iMyanmarHouse.com - Best Property Website for Myanmar
×

တခ်ိဳ႕ေတြအတြက္ လိင္ဆက္ဆံျခင္းဆို တာ အခ်စ္နဲ႔ ပတ္သက္တဲ့ အရာတခု ျဖစ္ၿပီးေတာ့ တခ်ိဳ႕ေတြ အတြက္ကေတာ့ အခ်စ္နဲ႔ လိင္မႈကိစၥက ကြဲျပားျခားနားတဲ့ အေၾကာင္းတခု ျဖစ္ပါတယ္။ ဘယ္လိုေၾကာင့္ပဲ ဒီကိစၥကို လုပ္သည္ျဖစ္ေစ ကိုယ့္ ရဲ႕ စိတ္ကိုေပ်ာ္ရႊင္ ေက်နပ္ေစဖို႔နဲ႔ ေဘးကင္းလံုၿခံဳမႈ ရွိဖို႔က အေရးႀကီးပါတယ္။ လိင္ဆက္ဆံမႈ မျပဳမီ သိထားသင့္တဲ့ အခ်က္ ၁၀ ခ်က္ကို ေဖာ္ျပလိုက္ပါတယ္။(၁) လိင္ဆက္ဆံဖို႔ အတြက္ ကိုယ္က တကယ္အသင့္ ျဖစ္ေနၿပီလား ဒါမွ မဟုတ္ ကိုယ္တကယ္ ဆႏၵရွိသလား ဆိုတာ ေသခ်ာပါေစ။ ကိုယ့္ ဘက္က အဆင္သင့္ ျဖစ္တယ္ဆိုတာ ေသခ်ာမွသာ ေရွ႕ဆက္ပါ။

(၂) လိင္ဆက္ဆံမႈကေနတဆင့္ ကူးစက္ႏိုင္တဲ့ေရာဂါေတြ(STD) မျဖစ္ေအာင္ ကိုယ့္ကိုယ္ကို ကာကြယ္ပါ။ သင္ေရာ သင့္ရဲ႕ အေဖာ္မွာေရာ ဒီလိုေရာဂါေတြ မရွိဖို႔ ေသခ်ာေအာင္လုပ္ထားရမွာ ျဖစ္ပါတယ္။ ေဘးကင္းလံုၿခံဳမႈ ဆိုတာ အဓိက စိုးရိမ္ရမယ့္ အေၾကာင္းတခု ျဖစ္ေပမယ့္ တခါတေလ ေမ့ေလ်ာ့တတ္ပါတယ္။

(၃) ကေလးယူဖို႔ အစီအစဥ္ မရွိဘူးဆိုရင္ အကာအကြယ္သံုးဖို႔ မေမ့ပါနဲ႔။ ကြန္ဒံုးကို အသံုးျပဳျခင္းေၾကာင့္ မလိုခ်င္တဲ့ ကိုယ္ ၀န္ကို တားဆီးႏိုင္သလို ေရာဂါေတြကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

(၄) လိင္ဆက္ဆံမႈမျပဳမိမွာ ကိုယ့္ရဲ႕ အေဖာ္နဲ႔ ပဋိသေႏၶတားဆီးတဲ့ အေၾကာင္းေတြနဲ႔ STD ေတြကေန ကာကြယ္ေရး အ ေၾကာင္းေတြ ေျပာဆိုေဆြးေႏြးထားရင္ ပိုေကာင္းပါတယ္။

(၅) လိင္ဆက္ဆံမႈ မျပဳမီ စိတ္ခံစားမႈ အထြဋ္အထိပ္ကို တႀကိမ္ရႏိုင္ရင္လည္း ေကာင္းပါတယ္။ အဲဒါဆိုရင္ ဆက္ဆံေရး ကို ပိုမိုေကာင္းမြန္ေစႏိုင္သလို လိင္ဆက္ဆံခ်ိန္မွာ နာက်င္ျခင္းကိုလည္း တားဆီးေပးပါတယ္။

(၆) သင့္ရဲ႕ အေဖာ္နဲ႕ လိင္ဆက္ဆံမႈ မျပဳလုပ္ခင္ သင္တို႔ ၂ဦးရဲ႕ ဆက္ဆံေရး အေျခအေနကို ေသေသခ်ာခ်ာ သိထားဖို႔ လိုအပ္ပါတယ္။ တခ်ိဳ႕ေတြက ကတိက၀တ္ရွိတဲ့ ဆက္ဆံေရး (ခ်စ္သူစံုတြဲလိုမ်ိဳး) မဟုတ္ဘဲ လိင္ဆက္ ဆံ မႈျပဳတတ္ၾက ေပမယ့္ တျခားသူေတြကေတာ့ ကတိက၀တ္ သို႔ မဟုတ္ အျပန္အလွန္နားလည္မႈတခုကို လိုခ်င္တတ္ ၾကပါတယ္။

(၇) ၂ ဦးလံုး လင္ဆက္ဆံမႈကတဆင့္ ကူးစက္တဲ့ေရာဂါေတြ ရွိမရွိ စစ္ေဆးထားဖို႔ အေရးႀကီးပါတယ္။ မ်ားေသာအား ျဖင့္ ေဆးစစ္ဖို႔ စိုးရိမ္တတ္ၾကေပမယ့္ ဒါက တကယ္ကို အေရးႀကီးပါတယ္။

(၈) သင့္ရဲ႕ လူပ်ိဳ/အပ်ိဳ ဘ၀ကို တန္ဖိုးထားရမွာ ျဖစ္ပါတယ္။ ကတိက၀တ္နဲ႔ နားလည္မႈရွိတဲ့ လိင္ဆက္ဆံမႈက ဘာ မွန္း မသိဘဲ လူပ်ိဳရည္ အပ်ိဳရည္ပ်က္ရတာထက္စာရင္ ပိုၿပီး ႏွစ္သက္ေက်နပ္စရာ ျဖစ္ေစပါလိမ့္မယ္။

(၉) ျဖစ္ႏိုင္ရင္ ကိုယ့္ အေဖာ္ရဲ႕ အတိတ္က လိင္မႈကိစၥေတြ အေၾကာင္း မေမးသင့္ပါဘူး။ သူ႔ရဲ႕ အရင္က ခ်ိန္းေတြ႔ တဲ့ အေတြ႔ အႀကံဳေတြ၊ လိင္ကိစၥေတြ အေၾကာင္း ေမးခြန္းေတြ ေမးျခင္းကို ေရွာင္ၾကဥ္ပါ။

(၁၀) မလိုခ်င္တဲ့ ကိုယ္၀န္၊ လိင္ဆက္ဆံမႈက ကူးစက္တတ္တတ္တဲ့ ေရာဂါေတြ အျပင္ တျခားအေရးႀကီးတာ တခုက စိတ္ခံစားမႈ ေၾကာင့္ ဒုကၡမေရာက္ေအာင္ ဆင္ျခင္ဖို႔ပါပဲ။ ကိုယ္ျပဳမိတဲ့ကိစၥ တခုဟာ ေနာင္တ ရစရာ မျဖစ္တာ ေသခ်ာ ပါေစ။

Credit: ဧရာ၀တီ
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

တချို့တွေအတွက် လိင်ဆက်ဆံခြင်းဆို တာ အချစ်နဲ့ ပတ်သက်တဲ့ အရာတခု ဖြစ်ပြီးတော့ တချို့တွေ အတွက်ကတော့ အချစ်နဲ့ လိင်မှုကိစ္စက ကွဲပြားခြားနားတဲ့ အကြောင်းတခု ဖြစ်ပါတယ်။ ဘယ်လိုကြောင့်ပဲ ဒီကိစ္စကို လုပ်သည်ဖြစ်စေ ကိုယ့် ရဲ့ စိတ်ကိုပျော်ရွှင် ကျေနပ်စေဖို့နဲ့ ဘေးကင်းလုံခြုံမှု ရှိဖို့က အရေးကြီးပါတယ်။ လိင်ဆက်ဆံမှု မပြုမီ သိထားသင့်တဲ့ အချက် ၁၀ ချက်ကို ဖော်ပြလိုက်ပါတယ်။(၁) လိင်ဆက်ဆံဖို့ အတွက် ကိုယ်က တကယ်အသင့် ဖြစ်နေပြီလား ဒါမှ မဟုတ် ကိုယ်တကယ် ဆန္ဒရှိသလား ဆိုတာ သေချာပါစေ။ ကိုယ့် ဘက်က အဆင်သင့် ဖြစ်တယ်ဆိုတာ သေချာမှသာ ရှေ့ဆက်ပါ။

(၂) လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ(STD) မဖြစ်အောင် ကိုယ့်ကိုယ်ကို ကာကွယ်ပါ။ သင်ရော သင့်ရဲ့ အဖော်မှာရော ဒီလိုရောဂါတွေ မရှိဖို့ သေချာအောင်လုပ်ထားရမှာ ဖြစ်ပါတယ်။ ဘေးကင်းလုံခြုံမှု ဆိုတာ အဓိက စိုးရိမ်ရမယ့် အကြောင်းတခု ဖြစ်ပေမယ့် တခါတလေ မေ့လျော့တတ်ပါတယ်။

(၃) ကလေးယူဖို့ အစီအစဉ် မရှိဘူးဆိုရင် အကာအကွယ်သုံးဖို့ မမေ့ပါနဲ့။ ကွန်ဒုံးကို အသုံးပြုခြင်းကြောင့် မလိုချင်တဲ့ ကိုယ် ဝန်ကို တားဆီးနိုင်သလို ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၄) လိင်ဆက်ဆံမှုမပြုမိမှာ ကိုယ့်ရဲ့ အဖော်နဲ့ ပဋိသန္ဓေတားဆီးတဲ့ အကြောင်းတွေနဲ့ STD တွေကနေ ကာကွယ်ရေး အ ကြောင်းတွေ ပြောဆိုဆွေးနွေးထားရင် ပိုကောင်းပါတယ်။

(၅) လိင်ဆက်ဆံမှု မပြုမီ စိတ်ခံစားမှု အထွဋ်အထိပ်ကို တကြိမ်ရနိုင်ရင်လည်း ကောင်းပါတယ်။ အဲဒါဆိုရင် ဆက်ဆံရေး ကို ပိုမိုကောင်းမွန်စေနိုင်သလို လိင်ဆက်ဆံချိန်မှာ နာကျင်ခြင်းကိုလည်း တားဆီးပေးပါတယ်။

(၆) သင့်ရဲ့ အဖော်နဲ့ လိင်ဆက်ဆံမှု မပြုလုပ်ခင် သင်တို့ ၂ဦးရဲ့ ဆက်ဆံရေး အခြေအနေကို သေသေချာချာ သိထားဖို့ လိုအပ်ပါတယ်။ တချို့တွေက ကတိကဝတ်ရှိတဲ့ ဆက်ဆံရေး (ချစ်သူစုံတွဲလိုမျိုး) မဟုတ်ဘဲ လိင်ဆက် ဆံ မှုပြုတတ်ကြ ပေမယ့် တခြားသူတွေကတော့ ကတိကဝတ် သို့ မဟုတ် အပြန်အလှန်နားလည်မှုတခုကို လိုချင်တတ် ကြပါတယ်။

(၇) ၂ ဦးလုံး လင်ဆက်ဆံမှုကတဆင့် ကူးစက်တဲ့ရောဂါတွေ ရှိမရှိ စစ်ဆေးထားဖို့ အရေးကြီးပါတယ်။ များသောအား ဖြင့် ဆေးစစ်ဖို့ စိုးရိမ်တတ်ကြပေမယ့် ဒါက တကယ်ကို အရေးကြီးပါတယ်။

(၈) သင့်ရဲ့ လူပျို/အပျို ဘဝကို တန်ဖိုးထားရမှာ ဖြစ်ပါတယ်။ ကတိကဝတ်နဲ့ နားလည်မှုရှိတဲ့ လိင်ဆက်ဆံမှုက ဘာ မှန်း မသိဘဲ လူပျိုရည် အပျိုရည်ပျက်ရတာထက်စာရင် ပိုပြီး နှစ်သက်ကျေနပ်စရာ ဖြစ်စေပါလိမ့်မယ်။

(၉) ဖြစ်နိုင်ရင် ကိုယ့် အဖော်ရဲ့ အတိတ်က လိင်မှုကိစ္စတွေ အကြောင်း မမေးသင့်ပါဘူး။ သူ့ရဲ့ အရင်က ချိန်းတွေ့ တဲ့ အတွေ့ အကြုံတွေ၊ လိင်ကိစ္စတွေ အကြောင်း မေးခွန်းတွေ မေးခြင်းကို ရှောင်ကြဉ်ပါ။

(၁၀) မလိုချင်တဲ့ ကိုယ်ဝန်၊ လိင်ဆက်ဆံမှုက ကူးစက်တတ်တတ်တဲ့ ရောဂါတွေ အပြင် တခြားအရေးကြီးတာ တခုက စိတ်ခံစားမှု ကြောင့် ဒုက္ခမရောက်အောင် ဆင်ခြင်ဖို့ပါပဲ။ ကိုယ်ပြုမိတဲ့ကိစ္စ တခုဟာ နောင်တ ရစရာ မဖြစ်တာ သေချာ ပါစေ။

Credit: ဧရာဝတီ

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...







 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top