iMyanmarHouse.com - Best Property Website for Myanmar
×
Credit : duwun
Unicode Version
အဒဲလ်ဟာ သီချင်းသီဆိုတာ ကောင်းလွန်းတဲ့အတွက် ဆုတွေ တပွေ့တပိုက်ကြီး ရရှိရုံတင်မကပါဘူး။ အခုဆိုရင် သူမကို ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတစ်ဝက်က အနာဂတ်ရဲ့ ဂီတအကျော်အမော်အဖြစ် သတ်မှတ်လိုက်ပါတယ်။
ဗြိတိန်လူထုအနေနဲ့ ဘယ်သူတွေကို ဂီတအကျော်အမော်အဖြစ် သတ်မှတ်လဲဆိုတာ သိရဖို့ BRIT Awards က လေ့လာခဲ့တာဖြစ်ပါတယ်။
ဒီနှစ် ဂရမ်မီဆုပေးပွဲမှာ ဆုတွေ တလှေကြီး သိမ်းပိုက်ခဲ့တဲ့ အဒဲလ်ကို မဲပေးသူများရဲ့ ၅၀ ရာခိုင်နှုန်းက ရွေးချယ်ခဲ့ကြပြီး ၃၂ ရာခိုင်နှုန်းကိုတော့ ဘီယွန်းဆေးက ရရှိခဲ့ပါတယ်။
အက်ဒ်ရှီယန်၊ လေဒီဂါဂါနဲ့ ရော့ဘီဝီလျံတို့ကိုလည်း အနာဂတ်ရဲ့ဂီတအကျော်အမော် ဖြစ်လာမယ်လို့ လူတွေက ခန့်မှန်းခဲ့ကြပါတယ်။
ဒီနှစ်ရဲ့ International Female Solo Artist ဆုကို ရရှိခဲ့တဲ့ ရီဟားနားဟာလည်း ထိပ်ဆုံး ၁၀ ဦးထဲမှာ ပါဝင်ခဲ့ပါတယ်။
အနာဂတ်ရဲ့ဂီတအကျော်အမော်အဖြစ် ဗြိတိန်လူထုက မဲပေးဆုံးဖြတ်ရာမှာ မဲအများဆုံးရရှိသူတွေကတော့
၁။ အဒဲလ် (၅၀ ရာခိုင်နှုန်း)
၂။ ဘီယွန်းဆေး (၃၂ ရာခိုင်နှုန်း)
၃။ အက်ဒ်ရှီယန် (၂၈ ရာခိုင်နှုန်း)
၄။ လေဒီဂါဂါ (၂၇ ရာခိုင်နှုန်း)
၅။ ရော်ဘီဝီလျံ (၂၄ ရာခိုင်နှုန်း)
၆။ ကိုးဒ်ပလေး (၂၀ ရာခိုင်နှုန်း)
၇။ ရီဟားနား (၁၂ ရာခိုင်နှုန်း)
၈။ တေလာဆွစ် (၉ ရာခိုင်နှုန်း)
၉။ ဂျက်စတင် တင်းဘားလိတ်ခ် (၉ ရာခိုင်နှုန်း)
၁၀။ ဘရူနိုမားစ် (၈ ရာခိုင်နှုန်း) တို့ ဖြစ်ပါတယ်။
Credit : duwun
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top