iMyanmarHouse.com - Best Property Website for Myanmar
×

မိန္းကေလးေတြရဲ႕အလွမွာ လက္ေမာင္းကိုလည္း တဖြဲ႔တႏြဲ႕ စာစီၾကရတဲ့အထိ အေရးပါပါတယ္။ ဆင္ႏွာေမာင္းေလးလို သြယ္ဆင္းေနတဲ့ လက္ေမာင္းလို႔ တင္စားၾကပါတယ္။ အဆီေတြမ်ားၿပီး တုတ္ခိုင္ေနတဲ့လက္ေမာင္းကေတာ့ ဘယ္လိုမွ ၾကည့္မေကာင္းဘူးေပါ့။ ပိုဆိုးတာက အက်ႌေတြဝယ္တိုင္း လက္ေမာင္းမွာ က်ပ္ေနတာပါပဲ။ လက္ေမာင္းက အဆီေတြက်ၿပီး က်စ္လ်စ္လွပဖုိ႔ရာ ကိရိယာလြတ္ ေလ့က်င့္ခန္းေတြကို ေဖာ္ျပလိုက္ပါတယ္။

၁။ ကပ္ေၾကး

ဒီနည္းက လက္ေမာင္းအဆီသာမက ေပါင္အဆီကိုပါ က်ေစပါတယ္။ ကပ္ေၾကးကို သံုးတဲ့အခါ အေပၚနဲ႔ေအာက္ ေရြ႕လ်ားတဲ့ပံုသ႑န္အတုိင္း လက္နဲ႔ေျခကို ၾကက္ေျခခတ္ လႈပ္ရွားေပးရတာျဖစ္ပါတယ္။ ေပ်ာ္စရာလည္းေကာင္းတဲ့ ေလ့က်င့္ခန္းပါ။ လက္ေတြကို ပခံုးအျမင့္အတိုင္း ဆန္႔တန္းထားၿပီး ေျခကိုကားထားရပါမယ္။ ၿပီးေတာ့ ဘယ္လက္-ညာေျခ၊ ညာလက္-ဘယ္ေျခ ၾကက္ေျခခတ္လႈပ္ရွားေပးပါ။ ခပ္ျမန္ျမန္လုပ္ရမွာျဖစ္ပါတယ္။

၂။ လက္လွည့္

လက္ႏွစ္ဖက္ကို ပခံုးအျမင့္အတုိင္း ေဘးကိုဆန္႔ထုတ္ထားပါ။ ေျခကိုလည္း ကားၿပီးရပ္ေနရပါမယ္။ လက္ေမာင္းရင္းကေန စက္ဝိုင္းပံု အေရွ႕ဘက္ကို အႀကိမ္ ၅၀၊ ေနာက္ျပန္ အႀကိမ္ ၅၀ လွည့္ေပးပါ။

၃။ ဒိုက္ထိုး

ဒိုက္ထုိးရင္ ဝမ္းဗိုက္ၾကြက္သားေတြအတြက္လို႔ပဲ ထင္ေနၾကတယ္မဟုတ္လား။ တကယ္တမ္းေတာ့ လက္ေမာင္းကိုပါ ၾကံ႕ခိုင္ႏိုင္ပါေသးတယ္။ အစပိုင္းမွာေတာ့ ခက္ေပမဲ့ ပံုမွန္သာလုပ္သြားေပးရင္ ေနာက္ဆုိ ေအးေဆးျဖစ္သြားပါလိမ့္မယ္။

Credit : Duwun

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မိန်းကလေးတွေရဲ့အလှမှာ လက်မောင်းကိုလည်း တဖွဲ့တနွဲ့ စာစီကြရတဲ့အထိ အရေးပါပါတယ်။ ဆင်နှာမောင်းလေးလို သွယ်ဆင်းနေတဲ့ လက်မောင်းလို့ တင်စားကြပါတယ်။ အဆီတွေများပြီး တုတ်ခိုင်နေတဲ့လက်မောင်းကတော့ ဘယ်လိုမှ ကြည့်မကောင်းဘူးပေါ့။ ပိုဆိုးတာက အကျႌတွေဝယ်တိုင်း လက်မောင်းမှာ ကျပ်နေတာပါပဲ။ လက်မောင်းက အဆီတွေကျပြီး ကျစ်လျစ်လှပဖို့ရာ ကိရိယာလွတ် လေ့ကျင့်ခန်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ကပ်ကြေး

ဒီနည်းက လက်မောင်းအဆီသာမက ပေါင်အဆီကိုပါ ကျစေပါတယ်။ ကပ်ကြေးကို သုံးတဲ့အခါ အပေါ်နဲ့အောက် ရွေ့လျားတဲ့ပုံသဏ္ဍန်အတိုင်း လက်နဲ့ခြေကို ကြက်ခြေခတ် လှုပ်ရှားပေးရတာဖြစ်ပါတယ်။ ပျော်စရာလည်းကောင်းတဲ့ လေ့ကျင့်ခန်းပါ။ လက်တွေကို ပခုံးအမြင့်အတိုင်း ဆန့်တန်းထားပြီး ခြေကိုကားထားရပါမယ်။ ပြီးတော့ ဘယ်လက်-ညာခြေ၊ ညာလက်-ဘယ်ခြေ ကြက်ခြေခတ်လှုပ်ရှားပေးပါ။ ခပ်မြန်မြန်လုပ်ရမှာဖြစ်ပါတယ်။

၂။ လက်လှည့်

လက်နှစ်ဖက်ကို ပခုံးအမြင့်အတိုင်း ဘေးကိုဆန့်ထုတ်ထားပါ။ ခြေကိုလည်း ကားပြီးရပ်နေရပါမယ်။ လက်မောင်းရင်းကနေ စက်ဝိုင်းပုံ အရှေ့ဘက်ကို အကြိမ် ၅၀၊ နောက်ပြန် အကြိမ် ၅၀ လှည့်ပေးပါ။

၃။ ဒိုက်ထိုး

ဒိုက်ထိုးရင် ဝမ်းဗိုက်ကြွက်သားတွေအတွက်လို့ပဲ ထင်နေကြတယ်မဟုတ်လား။ တကယ်တမ်းတော့ လက်မောင်းကိုပါ ကြံ့ခိုင်နိုင်ပါသေးတယ်။ အစပိုင်းမှာတော့ ခက်ပေမဲ့ ပုံမှန်သာလုပ်သွားပေးရင် နောက်ဆို အေးဆေးဖြစ်သွားပါလိမ့်မယ်။

Credit : Duwun



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top