iMyanmarHouse.com - Best Property Website for Myanmar
×

အဓမၼမႈဟာ ရာဇ၀တ္ျပစ္မႈေတြထဲမွာ ျပစ္မႈႀကီးစာရင္း၀င္ပါတယ္။ တစ္ခ်ိဳ႕က အသက္မျပည့္ေသးတဲ့ ကေလးသူငယ္ေတြကို လိင္ပုိင္းဆုိင္ရာ ေစာ္ကားၾကတယ္၊ တစ္ခ်ိဳ႕က အသက္ျပည့္ၿပီးသူေတြ၊ ဆန္႔က်င္ဘက္ လိင္ေတြကုိ လိင္ပုိင္းဆုိ္င္ရာ ေစာ္ကားၾကပါတယ္။ ဒါေပမယ့္ စစ္တမ္းအရေတာ့ အဓမၼမႈေတြဟာ ရင္းနီးကၽြမ္း၀င္ၿပီးသားသူေတြက က်ဴးလြန္တာ ပုိမ်ား
ေၾကာင္း ဆုိပါတယ္။ မည္သုိ႔ပင္ ဆုိေစကာမူ အမ်ိဳးသမီးေတြအေနနဲ႔ ေအာက္ပါအခ်က္ကေလးေတြကို လုိက္နာေပးဖုိ႔တုိက္တြန္းခ်င္ပါတယ္။

(၁) ယုံၾကည္ရတဲ့ အေဖာ္အေပါင္းနဲ႔သာ သြားလာပါ

အမ်ိဳးသမီးေတြဟာ မည္သည့္ႏုိင္ငံရဲဲ႕ အုပ္ခ်ဳပ္မႈေအာက္မွာပဲ ရွိေနပါေစ၊ ညအခ်ိန္မေတာ္ အျပင္ထြက္လည္တာမ်ိဳးကို ေရွာင္ၾကည္သင့္ပါတယ္။ မလႊဲသာလုိ႔ သြားလာတဲ့အခါ ျဖစ္နုိ္င္သမွ် အေဖာ္ေခၚသြားဖုိ႔ လုိအပ္ပါတယ္။ ခ်စ္သူရည္းစားနဲ႔ ခ်ိန္းေတြ႕ရင္လည္း အလြန္တင္းမာေနတဲ့ အခ်ိန္မ်ိဳးဆုိ သူငယ္ခ်င္းတစ္ေယာက္ေယာက္ကို အေဖာ္ေခၚသြားဖုိ႔ တုိက္တြန္းခ်င္ပါတယ္။

(၂) အလွအပထက္ လုံၿခဳံေသာအ၀တ္အစားကိုသာ ၀တ္ဆင္ပါ

အလွအပထက္ လုံၿခဳံတဲ့ အ၀တ္ကို ေရြးခ်ယ္၀တ္ဆင္သင့္ပါတယ္။ ဥပမာအားျဖင့္ ေဘာင္းဘီနဲ႔ ထဘီေပါ့ .. အဓမၼသမားေတြဟာ မိမိရဲဲ႕ သားေကာင္ကို (၁) လိင္ပုိင္းဆုိင္ရာ ဆြဲေဆာင္မႈရွိသလား၊ (၂) လူေျခတိတ္တဲ့ ေနရာလား၊ (၃) အ၀တ္အစားေတြက အဓမၼက်င့္ဖုိ႔အတြက္ အလြယ္တကူ ျဖစ္ႏုိင္သလား၊ (၄) ဆံပင္ရွည္ရင္ ဆံပင္ကုိဆြဲၿပီး ၿခိမ္းေျခာက္လုိ႔ ရမလား၊ (၅) ျပန္လည္ခုခံႏုိင္တဲ့ပုံစံ ေပါက္ေနသလား-ဆုိတဲ့ အခ်က္ေတြကို ထည့္သြင္း စဥ္းစားတတ္ပါတယ္။ ဒီေတာ့ ထဘီဟာ ျမန္မာ့႐ုိးရာယဥ္ေက်းမႈဆုိတာ မွန္ပါတယ္။ ဒါေပမယ့္ ေဘာင္းဘီက ပုိၿပီး လုံၿခဳံတယ္လုိ႔ ယူဆမိပါတယ္။

(၃) မရင္းနီးတဲ့အမ်ိဳးသားရဲ႕ အစားအစာေပးကမ္းမႈကို ျငင္းပယ္ပါ

တစ္ခ်ိဳ႕က ကလပ္တက္ျခင္းနဲ႔ ညဘက္အျပင္ထြက္ျခင္းကို ဆုိရွယ္က်က် ျပဳလုပ္တာမ်ိဳးေတြ ၿမိဳ႕ႀကီးေတြမွာ ေတြ႕ေနရပါတယ္။ ဒီအခ်က္မွာ အျပစ္ေျပာရန္ မရွိပါ။ မိမိႀကိဳက္ႏွစ္သက္တာကို လုပ္ပုိင္ခြင့္ရွိပါတယ္။ ဒါေပမယ့္ ကိုယ္ႀကိဳက္ႏွစ္သက္တဲ့ အရာက ကိုယ့္ဘ၀ေရတိမ္နစ္ဖုိ႔ နီးစပ္မႈရွိသလားဆုိတာေတာ့ ဉာဏ္နဲ႔ ဆင္ျခင္ေစခ်င္ပါတယ္။ မည္သည့္ေနရာေရာက္ေရာက္ မိမိနဲ႔ ေျပာမနာဆုိမနာ သူငယ္ခ်င္းေတြ မဟုတ္ပဲ အျခားသူေတြ ေကၽြးတာ၊ တုိက္တာေတြ မစားဖုိ႔ မေသာက္ဖုိ႔လည္း တုိက္တြန္းခ်င္ပါတယ္။
(၄) အရက္ေသစာ မေသာက္စားပါနဲ႔

ဒီအခ်က္မွာလည္း အမ်ိဳးသမီးအနည္းစုဟာ မကင္းနုိင္ၾကပါဘူး။ ႏုိက္ကလပ္ သြားေလ့ရွိတဲ့ အမ်ိဳးသမီးအခ်ိဳ႕ဟာ အရက္၊ ဘီယာ စသည္တုိ႔ကုိ ေသာက္ေလ့ရွိၾကပါတယ္။ ဒါမွလည္း ေခတ္မီတယ္၊ က,လုိ႔ေကာင္းတယ္လုိ႔ ေျမႇာက္ေပးသူေတြလည္း ရွိေနပါတယ္။ ဒီေတာ့ မိမိအႏၱရာယ္ကို မိမိ သိရွိၿပီး၊ အရက္ေသစာ ေသာက္စားျခင္းကို ေရွာင္ဖုိ႔ တုိက္တြန္းခ်င္ပါတယ္။
(၅) တုိက္ခုိက္နည္းသင္တန္း တက္ထားပါ/ သုိ႔မဟုတ္ ေျပးပါ

အေရးေပၚ ထုတ္သုံးဖုိ႔အတြက္ ကရာေတး၊ ဂ်ဴဒုိ၊ ေျပာင္းျပန္ အစရွိတဲ့ သုိင္းသင္တန္းေတြ တက္ထားသင့္ပါတယ္။ အမ်ားႀကီး တတ္စရာ မလုိပါဘူး၊ အေျခခံ သုံးကြက္ေလးကြက္ေလာက္ေပါ့။ ေနာက္ အမ်ိဳးသားေတြ မိမိကို လိင္ပုိင္းဆုိင္ရာ ေစာ္ကားဖုိ႔ ႀကိဳးစားလာရင္ ဘယ္ေနရာဟာ သူတုိ႔အားနည္းခ်က္လဲဆုိတာ အရင္ဆုံးသတိရပါ၊ ေပါင္ၿခံက်ား၊ မ်က္လုံးစသည္တုိ႔ဟာ လူတုိင္းရဲ႕ တုိက္ကြက္အေကာင္းဆုံးေနရာေတြ ျဖစ္ပါတယ္။ ကိုယ္က ဘာမွမတတ္ဖူးဆုိရင္လည္း ရွက္ၿပီး ၿငိမ္ေနဖုိ႔ စိတ္မကူးပါနဲ႔ မသကၤာတာနဲ႔ လွစ္ကနဲေနေအာင္ ေနရာကေန ေျပးထြက္ဖုိ႔ လုိပါတယ္။ အနားေတာင္ ကပ္ဖုိ႔ အခ်ိန္မေပးပါနဲ႔။ ဒါက ကိုယ့္အတြက္ ႀကိဳတင္ကာကြယ္တာပါ။


(၆) အေမွာင္လမ္းေတြနဲ႔၊ ညအခ်ိန္မေတာ္ အိမ္ျပန္ခ်ိန္ကို ေရွာင္ပါ

အခုေနာက္ပုိင္း တစ္ခ်ိဳ႕ေသာ လုပ္ငန္းေတြမွာ Over Time ဆင္းေပးရတာမ်ိဳးေတြ ရွိပါတယ္။ အလုပ္ရွင္ေတြအေနနဲ႔ ကိုယ္က အမ်ိဳးသမီးအလုပ္သမားေတြနဲ႔ ေရရွည္ဆက္ဆံရတဲ့ လုပ္ငန္းမ်ိဳးဆုိရင္ အမ်ိဳးသမီးေတြအတြက္ အႏၱရာယ္ကင္းႏုိင္မယ့္ အခ်ိန္မ်ိဳးကို ႐ုံးဆင္းေပးျခင္း၊ အလုပ္ဆင္းေပးျခင္း ျပဳလုပ္ၾကဖုိ႔ ေတာင္းဆုိခ်င္ပါတယ္။ ဒီေတာ့ အဲဒီလိုအခ်ိန္မ်ိဴး မေရွာင္နုိင္ရင္ လာႀကဳိမယ့္သူ ေခၚျဖစ္ေအာင္ ေခၚထားဖုိ႔ လုိပါတယ္။

(၇) ရရာလက္နက္ျဖင့္ ျပန္လည္တုိက္ခုိက္တတ္ပါေစ

အဓမၼသမားကို ရရာလက္နက္နဲ႔ တုိက္ခုိက္တတ္ဖုိ႔ လုိပါတယ္။ ခၽြင္းခ်က္အေနနဲ႔ အဓမၼသမားကုိ သနားစရာ မလုိပါ။
လက္ေတြကို ထိန္းခ်ဳပ္ထားရင္ ေခါင္းနဲ႔ ပါးစပ္ရွိရာကို မွန္းဆၿပီး အရွိန္ကုန္တုိက္ပါ၊ ကန္ဖုိ႔႐ုိက္ဖုိ႔ အဆင္ေျပရင္ ေပါင္ခြၾကားနဲ႔ မ်က္လုံးစသည္ကို တုိက္ခုိက္ပါ၊ လက္ထဲမွာ ဖုန္း၊ ထမင္းခ်ဳိင့္၊ ေစ်းျခင္း၊ ထီးစတာေတြဟာ တုိက္ခုိက္ဖုိ႕အေကာင္းဆုံးလက္နက္ေတြပါဘဲ။

(၈) ဆံပင္ရွည္လွ်င္ က်စ္က်စ္လစ္လစ္ သိမ္းဆည္းထုံးဖြဲ႕ထားပါ

ဆံပင္ရွည္တဲ့ အမ်ိဳးသမီးေတြဟာ အားနည္းခ်က္ ျဖစ္သြားတတ္ပါတယ္။ အမ်ိဳးသမီးအမ်ားစုဟာ ဆံပင္အဆြဲခံလုိက္တာနဲ႔
အညႇာကိုင္မိသလုိ၊ ႏုိင္ကြက္ကိုင္မိသလုိ ျဖစ္သြားတတ္ပါတယ္။ ဒီအတြက္ ဆံပင္ညႇပ္ရန္ မလုိပါ။ ေသေသသပ္သပ္ က်စ္က်စ္လစ္လစ္ သိမ္းဆည္းထားရင္ အဓမၼသမား ႐ုတ္တရက္ ဆံပင္ဆြဲဖုိ႔ မမိတတ္ပါဘူး။
Credit:  (Shwemom)


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အဓမ္မမှုဟာ ရာဇဝတ်ပြစ်မှုတွေထဲမှာ ပြစ်မှုကြီးစာရင်းဝင်ပါတယ်။ တစ်ချို့က အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားကြတယ်၊ တစ်ချို့က အသက်ပြည့်ပြီးသူတွေ၊ ဆန့်ကျင်ဘက် လိင်တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားကြပါတယ်။ ဒါပေမယ့် စစ်တမ်းအရတော့ အဓမ္မမှုတွေဟာ ရင်းနီးကျွမ်းဝင်ပြီးသားသူတွေက ကျူးလွန်တာ ပိုများ
ကြောင်း ဆိုပါတယ်။ မည်သို့ပင် ဆိုစေကာမူ အမျိုးသမီးတွေအနေနဲ့ အောက်ပါအချက်ကလေးတွေကို လိုက်နာပေးဖို့တိုက်တွန်းချင်ပါတယ်။

(၁) ယုံကြည်ရတဲ့ အဖော်အပေါင်းနဲ့သာ သွားလာပါ

အမျိုးသမီးတွေဟာ မည်သည့်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာပဲ ရှိနေပါစေ၊ ညအချိန်မတော် အပြင်ထွက်လည်တာမျိုးကို ရှောင်ကြည်သင့်ပါတယ်။ မလွှဲသာလို့ သွားလာတဲ့အခါ ဖြစ်နိုင်သမျှ အဖော်ခေါ်သွားဖို့ လိုအပ်ပါတယ်။ ချစ်သူရည်းစားနဲ့ ချိန်းတွေ့ရင်လည်း အလွန်တင်းမာနေတဲ့ အချိန်မျိုးဆို သူငယ်ချင်းတစ်ယောက်ယောက်ကို အဖော်ခေါ်သွားဖို့ တိုက်တွန်းချင်ပါတယ်။

(၂) အလှအပထက် လုံခြုံသောအဝတ်အစားကိုသာ ဝတ်ဆင်ပါ

အလှအပထက် လုံခြုံတဲ့ အဝတ်ကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ ဥပမာအားဖြင့် ဘောင်းဘီနဲ့ ထဘီပေါ့ .. အဓမ္မသမားတွေဟာ မိမိရဲ့ သားကောင်ကို (၁) လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိသလား၊ (၂) လူခြေတိတ်တဲ့ နေရာလား၊ (၃) အဝတ်အစားတွေက အဓမ္မကျင့်ဖို့အတွက် အလွယ်တကူ ဖြစ်နိုင်သလား၊ (၄) ဆံပင်ရှည်ရင် ဆံပင်ကိုဆွဲပြီး ခြိမ်းခြောက်လို့ ရမလား၊ (၅) ပြန်လည်ခုခံနိုင်တဲ့ပုံစံ ပေါက်နေသလား-ဆိုတဲ့ အချက်တွေကို ထည့်သွင်း စဉ်းစားတတ်ပါတယ်။ ဒီတော့ ထဘီဟာ မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘောင်းဘီက ပိုပြီး လုံခြုံတယ်လို့ ယူဆမိပါတယ်။

(၃) မရင်းနီးတဲ့အမျိုးသားရဲ့ အစားအစာပေးကမ်းမှုကို ငြင်းပယ်ပါ

တစ်ချို့က ကလပ်တက်ခြင်းနဲ့ ညဘက်အပြင်ထွက်ခြင်းကို ဆိုရှယ်ကျကျ ပြုလုပ်တာမျိုးတွေ မြို့ကြီးတွေမှာ တွေ့နေရပါတယ်။ ဒီအချက်မှာ အပြစ်ပြောရန် မရှိပါ။ မိမိကြိုက်နှစ်သက်တာကို လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ကိုယ်ကြိုက်နှစ်သက်တဲ့ အရာက ကိုယ့်ဘဝရေတိမ်နစ်ဖို့ နီးစပ်မှုရှိသလားဆိုတာတော့ ဉာဏ်နဲ့ ဆင်ခြင်စေချင်ပါတယ်။ မည်သည့်နေရာရောက်ရောက် မိမိနဲ့ ပြောမနာဆိုမနာ သူငယ်ချင်းတွေ မဟုတ်ပဲ အခြားသူတွေ ကျွေးတာ၊ တိုက်တာတွေ မစားဖို့ မသောက်ဖို့လည်း တိုက်တွန်းချင်ပါတယ်။
(၄) အရက်သေစာ မသောက်စားပါနဲ့

ဒီအချက်မှာလည်း အမျိုးသမီးအနည်းစုဟာ မကင်းနိုင်ကြပါဘူး။ နိုက်ကလပ် သွားလေ့ရှိတဲ့ အမျိုးသမီးအချို့ဟာ အရက်၊ ဘီယာ စသည်တို့ကို သောက်လေ့ရှိကြပါတယ်။ ဒါမှလည်း ခေတ်မီတယ်၊ က,လို့ကောင်းတယ်လို့ မြှောက်ပေးသူတွေလည်း ရှိနေပါတယ်။ ဒီတော့ မိမိအန္တရာယ်ကို မိမိ သိရှိပြီး၊ အရက်သေစာ သောက်စားခြင်းကို ရှောင်ဖို့ တိုက်တွန်းချင်ပါတယ်။
(၅) တိုက်ခိုက်နည်းသင်တန်း တက်ထားပါ/ သို့မဟုတ် ပြေးပါ

အရေးပေါ် ထုတ်သုံးဖို့အတွက် ကရာတေး၊ ဂျူဒို၊ ပြောင်းပြန် အစရှိတဲ့ သိုင်းသင်တန်းတွေ တက်ထားသင့်ပါတယ်။ အများကြီး တတ်စရာ မလိုပါဘူး၊ အခြေခံ သုံးကွက်လေးကွက်လောက်ပေါ့။ နောက် အမျိုးသားတွေ မိမိကို လိင်ပိုင်းဆိုင်ရာ စော်ကားဖို့ ကြိုးစားလာရင် ဘယ်နေရာဟာ သူတို့အားနည်းချက်လဲဆိုတာ အရင်ဆုံးသတိရပါ၊ ပေါင်ခြံကျား၊ မျက်လုံးစသည်တို့ဟာ လူတိုင်းရဲ့ တိုက်ကွက်အကောင်းဆုံးနေရာတွေ ဖြစ်ပါတယ်။ ကိုယ်က ဘာမှမတတ်ဖူးဆိုရင်လည်း ရှက်ပြီး ငြိမ်နေဖို့ စိတ်မကူးပါနဲ့ မသင်္ကာတာနဲ့ လှစ်ကနဲနေအောင် နေရာကနေ ပြေးထွက်ဖို့ လိုပါတယ်။ အနားတောင် ကပ်ဖို့ အချိန်မပေးပါနဲ့။ ဒါက ကိုယ့်အတွက် ကြိုတင်ကာကွယ်တာပါ။


(၆) အမှောင်လမ်းတွေနဲ့၊ ညအချိန်မတော် အိမ်ပြန်ချိန်ကို ရှောင်ပါ

အခုနောက်ပိုင်း တစ်ချို့သော လုပ်ငန်းတွေမှာ Over Time ဆင်းပေးရတာမျိုးတွေ ရှိပါတယ်။ အလုပ်ရှင်တွေအနေနဲ့ ကိုယ်က အမျိုးသမီးအလုပ်သမားတွေနဲ့ ရေရှည်ဆက်ဆံရတဲ့ လုပ်ငန်းမျိုးဆိုရင် အမျိုးသမီးတွေအတွက် အန္တရာယ်ကင်းနိုင်မယ့် အချိန်မျိုးကို ရုံးဆင်းပေးခြင်း၊ အလုပ်ဆင်းပေးခြင်း ပြုလုပ်ကြဖို့ တောင်းဆိုချင်ပါတယ်။ ဒီတော့ အဲဒီလိုအချိန်မျိူး မရှောင်နိုင်ရင် လာကြိုမယ့်သူ ခေါ်ဖြစ်အောင် ခေါ်ထားဖို့ လိုပါတယ်။

(၇) ရရာလက်နက်ဖြင့် ပြန်လည်တိုက်ခိုက်တတ်ပါစေ

အဓမ္မသမားကို ရရာလက်နက်နဲ့ တိုက်ခိုက်တတ်ဖို့ လိုပါတယ်။ ချွင်းချက်အနေနဲ့ အဓမ္မသမားကို သနားစရာ မလိုပါ။
လက်တွေကို ထိန်းချုပ်ထားရင် ခေါင်းနဲ့ ပါးစပ်ရှိရာကို မှန်းဆပြီး အရှိန်ကုန်တိုက်ပါ၊ ကန်ဖို့ရိုက်ဖို့ အဆင်ပြေရင် ပေါင်ခွကြားနဲ့ မျက်လုံးစသည်ကို တိုက်ခိုက်ပါ၊ လက်ထဲမှာ ဖုန်း၊ ထမင်းချိုင့်၊ ဈေးခြင်း၊ ထီးစတာတွေဟာ တိုက်ခိုက်ဖို့အကောင်းဆုံးလက်နက်တွေပါဘဲ။

(၈) ဆံပင်ရှည်လျှင် ကျစ်ကျစ်လစ်လစ် သိမ်းဆည်းထုံးဖွဲ့ထားပါ

ဆံပင်ရှည်တဲ့ အမျိုးသမီးတွေဟာ အားနည်းချက် ဖြစ်သွားတတ်ပါတယ်။ အမျိုးသမီးအများစုဟာ ဆံပင်အဆွဲခံလိုက်တာနဲ့
အညှာကိုင်မိသလို၊ နိုင်ကွက်ကိုင်မိသလို ဖြစ်သွားတတ်ပါတယ်။ ဒီအတွက် ဆံပင်ညှပ်ရန် မလိုပါ။ သေသေသပ်သပ် ကျစ်ကျစ်လစ်လစ် သိမ်းဆည်းထားရင် အဓမ္မသမား ရုတ်တရက် ဆံပင်ဆွဲဖို့ မမိတတ်ပါဘူး။
Credit:  (Shwemom)




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top