iMyanmarHouse.com - Best Property Website for Myanmar
×

ေနထိုင္မေကာင္းသည့္ ကေလး သူငယ္မ်ားႏွင့္ လူႀကီးမိဘမ်ားကို ႏြားႏို႔၊ ေကာ္ဖီႏွင့္ အခ်ဳိရည္တို႔ တြဲဖက္၍ ေဆးဝါး တိုက္ေကြၽးျခင္းသည္ မွားယြင္းသည့္ အျပဳအမူတစ္ခု ျဖစ္ေၾကာင္း က်န္းမာေရး စာစဥ္တစ္ခုတြင္ ေဖာ္ျပထားသည္ဟု ဆရာဝန္ တစ္ဦးက ေျပာၾကားခဲ့သည္။

အိမ္သံုး ေဆးဝါးမ်ားကို ေရေအးႏွင့္ ေရေႏြး တစ္ခုခုျဖင့္သာ တြဲဖက္ တိုက္ေကြၽးရမည္ ျဖစ္ကာ ႏြားႏို႔သည္ တခ်ဳိ႕ေသာ ေဆးဝါးမ်ားႏွင့္ ဓာတ္ျပဳႏိုင္သည့္ အတြက္ ေဆးကို ခႏၶာကိုယ္မွ ထိေရာက္စြာ စုပ္ယူႏိုင္မႈ အားနည္းတတ္ၿပီး ေကာ္ဖီတြင္ ပါဝင္ေသာ ကဖင္းဓာတ္မွာ လည္း ေသြး လည္ပတ္မႈကို လႈံ႔ေဆာ္ႏိုင္ေသာ သတိၱရွိျခင္းေၾကာင့္ ေဆးႏွင့္တြဲေသာက္ပါက ေသြးအတြင္း ေဆးပါဝင္မႈ ပမာဏ ျမင့္မား သြားေစႏိုင္သည္။ လိေမၼာ္ရည္ကဲ့သို႔ အခ်ဳိရည္မ်ဳိးသည္လည္း ေဆးတြင္ ပါဝင္သည့္ အင္ဇိုင္းဓာတ္ကို အေႏွာင့္အယွက္ ျဖစ္ေစႏိုင္သည့္ အတြက္ ယင္း ေသာက္သံုးစရာမ်ားႏွင့္ တြဲဖက္၍ ေဆး မတိုက္သင့္ေၾကာင္း ပုဂၢလိက ေဆးခန္းတစ္ခုမွ ဆရာဝန္တစ္ဦးက ေျပာၾကား ခဲ့သည္။

ထို႔ျပင္ အခ်ဳိ႕ေသာ ရာသီေပၚ ေရာဂါမ်ားတြင္လည္း အထက္ပါ ေသာက္သံုးစရာ အရည္မ်ားေၾကာင့္ ျဖစ္ပြားသည့္ ေရာဂါႏွင့္ေဆး မမွ်ေသာ ေဆးကုသမႈ မွားယြင္းႏိုင္သည့္ အေျခအေနမ်ား ေပၚေပါက္ လာႏိုင္သည္။ ဥပမာ- မိုးရာသီတြင္ အမ်ားဆံုး ျဖစ္ပြား သည့္ ေသြးလြန္တုပ္ေကြး ေရာဂါ၌ ပါဝင္ေသာ ေရာဂါလကၡဏာ ျပသခ်က္တြင္ ဖ်ားေနသည့္ ကေလးငယ္က ေကာ္ဖီေရာင္ အန္ပါက ထိုေရာဂါ ျဖစ္သည္ဟု သတ္မွတ္ျခင္း ရွိသည့္ အတြက္ ယင္းေရာဂါ မရွိေသာ ကေလးကို အိမ္သံုးေဆးႏွင့္ ေကာ္ဖီ တြဲတိုက္ၿပီး ကေလး အန္လွ်င္ ေကာ္ဖီရည္မ်ား ျပန္ပါမည္ ျဖစ္သျဖင့္ ျဖစ္ပြားသည့္ ေရာဂါ သတ္မွတ္ခ်က္ မွားယြင္းမည္ကို ဆိုလိုျခင္း ျဖစ္သည္။

အိမ္သံုး ပဋိဇီဝ ေဆးမ်ားသည္ ဗက္တီးရီးယားမ်ားကိုသာ ႏွိမ္နင္းရန္ အသံုးျပဳျခင္းျဖစ္ၿပီး အေအးမိျခင္းႏွင့္ တုပ္ေကြးျဖစ္ျခင္းကဲ့သို႔ ဗိုင္းရပ္စ္ပိုးမႊား ေၾကာင့္ ျဖစ္လာေသာ ေရာဂါမ်ားကို မႏွိမ္နင္းႏိုင္ေၾကာင္း ေသခ်ာစြာ သိရွိျခင္း မရွိသည့္ ျပည္သူမ်ားသည္ ေဆးဆိုင္မ်ားက စပ္ေပးေသာ ေဆးမ်ားကို ေသာက္သံုးျခင္းသည္ နားလည္သည့္ ေဆးဝါး ကြၽမ္းက်င္သူ၊ က်န္းမာေရး ဝန္ေဆာင္မႈေပးသည့္ သူနာျပဳ ကြၽမ္းက်င္မ်ားႏွင့္  ဆရာဝန္မ်ား စပ္ေပးျခင္း မဟုတ္ပါက အနာႏွင့္ေဆး တစ္လြဲျဖစ္ကာ ဓာတ္မတည့္ျခင္းႏွင့္ ဝမ္းပ်က္ဝမ္းေလွ်ာေရာ ဂါ ျဖစ္ပြားျခင္းမ်ားကို ႀကံဳႏိုင္ ေၾကာင္း  သိရသည္။


Credit:Myawady News


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version


နေထိုင်မကောင်းသည့် ကလေး သူငယ်များနှင့် လူကြီးမိဘများကို နွားနို့၊ ကော်ဖီနှင့် အချိုရည်တို့ တွဲဖက်၍ ဆေးဝါး တိုက်ကျွေးခြင်းသည် မှားယွင်းသည့် အပြုအမူတစ်ခု ဖြစ်ကြောင်း ကျန်းမာရေး စာစဉ်တစ်ခုတွင် ဖော်ပြထားသည်ဟု ဆရာဝန် တစ်ဦးက ပြောကြားခဲ့သည်။

အိမ်သုံး ဆေးဝါးများကို ရေအေးနှင့် ရေနွေး တစ်ခုခုဖြင့်သာ တွဲဖက် တိုက်ကျွေးရမည် ဖြစ်ကာ နွားနို့သည် တချို့သော ဆေးဝါးများနှင့် ဓာတ်ပြုနိုင်သည့် အတွက် ဆေးကို ခန္ဓာကိုယ်မှ ထိရောက်စွာ စုပ်ယူနိုင်မှု အားနည်းတတ်ပြီး ကော်ဖီတွင် ပါဝင်သော ကဖင်းဓာတ်မှာ လည်း သွေး လည်ပတ်မှုကို လှုံ့ဆော်နိုင်သော သတ္တိရှိခြင်းကြောင့် ဆေးနှင့်တွဲသောက်ပါက သွေးအတွင်း ဆေးပါဝင်မှု ပမာဏ မြင့်မား သွားစေနိုင်သည်။ လိမ္မော်ရည်ကဲ့သို့ အချိုရည်မျိုးသည်လည်း ဆေးတွင် ပါဝင်သည့် အင်ဇိုင်းဓာတ်ကို အနှောင့်အယှက် ဖြစ်စေနိုင်သည့် အတွက် ယင်း သောက်သုံးစရာများနှင့် တွဲဖက်၍ ဆေး မတိုက်သင့်ကြောင်း ပုဂ္ဂလိက ဆေးခန်းတစ်ခုမှ ဆရာဝန်တစ်ဦးက ပြောကြား ခဲ့သည်။

ထို့ပြင် အချို့သော ရာသီပေါ် ရောဂါများတွင်လည်း အထက်ပါ သောက်သုံးစရာ အရည်များကြောင့် ဖြစ်ပွားသည့် ရောဂါနှင့်ဆေး မမျှသော ဆေးကုသမှု မှားယွင်းနိုင်သည့် အခြေအနေများ ပေါ်ပေါက် လာနိုင်သည်။ ဥပမာ- မိုးရာသီတွင် အများဆုံး ဖြစ်ပွား သည့် သွေးလွန်တုပ်ကွေး ရောဂါ၌ ပါဝင်သော ရောဂါလက္ခဏာ ပြသချက်တွင် ဖျားနေသည့် ကလေးငယ်က ကော်ဖီရောင် အန်ပါက ထိုရောဂါ ဖြစ်သည်ဟု သတ်မှတ်ခြင်း ရှိသည့် အတွက် ယင်းရောဂါ မရှိသော ကလေးကို အိမ်သုံးဆေးနှင့် ကော်ဖီ တွဲတိုက်ပြီး ကလေး အန်လျှင် ကော်ဖီရည်များ ပြန်ပါမည် ဖြစ်သဖြင့် ဖြစ်ပွားသည့် ရောဂါ သတ်မှတ်ချက် မှားယွင်းမည်ကို ဆိုလိုခြင်း ဖြစ်သည်။

အိမ်သုံး ပဋိဇီဝ ဆေးများသည် ဗက်တီးရီးယားများကိုသာ နှိမ်နင်းရန် အသုံးပြုခြင်းဖြစ်ပြီး အအေးမိခြင်းနှင့် တုပ်ကွေးဖြစ်ခြင်းကဲ့သို့ ဗိုင်းရပ်စ်ပိုးမွှား ကြောင့် ဖြစ်လာသော ရောဂါများကို မနှိမ်နင်းနိုင်ကြောင်း သေချာစွာ သိရှိခြင်း မရှိသည့် ပြည်သူများသည် ဆေးဆိုင်များက စပ်ပေးသော ဆေးများကို သောက်သုံးခြင်းသည် နားလည်သည့် ဆေးဝါး ကျွမ်းကျင်သူ၊ ကျန်းမာရေး ဝန်ဆောင်မှုပေးသည့် သူနာပြု ကျွမ်းကျင်များနှင့်  ဆရာဝန်များ စပ်ပေးခြင်း မဟုတ်ပါက အနာနှင့်ဆေး တစ်လွဲဖြစ်ကာ ဓာတ်မတည့်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျှောရော ဂါ ဖြစ်ပွားခြင်းများကို ကြုံနိုင် ကြောင်း  သိရသည်။


Credit:Myawady News


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top