iMyanmarHouse.com - Best Property Website for Myanmar
×

ေအာင္လရဲ႕ တတိယတစ္ကိုယ္ေတာ္အေခြထဲမွာ ပါဝင္မယ့္ "The Woman I Love" သီခ်င္းကို ဝိုင္းစုခိုင္သိန္းနဲ႕ အတူ တြဲဖက္ရိုက္ကူးထားတယ္လို႕ သိရပါတယ္။ အဲ့ဒီMTV ကို ရုပ္သံလိုင္းကေန ျပသဖို႕ စီစဥ္ထားတယ္လို႕လည္း သိရပါတယ္။  "The Woman I Love"သီခ်င္းမွာ ေအာင္လက ဒုတိယကမၻာစ္အတြင္း စစ္သားတစ္ဦးအျဖစ္ သရုပ္ေဆာင္ထားကာ ဝိုင္းစုခိုင္သိန္းက စစ္သားရဲ႕ ဇနီးေနရာက ပါဝင္သရုပ္ေဆာင္ထားၿပီး ရိုက္ကူးခ်ိန္ တစ္လခန္႕ ၾကာျမင့္တယ္လို႕လည္း သိရပါတယ္။

ေအာင္လရဲ႕ တတိယတစ္ကိုယ္ေတာ္အေခြ "အသံုးေတာ္ခံ"ကို ေဖေဖာ္ဝါရီလအတြင္း ထြက္ႏုိင္ဖို႕ စီစဥ္ထားတယ္လုိ႕လည္း သိရပါတယ္။

အဆိုေတာ္ ေအာင္လက ဝိုင္းစုခိုင္သိန္းနဲ႕ ခ်စ္သူျဖစ္ေနတဲ့အေၾကာင္းကို သူ႕ရဲ႕ ေဖ့စ္ဘြတ္ေပၚမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းကေန ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။တစ္ေယာက္နဲ႕ တစ္ေယာက္ဟာ ငယ္ရည္းစားေတြမို႕ လြတ္လပ္တဲ့ အခ်ိန္မွာ ျပန္လည္တြဲေနတာျဖစ္တယ္လို႕ အင္တာဗ်ဴးေတြမွာ ေျဖဆိုထားတာလည္း ေတြ႕ရပါတယ္။ ပြဲေတြေတာ္ေတာ္မ်ားမ်ားမွာလည္း ႏွစ္ေယာက္သား အတူတူသြား လာတာကိုလည္း ေတြ႕ရပါတယ္။  ေအာင္လနဲ႕ ဝိုင္းစုတုိ႕ကေတာ့ လက္ရွိမွာ ဝါသနာပါရာ အႏုပညာအလုပ္ေတြကို အေကာင္းဆံုးျဖစ္ေအာင္ အေကာင္အထည္ေဖာ္ေနၿပီး အိမ္ေထာင္ျပဳဖို႕ကေတာ့ အခ်ိန္ယူရဦးမယ္လို႕ သိရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: duwun

#Unicode Version

အောင်လရဲ့ တတိယတစ်ကိုယ်တော်အခွေထဲမှာ ပါဝင်မယ့် "The Woman I Love" သီချင်းကို ဝိုင်းစုခိုင်သိန်းနဲ့ အတူ တွဲဖက်ရိုက်ကူးထားတယ်လို့ သိရပါတယ်။ အဲ့ဒီMTV ကို ရုပ်သံလိုင်းကနေ ပြသဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။  "The Woman I Love"သီချင်းမှာ အောင်လက ဒုတိယကမ္ဘာစ်အတွင်း စစ်သားတစ်ဦးအဖြစ် သရုပ်ဆောင်ထားကာ ဝိုင်းစုခိုင်သိန်းက စစ်သားရဲ့ ဇနီးနေရာက ပါဝင်သရုပ်ဆောင်ထားပြီး ရိုက်ကူးချိန် တစ်လခန့် ကြာမြင့်တယ်လို့လည်း သိရပါတယ်။

အောင်လရဲ့ တတိယတစ်ကိုယ်တော်အခွေ "အသုံးတော်ခံ"ကို ဖေဖော်ဝါရီလအတွင်း ထွက်နိုင်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

အဆိုတော် အောင်လက ဝိုင်းစုခိုင်သိန်းနဲ့ ချစ်သူဖြစ်နေတဲ့အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။တစ်ယောက်နဲ့ တစ်ယောက်ဟာ ငယ်ရည်းစားတွေမို့ လွတ်လပ်တဲ့ အချိန်မှာ ပြန်လည်တွဲနေတာဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုထားတာလည်း တွေ့ရပါတယ်။ ပွဲတွေတော်တော်များများမှာလည်း နှစ်ယောက်သား အတူတူသွား လာတာကိုလည်း တွေ့ရပါတယ်။  အောင်လနဲ့ ဝိုင်းစုတို့ကတော့ လက်ရှိမှာ ဝါသနာပါရာ အနုပညာအလုပ်တွေကို အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော်နေပြီး အိမ်ထောင်ပြုဖို့ကတော့ အချိန်ယူရဦးမယ်လို့ သိရပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top