iMyanmarHouse.com - Best Property Website for Myanmar
×

သင္တစ္ခါတစ္ေလေတာ့ အိမ္ကေရထက္ Spa က ေရက ဘာ့ေၾကာင့္မ်ား ေမႊးေမႊးေလး ျဖစ္ေနရသလဲဆိုတာ ေတြးၾကည့္ဖူးမွာပါ။ သာမာန္ရိုးရိုးေရထက္ အနံ႔ေမႊးတဲ့ေရ ေသာက္ရမယ္ဆုိရင္ ဘယ္သူက မေသာက္ခ်င္ပဲေနပါ့မလဲ။ ေရဓာတ္ခမ္းေျခာက္မွာ မလိုေလာက္ေအာင္ကို အရင္ထက္လည္း ေရပိုေသာက္ျဖစ္ပါလိမ့္မယ္။

Spa Water လို႔ ဆုိရာမွာ တစ္ျခား အသီးအႏွံမ်ိဳးစံုနဲ႔ ေရာစပ္တဲ့အခါ ရိုးရိုးေရအာနိသင္ထက္ကို ပိုတဲ့ အဆီက်ေစတာမ်ိဳး၊ အသားအေရလွေစတာမ်ိဳးေတြ အက်ိဳးထူးရေစပါတယ္။ ဒါေပမယ့္ ခုေဖာ္ျပေပးမယ့္ အစပ္အဟပ္ေလးကေတာ့ သင့္ကို ေရနဲ႔သိပ္ကြာဟတဲ့ အာနိသင္မ်ိဳး ျဖစ္ေစမွာ မဟုတ္ပါဘူး။

လုပ္ရမယ့္နည္းကေတာ့ ေရ (၉)ခြက္ေလာက္ထည့္လို႔ရတဲ့ ဗူးအႀကီး၊ ဒါမွမဟုတ္ ဖန္အိုးခပ္ႀကီးႀကီးထဲကို ေရ(၉)ခြက္ အရင္ဆံုးထည့္ပါ။ ျပီးတဲ့အခါ သခြားသီးခပ္ႀကီးႀကီး တစ္လံုးကို ခပ္ပါးပါးလွီးျပီး ထည့္ပါ။ ေနာက္ ဂ်င္းအနံ႔ႀကိဳက္တယ္ဆုိရင္လည္း ဂ်င္းစိတ္ေလးေတြ ႏွစ္စိတ္၊ သံုးစိတ္ေလာက္ထည့္လိုက္ပါ။ ျပီးတဲ့အခါ သံပုယိုသီးတစ္လံုးကိုလည္း ပါးပါးေလးလွီးထည့္ပါ။ ေနာက္ဆံုးအေနနဲ႔ ပူစီနံအရြက္၁၃ရြက္ေလာက္ ထည့္လိုက္ပါ။ ဒါေတြအားလံုးထည့္ျပီးရင္ တစ္ညထားလိုက္ပါ။

ေနာက္ေန႔မွာေတာ့ ရိုးရိုးေရအစား ရနံ႔သင္းတဲ့ ေရေလးကို ေသာက္ရင္း သင့္ခႏၶာကိုယ္တြင္း မရွိမျဖစ္ လိုအပ္တဲ့ ေရဓာတ္ကို ျဖည့္တင္းလိုက္ပါေတာ့။


Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင်တစ်ခါတစ်လေတော့ အိမ်ကရေထက် Spa က ရေက ဘာ့ကြောင့်များ မွှေးမွှေးလေး ဖြစ်နေရသလဲဆိုတာ တွေးကြည့်ဖူးမှာပါ။ သာမာန်ရိုးရိုးရေထက် အနံ့မွှေးတဲ့ရေ သောက်ရမယ်ဆိုရင် ဘယ်သူက မသောက်ချင်ပဲနေပါ့မလဲ။ ရေဓာတ်ခမ်းခြောက်မှာ မလိုလောက်အောင်ကို အရင်ထက်လည်း ရေပိုသောက်ဖြစ်ပါလိမ့်မယ်။


Spa Water လို့ ဆိုရာမှာ တစ်ခြား အသီးအနှံမျိုးစုံနဲ့ ရောစပ်တဲ့အခါ ရိုးရိုးရေအာနိသင်ထက်ကို ပိုတဲ့ အဆီကျစေတာမျိုး၊ အသားအရေလှစေတာမျိုးတွေ အကျိုးထူးရစေပါတယ်။ ဒါပေမယ့် ခုဖော်ပြပေးမယ့် အစပ်အဟပ်လေးကတော့ သင့်ကို ရေနဲ့သိပ်ကွာဟတဲ့ အာနိသင်မျိုး ဖြစ်စေမှာ မဟုတ်ပါဘူး။


လုပ်ရမယ့်နည်းကတော့ ရေ (၉)ခွက်လောက်ထည့်လို့ရတဲ့ ဗူးအကြီး၊ ဒါမှမဟုတ် ဖန်အိုးခပ်ကြီးကြီးထဲကို ရေ(၉)ခွက် အရင်ဆုံးထည့်ပါ။ ပြီးတဲ့အခါ သခွားသီးခပ်ကြီးကြီး တစ်လုံးကို ခပ်ပါးပါးလှီးပြီး ထည့်ပါ။ နောက် ဂျင်းအနံ့ကြိုက်တယ်ဆိုရင်လည်း ဂျင်းစိတ်လေးတွေ နှစ်စိတ်၊ သုံးစိတ်လောက်ထည့်လိုက်ပါ။ ပြီးတဲ့အခါ သံပုယိုသီးတစ်လုံးကိုလည်း ပါးပါးလေးလှီးထည့်ပါ။ နောက်ဆုံးအနေနဲ့ ပူစီနံအရွက်၁၃ရွက်လောက် ထည့်လိုက်ပါ။ ဒါတွေအားလုံးထည့်ပြီးရင် တစ်ညထားလိုက်ပါ။


နောက်နေ့မှာတော့ ရိုးရိုးရေအစား ရနံ့သင်းတဲ့ ရေလေးကို သောက်ရင်း သင့်ခန္ဓာကိုယ်တွင်း မရှိမဖြစ် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းလိုက်ပါတော့။



Credit : Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...






 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top