iMyanmarHouse.com - Best Property Website for Myanmar
×

လူ႔ခႏၶာကိုယ္ဟာ အသက္ဆက္႐ွင္ႏိုင္ဖုိ႔အတြက္ ဇီဝျဖစ္စဥ္ (Metabolism ) ျဖစ္ပ်က္ေနရပါတယ္။ ဇီဝျဖစ္စဥ္ဆုိတာ သက္႐ွိေတြရဲ႕ ခႏၶာကိုယ္အစိတ္အပိုင္းေတြမွာ ဓာတုျဖစ္စဥ္ ျဖစ္ေပၚတာကို ဆုိလိုပါတယ္။ ဒီလိုျဖစ္ပ်က္မႈ ရပ္သြားရင္ အသက္မ႐ွင္ေတာ့ပါဘူး။ အစာေျခတာ၊ ေသြးလည္ပတ္တာ၊ ဆဲလ္ေတြျဖစ္ပ်က္တာေတြလို ျဖစ္စဥ္ငယ္ေပါင္းမ်ားစြာ ပါဝင္ပါတယ္။ ဇီဝျဖစ္ပ်က္မႈ အားေကာင္းေနရင္ လူက ပိုမိုက်န္းမာပါတယ္။ ဝိတ္ခ်ေနသူေတြ စားသံုးေနၾကတဲ့ အခ်ိဳ႕အရာေတြက ဇီဝျဖစ္စဥ္ကို ပိုအားေကာင္းေစတာကို ေဖာ္ျပလုိက္ပါတယ္။

၁။ ျငဳပ္သီးစိမ္း

ျငဳပ္သီးစိမ္းဟာ စပ္ေပမဲ့ ဝိတ္က်ဖို႔အတြက္ အလြန္အေထာက္အကူျဖစ္ေစတဲ့အရာပါ။ သူ႔မွာ ကက္ပ္စိုင္ဆင္ (Capsaicin) လို႔ ေခၚတဲ့ ျဒပ္ေပါင္းတစ္မ်ိဳး ပါဝင္ပါတယ္။ အဆီေတြကို ျမန္ျမန္ဆန္ဆန္ ေလာင္ကၽြမ္းေစႏိုင္ပါတယ္။

၂။ Whole Grain

ဂ်ံဳ၊ ဆန္လံုးညိဳ၊ အုတ္ဂ်ံဳ တို႔မွာ အမွ်င္ဓာတ္မ်ားစြာ ပါဝင္ၿပီး ကယ္လိုရီေတြကို ႏွစ္ဆေလာက္ ပိုေလာင္ကၽြမ္းေစပါလိမ့္မယ္။ ခြန္အားလည္းျဖစ္ေစပါတယ္။

၃။ လက္ဖက္စိမ္း

သူ႔မွာ EGCG လို႔ ေခၚတဲ့ ျဒပ္ေပါင္းတစ္မ်ိဳး ပါဝင္ပါတယ္။ ဒါက ခႏၶာကိုယ္တြင္း႐ွိ ဇီဝျဖစ္စဥ္ကို ျမႇင့္တင္ေပးႏိုင္စြမ္း ရွိပါတယ္။ လက္ဖက္စိမ္းေရေႏြးကိုေသာက္ရင္ ဝိတ္က်႐ံုသာမက လူလည္းက်န္းမာၿပီး အာ႐ံုစုစည္းမႈလည္း ေကာင္းလာေစပါတယ္။

၄။ ပဲနီေလး/ပဲဝါေလး

ပဲနီေလးနဲ႔ ပဲဝါေလးမွာ အမွ်င္ဓာတ္ၾကြယ္ဝစြာ ပါဝင္ပါတယ္။ ဒါ့အျပင္ အသားဓာတ္ (ပ႐ိုတင္း)လည္း ပါဝင္တာေၾကာင့္ ခြန္အားျဖစ္ေစတဲ့ အစားအစာျဖစ္ပါတယ္။ ကယ္လိုရီပါဝင္မႈလည္း နည္းပါးပါတယ္။

၅။ အဆီနည္းတဲ့အသား

ဥပမာ ၾကက္သားလိုမ်ိဳးေပါ့။ အဆီနည္းတဲ့ အသားေတြကို စားေပးမယ္ဆုိ ခြန္အားလည္းျဖစ္ေစၿပီး ဝိတ္လည္းသိပ္မတက္ပါဘူး။ ၾကက္သားစားထားရင္ လူက အာဟာရျပည့္ေနလို႔ ဗိုက္လည္းေတာ္ေတာ္နဲ႔ မဆာဘူးေလ။

၆။ အဆီနည္းတဲ့ႏို႔ထြက္ပစၥည္း

အဆီထုတ္ထားတဲ့ ႏို႔နဲ႔ နို႔ထြက္ပစၥည္းေတြဟာ ဝိတ္ခ်ေနသူတုိ႔အတြက္ လက္စြဲေတာ္ အစားအစာေတြပါပဲ။ ႏို႔မွာ ကယ္လ္ဆီယံ (Calcium) နဲ႔ ဗီတာမင္ D တုိ႔ ပါဝင္ပါတယ္။ အဆီနည္းတဲ့ ႏို႔ထြက္ပစၥည္းေတြဟာ ဇီဝျဖစ္စဥ္ကို အကူအညီျဖစ္ေစပါတယ္။

၇။ ေကာ္ဖီ

ေလ့လာမႈတစ္ခုအရ ေကာ္ဖီေသာက္သူေတြဟာ ေကာက္ဖီမေသာက္သူေတြနဲ႔ယွဥ္ရင္ ဇီဝျဖစ္ပ်က္မႈ ၁၆ ရာခိုင္ႏႈန္း ပိုျမင့္တယ္္လို႔ သိရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:duwun

#Unicode Version

လူ့ခန္ဓာကိုယ်ဟာ အသက်ဆက်ရှင်နိုင်ဖို့အတွက် ဇီဝဖြစ်စဉ် (Metabolism ) ဖြစ်ပျက်နေရပါတယ်။ ဇီဝဖြစ်စဉ်ဆိုတာ သက်ရှိတွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ဓာတုဖြစ်စဉ် ဖြစ်ပေါ်တာကို ဆိုလိုပါတယ်။ ဒီလိုဖြစ်ပျက်မှု ရပ်သွားရင် အသက်မရှင်တော့ပါဘူး။ အစာခြေတာ၊ သွေးလည်ပတ်တာ၊ ဆဲလ်တွေဖြစ်ပျက်တာတွေလို ဖြစ်စဉ်ငယ်ပေါင်းများစွာ ပါဝင်ပါတယ်။ ဇီဝဖြစ်ပျက်မှု အားကောင်းနေရင် လူက ပိုမိုကျန်းမာပါတယ်။ ဝိတ်ချနေသူတွေ စားသုံးနေကြတဲ့ အချို့အရာတွေက ဇီဝဖြစ်စဉ်ကို ပိုအားကောင်းစေတာကို ဖော်ပြလိုက်ပါတယ်။

၁။ ငြုပ်သီးစိမ်း

ငြုပ်သီးစိမ်းဟာ စပ်ပေမဲ့ ဝိတ်ကျဖို့အတွက် အလွန်အထောက်အကူဖြစ်စေတဲ့အရာပါ။ သူ့မှာ ကက်ပ်စိုင်ဆင် (Capsaicin) လို့ ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပါတယ်။ အဆီတွေကို မြန်မြန်ဆန်ဆန် လောင်ကျွမ်းစေနိုင်ပါတယ်။

၂။ Whole Grain

ဂျုံ၊ ဆန်လုံးညို၊ အုတ်ဂျုံ တို့မှာ အမျှင်ဓာတ်များစွာ ပါဝင်ပြီး ကယ်လိုရီတွေကို နှစ်ဆလောက် ပိုလောင်ကျွမ်းစေပါလိမ့်မယ်။ ခွန်အားလည်းဖြစ်စေပါတယ်။

၃။ လက်ဖက်စိမ်း

သူ့မှာ EGCG လို့ ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပါတယ်။ ဒါက ခန္ဓာကိုယ်တွင်းရှိ ဇီဝဖြစ်စဉ်ကို မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။ လက်ဖက်စိမ်းရေနွေးကိုသောက်ရင် ဝိတ်ကျရုံသာမက လူလည်းကျန်းမာပြီး အာရုံစုစည်းမှုလည်း ကောင်းလာစေပါတယ်။

၄။ ပဲနီလေး/ပဲဝါလေး

ပဲနီလေးနဲ့ ပဲဝါလေးမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့အပြင် အသားဓာတ် (ပရိုတင်း)လည်း ပါဝင်တာကြောင့် ခွန်အားဖြစ်စေတဲ့ အစားအစာဖြစ်ပါတယ်။ ကယ်လိုရီပါဝင်မှုလည်း နည်းပါးပါတယ်။

၅။ အဆီနည်းတဲ့အသား

ဥပမာ ကြက်သားလိုမျိုးပေါ့။ အဆီနည်းတဲ့ အသားတွေကို စားပေးမယ်ဆို ခွန်အားလည်းဖြစ်စေပြီး ဝိတ်လည်းသိပ်မတက်ပါဘူး။ ကြက်သားစားထားရင် လူက အာဟာရပြည့်နေလို့ ဗိုက်လည်းတော်တော်နဲ့ မဆာဘူးလေ။

၆။ အဆီနည်းတဲ့နို့ထွက်ပစ္စည်း

အဆီထုတ်ထားတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ ဝိတ်ချနေသူတို့အတွက် လက်စွဲတော် အစားအစာတွေပါပဲ။ နို့မှာ ကယ်လ်ဆီယံ (Calcium) နဲ့ ဗီတာမင် D တို့ ပါဝင်ပါတယ်။ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေဟာ ဇီဝဖြစ်စဉ်ကို အကူအညီဖြစ်စေပါတယ်။

၇။ ကော်ဖီ

လေ့လာမှုတစ်ခုအရ ကော်ဖီသောက်သူတွေဟာ ကောက်ဖီမသောက်သူတွေနဲ့ယှဉ်ရင် ဇီဝဖြစ်ပျက်မှု ၁၆ ရာခိုင်နှုန်း ပိုမြင့်တယ်လို့ သိရပါတယ်။


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:duwun


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top