iMyanmarHouse.com - Best Property Website for Myanmar
×
ပို့သပေးပါတယ်။
Credit:ChelmoTeam
#Unicode Version
၂၀၁၇ မှာတကယ်ကို ချစ်သူရချင်သူ မိန်းကလေးများအတွက် ရည်ရွယ်ပြီး ရေးလိုက်ပါတယ်။
ဘယ်သွေးအမျိုးအစား မိန်းကလေးက ဘယ်လိုလုပ်သလဲဆိုတာကို ကြည့်လိုက်ရအောင်လား။
? A သွေးအမျိုးအစား မိန်းကလေးကတော့ ... အေးအေးလေးမနေနဲ့တော့နော်။
အရမ်းကို မိန်းကလေးဆန်ပြီး သိမ်မွေ့စွာနေတတ်တဲ့သူလေးကတော့ ကောင်လေးတွေ အကြိုက်ဖြစ်ပင်မယ့်လည်း ဒီနှစ်မှာတော့ ဘယ်သူမှလည်း ကိုယ့်ကိုအရေးမလုပ်ဖြစ်နေတတ်ပါတယ်။ ဒီအတွက် ၂၀၁၇ မှာတော့ ကိုယ့်ရဲ့ဗျူဟာကို ပြောင်းလဲသင့်ပါတယ်။ အမြဲတမ်း အေးအေးလေးကနေ ကိုယ်ကနေ ပြန်ပြီး ခေါ်ကြည့်လိုက်ရင်မကောင်းဘူးလား။ ဆိုလိုတာက ရေလာမြောင်းပေး လုပ်ကြည့်မလား။ အထူးသဖြင့် ဒီအချိန်က ပွဲလမ်းတွေလည်းများတော့ ကိုယ့်ရဲ့ပစ်မှတ်လေးကို ၁၀၀ % ထိအောင် ဘယ်လိုပစ်လိုက်မလဲဆိုတာကို စဉ်းစားထားလိုက်တော့နော်။
? B သွေးအမျိုးအစား မိန်းကလေးကတော့ ... Sexy Lady လေးဖြစ်အောင် ဘာလုပ်မလဲ။
တယောက်တည်းနေရတာ လောကကြီးကို အပြစ်တင်ရမလို ဖြစ်နေတဲ့ B သွေးလေးတွေအတွက်ကတော့ ဘယ်သူနဲ့မဆို ခင်မင်တတ်ပြီး ကောင်လေးသူငယ်ချင်းတွေလည်း အများကြီးရှိတဲ့သူပါ။ ဒါပင်မယ့် ရည်းစားအဆင့်ထိအောင် မရောက်တာ ဘာကြောင့်ပါလိမ့်။ ဒါကြောင့် ပုံစံလေးကို Sexy Lady လေးဖြစ်အောင် ကြိုးစားကြည့်ရမယ်နော်။ Sexy Lady ဆိုတာ ထက်မြက်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး တာတောင် မပြီးသေးပဲ Sexy ဖြစ်နေတာကို ပြောတာ။ နောက်ပြီး ပြောဆိုပုံလေးကိုလည်း ယောကျၤားလေးဆန်တာကို မိန်းကလေးဆန်ဆန်ပြောတတ်အောင် ကြိုးစားရမယ်။
? O သွေးအမျိုးအစား မိန်းကလေးကတော့ ... အပေးအယူတော်သူဖြစ်အောင် ကြိုးစားရမယ်။
ကိုယ်ကြိုက်တဲ့သူဆိုရင် မရရအောင်ယူတတ်သူလေးပါ။ ၂၀၁၇ မှာတော့နည်းနည်းလောက် အားတွေကို လျော့ထားလိုက်ပါ။ ကိုယ်ချစ်တယ်ဆိုတာကို မထင်မှတ်ပဲ ပြောလိုက်မိတော့ ကိုယ့်ကိုချစ်လားဆိုတာကို အရမ်း ကိုသိချင်တော့ အမြဲသူ့နားမှာ တပူပူလုပ်နေတော့ သူက ကိုယ့်အနားကနေ အဝေးကို ပြေးချင်စိတ်တွေ ဖြစ်နေပြီထင်ပါရဲ့။ ဒါကြောင့် မသိချင်ယောင်ဆောင်ပြီး နည်းနည်းလောက် အနောက်ကို ဆုပ်လိုက်ပါ။ ဒါမှ သူလည်း ကိုယ့်ကို ပြန်လိုက်လာမှာပါ။ ကိုယ့်မှာ ရွေးချယ်စရာတွေ အများကြီးရှိတယ်ဆိုတာကို သူသိအောင် ပြလိုက်ပါ။
? AB သွေးအမျိုးအစား မိန်းကလေးကတော့ ... ချစ်စရာ အပြုံးပိုင်ရှင်သူ ဖြစ်အောင် ကြိုးစားရမယ်။
ထက်မြက်သူတစ်ယောက်ဖြစ်တာကြောင့် သူကို ကြိုက်နေတဲ့သူတွေ ဝိုင်းဝိုင်းလည်နေမှာပါ။ ဒါပင်မယ့် စိတ်တွေပြောင်းလဲချက်တွေက ကောင်လေးတွေလည်း လက်ကိုလန်နေတာတော့ အမှန်ပါ။ ကောင်လေးတွေက စကားပြောရ အဆင်ပြေမယ့်သူလေးတွေကို ခင်တတ်ပါတယ်။ ဒါကြောင့် ချစ်စရာအပြုံးပိုင်ရှင်လေးဖြစ်အောင် မှန်ကိုကြည့်ပြီး လေ့ကျင့်ရမယ်နော်။ အပြုံးလေးတွေက မြင်ရတဲ့သူမှာလည်း စိတ်ကို ချမ်းသာစေမှာပါ။
အလုပ်တွေ၊ကျောင်းနဲ့ သွားလိုက်ပြန်လိုက်လုပ်နေတာနဲ့တင် ပြီးနေတဲ့နေ့ရက်တွေ ပြီးဆုံးသွားအောင် ကိုယ့်အားကိုယ်ကိုး ရမယ့်အချိန်ကို ရောက်လာပါပြီ။ အာလုံး ၂၀၁၇ မှာ အဆင်ပြေကြပါစေလို့ ....
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:ChelmoTeam
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top