကို သင့်ဘေးနားက လူတွေက ပိုသတိထားမိတတ်ပါတယ်။ အောက်ပါအချက်တွေကတော့ ပြောင်းလဲသွားတတ်တဲ့ အမူအရာ ပုံစံ ၅ မျိုး ဖြစ်ပါတယ်။

၁ - ဖြတ်ခနဲကြည့်တယ်

သင်ကြည့်လိုက်တဲ့ အကြည့်လေးက ၁၀ စက္ကန့်ထက် မပိုတတ်ပါဘူး။ ဖြတ်ခနဲကြည့်တဲ့ အကြည့်မျိုးပါ။  နောက်ဆုံးမှာ သူ့နားရောက်ရင် ဒီအကြည့်ကိုကျွမ်းကျွမ်းကျင်ကျင် ကြည့်တတ်လာတဲ့ သင်ဟာ ဘယ်လို အခြေအနေမျိုးမှာမဆို ရအောင်ကြည့်တတ်လာပါတယ်။ သင်ခေါင်းငုံ့ထားတဲ့အချိန်မှာတောင် သူ့ကို ဘယ်လိုကြည့်ရမလဲဆိုတာ သိပါတယ်။ လူအုပ်ကြားထဲရောက်ရင်လည်း သူ့ကိုလှမ်းကြည့်နိုင်မယ့် လမ်းကြောင်းကို ခဏအတွင်း ရှာနိုင်ပါတယ်။

၂ - ပုံမှန်လိုကြိုးစား

ဘာကြောင့်မှန်းမသိဘဲ သူ့နားရောက်ရင် ပုံမှန်ပုံစံကို ထိန်းထားလို့ မရပါဘူး။ ပြောလိုက်တဲ့စကားအချို့၊ လုပ်လိုက်တဲ့ အပြူအမူအချို့ဟာ ပုံမှန်မဟုတ်သလို ဖြစ်နေပါတယ်။ ဒီလိုပုံမှန်မဟုတ်မှန်းသိလို့ လိုက်ထိန်းလေ ပိုဆိုးလေဖြစ်သွားတတ်ပါတယ်။

၃ - အာရုံစိုက်ခံချင်

သူ့ရဲ့အာရုံစိုက်မှုရအောင် ကြိုးစားပါတယ်။ ကြိတ်ကြွေနေတဲ့လူအနားမှာရှိရင် အသံတွေက ကျယ်သွားတတ်ပါတယ်။ ဒါမှမဟုတ် တိုးသွားတတ်ပါတယ်။ ရယ်သံကလည်း ကျယ်သွားပါတယ်။ ဒါမှမဟုတ်ရင်လည်း ရယ်သံက ပုံစံတစ်မျိုး ဖြစ်နေပါတယ်။ အရာရာအားလုံးဟာ သူများသတိပြုမိမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ လုပ်တာ ဖြစ်ပါတယ်။

၄ - ထိန်းချုပ်မှု

အော်လိုက်ချင်တာလား၊ ဘေးနားကလူရဲ့ လက်မောင်းကို ရိုက်လိုက်ချင်တာလား၊ ဘာမှန်းမသိတဲ့ အရာတစ်ခုခုကို ထိန်းချုပ်ထားရပါတယ်။ ဒီလိုထိန်းချုပ်ထားရမှုကြောင့် လူနဲ့စိတ်နဲ့ တခြားဆီဖြစ်ပြီး လုပ်တာတခြား၊ ပြောတာတခြားတွေ ဖြစ်ကုန်တာပါ။

၅ - ခပ်မိုက်မိုက်ပုံစံ

သူကြိုက်လောက်မယ်ထင်တဲ့ ပုံစံမျိုး သင်က ဖမ်းပါတယ်။ ဒါပေမဲ့ သင်လုပ်ချင်တဲ့ ပုံစံနဲ့ တခြားစီဖြစ်သွားတတ်ပါတယ်။ သူအနားမှာ ရှိတဲ့အချိန် ဟာသပြောဖို့ ကြိုးစားပေမဲ့ တလွဲ ဖြစ်သွားတတ်ပါတယ်။ မရည်ရွယ်ဘဲ ကြောင်တောင်တောင်လို့ ထင်သွားနိုင်တဲ့လုပ်ရပ်တွေကို လုပ်မိသွားတတ်ပါတယ်။
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top