1st Myanmar's Smart Living Expo (အိမ္ၿခံေျမ၊ ကားႏွင့္လူသံုးကုန္ပစၥည္းျပပြဲႀကီး - ေတာင္ႀကီး)
×

ေဖေဖာ္၀ါရီ ၁၄ ရက္ေန႔တိုင္းမွာ က်ေရာက္တဲ့ ခ်စ္သူမ်ားေန႔ နဲ႔ ပတ္သက္ရင္ ေသခ်ာတာတစ္ခုကေတာ့ ေခ်ာ့ကလက္ ၊ ႏွင္းဆီပန္း နဲ႔ လက္ေဆာင္ ပစၥည္းေတြ ေရာင္းအားတက္တာပါပဲ။ တူညီတဲ့ သက္ေရာက္မႈ တစ္ခုအျဖစ္ ကၽြႏ္ုပ္တို႔အားလံုးရဲ ႔ လူမႈကြန္ယက္ Feeds ေတြမွာ အဲဒီ တစ္ရက္တာ ေရာင္းအားအေကာင္းဆံုး ပစၥည္းေတြရဲ ႔ ဓါတ္ပံုေတြျပည့္ေနပါလိမ့္မယ္။ ေဘးလူတစ္ေယာက္ အျမင္မွာေတာ့ အာရံုေနာက္စရာပါ။ ဒါေပမယ့္လည္း ခ်စ္သူမ်ားေန႔ကို အမ်ားနည္းတူ ဆင္ႏႊဲ တဲ့အခါ ဘယ္သူ႔ကိုမွ အာရံုမေနာက္ေစဖို႔ လူမႈကြန္ယက္မွာ Post မျပဳလုပ္သင့္တဲ့ အရာ ၇ ခုရွိပါတယ္။ အဲဒါေတြကေတာ့ -

အနမ္းေျခြ ဓါတ္ပံုမ်ား

ျပင္သစ္ စတိုင္လ္ နဲ႔ အနမ္း လက္ေဆာင္ ေပးျခင္းကို ခ်စ္သူ နဲ႔ ႏွစ္ကိုယ္ၾကား သိမ္းဆည္းထားပါ။ လူမႈကြန္ယက္မွာ ဓါတ္ပံုတင္ၿပီး ၾကြားတဲ့အထိ ေပၚပင္ မဆန္ပါေစနဲ႔။

အႀကိဳက္ဆံုးအတြင္းခံေတြအေၾကာင္း

လက္ရွိသင့္ခ်စ္သူဟာ သင့္ရဲ ႔ ထာ၀ရ လက္တြဲေဖာ္ ျဖစ္လာမလား မသိေပမယ့္ သင္နဲ႔ တစ္ခ်ိန္မွာ ေဆြမ်ိဳးေတာ္စပ္လာႏိုင္တဲ့သူေတြ သင့္ရဲ ႔ လူမႈကြန္ယက္ အေကာင့္ထဲမွာ ရွိေနႏိုင္တယ္ဆိုတာကို မေမ့ပါနဲ႔။

V-Day လက္ေဆာင္မ်ား

သင့္ခ်စ္သူက သင့္ဆီကို ေခ်ာ့ကလက္နဲ႔ ပန္းစည္းေတြ ပို႔လိုက္တာကို လူမႈကြန္ယက္မွာ ထုတ္ေဖာ္ ၾကြား၀ါေနမယ္ဆိုရင္ သင့္ကို အားလံုးက အျမင္ကတ္သြားၿပီ ဆိုတာကို သိလိုက္ပါ။

ေစ်းႏႈန္းမ်ား

ကိုယ္လက္ေဆာင္ရတဲ့ပစၥည္းရဲ ႔ ေစ်းႏႈန္းကို လူမႈကြန္ယက္မွာ Post လုပ္လိုက္ကတည္းက ကိုယ့္အဆင့္ ဘယ္ေရာက္သြားလဲဆိုတာ ကိုယ့္ဘာသာကိုယ္ သိပါ။

ကဗ်ာဆန္ဆန္ ညစာ

ဒါကေတာ့ ဓါတ္ပံု ရႈေထာင့္ကပဲ ၾကည့္ၿပီးေျပာတာပါ။ ဖေယာင္းတိုင္မီး အလင္းေရာင္ေအာက္မွာ အစားအစာ ေတြကို ဓါတ္ပံုရိုက္ယူျခင္းဟာ ဘာ အႏွစ္သာရမွ မေပးႏိုင္ပါဘူး။

"ငါမင္းကိုခ်စ္တယ္" စာသား

သင့္ခ်စ္သူအတြက္ ရည္ရြယ္ၿပီးေရးတဲ့ Post တစ္ခုကို လူအေရအတြက္ဘယ္ေလာက္က Like လုပ္သြားသလဲဆိုတာ အေရးမႀကီးပါဘူး။ သင့္ခ်စ္သူတစ္ေယာက္ထဲကသာ အေရးအႀကီးဆံုးျဖစ္မွာပါ။

ခ်စ္သူမ်ားေန႔အမွတ္တရ စာစု

ဒါလည္းပဲ ႏွစ္ကိုယ္ၾကား အေၾကာင္းအရာျဖစ္လို႔ ႏွစ္ဦးသား သိရံုနဲ႔ အဆင္ေျပပါတယ္။ ထုတ္ၾကြားသင့္တဲ့ အရာ မဟုတ္ပါဘူး။

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:trend myanmar

#Unicdoe Version


ဖေဖော်ဝါရီ ၁၄ ရက်နေ့တိုင်းမှာ ကျရောက်တဲ့ ချစ်သူများနေ့ နဲ့ ပတ်သက်ရင် သေချာတာတစ်ခုကတော့ ချော့ကလက် ၊ နှင်းဆီပန်း နဲ့ လက်ဆောင် ပစ္စည်းတွေ ရောင်းအားတက်တာပါပဲ။ တူညီတဲ့ သက်ရောက်မှု တစ်ခုအဖြစ် ကျွန်ုပ်တို့အားလုံးရဲ့ လူမှုကွန်ယက် Feeds တွေမှာ အဲဒီ တစ်ရက်တာ ရောင်းအားအကောင်းဆုံး ပစ္စည်းတွေရဲ့ ဓါတ်ပုံတွေပြည့်နေပါလိမ့်မယ်။ ဘေးလူတစ်ယောက် အမြင်မှာတော့ အာရုံနောက်စရာပါ။ ဒါပေမယ့်လည်း ချစ်သူများနေ့ကို အများနည်းတူ ဆင်နွှဲ တဲ့အခါ ဘယ်သူ့ကိုမှ အာရုံမနောက်စေဖို့ လူမှုကွန်ယက်မှာ Post မပြုလုပ်သင့်တဲ့ အရာ ၇ ခုရှိပါတယ်။ အဲဒါတွေကတော့ -

အနမ်းခြွေ ဓါတ်ပုံများ

ပြင်သစ် စတိုင်လ် နဲ့ အနမ်း လက်ဆောင် ပေးခြင်းကို ချစ်သူ နဲ့ နှစ်ကိုယ်ကြား သိမ်းဆည်းထားပါ။ လူမှုကွန်ယက်မှာ ဓါတ်ပုံတင်ပြီး ကြွားတဲ့အထိ ပေါ်ပင် မဆန်ပါစေနဲ့။

အကြိုက်ဆုံးအတွင်းခံတွေအကြောင်း

လက်ရှိသင့်ချစ်သူဟာ သင့်ရဲ့ ထာဝရ လက်တွဲဖော် ဖြစ်လာမလား မသိပေမယ့် သင်နဲ့ တစ်ချိန်မှာ ဆွေမျိုးတော်စပ်လာနိုင်တဲ့သူတွေ သင့်ရဲ့ လူမှုကွန်ယက် အကောင့်ထဲမှာ ရှိနေနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။

V-Day လက်ဆောင်များ

သင့်ချစ်သူက သင့်ဆီကို ချော့ကလက်နဲ့ ပန်းစည်းတွေ ပို့လိုက်တာကို လူမှုကွန်ယက်မှာ ထုတ်ဖော် ကြွားဝါနေမယ်ဆိုရင် သင့်ကို အားလုံးက အမြင်ကတ်သွားပြီ ဆိုတာကို သိလိုက်ပါ။

ဈေးနှုန်းများ

ကိုယ်လက်ဆောင်ရတဲ့ပစ္စည်းရဲ့ ဈေးနှုန်းကို လူမှုကွန်ယက်မှာ Post လုပ်လိုက်ကတည်းက ကိုယ့်အဆင့် ဘယ်ရောက်သွားလဲဆိုတာ ကိုယ့်ဘာသာကိုယ် သိပါ။

ကဗျာဆန်ဆန် ညစာ

ဒါကတော့ ဓါတ်ပုံ ရှုထောင့်ကပဲ ကြည့်ပြီးပြောတာပါ။ ဖယောင်းတိုင်မီး အလင်းရောင်အောက်မှာ အစားအစာ တွေကို ဓါတ်ပုံရိုက်ယူခြင်းဟာ ဘာ အနှစ်သာရမှ မပေးနိုင်ပါဘူး။

"ငါမင်းကိုချစ်တယ်" စာသား

သင့်ချစ်သူအတွက် ရည်ရွယ်ပြီးရေးတဲ့ Post တစ်ခုကို လူအရေအတွက်ဘယ်လောက်က Like လုပ်သွားသလဲဆိုတာ အရေးမကြီးပါဘူး။ သင့်ချစ်သူတစ်ယောက်ထဲကသာ အရေးအကြီးဆုံးဖြစ်မှာပါ။

ချစ်သူများနေ့အမှတ်တရ စာစု

ဒါလည်းပဲ နှစ်ကိုယ်ကြား အကြောင်းအရာဖြစ်လို့ နှစ်ဦးသား သိရုံနဲ့ အဆင်ပြေပါတယ်။ ထုတ်ကြွားသင့်တဲ့ အရာ မဟုတ်ပါဘူး။

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:trend myanmar




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top