iMyanmarHouse.com - Best Property Website for Myanmar
×






Credit : Duwun




#Unicode Version


လီဒေါင်ဂန်း (Lee Dong Gun) ရဲ့အေဂျင်စီ FNC Entertainment နဲ့ ဂျိုယွန်ဟီးရဲ့အေဂျင်စီ King Kong by Starship တို့က ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အတည်ပြုလိုက်တာပါ။

"Loural Tree Tailors ဇာတ်ကားပြီးခါနီးမှာ သူတို့နှစ်ယောက် ခံစားချက်တွေ ပြောင်းလဲပြီး ဒိတ်လုပ်ခဲ့ကြတာပါ။ သူတို့ကို အားပေးပေးပါဦး" လို့ ပြောခဲ့ပါတယ်။

ဒီဒေါင်ဂွန်းနဲ့ ဂျိုယွန်ဟီးတို့ နှစ်ယောက်အတူ ပါဝင်ထားတဲ့ Laurel Tree Tailors ဇာတ်ကားရဲ့ နောက်ဆုံးပိုင်းကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ စတင်ပြသခဲ့ပါတယ်။

အမျိုးသားများရဲ့ အချစ်၊ အောင်မြင်မှုနဲ့ မိသားစုအကြောင်းကို ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲမှာ စုစုပေါင်း အပိုင်း ၅၄ ပိုင်း ပါဝင်ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့က စတင်ပြသခဲ့တာဖြစ်ပါတယ်။

လီဒေါင်ဂန်းနဲ့ ဂျိုယွန်းဟီးတို့နှစ်ဦးစလုံးဟာ 2016 KBS Drama Awards ဆုပေးပွဲမှာ ဒရာမာဇာတ်လမ်းတွဲရှည်အတွက် အကောင်းဆုံး ဇာတ်ဆောင်မင်းသားနဲ့ မင်းသမီးဆုတွေကို အသီးသီးဆွတ်ခူးနိုင်ခဲ့ကြပါတယ်။

Credit : Duwun

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top