iMyanmarHouse.com - Best Property Website for Myanmar
×

ပထမဆံုး စာဖတ္သူအေနနဲ႔ ဒီေမးခြန္း(၅)ခုကို ေျဖၾကည့္ပါ။ မိမိ စိတ္ကူးနဲ႔ အျဖစ္ႏုိင္ဆံုး အေျဖကုိ ခန္႔မွန္းၾကည့္ေပးပါ။
၁။ ေယာက္်ားနဲ႔ မိန္းမမွာ ဘယ္သူက တစ္ေယာက္အေပၚ တစ္ေယာက္ စခ်စ္ေလ့ရွိလဲ။

၂။ ျမင္ျမင္ခ်င္းအခ်စ္မွာ ေယာက္်ားနဲ႔မိန္းမ ဘယ္သူက ပုိ ျဖစ္ေလ့ရွိလဲ။

၃။ ေယာက္်ားနဲ႔မိန္းမမွာ အခ်စ္ဟာ ထာ၀ရတည္တံ့ေန တယ္လုိ႔ ဘယ္သူက ပုိၿပီး ယံုၾကည္ ေလ့ရွိလဲ။

၄။ ၿပီးျပည့္စံုတဲ့ အခ်စ္ရွိ တယ္လို႔ ဘယ္သူက ပုိယံုၾကည္ ေလ့ရွိလဲ။

၅။ အခ်စ္မပါဘဲ လက္ထပ္ ခ်င္တဲ့သူက ဘယ္သူေတြလဲ။

ဒီေမးခြန္းကုိ ပေရာ္ဖက္ဆာ တစ္ေယာက္က သူ႕ေက်ာင္းသား ေတြကုိ ေမးၾကည့္တယ္။ ေက်ာင္း သားေတြ အထင္နဲ႔ ရမ္းႀကိတ္တဲ့ အေျဖကေတာ့ အမ်ားစုဟာ ]မိန္းမ} ျဖစ္ႏုိင္တယ္တဲ့။ တကယ့္ တကယ္ တမ္းအေျဖမွန္ကေတာ့ ]ေယာက္်ား} ေတြပဲ ျဖစ္ပါတယ္။

ဒီရလဒ္ အေျဖေၾကာင့္ ပေရာ္ ဖက္ဆာရဲ႕ ေက်ာင္းသားေတြ အံ့ အားသင့္သြားၾကသလုိ စာဖတ္ သူလည္း အ့ံအားသင့္သြား ႏုိင္ပါ တယ္။ ဘာျဖစ္လို႔လဲဆုိေတာ့ စႏိုး၀ိႈက္ပံုျပင္ေတြဟာ အမ်ိဳးသမီး ေတြအတြက္သာျဖစ္ခဲ့ၿပီးေယာက္်ား ေတြအတြက္ကေတာ့ အခ်စ္ထက္ ကာမကုိ ပုိဦးစားေပးလိမ့္မယ္ဆုိတဲ့ ထင္ျမင္ယူဆခ်က္ေၾကာင့္ပဲ ျဖစ္ပါ တယ္။

အမွန္ေတာ့ ေယာက္်ားေတြ ကုိ ခ်ည္ေႏွာင္ထားတဲ့အခ်က္ သံုးခ်က္ ရွိပါတယ္။ ]႐ုပ္ရည္႐ူပါ}၊ ]အလုပ္အကုိင္၊ အသက္ေမြး၀မ္း ေက်ာင္း}၊ ]ကုိယ္ခႏၶာေတာင့္ တင္း ႀကံ႕ခုိင္မႈ}တုိ႔ပဲ ျဖစ္ပါတယ္။
ျမင္ျမင္ခ်င္းအခ်စ္မွာ ဘာ ျဖစ္လုိ႔ ေယာက္်ားေတြက ပုိ မ်ားေနရတာလဲ။
အေၾကာင္းရင္းကေတာ့ ေယာက္်ားေတြဟာ ႐ုပ္ရည္႐ူပါ အေနအထားအေပၚမွာ ႀကီးမား က်ယ္ျပန္႔တဲ့ စိတ္ခံစားမႈေတြကုိ ထားေလ့ ရွိၾကပါတယ္။ ႐ုပ္ရည္ ကို ၾကည့္ၿပီးေတာ့ ]ဒီေကာင္မေလး ကေတာ့ ငါ့အတြက္ပဲ}၊ ]သူကေတာ့ ငါ့နံ႐ုိးရွင္}ပဲ ဆုိၿပီး လ်င္လ်င္ျမန္ျမန္ ပုိခ်စ္ေလ့ ရွိၾကပါတယ္။

ဒီလုိ ႐ုပ္ရည္အေပၚ အေသး စိတ္ၾကည့္တဲ့အေလ့အထဟာ မိန္းမ ေတြမွာလည္း ရွိႏုိင္၊ ျဖစ္ႏုိင္ပါတယ္။ ဒါေပမဲ့ မိန္းမေတြမွာ ပုိသြားတဲ့ အခ်က္ေတြကေတာ့ သူတုိ႔မွာ ေနာင္တစ္ခ်ိန္ မိသားစုဘ၀ တည္ ေထာင္မယ္ဆုိတဲ့ စိတ္ကူး၊ ရည္ရြယ္ ခ်က္ေတြပါ ထည့္သြင္း စဥ္းစားတဲ့ အခ်က္ေၾကာင့္ပဲ ျဖစ္ပါတယ္။ သူ တုိ႔တဲြတဲ့ ေယာက္်ားတစ္ေယာက္ ဟာ မိသားစုဘ၀ကုိ ေကာင္းမြန္စြာ တည္ေဆာက္ႏုိင္တဲ့ သူတစ္ ေယာက္လား၊ သူ႕အလုပ္အကုိင္၊ အသက္ေမြး၀မ္းေက်ာင္းက ဘာ လုပ္လဲ၊ ကုိယ္နဲ႔ အိမ္ေထာင္က်ရင္ စား၀တ္ေနေရး အဆင္ေျပပါ့ မလား ဆုိတာ မိန္းမေတြ ၾကည့္တဲ့ တျခား အၾကည့္မ်ားပဲ ျဖစ္ပါတယ္။ ဒါ ေၾကာင့္ ျမင္ျမင္ခ်င္း အခ်စ္ဟာ မိန္းမေတြထက္ ေယာက္်ားေတြမွာ ပုိၿပီး အခ်စ္နာေရာဂါ က်ရတာပါ။

ဒီလုိမ်ိဳး ေနာင္ေရးအတြက္ ၾကည့္တတ္တဲ့ အၾကည့္၊ အက်င့္ ဟာ အလုပ္လုပ္ေနတဲ့ လုပ္ငန္းရွင္ အမ်ိဳးသမီးေတြမွာေတာင္ ျဖစ္ ေလ့ရွိပါတယ္။ အိမ္ေထာင္က်ရင္ သူတုိ႔လုပ္တဲ့ အလုပ္အေပၚ အျပန္ အလွန္ ကုိင္းကြၽန္းမွီ၊ ကြၽန္းကုိင္းမွီ အက်ိဳးျပဳႏုိင္ရဲ႕လားဆုိတာ စဥ္းစား ေလ့ရွိၾကပါတယ္။ ဒီအတြက္ ေယာက္်ားတစ္ေယာက္ရဲ႕ အလုပ္ အကုိင္၊ အသက္ေမြး၀မ္းေက်ာင္း၊ စီးပြားေရးလုပ္ငန္းတုိ႔ဟာ မိန္းမေတြ အတြက္ ထည့္သြင္းစဥ္းစားစရာ အ ခ်က္ေတြပဲ ျဖစ္ပါတယ္။ ေယာက္်ား တစ္ေယာက္ကုိ ယူတဲ့အခါမွာ မိန္းမ တစ္ေယာက္ဟာ အဲဒီ့ေယာက္်ားရဲ႕ အဆင့္အတန္း၊ ဂုဏ္ကုိပါ မသိမသာ ၾကည့္ၿပီးမွ ]အင္း}ဆုိၿပီး ေခါင္းညိတ္ေလ့ရွိၾကတယ္။ ဒါဟာ ]ေယာက္်ားရွိမွ တင့္တယ္တယ္}ဆုိတဲ့ စကားလုိပါပဲ။ ဒါဟာ မိန္းမေတြ အတြက္ အျပစ္တစ္ခု၊ အားနည္း ခ်က္၊ စကားနာထုိးစရာတစ္ခုေတာ့ မဟုတ္ပါဘူး။

ဘာျဖစ္လုိ႔လဲ ဆုိေတာ့ ေယာက္်ားေတြဟာ မိန္းမ ေတြထက္ ပိုၿပီး ႐ုပ္ပုိင္းဆုိင္ရာ က်န္းမာသန္စြမ္းၾကၿပီး အႏုိင္က်င့္ လာမွာကို စုိးရိမ္ေလ့ရွိၾကပါတယ္။ ဒါေၾကာင့္လည္း ေယာက္်ားတစ္ ေယာက္ရဲ႕ စိတ္သေဘာထားနဲ႔ တျခားတည္ၿငိမ္တဲ့ အေနအထားတုိ႔ ကို ေလ့လာတြက္ခ်က္ ၾကရျခင္းပဲ ျဖစ္ပါတယ္။

က်ား၊ မ သေဘာသဘာ၀မွာ ေယာက္်ားေတြဟာ ညစ္ညမ္း အေခြကုိ ပုိႀကိဳက္ၿပီး မိန္းမေတြ က်ေတာ့ အခ်စ္၀တၱဳေကာင္းေတြကုိ ပိုသေဘာက်က်တယ္။ ဒါေပမဲ့ မိန္းမေတြဟာ ေယာက္်ားတစ္ ေယာက္ကုိ အခ်စ္ထက္ တျခား အေၾကာင္းရင္းေတြကုိ ဦးစားေပးၿပီး လက္ထပ္ခ်င္ၾကပါတယ္။ လက္ထပ္ ႏုိင္တဲ့ ေငြေရးေၾကးေရး အင္အား ေတာင့္တင္းေနမယ္ဆုိရင္ ဒါဟာ မိန္းမေတြအတြက္ အခ်စ္ကုိ ေနာက္ ပစ္ၿပီး ဘ၀ကုိ လက္ေတြ႕က်က် ရင္ဆုိင္ဖုိ႔ စဥ္းစားေလ့ရွိၾကပါတယ္။ အခ်စ္စစ္တစ္ခုတည္းနဲ႔တင္ ဘ၀ တစ္ခုကို မတည္ေဆာက္ႏုိင္ဘူးလုိ႔ ယံုၾကည္ထားေလ့ ရွိၾကပါတယ္။

ဒါနဲ႔ သတင္းေကာင္းတစ္ခုက ေတာ့ အခုေခတ္မွာ အမ်ိဳးသမီးေတြ ဟာ အမွီအခုိကင္းၿပီး မိမိဘာသာ ရပ္တည္လာႏုိင္ၾကၿပီျဖစ္တဲ့ အတြက္ အခ်စ္ကုိပဲ ၾကည့္ၿပီး လက္ ထပ္တဲ့ မိန္းမေတြ အမ်ားအျပား ရွိေနတယ္လို႔ ပုရိသထုႀကီးအတြက္ သတင္းေကာင္းပါးရင္း . . .။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:8 DAYS A WEEK ENTERTAINMENT

#Unicode Version

ပထမဆုံး စာဖတ်သူအနေနဲ့ ဒီမေးခွန်း(၅)ခုကို ဖြေကြည့်ပါ။ မိမိ စိတ်ကူးနဲ့ အဖြစ်နိုင်ဆုံး အဖြေကို ခန့်မှန်းကြည့်ပေးပါ။
၁။ ယောက်ျားနဲ့ မိန်းမမှာ ဘယ်သူက တစ်ယောက်အပေါ် တစ်ယောက် စချစ်လေ့ရှိလဲ။

၂။ မြင်မြင်ချင်းအချစ်မှာ ယောက်ျားနဲ့မိန်းမ ဘယ်သူက ပို ဖြစ်လေ့ရှိလဲ။

၃။ ယောက်ျားနဲ့မိန်းမမှာ အချစ်ဟာ ထာဝရတည်တံ့နေ တယ်လို့ ဘယ်သူက ပိုပြီး ယုံကြည် လေ့ရှိလဲ။

၄။ ပြီးပြည့်စုံတဲ့ အချစ်ရှိ တယ်လို့ ဘယ်သူက ပိုယုံကြည် လေ့ရှိလဲ။

၅။ အချစ်မပါဘဲ လက်ထပ် ချင်တဲ့သူက ဘယ်သူတွေလဲ။

ဒီမေးခွန်းကို ပရော်ဖက်ဆာ တစ်ယောက်က သူ့ကျောင်းသား တွေကို မေးကြည့်တယ်။ ကျောင်း သားတွေ အထင်နဲ့ ရမ်းကြိတ်တဲ့ အဖြေကတော့ အများစုဟာ ]မိန်းမ} ဖြစ်နိုင်တယ်တဲ့။ တကယ့် တကယ် တမ်းအဖြေမှန်ကတော့ ]ယောက်ျား} တွေပဲ ဖြစ်ပါတယ်။

ဒီရလဒ် အဖြေကြောင့် ပရော် ဖက်ဆာရဲ့ ကျောင်းသားတွေ အံ့ အားသင့်သွားကြသလို စာဖတ် သူလည်း အံ့အားသင့်သွား နိုင်ပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ စနိုးဝှိုက်ပုံပြင်တွေဟာ အမျိုးသမီး တွေအတွက်သာဖြစ်ခဲ့ပြီးယောက်ျား တွေအတွက်ကတော့ အချစ်ထက် ကာမကို ပိုဦးစားပေးလိမ့်မယ်ဆိုတဲ့ ထင်မြင်ယူဆချက်ကြောင့်ပဲ ဖြစ်ပါ တယ်။

အမှန်တော့ ယောက်ျားတွေ ကို ချည်နှောင်ထားတဲ့အချက် သုံးချက် ရှိပါတယ်။ ]ရုပ်ရည်ရူပါ}၊ ]အလုပ်အကိုင်၊ အသက်မွေးဝမ်း ကျောင်း}၊ ]ကိုယ်ခန္ဓာတောင့် တင်း ကြံ့ခိုင်မှု}တို့ပဲ ဖြစ်ပါတယ်။
မြင်မြင်ချင်းအချစ်မှာ ဘာ ဖြစ်လို့ ယောက်ျားတွေက ပို များနေရတာလဲ။
အကြောင်းရင်းကတော့ ယောက်ျားတွေဟာ ရုပ်ရည်ရူပါ အနေအထားအပေါ်မှာ ကြီးမား ကျယ်ပြန့်တဲ့ စိတ်ခံစားမှုတွေကို ထားလေ့ ရှိကြပါတယ်။ ရုပ်ရည် ကို ကြည့်ပြီးတော့ ]ဒီကောင်မလေး ကတော့ ငါ့အတွက်ပဲ}၊ ]သူကတော့ ငါ့နံရိုးရှင်}ပဲ ဆိုပြီး လျင်လျင်မြန်မြန် ပိုချစ်လေ့ ရှိကြပါတယ်။

ဒီလို ရုပ်ရည်အပေါ် အသေး စိတ်ကြည့်တဲ့အလေ့အထဟာ မိန်းမ တွေမှာလည်း ရှိနိုင်၊ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ မိန်းမတွေမှာ ပိုသွားတဲ့ အချက်တွေကတော့ သူတို့မှာ နောင်တစ်ချိန် မိသားစုဘ၀ တည် ထောင်မယ်ဆိုတဲ့ စိတ်ကူး၊ ရည်ရွယ် ချက်တွေပါ ထည့်သွင်း စဉ်းစားတဲ့ အချက်ကြောင့်ပဲ ဖြစ်ပါတယ်။ သူ တို့တွဲတဲ့ ယောက်ျားတစ်ယောက် ဟာ မိသားစုဘဝကို ကောင်းမွန်စွာ တည်ဆောက်နိုင်တဲ့ သူတစ် ယောက်လား၊ သူ့အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းက ဘာ လုပ်လဲ၊ ကိုယ်နဲ့ အိမ်ထောင်ကျရင် စားဝတ်နေရေး အဆင်ပြေပါ့ မလား ဆိုတာ မိန်းမတွေ ကြည့်တဲ့ တခြား အကြည့်များပဲ ဖြစ်ပါတယ်။ ဒါ ကြောင့် မြင်မြင်ချင်း အချစ်ဟာ မိန်းမတွေထက် ယောက်ျားတွေမှာ ပိုပြီး အချစ်နာရောဂါ ကျရတာပါ။

ဒီလိုမျိုး နောင်ရေးအတွက် ကြည့်တတ်တဲ့ အကြည့်၊ အကျင့် ဟာ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင် အမျိုးသမီးတွေမှာတောင် ဖြစ် လေ့ရှိပါတယ်။ အိမ်ထောင်ကျရင် သူတို့လုပ်တဲ့ အလုပ်အပေါ် အပြန် အလှန် ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ အကျိုးပြုနိုင်ရဲ့လားဆိုတာ စဉ်းစား လေ့ရှိကြပါတယ်။ ဒီအတွက် ယောက်ျားတစ်ယောက်ရဲ့ အလုပ် အကိုင်၊ အသက်မွေးဝမ်းကျောင်း၊ စီးပွားရေးလုပ်ငန်းတို့ဟာ မိန်းမတွေ အတွက် ထည့်သွင်းစဉ်းစားစရာ အ ချက်တွေပဲ ဖြစ်ပါတယ်။ ယောက်ျား တစ်ယောက်ကို ယူတဲ့အခါမှာ မိန်းမ တစ်ယောက်ဟာ အဲဒီ့ယောက်ျားရဲ့ အဆင့်အတန်း၊ ဂုဏ်ကိုပါ မသိမသာ ကြည့်ပြီးမှ ]အင်း}ဆိုပြီး ခေါင်းညိတ်လေ့ရှိကြတယ်။ ဒါဟာ ]ယောက်ျားရှိမှ တင့်တယ်တယ်}ဆိုတဲ့ စကားလိုပါပဲ။ ဒါဟာ မိန်းမတွေ အတွက် အပြစ်တစ်ခု၊ အားနည်း ချက်၊ စကားနာထိုးစရာတစ်ခုတော့ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲ ဆိုတော့ ယောက်ျားတွေဟာ မိန်းမ တွေထက် ပိုပြီး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းကြပြီး အနိုင်ကျင့် လာမှာကို စိုးရိမ်လေ့ရှိကြပါတယ်။ ဒါကြောင့်လည်း ယောက်ျားတစ် ယောက်ရဲ့ စိတ်သဘောထားနဲ့ တခြားတည်ငြိမ်တဲ့ အနေအထားတို့ ကို လေ့လာတွက်ချက် ကြရခြင်းပဲ ဖြစ်ပါတယ်။

ကျား၊ မ သဘောသဘာဝမှာ ယောက်ျားတွေဟာ ညစ်ညမ်း အခွေကို ပိုကြိုက်ပြီး မိန်းမတွေ ကျတော့ အချစ်ဝတ္တုကောင်းတွေကို ပိုသဘောကျကျတယ်။ ဒါပေမဲ့ မိန်းမတွေဟာ ယောက်ျားတစ် ယောက်ကို အချစ်ထက် တခြား အကြောင်းရင်းတွေကို ဦးစားပေးပြီး လက်ထပ်ချင်ကြပါတယ်။ လက်ထပ် နိုင်တဲ့ ငွေရေးကြေးရေး အင်အား တောင့်တင်းနေမယ်ဆိုရင် ဒါဟာ မိန်းမတွေအတွက် အချစ်ကို နောက် ပစ်ပြီး ဘဝကို လက်တွေ့ကျကျ ရင်ဆိုင်ဖို့ စဉ်းစားလေ့ရှိကြပါတယ်။ အချစ်စစ်တစ်ခုတည်းနဲ့တင် ဘ၀ တစ်ခုကို မတည်ဆောက်နိုင်ဘူးလို့ ယုံကြည်ထားလေ့ ရှိကြပါတယ်။

ဒါနဲ့ သတင်းကောင်းတစ်ခုက တော့ အခုခေတ်မှာ အမျိုးသမီးတွေ ဟာ အမှီအခိုကင်းပြီး မိမိဘာသာ ရပ်တည်လာနိုင်ကြပြီဖြစ်တဲ့ အတွက် အချစ်ကိုပဲ ကြည့်ပြီး လက် ထပ်တဲ့ မိန်းမတွေ အများအပြား ရှိနေတယ်လို့ ပုရိသထုကြီးအတွက် သတင်းကောင်းပါးရင်း . . .။
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:8 DAYS A WEEK ENTERTAINMENT
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top