iMyanmarHouse.com - Best Property Website for Myanmar
×

တစ္ကိုယ္တည္းသမားျဖစ္တာ ဘာေၾကာင့္ပုိေကာင္းသလဲဆိုတဲ့ အေၾကာင္းျပခ်က္မ်ားစြာ ခုထိေျပာဆုိေနၾကတုန္း ျဖစ္ပါတယ္။ ေနာက္ဆုံး သိပၸံပညာရပ္က ခုလုိအခုိင္အမာေျပာဆိုသြားပါတယ္။

တစ္ကုိယ္တည္းသမားေတြဟာ အိမ္ေထာင္သည္ေတြထက္ ပိုအဓိပၸါယ္ရိွတဲ့အလုပ္ေတြ တန္ဖုိးထားလုပ္ေဆာင္ၾကျပီး မိဘေတြ၊ မိတ္ေဆြသူငယ္ခ်င္းေတြ၊ ညီအစ္ကုိေမာင္ႏွမေတြ၊ အိမ္နီးနားခ်င္းေတြ၊ လုပ္ေဖာ္ကုိင္ဖက္ေတြနဲ႔ ပိုမိုထိေတြ႔ဆက္ဆံၾကတယ္လုိ႔ ကယ္လ္လီဖုိးနီးယားတကၠသုိလ္က သိပၸံပညာရွင္ Bella DePaulo ရဲ႕ ေျပာဆိုခ်က္အရ သိရပါတယ္။ လူေတြဟာ အိမ္ေထာင္က်သြားရင္ တသီးတျခား ပုိျဖစ္လာၾကတယ္လုိ႔ DePaulo က ရွင္းျပပါတယ္။

ျပီးေတာ့ အခ်ဳပ္အခ်ယ္ကင္းကင္းေနရင္ ပိုုအဆင္ေျပတယ္။ တစ္သက္စာခြဲျခမ္းေလ့လာမႈျပဳလုပ္ခဲ့တဲ့ ကုိယ့္ေျခေထာက္ေပၚရပ္တည္ႏုိင္သူ single ေတြဟာ အႏုတ္လကၡဏာေဆာင္တဲ့ ခံစားခ်က္ေတြ ျဖစ္ႏုိင္ေျခ ပိုနည္းတယ္လုိ႔ DePaulo က ေလ့လာေတြ႔ရိွခဲ့ပါတယ္။ ဒီအခ်က္က အိမ္ေထာင္သည္ေတြအတြက္ ဆန္႔က်င္ဘက္ကေန မွန္ေနပါတယ္။

ဒါ့အျပင္ အရင္ထက္ single ေတြ ပိုမ်ားလာတယ္။ Bureau of Labor Statistics အလုပ္သမားစာရင္းအင္းဌာနအရ အသက္ ၁၆ ႏွစ္အထက္ အိမ္ေထာင္မျပဳသူ အေမရိကန္ႏုိင္ငံသား ၁၂၄.၆ မီလ်ံျပီး တစ္ဝက္ေက်ာ္တယ္လုိ႔ DePaulo က ေထာက္ျပပါတယ္။ ၁၉၇၆ မွာ လူဦးေရရဲ႕ ၃၇% သာ single ျဖစ္ခဲ့ၾကတာပါ။

အေမရိကန္ႏုိင္ငံသားေတြဟာ သူတို႔အဖုိ႔ အဆင္ေျပဆုံး လမ္းေၾကာင္းေတြ ေရြးခ်ယ္ႏုိင္သူေတြ အရင္ထက္ ပိုမ်ားတယ္လုိ႔ သူမ သုံးသပ္ထားပါတယ္။ သူမ်ားေတြ ဘာလုပ္ေနလဲ ဒါမွမဟုတ္ တျခားလူေတြ ဘာလုပ္ေစခ်င္လဲဆိုတာ အေရးမၾကီးပါဘူး။ ဒါေပမယ့္ ကုိယ္နဲ႔ အမွန္တကယ္ အံဝင္ခြင္က်ျဖစ္တဲ့ ေနရာ၊ ဝန္းက်င္နဲ႔ လူေတြကို ရွာေတြ႔ဖုိ႔အေရးျပီး အေကာင္းဆုံးဘဝကို ရွင္သန္ေနထုိင္ေစပါလိမ့္မယ္။

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တစ်ကိုယ်တည်းသမားဖြစ်တာ ဘာကြောင့်ပိုကောင်းသလဲဆိုတဲ့ အကြောင်းပြချက်များစွာ ခုထိပြောဆိုနေကြတုန်း ဖြစ်ပါတယ်။ နောက်ဆုံး သိပ္ပံပညာရပ်က ခုလိုအခိုင်အမာပြောဆိုသွားပါတယ်။

တစ်ကိုယ်တည်းသမားတွေဟာ အိမ်ထောင်သည်တွေထက် ပိုအဓိပ္ပါယ်ရှိတဲ့အလုပ်တွေ တန်ဖိုးထားလုပ်ဆောင်ကြပြီး မိဘတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ အိမ်နီးနားချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပိုမိုထိတွေ့ဆက်ဆံကြတယ်လို့ ကယ်လ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင် Bella DePaulo ရဲ့ ပြောဆိုချက်အရ သိရပါတယ်။ လူတွေဟာ အိမ်ထောင်ကျသွားရင် တသီးတခြား ပိုဖြစ်လာကြတယ်လို့ DePaulo က ရှင်းပြပါတယ်။

ပြီးတော့ အချုပ်အချယ်ကင်းကင်းနေရင် ပိုုအဆင်ပြေတယ်။ တစ်သက်စာခွဲခြမ်းလေ့လာမှုပြုလုပ်ခဲ့တဲ့ ကိုယ့်ခြေထောက်ပေါ်ရပ်တည်နိုင်သူ single တွေဟာ အနုတ်လက္ခဏာဆောင်တဲ့ ခံစားချက်တွေ ဖြစ်နိုင်ခြေ ပိုနည်းတယ်လို့ DePaulo က လေ့လာတွေ့ရှိခဲ့ပါတယ်။ ဒီအချက်က အိမ်ထောင်သည်တွေအတွက် ဆန့်ကျင်ဘက်ကနေ မှန်နေပါတယ်။

ဒါ့အပြင် အရင်ထက် single တွေ ပိုများလာတယ်။ Bureau of Labor Statistics အလုပ်သမားစာရင်းအင်းဌာနအရ အသက် ၁၆ နှစ်အထက် အိမ်ထောင်မပြုသူ အမေရိကန်နိုင်ငံသား ၁၂၄.၆ မီလျံပြီး တစ်ဝက်ကျော်တယ်လို့ DePaulo က ထောက်ပြပါတယ်။ ၁၉၇၆ မှာ လူဦးရေရဲ့ ၃၇% သာ single ဖြစ်ခဲ့ကြတာပါ။

အမေရိကန်နိုင်ငံသားတွေဟာ သူတို့အဖို့ အဆင်ပြေဆုံး လမ်းကြောင်းတွေ ရွေးချယ်နိုင်သူတွေ အရင်ထက် ပိုများတယ်လို့ သူမ သုံးသပ်ထားပါတယ်။ သူများတွေ ဘာလုပ်နေလဲ ဒါမှမဟုတ် တခြားလူတွေ ဘာလုပ်စေချင်လဲဆိုတာ အရေးမကြီးပါဘူး။ ဒါပေမယ့် ကိုယ်နဲ့ အမှန်တကယ် အံဝင်ခွင်ကျဖြစ်တဲ့ နေရာ၊ ဝန်းကျင်နဲ့ လူတွေကို ရှာတွေ့ဖို့အရေးပြီး အကောင်းဆုံးဘဝကို ရှင်သန်နေထိုင်စေပါလိမ့်မယ်။


Credit: Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top