iMyanmarHouse.com - Best Property Website for Myanmar
×

လူေတြဟာ စကားေတြကို ေျပာခ်င္သည္ျဖစ္ေစ၊ မေျပာခ်င္သည္ျဖစ္ေစ ေျပာေနၾကရတယ္။ ဒီလိုေျပာတဲ့စကားေတြကို နားေထာင္ခ်င္သည္ျဖစ္ေစ၊ နားမေထာင္ခ်င္သည္ျဖစ္ေစ နားေထာင္ေနၾကရတယ္။ စကားေတြ ေျပာတဲ့အခါမွာ အေကာင္းနဲ႔ေျပာတာရွိသလို အဆိုးဘက္ေရာက္တာေတြလည္းရွိတယ္။ ဒီလို စကားေပါင္းမ်ားစြာကို နားေထာင္တဲ့အခါမွာ နားမေထာင္တတ္ရင္ မိမိအတြက္ အခ်ိန္လည္းကုန္၊ စိတ္လည္းပင္ပန္းသြားေစႏုိင္ပါတယ္။ ဒီေတာ့ စကားေတြကို နားေထာင္တဲ့အခါ သတိလက္လြတ္နားမေထာင္ဘဲ အက်ိဳးရွိေအာင္ ဘယ္လိုနားေထာင္မလဲ

၁။ မိမိေကာင္းေၾကာင္းေျပာတဲ့အခါ

မေကာင္းဘဲနဲ႔ ေကာင္းတယ္ေျပာေနရင္ေတာ့ မိမိ တကယ္မေကာင္းေသးေၾကာင္း ျပန္ေျပာႏိုင္ေအာင္ ႀကိဳးစားပါ။ ေျမွာက္ပင့္ေျပာရင္လည္း ေျမွာက္မွန္းသိၿပီး ခြင့္လႊတ္လိုက္ပါ။

ေကာင္းလို႔မို႔ ေကာင္းတယ္ေျပာရင္ေတာ့ မသာယာဖို႔ ႀကိဳးစားပါ။ ဘဝင္မျမင့္ပါနဲ႔။ "ငါက ေကာင္းတာလား၊ ေကာင္းတယ္ဆိုတာေလးက ေကာင္းတာလား" "ငါ့ကို ခ်ီးမြမ္းၾကတာလား၊ ေကာင္းတဲ့သေဘာေလးကို ခ်ီးမြမ္းၾကတာလားလို႔ စဥ္းစားၿပီး အမွန္အတိုင္းသိပါေစ။

၂။ မိမိမေကာင္းေၾကာင္းေျပာလာတဲ့အခါ

ဟုတ္ေနရင္ ျပင္ဖို႔ ႀကိဳးစားပါ။ အျပစ္ရွာေပးတာကို ေက်းဇူးတင္ပါ။ မဟုတ္ရင္ေတာ့ အသိဉာဏ္နဲ႔ယွဥ္ၿပီး သည္းခံဖို႔ ႀကိဳးစားပါ။ သည္းခံႏိုင္ဖို႔အတြက္ ေလာကႀကးမွာ မမွန္ကန္တဲ့သူေတြ အက်င့္သီလမေစာင့္စည္းၾကဘူးလို႔ ႏွလံုးသြင္းထားပါ။ ကဲ့ရဲ့တဲ့ စကားသံေတြသက္သက္ေၾကာင့္ေတာ့ ကိုယ့္မွာ ဘာမွျဖစ္မသြားပါဘူးလို႔ အမွန္သိပါ။ ျဖစ္စရာ အေၾကာင္းတရားေတြရွိလို႔ ျဖစ္တာလို႔လည္း အမွန္သိပါ။

အႏွစ္မရွိတဲ့စကားေတြကို ေရွုာင္ၿပီး အႏွစ္ရွိတဲဲ့စကားေတြကိုပဲ ေရြးခ်ယ္နားေထာင္ပါ။ စကားတကာ့ စကားထဲမွာ အေကာင္းဆံုးျဖစ္တဲ့ သူေတာ္ေကာင္းေတြေျပာတဲ့စကားကို နားလည္ၿပီး အၿမဲမျပတ္နားေထာင္လိုက္နာတတ္ဖုိ႔ ႀကိဳးစားပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: duwun

#Unicode Version
လူတွေဟာ စကားတွေကို ပြောချင်သည်ဖြစ်စေ၊ မပြောချင်သည်ဖြစ်စေ ပြောနေကြရတယ်။ ဒီလိုပြောတဲ့စကားတွေကို နားထောင်ချင်သည်ဖြစ်စေ၊ နားမထောင်ချင်သည်ဖြစ်စေ နားထောင်နေကြရတယ်။ စကားတွေ ပြောတဲ့အခါမှာ အကောင်းနဲ့ပြောတာရှိသလို အဆိုးဘက်ရောက်တာတွေလည်းရှိတယ်။ ဒီလို စကားပေါင်းများစွာကို နားထောင်တဲ့အခါမှာ နားမထောင်တတ်ရင် မိမိအတွက် အချိန်လည်းကုန်၊ စိတ်လည်းပင်ပန်းသွားစေနိုင်ပါတယ်။ ဒီတော့ စကားတွေကို နားထောင်တဲ့အခါ သတိလက်လွတ်နားမထောင်ဘဲ အကျိုးရှိအောင် ဘယ်လိုနားထောင်မလဲ

၁။ မိမိကောင်းကြောင်းပြောတဲ့အခါ

မကောင်းဘဲနဲ့ ကောင်းတယ်ပြောနေရင်တော့ မိမိ တကယ်မကောင်းသေးကြောင်း ပြန်ပြောနိုင်အောင် ကြိုးစားပါ။ မြှောက်ပင့်ပြောရင်လည်း မြှောက်မှန်းသိပြီး ခွင့်လွှတ်လိုက်ပါ။

ကောင်းလို့မို့ ကောင်းတယ်ပြောရင်တော့ မသာယာဖို့ ကြိုးစားပါ။ ဘဝင်မမြင့်ပါနဲ့။ "ငါက ကောင်းတာလား၊ ကောင်းတယ်ဆိုတာလေးက ကောင်းတာလား" "ငါ့ကို ချီးမွမ်းကြတာလား၊ ကောင်းတဲ့သဘောလေးကို ချီးမွမ်းကြတာလားလို့ စဉ်းစားပြီး အမှန်အတိုင်းသိပါစေ။

၂။ မိမိမကောင်းကြောင်းပြောလာတဲ့အခါ

ဟုတ်နေရင် ပြင်ဖို့ ကြိုးစားပါ။ အပြစ်ရှာပေးတာကို ကျေးဇူးတင်ပါ။ မဟုတ်ရင်တော့ အသိဉာဏ်နဲ့ယှဉ်ပြီး သည်းခံဖို့ ကြိုးစားပါ။ သည်းခံနိုင်ဖို့အတွက် လောကကြးမှာ မမှန်ကန်တဲ့သူတွေ အကျင့်သီလမစောင့်စည်းကြဘူးလို့ နှလုံးသွင်းထားပါ။ ကဲ့ရဲ့တဲ့ စကားသံတွေသက်သက်ကြောင့်တော့ ကိုယ့်မှာ ဘာမှဖြစ်မသွားပါဘူးလို့ အမှန်သိပါ။ ဖြစ်စရာ အကြောင်းတရားတွေရှိလို့ ဖြစ်တာလို့လည်း အမှန်သိပါ။

အနှစ်မရှိတဲ့စကားတွေကို ရှေုာင်ပြီး အနှစ်ရှိတဲ့စကားတွေကိုပဲ ရွေးချယ်နားထောင်ပါ။ စကားတကာ့ စကားထဲမှာ အကောင်းဆုံးဖြစ်တဲ့ သူတော်ကောင်းတွေပြောတဲ့စကားကို နားလည်ပြီး အမြဲမပြတ်နားထောင်လိုက်နာတတ်ဖို့ ကြိုးစားပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: duwun




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top