iMyanmarHouse.com - Best Property Website for Myanmar
×





Credit : Trend Myanmar



Unicode Version

Honeymoon အယ်လ်ဘမ်ဖြန့်ချိပြီးကတည်းက Lana Del Rey သီချင်းသစ်မထွက်ဖြစ်တာ ၂ နှစ်ရှိသွားပါပြီ။ ပြီးခဲ့တဲ့ရက်သတ္တပတ် အစောပိုင်းလောက်မှာ ကြယ်စင်ကလေးတွေ လင်းလက်နေတဲ့ မိုးကောင်းကင်ကနေ ငေးစိုက်ကြည့်နေတဲ့ Del Rey ရဲ့ အလွန်နူးညံ့သိမ်မွေ့တဲ့ မျက်နှာကို အသားပေးထည့်သွင်းထားတဲ့ ရုပ်ရှင်ပိုစတာတွေ လော့စ်အိန်ဂျယ်လိစ် အနှံ့အပြားမှာ ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒါဟာ အမျိုးသမီးအဆိုတော်တစ်ဦးဆီက ထွက်ရှိလာမယ့် "Love" အမည်ရ သီချင်းသစ်ကြော်ငြာပဲ ဖြစ်ပါတယ်။

Lana Del Rey ဟာ သူမရဲ့ ပွဲဦးထွက် single သီချင်းကို ကြိုတင်အသိပေးခြင်းမရှိပဲ ဖြန့်ချိခဲ့ပါတယ်။ အံ့သြဖို့ကောင်းတာက "Love" လို့ ခေါင်းစဉ်တပ်ထားတဲ့ ဒီသီချင်းဟာ စိတ်လှုပ်ရှားဖွယ် အချစ်ဇာတ်လမ်း၊ ဂန္တဝင်တေးသီဆိုဟန်နဲ့ ရှိုက်သံကလေးတွေနဲ့ ကာလာခြယ်သထားတဲ့ အချစ်သီချင်းတစ်ပုဒ်ဖြစ်ပြီး အဲဒါတွေက သူမရဲ့ ကိုယ်ပိုင်ဟန်ကို ပုံဖော်ပေးပါတယ်။

လတ်တလော ဒီ "Love" သီချင်းကို Apple Music နဲ့ Youtube ကနေတဆင့် နားဆင်နိုင်ပြီ နောက်ထွက်ရှိမယ့် အယ်လ်ဘမ်ထဲက တစ်ပုဒ်ဖြစ်မလား၊ single သီချင်းပဲဖြစ်မလားဆိုတာ ဘာမှပြောဆိုထားခြင်းမရှိပေမယ့် Richard Lee ရိုက်ကူးခဲ့တဲ့ မြူးဇစ်ဗီဒီယိုကလည်း ၁၈ရက်နေ့က ထွက်ရှိခဲ့ပြန်ပါတယ်။

Love သီချင်းနားဆင်ချင်သူတွေ အောက်ကလင့်ခ်မှာ  ဝင်ရောက်နားဆင်နိုင်ပါတယ်။


Credit : Trend Myanmar


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top