iMyanmarHouse.com - Best Property Website for Myanmar
×

အခ်ိန္ ၂ မိနစ္အတြင္း ျပဳလုပ္ႏိုင္မွာျဖစ္ၿပီး က်န္းမာေရးနဲ႔လည္း သင့္ေလ်ာ္တဲ့မနက္စာျဖစ္ပါတယ္။

က်န္းမာေရးပညာ႐ွင္တိုင္းက မနက္စာကို အာဟာရျပည့္ဝစြာ စားသံုးဖုိ႔ တုိက္တြန္းၾကပါတယ္။ အာဟာရ႐ွိတဲ့ မနက္စာက တစ္ေန႔တာလုပ္ငန္းေတြကို ခြန္အား႐ွိစြာ လုပ္ကိုင္ႏိုင္ဖုိ႔အတြက္ အေထာက္အကူျပဳပါတယ္။ ဝိတ္ေလွ်ာ့လိုသူေတြနဲ႔ မနက္စာခ်က္ျပဳတ္ဖုိ႔ အခ်ိန္မရသူေတြအတြက္ က်န္းမာၿပီး အာဟာရ႐ွိတဲ့ သစ္သီးေဖ်ာ္ရည္တစ္ခြက္က မနက္စာအာဟာရကို တာဝန္ယူေပးပါလိမ့္မယ္။ ငွက္ေပ်ာသီးနဲ႔လိေမၼာ္ ေပါင္းစပ္ထားတဲ့ Smoothie က ျပဳလုပ္ရလြယ္ၿပီး အရသာလည္းရွိ၊ အဟာရလည္း ရွိပါတယ္။

ငွက္ေပ်ာလိေမၼာ္ Smoothie လုပ္ဖုိ႔ လုိအပ္တာက ၅ မ်ိဳးတည္းပါ။ ႏို႔ (ဒါမွမဟုတ္ ပဲႏို႔) ၊ ေအးခဲထားတဲ့ ငွက္ေပ်ာသီး ၊ လိေမၼာ္သီး (လတ္လတ္ဆတ္ဆတ္ အရည္ညႇစ္ယူထားပါ)၊ ဗနီလာနဲ႔ သစ္ၾကံပိုးေခါက္အမႈန္႔တုိ႔ပဲ ျဖစ္ပါတယ္။

ငွက္ေပ်ာသီးကိုေတာ့ ညကတည္းက အခြံႏႊာအတံုးတံုးၿပီး ဇစ္ပါတဲ့အိတ္နဲ႔ထည့္ကာ ေရခဲေသတၱာထဲမွာ ေအးခဲထားတာကို သံုးရမွာျဖစ္ပါတယ္။ ပစၥည္း ၅ မ်ိဳးလံုးကို Blender ထဲထည့္ၿပီး စကၠန္႔ ၃၀ ေလာက္ ႀကိတ္ေပးရံုပါပဲ။ ဗနီလာကိုေတာ့ လက္ဖက္စားဇြန္းတစ္္ဝက္စာေလာက္ပဲထည့္ပါ။ အန႔ံအရသာအတြက္ ျဖစ္ပါတယ္။ သစ္ၾကံပိုးေခါက္အမႈန္႔က လူကိုလန္းဆန္းေစၿပီး ခႏၶာကိုယ္ရဲ႕ဇီဝျဖစ္စဥ္ (Metabolism) အတြက္ အေထာက္အကူျပဳလို႔ ထည့္ရတာျဖစ္ပါတယ္။ Blender ထဲမွာ ထည့္ေဖ်ာ္ၿပီးရင္ သံုးေဆာင္လို႔ရပါၿပီ။

Credit:Duwun

Unicode Version
 အချိန် ၂ မိနစ်အတွင်း ပြုလုပ်နိုင်မှာဖြစ်ပြီး ကျန်းမာရေးနဲ့လည်း သင့်လျော်တဲ့မနက်စာဖြစ်ပါတယ်။

ကျန်းမာရေးပညာရှင်တိုင်းက မနက်စာကို အာဟာရပြည့်ဝစွာ စားသုံးဖို့ တိုက်တွန်းကြပါတယ်။ အာဟာရရှိတဲ့ မနက်စာက တစ်နေ့တာလုပ်ငန်းတွေကို ခွန်အားရှိစွာ လုပ်ကိုင်နိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။ ဝိတ်လျှော့လိုသူတွေနဲ့ မနက်စာချက်ပြုတ်ဖို့ အချိန်မရသူတွေအတွက် ကျန်းမာပြီး အာဟာရရှိတဲ့ သစ်သီးဖျော်ရည်တစ်ခွက်က မနက်စာအာဟာရကို တာဝန်ယူပေးပါလိမ့်မယ်။ ငှက်ပျောသီးနဲ့လိမ္မော် ပေါင်းစပ်ထားတဲ့ Smoothie က ပြုလုပ်ရလွယ်ပြီး အရသာလည်းရှိ၊ အဟာရလည်း ရှိပါတယ်။

ငှက်ပျောလိမ္မော် Smoothie လုပ်ဖို့ လိုအပ်တာက ၅ မျိုးတည်းပါ။ နို့ (ဒါမှမဟုတ် ပဲနို့) ၊ အေးခဲထားတဲ့ ငှက်ပျောသီး ၊ လိမ္မော်သီး (လတ်လတ်ဆတ်ဆတ် အရည်ညှစ်ယူထားပါ)၊ ဗနီလာနဲ့ သစ်ကြံပိုးခေါက်အမှုန့်တို့ပဲ ဖြစ်ပါတယ်။

ငှက်ပျောသီးကိုတော့ ညကတည်းက အခွံနွှာအတုံးတုံးပြီး ဇစ်ပါတဲ့အိတ်နဲ့ထည့်ကာ ရေခဲသေတ္တာထဲမှာ အေးခဲထားတာကို သုံးရမှာဖြစ်ပါတယ်။ ပစ္စည်း ၅ မျိုးလုံးကို Blender ထဲထည့်ပြီး စက္ကန့် ၃၀ လောက် ကြိတ်ပေးရုံပါပဲ။ ဗနီလာကိုတော့ လက်ဖက်စားဇွန်းတစ်ဝက်စာလောက်ပဲထည့်ပါ။ အနံ့အရသာအတွက် ဖြစ်ပါတယ်။ သစ်ကြံပိုးခေါက်အမှုန့်က လူကိုလန်းဆန်းစေပြီး ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ် (Metabolism) အတွက် အထောက်အကူပြုလို့ ထည့်ရတာဖြစ်ပါတယ်။ Blender ထဲမှာ ထည့်ဖျော်ပြီးရင် သုံးဆောင်လို့ရပါပြီ။

Credit:Duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top