iMyanmarHouse.com - Best Property Website for Myanmar
×
ပို့သပေးပါတယ်။
Unicode Version
 ယောက်ျားတွေဟာ ရုပ်ရည်အလှကို ကြိုက်တတ်ပါတယ် တဲ့။ အဲဒါက ကျွန်တော်တို့ ဦးနှောက်ထဲမှာ မွေးရာပါမို့ ပြင်လို့ မရပါဘူး။ ရုပ်ရည် လှပတဲ့ မိန်းမတွေနဲ့ တွေ့တိုင်း ယောက်ျားတွေ ကျရှူံးသွားတတ်ပါတယ်။ အရမ်းကံကောင်းတဲ့ သူတွေကတော့ အဲဒိလို မိန်းကလေးက ပြန်ကြိုက်တာကို ခံစားရမှာပါ။ ဒါပေမယ့် အဲ့လို မိန်းကလေးရဲ့ ရည်းစားဖြစ်ရတာကလဲ သိပ်တော့ မလွယ်လှပါဘူး။ အဲဒိထဲက အခက်အခဲ ၁၀ မျိုးကို ဖော်ပြလိုက်ပါတယ်။
၁. တခြားကောင်တွေ သူမနဲ့ အိပ်ဖို့ ကြိုးစားမှာကိုအမြဲ စိုးရိမ်နေရပါတယ် သင် သူမကို တွေ့တာနဲ့ သူမနံပါတ်ကိုရဖို့ ဘယ်လောက် မြန်မြန် ကြိုးစားခဲ့ရလဲဆိုတာ မှတ်မိရင် သင် အဲဒိကောင်တွေ ကို အပြစ်ပြောနိုင်မှာ မဟုတ်တော့ပါဘူး။ သင် သူမကို ဘယ်လောက်ယုံယုံ၊ သူမသွားလေရာ ကောင်လေးတွေ တရုံးရုံး ဖြစ်နေမှာ သိနေတာ စိုးရိမ်စရာပါ။
၂. ဘယ်ကမှန်း မသိတဲ့ ကောင်တွေနဲ့ ရန် ဖြစ်နေရပါမယ် သင်ဟာ သင့်ရည်းစားကို တခြားသူတွေ နှောင့်ယှက်နေတာ ခံချင်မှာ မဟုတ်ပါဘူး။ သင့်ရည်းစားကလဲ အားလုံးကို ဆွဲဆောင်နိုင်နေရင်တော့ သင် ရန် အမြဲ ဖြစ်နေရမှာပါ။
၃. သင် သဝန်တိုတတ်လာပါလိမ့်မယ် လူတိုင်းမှာ ဖုံးကွယ်နေတဲ့ သဝန်တို စိတ်လေးတွေ ရှိပါတယ်။ သင် မိန်းကလေး ချောချောလေးနဲ့ Date စလုပ်တာနဲ့ အဲဒိစိတ်က ထကြွလာပါလိမ့်မယ်။
၄. သူမရှိနေရင် သင့်ကို ဘယ်သူမှ ဂရုမစိုက်တော့ပါဘူး တချို့သူတွေအတွက်ကတော့ ဒါက အနှောင့်အယှက် မဖြစ်ပါဘူး။ လူတွေဟာ သူမရဲ့ အရှိန်အဝါနဲ့ သင့်ကို သတိမပြုမိပဲ နေမှာပါ။ သင့်လိုကောင်မျိုးကို သူမ ဘာလို့ကြိုက်တာလဲ ဆိုတာပဲ လူတွေ တွေးကြပါလိမ့်မယ်။
၅. သူမက ငွေမက်လို့ သင့်ကိုတွဲတာလို့ လူတွေ ယူဆကြပါလိမ့်မယ် လူတွေမှာ မနာလို ဝန်တိုစိတ်လေးတွေ ရှိတတ်ပါတယ်။ သူမ သင့်ကို တွဲနေတာကို မနာလိုသူတွေက သူမကို ငွေမက်တယ်လို့ သွားပုပ်လေလွင့် ပြောကြပါလိမ့်မယ်။
၆. သင် သူမရဲ့ လှည့်စားတာ ခံရပါလိမ့်မယ် သင် သူမကို ဆုံးမဖို့ ကြိုးစားမယ်၊ ဒါပေမယ့် သူမက သင့်ထက် ပါဝါကြီးပါတယ်။ သူမ No ပြောလိုက်ရင် သင် ဘာမှ ဆက်မပြောနိုင်တော့ပါဘူး။ သူမကို အရမ်းတန်ဖိုးထားနေလို့ မပြောနိုင်တော့လို့ပါ။
၇. သူမကို ယုံရခက်နေပါလိမ့်မယ် သူမက ရိုးသားချင် ရိုးသားပါလိမ့်မယ်။ ဒါပေမယ့် သူမက လူတိုင်းကို ဆွဲဆောင်နိုင်နေရင် သင် သူမကို ပို ယုံချင်မှာ မဟုတ်ပါဘူး။ အထူးသဖြင့် LDR သမားတွေဆို ပိုလို့တောင် ဆိုးပါဦးမယ်။
၈. သင် မလုံမခြုံ ခံစားရပါလိမ့်မယ် သူမ သင့်ကို ချစ်တာ တကယ်ပါလား?? သင် ဝေခွဲမရ ဖြစ်နေတတ်ပါတယ်။ မလုံခြုံခြင်းထက် ယောက်ျားတွေကို ဆွဲဆောင်မှု လျော့နည်းစေတာမရှိပါဘူး။
၉. သူမ မာနက ပြသနာ ဖြစ်လာပါလိမ့်မယ် လှတဲ့ မိန်းမတွေဟာ သူတို့အလှနဲ့ ဘဝင်မြင့်ပြီး မာနဝင်တတ်ကြပါတယ်။ သင် ချစ်ဇာတ်လမ်းမှာ အချိန်ကြာတာတောင် ပြသနာ ရှိချင်မှ ရှိမှာပါ။ ဒါပေမယ့် သင် စွန့်ပစ်လိုက်ရင် နောက့်တစ်ယောက် လွယ်လွယ်ရနိုင်တဲ့ အသိ သူမမှာ ရှိနေတာက တစ်ချိန်ချိန်မှာ ပြသနာ ဖြစ်လာပါလိမ့်မယ်။
၁၀. မကောင်းတဲ့ အချက်တွေရှိရင်တောင် သူမနဲ့ ရစ်တွယ်မိနေပါတယ် သူမရဲ့ အလှက အတွင်းပိုင်း မကောင်းတဲ့ အချက် အားလုံးကို ဖုံးလွှမ်းသွားနိုင်ပါတယ်။ သင် သူမက မာနအိုး၊ သစ္စာမရှိဘူး ဆိုရင်တောင် သူမကို စွန့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။ သင် သူမနဲ့ တူတူနေရဖို့ အားလုံးကို ဥပေက္ခာပြုထားမိမှာပါ။ မိန်းခလေးတိုင်းတောင့်တပြီး ယောကျာ်းလေးတိုင်း အားကျစေဖို့
Credit: Gentleman Magazine
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top