iMyanmarHouse.com - Best Property Website for Myanmar
×

ရင္သား ေသးငယ္ျခင္းဟာ ေကာင္းေပစြ လုိ႔ အမ်ဳိးသမီးတခ်ဳိ႕က ယူဆ၊ တခ်ဳိ႕ကလည္း ဒါဟာ အားငယ္စရာလုိ႔ ယူဆၾကတာပါ။

ေဆြးေႏြးစရာျဖစ္လာတာက ရင္သား ေသးငယ္ျခင္းဟာ ဆုလာဘ္လား၊ က်ိန္စာလား ဆုိတာေပါ့။

ေထာက္ခံျခင္း  - ဟုိဟုိဒီဒီ ေလွ်ာက္သြားတ့ဲအခါ ဘရာဇီယာ ဝတ္စရာ မလုိပါ။ ေက်ာျပင္ဟင္းလင္းဝတ္စုံနဲ႔လည္း အဆင္ေျပပါတယ္။
ကန္႔ကြက္ျခင္း - ဘရာဇီယာ ဆုိတာ အခ်ိန္အေတာ္မ်ားမ်ား ဝတ္ကုိ ဝတ္ရမွာ။ ဘာမွ သိပ္မရိွဘူး ဆုိရင္ေတာင္မွ ဘရာဇီယာ မပါဘဲ ေနထုိင္သြားလာျခင္းက လူေတာသူေတာထဲ လက္ခံႏုိင္စရာ မရိွပါ။

ေထာက္ခံျခင္း  - ဆုိင္ေတြမွာ ရွပ္အကၤ်ီဝယ္တ့ဲအခါ အုိေက၏။ ခ်ိတ္ထားတ့ဲရွပ္ ၾကည့္ေကာင္းတယ္ ဆုိရင္ ရင္သားေသးသူဝတ္ရင္ ၾကည့္ေကာင္းေနေရာ။
ဆုိင္မွာ ရွပ္ဝယ္ရတာ အင္မတန္ စိတ္ခ်မ္းသာစရာေကာင္းပါတယ္။
ကန္႔ကြက္ျခင္း -  အင္း... ဘီကီနီဝယ္ရင္ေတာ့ စိတ္ခ်မ္းသာမယ္ မဟုတ္။ အေပၚနဲ႔ေအာက္ ဆုိက္မတူဘူးဆုိေတာ့ ဘီကီနီကုိ တစစီ ဝယ္ရမွာပဲ။
ဘီကီနီအေပၚပုိင္းဟာ ေဖာ့တုံး အလုံအေလာက္ မပါဘူးဆုိရင္ေတာ့ ကေလးပိစိေကြးနဲ႔ တူေနလိမ့္မယ္။ ေဖာ့တုံးသိပ္မ်ားေနရင္လည္း ေျပးလႊားရာမွာ အဆင္ေျပမည္ မဟုတ္။

ေထာက္ခံျခင္း  - အကၤ်ီတုိႏွံ႔ႏွံ႔ေတြဝတ္လုိ႔ရ။ ဘာမွ ထြက္က်မွာ မပူရ။
ကန္႔ကြက္ျခင္း - အကၤ်ီက အေပၚမွာအေနေတာ္၊ ေအာက္မွာေတာ့ခပ္ႀကီးႀကီး ျဖစ္ေနတတ္တယ္၊ ဒါေၾကာင့္ ရယ္ဒီမိတ္ဝယ္ဝတ္တာ အဆင္မေျပ၊ စက္ခ်ဳပ္ဆုိင္ကုိ အားကုိးမွ အဆင္ေျပ။

ေထာက္ခံပါတယ္ - သံႀကိဳးထိန္းဘရာဇီယာကုိ အားကုိးစရာ မလုိပါ။ ေနရထုိင္ရ သက္ေတာင့္သက္သာ ရိွေလစြ။
ကန္႔ကြက္ပါတယ္ - ရင္သားႀကီးထြားသေယာင္ ဟန္ေဆာင္ေရးအတြက္ အေပၚတြန္းတင္တ့ဲဘရာဇီယာ လုိမယ္။ သက္ေတာင့္သက္သာ မရိွေလစြ။

ေထာက္ခံပါ၏ - အားကစားလုပ္ရာမွာဝတ္တ့ဲ ဘရာဇီယာကုိ ႀကိဳးစားၾကည့္ပါ။ ေလ့က်င့္ခန္းအေတာ္မ်ားမ်ားမွာ အဲဒါ အလုပ္ျဖစ္တယ္၊ ခ်စ္စရာလည္း ေကာင္းတယ္။
ကန္႔ကြက္ပါ၏ - အားကစားဘရာဇီယာ... ျပားလြန္းပါတယ္။ Now & Then ဇာတ္ကားထဲ (တြမ္ဘိြဳင္းအျဖစ္ သရုပ္ေဆာင္တ့ဲ) Roberta က
သူ႔ရင္သားမွာ စည္းေႏွာင္ထားတာေတြကုိ ေျဖခ်လုိက္တ့ဲျပကြက္ကုိ မွတ္မိရဲ႕လား။ အားကစားဘရာဇီယာဝတ္ရင္ အဲသလုိ ျဖစ္မွာပဲ။ စည္းေႏွာင္ဖုိ႔ေတာင္  မလုိအပ္ဘူး။

ေထာက္ခံျခင္း  -  ေလ့က်င့္ခန္းလုပ္ရတာ အဆင္ေျပတယ္။ ဟုိဟုိဒီဒီ မယမ္း မခါတ့ဲအတြက္ မနာ မက်င္ေတာ့ဘူး။
ကန္႔ကြက္ျခင္း - ဝိတ္တက္လာေပမယ့္လည္း အဲဒီေနရာ တက္မလာ။

သေဘာတူပါတယ္  -  ရင္သားႀကီးျခင္းေနာက္ဆက္တဲြ ခါးနာျခင္းေဝဒနာမ်ားျဖစ္လာမွာ စိတ္ပူစရာ မလုိပါ။ ဘရာဇီယာႀကိဳး ပခုံးထဲ နစ္ဝင္သြားတာမ်ဳိးလည္း မျဖစ္နုိင္ပါ။
သေဘာမတူပါ - ေသးလြန္းလွ်င္ မလွ။

ေထာက္ခံပါ၏ -
ကန္႔ကြက္ပါ၏ -

ေထာက္ခံခ်က္ ကန္႔ကြက္ခ်က္ေတြကုိဖတ္ျပီး အဂၤလိပ္စာဖတ္သူေတြက အမ်ဳိးမ်ဳိး တုံ႔ျပန္ေနၾကတာပါ။
ဒီစာေရးတ့ဲသူ - မူရင္း စာေရးသူ ငတုံး လုိ႔  ဒ့ဲဖ့ဲသလုိ အေထာက္အကူျဖစ္ေစတ့ဲစာစုဆုိၿပီး အမြမ္းတင္သူလည္း ရိွတာကုိ ေတြ႔ရပါတယ္။-
(ဒီဘေလာ့ http://blog.irrawaddy.org မွာ ေဖာ္ျပဖုိ႔အတြက္ စည္သူလင္း ဆီေလ်ာ္ေအာင္ ဘာသာျပန္ပါတယ္။
နုိင္ငံတကာမွာ ဘာသာမ်ဳိးစုံနဲ႔ လစဥ္ထုတ္တ့ဲ Cosmopolitan အမ်ဳိးသမီး စာေစာင္ကေန ေကာက္ႏုတ္ထားတာျဖစ္ပါတယ္)


Credit:irrawaddy


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရင်သား သေးငယ်ခြင်းဟာ ကောင်းပေစွ လို့ အမျိုးသမီးတချို့က ယူဆ၊ တချို့ကလည်း ဒါဟာ အားငယ်စရာလို့ ယူဆကြတာပါ။

ဆွေးနွေးစရာဖြစ်လာတာက ရင်သား သေးငယ်ခြင်းဟာ ဆုလာဘ်လား၊ ကျိန်စာလား ဆိုတာပေါ့။

ထောက်ခံခြင်း  - ဟိုဟိုဒီဒီ လျှောက်သွားတဲ့အခါ ဘရာဇီယာ ဝတ်စရာ မလိုပါ။ ကျောပြင်ဟင်းလင်းဝတ်စုံနဲ့လည်း အဆင်ပြေပါတယ်။
ကန့်ကွက်ခြင်း - ဘရာဇီယာ ဆိုတာ အချိန်အတော်များများ ဝတ်ကို ဝတ်ရမှာ။ ဘာမှ သိပ်မရှိဘူး ဆိုရင်တောင်မှ ဘရာဇီယာ မပါဘဲ နေထိုင်သွားလာခြင်းက လူတောသူတောထဲ လက်ခံနိုင်စရာ မရှိပါ။

ထောက်ခံခြင်း  - ဆိုင်တွေမှာ ရှပ်အင်္ကျီဝယ်တဲ့အခါ အိုကေ၏။ ချိတ်ထားတဲ့ရှပ် ကြည့်ကောင်းတယ် ဆိုရင် ရင်သားသေးသူဝတ်ရင် ကြည့်ကောင်းနေရော။
ဆိုင်မှာ ရှပ်ဝယ်ရတာ အင်မတန် စိတ်ချမ်းသာစရာကောင်းပါတယ်။
ကန့်ကွက်ခြင်း -  အင်း... ဘီကီနီဝယ်ရင်တော့ စိတ်ချမ်းသာမယ် မဟုတ်။ အပေါ်နဲ့အောက် ဆိုက်မတူဘူးဆိုတော့ ဘီကီနီကို တစစီ ဝယ်ရမှာပဲ။
ဘီကီနီအပေါ်ပိုင်းဟာ ဖော့တုံး အလုံအလောက် မပါဘူးဆိုရင်တော့ ကလေးပိစိကွေးနဲ့ တူနေလိမ့်မယ်။ ဖော့တုံးသိပ်များနေရင်လည်း ပြေးလွှားရာမှာ အဆင်ပြေမည် မဟုတ်။

ထောက်ခံခြင်း  - အင်္ကျီတိုနှံ့နှံ့တွေဝတ်လို့ရ။ ဘာမှ ထွက်ကျမှာ မပူရ။
ကန့်ကွက်ခြင်း - အင်္ကျီက အပေါ်မှာအနေတော်၊ အောက်မှာတော့ခပ်ကြီးကြီး ဖြစ်နေတတ်တယ်၊ ဒါကြောင့် ရယ်ဒီမိတ်ဝယ်ဝတ်တာ အဆင်မပြေ၊ စက်ချုပ်ဆိုင်ကို အားကိုးမှ အဆင်ပြေ။

ထောက်ခံပါတယ် - သံကြိုးထိန်းဘရာဇီယာကို အားကိုးစရာ မလိုပါ။ နေရထိုင်ရ သက်တောင့်သက်သာ ရှိလေစွ။
ကန့်ကွက်ပါတယ် - ရင်သားကြီးထွားသယောင် ဟန်ဆောင်ရေးအတွက် အပေါ်တွန်းတင်တဲ့ဘရာဇီယာ လိုမယ်။ သက်တောင့်သက်သာ မရှိလေစွ။

ထောက်ခံပါ၏ - အားကစားလုပ်ရာမှာဝတ်တဲ့ ဘရာဇီယာကို ကြိုးစားကြည့်ပါ။ လေ့ကျင့်ခန်းအတော်များများမှာ အဲဒါ အလုပ်ဖြစ်တယ်၊ ချစ်စရာလည်း ကောင်းတယ်။
ကန့်ကွက်ပါ၏ - အားကစားဘရာဇီယာ... ပြားလွန်းပါတယ်။ Now & Then ဇာတ်ကားထဲ (တွမ်ဘွိုင်းအဖြစ် သရုပ်ဆောင်တဲ့) Roberta က
သူ့ရင်သားမှာ စည်းနှောင်ထားတာတွေကို ဖြေချလိုက်တဲ့ပြကွက်ကို မှတ်မိရဲ့လား။ အားကစားဘရာဇီယာဝတ်ရင် အဲသလို ဖြစ်မှာပဲ။ စည်းနှောင်ဖို့တောင်  မလိုအပ်ဘူး။

ထောက်ခံခြင်း  -  လေ့ကျင့်ခန်းလုပ်ရတာ အဆင်ပြေတယ်။ ဟိုဟိုဒီဒီ မယမ်း မခါတဲ့အတွက် မနာ မကျင်တော့ဘူး။
ကန့်ကွက်ခြင်း - ဝိတ်တက်လာပေမယ့်လည်း အဲဒီနေရာ တက်မလာ။

သဘောတူပါတယ်  -  ရင်သားကြီးခြင်းနောက်ဆက်တွဲ ခါးနာခြင်းဝေဒနာများဖြစ်လာမှာ စိတ်ပူစရာ မလိုပါ။ ဘရာဇီယာကြိုး ပခုံးထဲ နစ်ဝင်သွားတာမျိုးလည်း မဖြစ်နိုင်ပါ။
သဘောမတူပါ - သေးလွန်းလျှင် မလှ။

ထောက်ခံပါ၏ -
ကန့်ကွက်ပါ၏ -

ထောက်ခံချက် ကန့်ကွက်ချက်တွေကိုဖတ်ပြီး အင်္ဂလိပ်စာဖတ်သူတွေက အမျိုးမျိုး တုံ့ပြန်နေကြတာပါ။
ဒီစာရေးတဲ့သူ - မူရင်း စာရေးသူ ငတုံး လို့  ဒဲ့ဖဲ့သလို အထောက်အကူဖြစ်စေတဲ့စာစုဆိုပြီး အမွမ်းတင်သူလည်း ရှိတာကို တွေ့ရပါတယ်။-
(ဒီဘလော့ http://blog.irrawaddy.org မှာ ဖော်ပြဖို့အတွက် စည်သူလင်း ဆီလျော်အောင် ဘာသာပြန်ပါတယ်။
နိုင်ငံတကာမှာ ဘာသာမျိုးစုံနဲ့ လစဉ်ထုတ်တဲ့ Cosmopolitan အမျိုးသမီး စာစောင်ကနေ ကောက်နုတ်ထားတာဖြစ်ပါတယ်)


Credit:irrawaddy




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top