iMyanmarHouse.com - Best Property Website for Myanmar
×

ဝိတ္ခ်ဖုိ႔ ရည္ရြယ္ခ်က္ရိွသူအမ်ားစု green tea ေသာက္ဖူးၾကပါတယ္။ ပုံမွန္မေသာက္ရင္ေတာင္ ကုိယ္အေလးခ်ိန္ ေလ်ာ့က်ေစႏုိင္တယ္လို႔ ၾကားဖူးပါလိမ့္မယ္။ ဒါေပမယ့္ တျခားပစၥည္းေတြလုိ green tea မွာလည္း အားသာခ်က္ေတြရိွသလုိ အားနည္းခ်က္ေတြလည္း ရိွေနပါတယ္။

ေကာင္းတဲ့ဘက္ကၾကည့္ရင္ green tea ဟာ ေဆးဖက္ဝင္အပင္မို႔ က်န္းမာေရးနဲ႔ညီညြတ္ပါတယ္။ ဒါေပမယ့္ အလြန္အကြ်ံေသာက္တာက စိုးရိမ္ရတဲ့ ေဘးထြက္ဆုိးက်ဳိးေတြ စတင္ျဖစ္ပြားေစႏုိင္ပါတယ္။ Green tea ရဲ႕လက္ခ်က္ဆိုတာ မသိရိွဘဲ ေဘးထြက္ဆုိးက်ဳိး ခံစားခဲ့့ဖူးသူတခ်ဳိ႕ ရိွေကာင္းရိွႏုိင္ပါတယ္။ Green tea ဘယ္ေလာက္ပမာဏဆိုရင္ အလြန္အကြ်ံျဖစ္လဲ သိခ်င္မိပါလိမ့္မယ္။ တစ္ေန႔ အမ်ားဆုံး ၅ ခြက္ထိပဲ ေသာက္သင့္တာပါ။

ဘာမဆို အတုိင္းအတာတစ္ခုထက္ပိုရင္ ေဘးထြက္ဆုိးက်ဳိးျဖစ္ေစတတ္ပါတယ္။ အမ်ားဆုံးျဖစ္တဲ့ ေဘးထြက္ဆုိးက်ဳိးေတြထဲမွာ ေခါင္းကိုက္ေဝဒနာ၊ ဗုိက္ေအာင့္ျခင္း၊ အိပ္မေပ်ာ္ျခင္း၊ ေျခတုန္လက္တုန္၊ မအီမသာျဖစ္ျခင္း၊ အစာစားခ်င္စိတ္ေပ်ာက္ျခင္းတို႔ ပါဝင္ပါတယ္။ အိပ္စက္မႈကို ဆုိးရြားစြာ ထိခုိက္ေစမွာမို႔ green tea ကို ညဘက္ေတြ မေသာက္ပါနဲ႔။

အဲဒီအျပင္ green tea ကို စိတ္က်ေဆး၊ စိတ္ျငိမ္ေဆး၊ ဟစၥတာမင္ေဆးနဲ႔ သေႏၶတားေဆးေတြနဲ႔ ေပါင္းေသာက္ျခင္းက အလြန္အႏၱရာယ္မ်ားေၾကာင္း ေလ့လာမႈမ်ားစြာက ညြန္ျပထားပါတယ္။ Green tea ကုိ ေသြးအားနည္းေရာဂါရိွသူေတြ မေသာက္ဖုိ႔လည္း အၾကံျပဳထားပါတယ္။

ဒီက်န္းမာေရးအႏၱရာယ္ေတြ ေရွာင္ရွားဖုိ႔ green tea ပမာဏအတင့္အသင့္သာ ေသာက္သုုံးပါ။ တဖက္မွာေတာ့ green tea မွာ အရြယ္တင္ႏုပ်ဳိေစျခင္း၊ ဇီဝတြင္းျဖစ္ပ်က္မႈ ျမန္ဆန္ေစျခင္းနဲ႔ အဆီေလာင္ကြ်မ္းေစျခင္းစတဲ့ က်န္းမာေရးအက်ဳိးေက်းဇူးမ်ားစြာရိွပါတယ္။ အမွန္ေတာ့ ေန႔စဥ္ေသာက္သုံးသင့္တဲ့ပမာဏေလာက္ပဲ ေသာက္မယ္ဆုိရင္ အက်ဳိးေက်းဇူးမ်ားစြာ ရရိွမွာျဖစ္ပါတယ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဝိတ်ချဖို့ ရည်ရွယ်ချက်ရှိသူအများစု green tea သောက်ဖူးကြပါတယ်။ ပုံမှန်မသောက်ရင်တောင် ကိုယ်အလေးချိန် လျော့ကျစေနိုင်တယ်လို့ ကြားဖူးပါလိမ့်မယ်။ ဒါပေမယ့် တခြားပစ္စည်းတွေလို green tea မှာလည်း အားသာချက်တွေရှိသလို အားနည်းချက်တွေလည်း ရှိနေပါတယ်။

ကောင်းတဲ့ဘက်ကကြည့်ရင် green tea ဟာ ဆေးဖက်ဝင်အပင်မို့ ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ဒါပေမယ့် အလွန်အကျွံသောက်တာက စိုးရိမ်ရတဲ့ ဘေးထွက်ဆိုးကျိုးတွေ စတင်ဖြစ်ပွားစေနိုင်ပါတယ်။ Green tea ရဲ့လက်ချက်ဆိုတာ မသိရှိဘဲ ဘေးထွက်ဆိုးကျိုး ခံစားခဲ့ဖူးသူတချို့ ရှိကောင်းရှိနိုင်ပါတယ်။ Green tea ဘယ်လောက်ပမာဏဆိုရင် အလွန်အကျွံဖြစ်လဲ သိချင်မိပါလိမ့်မယ်။ တစ်နေ့ အများဆုံး ၅ ခွက်ထိပဲ သောက်သင့်တာပါ။

ဘာမဆို အတိုင်းအတာတစ်ခုထက်ပိုရင် ဘေးထွက်ဆိုးကျိုးဖြစ်စေတတ်ပါတယ်။ အများဆုံးဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေထဲမှာ ခေါင်းကိုက်ဝေဒနာ၊ ဗိုက်အောင့်ခြင်း၊ အိပ်မပျော်ခြင်း၊ ခြေတုန်လက်တုန်၊ မအီမသာဖြစ်ခြင်း၊ အစာစားချင်စိတ်ပျောက်ခြင်းတို့ ပါဝင်ပါတယ်။ အိပ်စက်မှုကို ဆိုးရွားစွာ ထိခိုက်စေမှာမို့ green tea ကို ညဘက်တွေ မသောက်ပါနဲ့။

အဲဒီအပြင် green tea ကို စိတ်ကျဆေး၊ စိတ်ငြိမ်ဆေး၊ ဟစ္စတာမင်ဆေးနဲ့ သန္ဓေတားဆေးတွေနဲ့ ပေါင်းသောက်ခြင်းက အလွန်အန္တရာယ်များကြောင်း လေ့လာမှုများစွာက ညွန်ပြထားပါတယ်။ Green tea ကို သွေးအားနည်းရောဂါရှိသူတွေ မသောက်ဖို့လည်း အကြံပြုထားပါတယ်။

ဒီကျန်းမာရေးအန္တရာယ်တွေ ရှောင်ရှားဖို့ green tea ပမာဏအတင့်အသင့်သာ သောက်သုုံးပါ။ တဖက်မှာတော့ green tea မှာ အရွယ်တင်နုပျိုစေခြင်း၊ ဇီဝတွင်းဖြစ်ပျက်မှု မြန်ဆန်စေခြင်းနဲ့ အဆီလောင်ကျွမ်းစေခြင်းစတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ အမှန်တော့ နေ့စဉ်သောက်သုံးသင့်တဲ့ပမာဏလောက်ပဲ သောက်မယ်ဆိုရင် အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top