iMyanmarHouse.com - Best Property Website for Myanmar
×

အာလူး ေဖ်ာ္ရည္ကို ေန႔စဥ္ ေသာက္သံုးျခင္း အားျဖင့္ အစာမေၾက ေရာဂါကုိ သက္သာ ေပ်ာက္ကင္း ေစႏိုင္သည္ဟု ေလ့လာ ဆန္းစစ္မႈ အသစ္တြင္ ေဖာ္ျပခဲ့ေၾကာင္း သိရသည္။

အာလူး ေဖ်ာ္ရည္ ရက္သတၱပတ္ၾကာ ေသာက္သံုး ၿပီးေနာက္ နာတာရွည္ အစာမေၾက ေရာဂါ ခံစား ေနရသူ ဆယ္ဦးတြင္ ရွစ္ဦးမွာ အက်ဳိးေက်းဇူး ခံစားရေၾကာင္း သိရသည္။

ေလ့လာ ဆန္းစစ္သူတို႔က အစာမေၾကေရာဂါ ခံစားေနရသူ ၄၀အား အာလူး ေဖ်ာ္ရည္ ၁၀၀ မီလီလီတာကို နံနက္စာ မစားမီတစ္ဝက္ႏွင့္ ညအိပ္ရာ မဝင္မီ တစ္ဝက္ ေသာက္သံုး ေစခဲ့ရာ လူနာ သံုးပံု ႏွစ္ပံုမွာ တုိးတက္မႈ ရွိလာၿပီး ထက္ဝက္ခန္႔ အက်ဳိးေက်းဇူး ခံစားရကာ ရာခိုင္ႏႈန္း ၂၀မွာ လံုးဝ သက္သာ ေပ်ာက္ကင္းေၾကာင္း ေတြ႕ရွိ ခဲ့ရသည္။ ယင္းသည္ အာလူးတြင္ ပါဝင္ေသာ အယ္ကာလိြဳက္ ျဒပ္ေပါင္းေၾကာင့္ အက်ဳိး သက္ေရာက္မႈရွိျခင္း ျဖစ္သည္ဟု ဂ်ာမနီႏွင့္ ၾသစေၾတးလ် တကၠသိုလ္မ်ားမွ သုေတသန အဖြဲ႕က ေဖာ္ျပခဲ့ေၾကာင္း သိရသည္။

Credit:ျမ၀တီ

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အာလူး ဖျော်ရည်ကို နေ့စဉ် သောက်သုံးခြင်း အားဖြင့် အစာမကြေ ရောဂါကို သက်သာ ပျောက်ကင်း စေနိုင်သည်ဟု လေ့လာ ဆန်းစစ်မှု အသစ်တွင် ဖော်ပြခဲ့ကြောင်း သိရသည်။

အာလူး ဖျော်ရည် ရက်သတ္တပတ်ကြာ သောက်သုံး ပြီးနောက် နာတာရှည် အစာမကြေ ရောဂါ ခံစား နေရသူ ဆယ်ဦးတွင် ရှစ်ဦးမှာ အကျိုးကျေးဇူး ခံစားရကြောင်း သိရသည်။

လေ့လာ ဆန်းစစ်သူတို့က အစာမကြေရောဂါ ခံစားနေရသူ ၄၀အား အာလူး ဖျော်ရည် ၁၀၀ မီလီလီတာကို နံနက်စာ မစားမီတစ်ဝက်နှင့် ညအိပ်ရာ မဝင်မီ တစ်ဝက် သောက်သုံး စေခဲ့ရာ လူနာ သုံးပုံ နှစ်ပုံမှာ တိုးတက်မှု ရှိလာပြီး ထက်ဝက်ခန့် အကျိုးကျေးဇူး ခံစားရကာ ရာခိုင်နှုန်း ၂၀မှာ လုံးဝ သက်သာ ပျောက်ကင်းကြောင်း တွေ့ရှိ ခဲ့ရသည်။ ယင်းသည် အာလူးတွင် ပါဝင်သော အယ်ကာလွိုက် ဒြပ်ပေါင်းကြောင့် အကျိုး သက်ရောက်မှုရှိခြင်း ဖြစ်သည်ဟု ဂျာမနီနှင့် သြစတြေးလျ တက္ကသိုလ်များမှ သုတေသန အဖွဲ့က ဖော်ပြခဲ့ကြောင်း သိရသည်။

Credit:မြဝတီ



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top