iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးတစ္ေယာက္အဖုိ႔ ဓမၼတာကိစၥဆုိတာ ေ႐ွာင္လြဲလို႔မရႏိုင္ပါဘူး။ ပထမဆံုးအႀကိမ္မွာဆုိ ႐ွက္လြန္းလို႔ အေမ့ကိုေတာင္မေျပာရဲသူေတြ ႐ွိပါတယ္။ ေနာက္ပိုင္းအခ်ိန္ေတြထိေအာင္ ဓမၼတာေန႔ရက္ေတြက ေနရထိုင္ရ သက္ေတာင့္သက္သာ မ႐ွိလွပါဘူး။ တစ္ဆင့္စကားေတြ၊ လြဲမွားတဲ့အယူအဆေတြနဲ႔ ဓမၼတာခ်ိန္မွာ မွားယြင္းေ႐ွာင္ၾကဥ္ေနတာေတြကို ရပ္ဖုိ႔လိုပါတယ္။

၁။ ေရမခ်ိဳးရဘူး

သန္႔သန္႔႐ွင္း႐ွင္းေနပါ။ ေရခ်ိဳးရင္ အေအးမိလို႔ ဓမၼတာဆင္းမႈ ရပ္သြားလိမ့္မယ္ဆုိတဲ့စကားကို မယံုသင့္ပါဘူး။ ေၾကာက္ၿပီး ေရမခ်ိဳးတာမ်ိဳး မလုပ္ပါနဲ႔။ သန္႔သန္႔႐ွင္း႐ွင္းမေနဘူးဆုိရင္ ဘက္တီးရီးယားေတြကပ္ၿငိၿပီး ေရာဂါပိုးမႊားေတြ ဝင္ႏိုင္ပါတယ္။

၂။ မ်ားမွေကာင္းတယ္

ဓမၼတာစီးဆင္းမႈ မ်ားမွ ေသြးပုပ္ေတြကင္းၿပီး က်န္းမာတယ္ဆုိတာ မဟုတ္ပါဘူး။ လူတစ္ဦးနဲ႔တစ္ဦး စီးဆင္းမႈက မတူညီပါဘူး။ တခ်ိဳ႕က ၃ ရက္ပဲ လာၾကသလို တခ်ိဳ႕က တစ္ပတ္ေလာက္ၾကာျမင့္တတ္ပါတယ္။

၃။ ကိုယ္ဝန္ရႏိုင္

ဒီလိုရက္မ်ိဳးမွာ ခ်စ္မႈကိစၥျပဳလုပ္ရင္ ခ်က္ျခင္းကိုယ္ဝန္ရတယ္ဆုိတာလည္း မဟုတ္ပါဘူး။ ဒီအခ်ိန္က မ်ိဳးဥေၾကြတဲ့အခ်ိန္မုိ႔လို႔ ေနာက္ထပ္မ်ိဳးဥအသစ္က မျဖစ္ေသးခင္ကာလမို႔လို႔ ကိုယ္ဝန္မရႏိုင္ပါဘူး။

၄။ ၂၈ ရက္ တစ္ႀကိမ္

ရာသီေသြးစီးဆင္းျခင္းဟာ ၂၈ ရက္ျပည့္တုိင္း တစ္ႀကိမ္ ျဖစ္ေပၚတယ္ဆုိတာကလည္း ပ်မ္းမွ်ကို တြက္ခ်က္ထားတာပါ။ ၂၁ ရက္ ၾကာတာလည္း ႐ွိသလို ၃၅ ရက္အထိ ၾကာသြားတာလည္း ႐ွိတတ္ပါတယ္။

Credit : duwun


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


မိန်းကလေးတစ်ယောက်အဖို့ ဓမ္မတာကိစ္စဆိုတာ ရှောင်လွဲလို့မရနိုင်ပါဘူး။ ပထမဆုံးအကြိမ်မှာဆို ရှက်လွန်းလို့ အမေ့ကိုတောင်မပြောရဲသူတွေ ရှိပါတယ်။ နောက်ပိုင်းအချိန်တွေထိအောင် ဓမ္မတာနေ့ရက်တွေက နေရထိုင်ရ သက်တောင့်သက်သာ မရှိလှပါဘူး။ တစ်ဆင့်စကားတွေ၊ လွဲမှားတဲ့အယူအဆတွေနဲ့ ဓမ္မတာချိန်မှာ မှားယွင်းရှောင်ကြဉ်နေတာတွေကို ရပ်ဖို့လိုပါတယ်။

၁။ ရေမချိုးရဘူး

သန့်သန့်ရှင်းရှင်းနေပါ။ ရေချိုးရင် အအေးမိလို့ ဓမ္မတာဆင်းမှု ရပ်သွားလိမ့်မယ်ဆိုတဲ့စကားကို မယုံသင့်ပါဘူး။ ကြောက်ပြီး ရေမချိုးတာမျိုး မလုပ်ပါနဲ့။ သန့်သန့်ရှင်းရှင်းမနေဘူးဆိုရင် ဘက်တီးရီးယားတွေကပ်ငြိပြီး ရောဂါပိုးမွှားတွေ ဝင်နိုင်ပါတယ်။

၂။ များမှကောင်းတယ်

ဓမ္မတာစီးဆင်းမှု များမှ သွေးပုပ်တွေကင်းပြီး ကျန်းမာတယ်ဆိုတာ မဟုတ်ပါဘူး။ လူတစ်ဦးနဲ့တစ်ဦး စီးဆင်းမှုက မတူညီပါဘူး။ တချို့က ၃ ရက်ပဲ လာကြသလို တချို့က တစ်ပတ်လောက်ကြာမြင့်တတ်ပါတယ်။

၃။ ကိုယ်ဝန်ရနိုင်

ဒီလိုရက်မျိုးမှာ ချစ်မှုကိစ္စပြုလုပ်ရင် ချက်ခြင်းကိုယ်ဝန်ရတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ဒီအချိန်က မျိုးဥကြွေတဲ့အချိန်မို့လို့ နောက်ထပ်မျိုးဥအသစ်က မဖြစ်သေးခင်ကာလမို့လို့ ကိုယ်ဝန်မရနိုင်ပါဘူး။

၄။ ၂၈ ရက် တစ်ကြိမ်

ရာသီသွေးစီးဆင်းခြင်းဟာ ၂၈ ရက်ပြည့်တိုင်း တစ်ကြိမ် ဖြစ်ပေါ်တယ်ဆိုတာကလည်း ပျမ်းမျှကို တွက်ချက်ထားတာပါ။ ၂၁ ရက် ကြာတာလည်း ရှိသလို ၃၅ ရက်အထိ ကြာသွားတာလည်း ရှိတတ်ပါတယ်။


Credit : duwun


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top