iMyanmarHouse.com - Best Property Website for Myanmar
×

ယခင္တစ္ပတ္က အလုပ္မ်ားေနေသာက်မ မိတ္ေဆြငယ္ေလးမ်ားဆီသို႔ သြားရန္ပ်က္ကြက္ခဲ့သည္။ ယေန႔ေတာ့ေစာေစာေရာက္ေအာင္ သြားမည္ဆိုပါမွ သူငယ္ခ်င္းတစ္ေယာက္ ေရာက္ေနေသာေၾကာင့္ က်မခ်က္ခ်င္း မထြက္ျဖစ္ျပန္၍ အနည္းငယ္ေနာက္က် ေနျပန္သည္။

‘ေဟး…ေဒၚေလးမာန္ေရာကလာတယ္။ ေဟ့…ေဟ့…ေဒၚေလးမာန္ေရာက္လာၿပီ’ ဟုေအာ္ဟစ္ရင္း က်မဆီသို႔ ကမန္းကတန္းေျပးလာေသာ မိတ္ေဆြငယ္မ်ားကို က်မၿုပဳံး၍ ႏႈတ္ဆက္လိုက္သည္။ ‘ေဒၚေလး ..ျခင္းေပး’ ဟု ဆို၍ က်မလက္ထဲမွ စာအုပ္အနည္းငယ္ပါေသာ ေစ်းျခင္းေတာင္းကို လွမ္းယူသည္။

‘ေက်းဇူးပါပဲ သမီးရယ္’ ဟုႏႈတ္ဆက္ရင္း အသိအမွတ္ျပဳလုိက္သည္။ ‘ေဒၚေလးမာန္…သမီးတို႔က ဒီေန႔လည္း ေဒၚေလးမာန္မလာေတာ့ဘူး ထင္ေနတာ။ ေဒၚေလးမာန္က အခ်ိန္အၿမဲတမ္းတိက်တတ္ေတာ့ သမီးတို႕က ေလာင္းေၾကး၊ စားေၾကးျငင္းေနတာ၊ ေဒၚေလးမာန္လာမလာကိုေပါ့။’
‘ေဟာေတာ့၊ ေျပာပါဦး…ဘယ္လိုေလာင္းစားေၾကးေတြနဲ႔မ်ား ေလာင္းေနၾကသလဲ။’ ‘ငါေျပာမယ္…ငါေျပာမယ္’ ဟု တစ္ေယာက္ကဆို၍ ‘ဒီေန႔ေဒၚေလးမာန္ေရာက္လာရင္ ေျပာမဲ့အေၾကာင္းအရာကို အႏိုင္ရတဲ့သူေတြက ေမးခြန္းမေမးေၾကး၊ စကားမမ်ားေၾကးလို႔ ေလာင္းထားတာေလ။’

‘ဟင္း…ဟင္း…ဟင္း’ က်မအသံအနည္းငယ္ထြက္လိုက္ၿပီး လူငယ္တစ္စုကို ၾကည့္ၿပီး ၿပဳံးလိုက္သည္။ ေအာ္ တစ္ခ်ိန္တုန္းက က်မတို႔ ငယ္စဥ္က်င့္သုံးမႈေလးမ်ားက ယခုခ်ိန္ထိ ရွင္သန္ေနဆဲပါလားဟုသာ ေတြးလုိက္ သည္။ စကားတေျပာေျပာႏွင့္ အိမ္ထဲသို႔ ဝင္လာေတာ့ အားလုံးဝမ္းသာအားရႏွင့္ ႏႈတ္ဆက္၍ ေရေအးေအးေလးတစ္ခြက္ ေကာင္မေလး တစ္ေယာက္လာေပးသည္။ က်မရင္ထဲ ေအးခနဲ စီးဝင္သြားၿပီး ရင္ထဲ ၾကည္ႏူးသြားသည္။

 အနည္းငယ္ပူေနေသာ ျပင္ပပူေလာင္မႈမ်ား ယခုေတာ့လည္း အေမာေျပေစေသာ လူငယ္စုေလးမ်ားေၾကာင့္ လန္းဆန္းသြားေတာ့သည္။
အားလုံးမွာ ေနရာယူၾကၿပီး က်မေျပာမည့္ အေၾကာင္းအရာကို စိတ္ဝင္တစားနားေထာင္ရန္ အဆင္သင့္ျဖစ္ေနေသာ သူမတို႔အားလုံးကို ၾကည့္၍ က်မၿုပဳံးျပၿပီး စကားစျဖစ္လိုက္သည္။

‘သမီးတို႔အားလုံးကို ဒီေန႔ေဆြးေႏြးေပးမဲ့ အေၾကာင္းအရာက ဝါဝါသြင္ဆိုတဲ့ ကေလးမေလး ၿပီးခဲ့တဲ့အပတ္က ေဒၚေလးမာန္ဆီကို ေရာက္လာၿပီး ေျပာျပေပးဖို႔ ေျပထားတဲ့ အေၾကာင္းအရေပါ့ကြယ္’ ဟုဆိုလိုက္ေတာ့ အားလုံးဝါဝါသြင္အား ၾကည့္လုိက္ၿပီး ဘာသြားေျပာတာလဲဟု တိုးတိုးက်ိတ္က်ိတ္ ေမးေနသလို၊ တခ်ဳိ႕ကလည္း မ်က္စပစ္ျပေနၾကသည္။ ဝါဝါသြင္ကေတာ့ ခပ္တည္တည္ျဖင့္ နားေထာင္ေပါ့ဆိုသည့္ သေဘာမ်ဳိးျဖင့္ မ်က္ႏွာေပးျဖင့္ထုိင္ေနေတာ့သည္။

‘သူေမးထားတာကေတာ့ အမ်ဳိးသမီးေတြ လိင္အဂၤါမွာ ယားယံတဲ့ကိစၥပဲကြယ့္’ အေျဖေပးလုိက္ေတာ့ ‘ဟင္း…’ ဆိုတဲ့တခ်ဳိ႕သူမ်ားမွ အသံထြက္လာသကဲ့သို႔ တခ်ဳိ႕ေသာသူမ်ားက ၿပဳံးစိစိျဖင့္ သူမကို ေနာက္ခ်င္ေနပုံ ရသည္။ က်မစကားဆက္လိုက္သည္။ ‘ဟုတ္တယ္ တကယ္တမ္းက်ေတာ့ ယားယံတယ္ဆိုတာက ဘာမွမဟုတ္သလိုလိုနဲ႔ လူေတြကို အေတာ္ေလး ဒုကၡေပးတဲ့ အေနအထားပဲေပါ့။ ယားရင္မကုတ္ဘဲ ေနႏိုင္တဲ့ လူဘယ္ႏွစ္ေယာက္ရွိလဲ။’ က်မေမးလိုက္ေတာ့ အားလုံးက ခပ္တိုးတိုးရယ္ေမာရင္း ‘ဟင့္အင္း မရွိပါဘူး မရွိေလာက္ပါဘူး’ ဟုဆိုသည္။ ‘အဟင္းဟင္း….ဒါေပမဲ့ အမ်ဳိးသမီးလိင္အဂၤါမွာ ယားတာကေတာ့ ညစ္ပတ္လို႔ပဲ ျဖစ္ရမယ္’။ တစ္ေယာက္က စပ္ၿဖဲၿဖဲနဲ႔ေျပာလုိက္ေတာ့ အားလုံးက ဝါးကနဲပြဲက်သြားေတာ့သည္။

‘အင္း တကယ္ေတာ့ ဘယ္လိုအေၾကာင္းေတြေၾကာင့္ ယားတတ္သလဲဆိုတာေတာ့ ေျပာရခက္တာေပါ့။ အေျခအေန အမ်ဳိးမ်ဳိးျဖစ္ႏိုင္တယ္။ လိင္အဂၤါမွာ ယားတာမ်ဳိးကေတာ့ အမ်ဳိးသမီးေတြေရာ အမ်ဳိးသားေတြပါ ျဖစ္တတ္ၾကတယ္။ ဘာအေၾကာင္းမွမရွိဘဲ သူ႔ဘာသာသူယားတာမ်ဳိးလည္း ရွိတယ္။ သေဘာကေတာ့ မယ္မယ္ရရအေၾကာင္းရွာမရဘဲ မိန္းမကိုယ္ေယာင္ၿပီးယားတာမ်ဳိးေပါ့။ ဗာဘာ (Vulva) ဆိုတဲ့ မိန္းမကိုယ္ႏႈတ္ခမ္းမွာ အဓိကယားတတ္တယ္။ အမ်ဳိးသားေတြက ကပ္ပယ္အိတ္မွာ ယားတတ္သလိုမ်ဳိးေပါ့။ အမ်ဳိးသမီးေတြယားတာကိုေတာ့ Pruritus Vulvae လို႔ေခၚတယ္တဲ့’။

‘ေဒၚေလးမာန္…သမီးၾကားဖူးတာကေတာ့ မႈိေရာဂါတစ္မ်ဳိးေၾကာင့္ ျဖစ္တာလို႔ၾကားဖူးတယ္’ ဟုအနည္းငယ္ ဗဟုသုတစုံလင္ပုံရေသာ သူငယ္မတစ္ေယာက္ကေျပာေတာ့။ ‘အင္း ဟုတ္တယ္။ ကန္ဒီတာ မႈိပိုးေၾကာင့္လည္း ယားႏုိင္တယ္။ အဲဒီမႈိပိုးက အမ်ဳိးသမီးတစ္ရာမွာ အေယာက္ ၂၀ ေလာက္ျဖစ္ႏိုင္တယ္။ မိန္းမကိုယ္မွာ သူ႔အလိုလို ဘာအႏာၱရာယ္မွ မေပးေသးဘဲ ရွိေနတတ္တယ္တဲ့။ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ အမ်ဳိးသမီးေလးေယာက္မွာ သုံးေယာက္က သူတို႔ဘဝတေလွ်ာက္မွာ အနညးဆုံးတစ္ႀကိမ္ေတာ့ ကန္ဒီဒါမႈိစြဲတဲ့ ျပႆနာႀကဳံရႏိုင္တယ္လို႔ သိရတယ္။

 ေလ့လာဆန္းစစ္မႈအရ အမ်ဳိးသမီးေတြ မိန္းမကိုယ္ယားရျခင္း အေၾကာင္းထဲမွာ ၁၀ ရာလိုင္ႏႈန္းက နာတာရွည္ ကန္ဒီဒါမႈိစြဲတာေၾကာင့္ဘဲတဲ့’။
‘ကန္ဒီမႈိပုိးေတြက ကူးတတ္သလား ေလေဒၚေလးမာန္’။ ‘အင္း….ကုိယ္ဝန္ေဆာင္တဲ့အခါ ပဋိေဒဝေဆးေတြ ေရရွည္ေသာက္ရတဲ့အခါတြင္အျပင္ ဆီးခ်ဳိရွိတဲ့ အခါမ်ဳိးမွာလည္း ဒီမႈိပိုးေတြ အလြယ္တကူ ပြားမ်ားႏုိင္ ပါတယ္။’ ‘ေနာက္တစ္ခ်က္ကေတာ့ Lichen လို႔ေခၚတဲ့အေရျပားေရာဂါ တစ္ခုေၾကာင့္လည္း ယားတတ္တယ္။ မိန္းမကိုယ္တစ္ဝိုက္မွာ ျဖဴတူတူနဲ႔ အမ္းအမ္းအကြက္ေပၚလာတာမ်ဳိး၊ ဒီေရာဂါျဖစ္ရင္ ယားလည္းယား၊ နာလည္းနာေပါ့။

အျမင္အားျဖင့္ ခရုသင္းနဲ႔ေတာင္မွားခ်င္စရာပါ။’
‘ေဒၚေလးမာန္တစ္ခါေျပာျပတုန္းက အျဖဴဆင္းတာေၾကာင့္လည္း ယားတတ္တယ္လို႔ ေျပာထားဖူးတယ္ေနာ္။ အဲဒါေရာ ဒီေရာဂါမ်ဳိးနဲ႔ အတူတူပဲလား ေဒၚေလးမာန္’။ ‘ေဩာ္…သမီးက မွတ္မိသားပဲ။ ဟုတ္တယ္ အျဖဴဆင္းတာတို႔ မိန္းမကိုယ္မွာ ရဲေယာင္ေနတတ္တာတို႔၊ ပူစပ္ပူေလာင္ျဖစ္ေနတတ္တာတို႔လည္း ပါတယ္။ ဆီးသြားတဲ့အခါလည္း ပူသလိုလို က်င္သလိုလုိ အေနရခက္တဲ့အျပင္ လိင္ဆက္ဆံတဲ့အခါမွာလည္း နာတတ္တယ္’။

‘အင္း…Trichinous Virginals ဆိုတဲ့ ပိုးတစ္မ်ဳိးေၾကာင့္လည္း မိန္းမကိုယ္မွာ ယားယံႏိုင္တယ္တဲ့၊ စိမ္းဝါဝါအရည္ေတြ ဆင္းတတ္ၿပီး အနံ႔လည္းဆိုးတယ္။ အလြယ္တကူရႏိုင္တဲ့ မက္ထရိုနီတာဇိုး (MetronidaZole) ေဆးေသာက္လုိက္ရင္ေတာ့ သိသိသာသာသက္သာႏုိင္တဲ့ ေရာဂါတစ္မ်ဳိးလို႔ ေဒၚေလးမာန္မွတ္သားဖူးတယ္။ ဒါေၾကာင့္လူေတြက ယားၿပီဆိုရင္ မက္ထရိုနီတာဇိုးကို ဝယ္ေသာက္လိုက္ ေပ်ာက္တယ္လို႔ အလြယ္တကူေျပာၾကတာေတြ ၾကားဖူးမွာေပါ့’။

‘ဟုတ္တယ္ေနာ္..သမီးၾကားဖူးတယ္’ ဟု တစ္ေယာက္ကေျပာေတာ့ အားလုံးေထာက္ခံသလို ေခါင္းညိတ္လုိက္ၾကသည္။
‘ေနာက္တစ္ခုက ေယာက္်ားျဖစ္ေစ၊ မိန္းမျဖစ္ေစ လိုင္ကင္ပေလနပ္ဆိုတဲ့ အေရျပားယားနာရယ္၊ ဆိုရီယားစစ္ဆိုတဲ့ အေရျပားေရာဂါတစ္မ်ဳိးရယ္ဟာ ရွားရွားပါးပါး လိင္အဂၤါလိုေနရာမ်ဳိးေတြမွာ ဒုကၡေပး တတ္တယ္တဲ့။ အဲဒီေရာဂါမ်ဳိးဟာ လိင္အဂၤါမွာျဖစ္တဲ့အခါ ခႏၶာကိုယ္ရဲ့ တစ္ျခားတစ္ေနရာမွာ ျဖစ္တာနဲ႔မတူလို႔ ဆရာဝန္ေတြ မ်က္စိလည္တယ္လို႔ေတာင္ ဆရာဝန္ေတြၾကား ေျပာသံ ေဒၚေလးမာန္ၾကားခဲ့ဖူးတယ္’။

‘ဟိုေလ…သမီးသူမ်ားေတြ ေျပာတာၾကားဖူးတာကေတာ့ ယားတယ္ဆိုတာ ဓာတ္မတည့္လို႔ ယားတာတဲ့။ အဲဒါကေရာ ဘာကိုဆိုလိုတာလဲဟင္ ေဒၚေလးမာန္’။ ‘ဟုတ္တယ္။ အဲဒါမ်ဳိးက အမ်ဳိးသားေတြထက္ အမ်ဳိး သမီးေတြမွာ ပိုၿပီးႀကဳံေတြ႔ရတတ္တယ္။ ဘာလို႔လည္းဆိုရင္ Sanitary Pad ဆိုတဲ့ လစဥ္သုံးပစၥည္းေတြ၊ သန္႔ရွင္းေရးလုပ္တဲ့ သန္႔စင္ေဆးရည္ေတြ၊ ပဋိသေႏၶတားတဲ့ ပစၥည္းေတြေၾကာင့္လည္း အခန္႔မသင့္ရင္ ယားတတ္တယ္။ ေနာက္ဆုံးအမ်ဳိးသားေတြသုံးတဲ့ ကြန္ဒုံးေတြနဲ႔ မတည့္ရင္လည္း ယားႏုိင္တာပါဘဲ’။
‘ဘာေဆးေတြလိမ္းရင္ ေပ်ာက္ႏုိင္တာလဲ ေဒၚေလးမာန္ရွင့္’။

‘ေဩာ္…ေဆးအညြန္းကေတာ့ ဆရာဝန္ေတြနဲ႔ ေသခ်ာျပၿပီးမွ ရႏုိင္မွာေလ။ ေဒၚေလးမာန္က ဆရာဝန္မဟုတ္ဘူးေလကြယ္။ ဒီလိုပဲ တစ္ျခားလူေတြက ယားဖူးလို႔ ဘယ္ေဆးနဲ႔ေပ်ာက္တယ္၊ ဘယ္လိုလိမ္းလိုက္ပါဆို ညြန္ၾကားရင္ မလုပ္သင့္ဘူးလို႔ ေဒၚေလးမာန္ခုနက ေျပာတယ္မဟုတ္လား။ လိင္အဂၤါေတြဟာ အရွက္ေၾကာင့္ ဖုန္းကြယ္ထားေပမဲ့ က်န္းမာေရးျဖစ္ေနေတာ့ ဆရာဝန္ေတြကိုေတာ့ ေျပာျပရလိမ့္မယ္။ ဆရာ ဝန္ေတြေတာင္ ဘယ္လိုအေရျပားေရာဂါမ်ဳိးျဖစ္တယ္ဆိုတာ ေသခ်ာစမ္းသပ္ၿပီးမွ ေဆးေပးလုိ႔ရတာေလ။

ယားလို႔ေပးတဲ့ေဆးရယ္လို႔ တစ္မ်ဳိးတည္း မရွိဘူးသမီးတို႔ေရ။ ဒါေၾကာင့္ ေဒၚေလးမာန္ မွာခ်င္တာကေတာ့ က်န္းမာေရးနဲ႔ ပတ္သက္ရင္ က်န္းမာေရးလုပ္သားေတြ ညြန္ၾကားခ်က္အတိုင္းဘဲလုပ္တာ ေကာင္းတယ္ ဆိုတာကို ေျပာျပခ်င္တယ္။

ေဒၚေလးမာန္တို႔တစ္ေတြက မိန္းကေလးျဖစ္ေနေတာ့ ဒီလိုလိင္အဂၤါေတြမွာ အေၾကာင္းအမ်ဳိးမ်ဳိးေၾကာင့္ ယားယံလာရင္ သားဖြားမီးယပ္ဆရာဝန္ေတြနဲ႔ ျပသရင္ ပိုေကာင္းမယ္လို႔ အၾကံျပဳခ်င္တယ္ သမီးတို႔ေရ…။’ ‘ဟုတ္ကဲ့ပါ ေဒၚေလးမာန္’ ဟုအားလုံး တစ္ညီတစ္ညြတ္တည္း ေျပာလုိက္ၾကသည္။
က်မ၏ မိတ္ေဆြမ်ား တံခါးေပါက္တြင္ ထြက္လိုက္ဝင္လိုက္ လုပ္ေနမလား၊ တစ္ခုခုျဖင့္ သူတို႔တစ္ေတြစုၿပီး စကားေျပာေနၾကမလား၊ ဒါမွမဟုတ္မည္သည့္နည္းျဖင့္ က်မကို ေစာင့္ေမွ်ာ္ေနမလဲဟု ေတြးရင္း က်မကားဂိတ္မွ မိတ္ေဆြကေလးမ်ားဆီသို႔ အေတြးမ်ားႏွင့္အတူ ခပ္သြက္သြက္ေလွ်ာက္လာလုိက္သည္။

Credit : MMDailyStar


ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ယခင်တစ်ပတ်က အလုပ်များနေသောကျမ မိတ်ဆွေငယ်လေးများဆီသို့ သွားရန်ပျက်ကွက်ခဲ့သည်။ ယနေ့တော့စောစောရောက်အောင် သွားမည်ဆိုပါမှ သူငယ်ချင်းတစ်ယောက် ရောက်နေသောကြောင့် ကျမချက်ချင်း မထွက်ဖြစ်ပြန်၍ အနည်းငယ်နောက်ကျ နေပြန်သည်။

‘ဟေး…ဒေါ်လေးမာန်ရောကလာတယ်။ ဟေ့…ဟေ့…ဒေါ်လေးမာန်ရောက်လာပြီ’ ဟုအော်ဟစ်ရင်း ကျမဆီသို့ ကမန်းကတန်းပြေးလာသော မိတ်ဆွေငယ်များကို ကျမြုပုံး၍ နှုတ်ဆက်လိုက်သည်။ ‘ဒေါ်လေး ..ခြင်းပေး’ ဟု ဆို၍ ကျမလက်ထဲမှ စာအုပ်အနည်းငယ်ပါသော ဈေးခြင်းတောင်းကို လှမ်းယူသည်။

‘ကျေးဇူးပါပဲ သမီးရယ်’ ဟုနှုတ်ဆက်ရင်း အသိအမှတ်ပြုလိုက်သည်။ ‘ဒေါ်လေးမာန်…သမီးတို့က ဒီနေ့လည်း ဒေါ်လေးမာန်မလာတော့ဘူး ထင်နေတာ။ ဒေါ်လေးမာန်က အချိန်အမြဲတမ်းတိကျတတ်တော့ သမီးတို့က လောင်းကြေး၊ စားကြေးငြင်းနေတာ၊ ဒေါ်လေးမာန်လာမလာကိုပေါ့။’
‘ဟောတော့၊ ပြောပါဦး…ဘယ်လိုလောင်းစားကြေးတွေနဲ့များ လောင်းနေကြသလဲ။’ ‘ငါပြောမယ်…ငါပြောမယ်’ ဟု တစ်ယောက်ကဆို၍ ‘ဒီနေ့ဒေါ်လေးမာန်ရောက်လာရင် ပြောမဲ့အကြောင်းအရာကို အနိုင်ရတဲ့သူတွေက မေးခွန်းမမေးကြေး၊ စကားမများကြေးလို့ လောင်းထားတာလေ။’

‘ဟင်း…ဟင်း…ဟင်း’ ကျမအသံအနည်းငယ်ထွက်လိုက်ပြီး လူငယ်တစ်စုကို ကြည့်ပြီး ပြုံးလိုက်သည်။ အော် တစ်ချိန်တုန်းက ကျမတို့ ငယ်စဉ်ကျင့်သုံးမှုလေးများက ယခုချိန်ထိ ရှင်သန်နေဆဲပါလားဟုသာ တွေးလိုက် သည်။ စကားတပြောပြောနှင့် အိမ်ထဲသို့ ဝင်လာတော့ အားလုံးဝမ်းသာအားရနှင့် နှုတ်ဆက်၍ ရေအေးအေးလေးတစ်ခွက် ကောင်မလေး တစ်ယောက်လာပေးသည်။ ကျမရင်ထဲ အေးခနဲ စီးဝင်သွားပြီး ရင်ထဲ ကြည်နူးသွားသည်။

 အနည်းငယ်ပူနေသော ပြင်ပပူလောင်မှုများ ယခုတော့လည်း အမောပြေစေသော လူငယ်စုလေးများကြောင့် လန်းဆန်းသွားတော့သည်။
အားလုံးမှာ နေရာယူကြပြီး ကျမပြောမည့် အကြောင်းအရာကို စိတ်ဝင်တစားနားထောင်ရန် အဆင်သင့်ဖြစ်နေသော သူမတို့အားလုံးကို ကြည့်၍ ကျမြုပုံးပြပြီး စကားစဖြစ်လိုက်သည်။

‘သမီးတို့အားလုံးကို ဒီနေ့ဆွေးနွေးပေးမဲ့ အကြောင်းအရာက ဝါဝါသွင်ဆိုတဲ့ ကလေးမလေး ပြီးခဲ့တဲ့အပတ်က ဒေါ်လေးမာန်ဆီကို ရောက်လာပြီး ပြောပြပေးဖို့ ပြေထားတဲ့ အကြောင်းအရပေါ့ကွယ်’ ဟုဆိုလိုက်တော့ အားလုံးဝါဝါသွင်အား ကြည့်လိုက်ပြီး ဘာသွားပြောတာလဲဟု တိုးတိုးကျိတ်ကျိတ် မေးနေသလို၊ တချို့ကလည်း မျက်စပစ်ပြနေကြသည်။ ဝါဝါသွင်ကတော့ ခပ်တည်တည်ဖြင့် နားထောင်ပေါ့ဆိုသည့် သဘောမျိုးဖြင့် မျက်နှာပေးဖြင့်ထိုင်နေတော့သည်။

‘သူမေးထားတာကတော့ အမျိုးသမီးတွေ လိင်အင်္ဂါမှာ ယားယံတဲ့ကိစ္စပဲကွယ့်’ အဖြေပေးလိုက်တော့ ‘ဟင်း…’ ဆိုတဲ့တချို့သူများမှ အသံထွက်လာသကဲ့သို့ တချို့သောသူများက ပြုံးစိစိဖြင့် သူမကို နောက်ချင်နေပုံ ရသည်။ ကျမစကားဆက်လိုက်သည်။ ‘ဟုတ်တယ် တကယ်တမ်းကျတော့ ယားယံတယ်ဆိုတာက ဘာမှမဟုတ်သလိုလိုနဲ့ လူတွေကို အတော်လေး ဒုက္ခပေးတဲ့ အနေအထားပဲပေါ့။ ယားရင်မကုတ်ဘဲ နေနိုင်တဲ့ လူဘယ်နှစ်ယောက်ရှိလဲ။’ ကျမမေးလိုက်တော့ အားလုံးက ခပ်တိုးတိုးရယ်မောရင်း ‘ဟင့်အင်း မရှိပါဘူး မရှိလောက်ပါဘူး’ ဟုဆိုသည်။ ‘အဟင်းဟင်း….ဒါပေမဲ့ အမျိုးသမီးလိင်အင်္ဂါမှာ ယားတာကတော့ ညစ်ပတ်လို့ပဲ ဖြစ်ရမယ်’။ တစ်ယောက်က စပ်ဖြဲဖြဲနဲ့ပြောလိုက်တော့ အားလုံးက ဝါးကနဲပွဲကျသွားတော့သည်။

‘အင်း တကယ်တော့ ဘယ်လိုအကြောင်းတွေကြောင့် ယားတတ်သလဲဆိုတာတော့ ပြောရခက်တာပေါ့။ အခြေအနေ အမျိုးမျိုးဖြစ်နိုင်တယ်။ လိင်အင်္ဂါမှာ ယားတာမျိုးကတော့ အမျိုးသမီးတွေရော အမျိုးသားတွေပါ ဖြစ်တတ်ကြတယ်။ ဘာအကြောင်းမှမရှိဘဲ သူ့ဘာသာသူယားတာမျိုးလည်း ရှိတယ်။ သဘောကတော့ မယ်မယ်ရရအကြောင်းရှာမရဘဲ မိန်းမကိုယ်ယောင်ပြီးယားတာမျိုးပေါ့။ ဗာဘာ (Vulva) ဆိုတဲ့ မိန်းမကိုယ်နှုတ်ခမ်းမှာ အဓိကယားတတ်တယ်။ အမျိုးသားတွေက ကပ်ပယ်အိတ်မှာ ယားတတ်သလိုမျိုးပေါ့။ အမျိုးသမီးတွေယားတာကိုတော့ Pruritus Vulvae လို့ခေါ်တယ်တဲ့’။

‘ဒေါ်လေးမာန်…သမီးကြားဖူးတာကတော့ မှိုရောဂါတစ်မျိုးကြောင့် ဖြစ်တာလို့ကြားဖူးတယ်’ ဟုအနည်းငယ် ဗဟုသုတစုံလင်ပုံရသော သူငယ်မတစ်ယောက်ကပြောတော့။ ‘အင်း ဟုတ်တယ်။ ကန်ဒီတာ မှိုပိုးကြောင့်လည်း ယားနိုင်တယ်။ အဲဒီမှိုပိုးက အမျိုးသမီးတစ်ရာမှာ အယောက် ၂၀ လောက်ဖြစ်နိုင်တယ်။ မိန်းမကိုယ်မှာ သူ့အလိုလို ဘာအန္တာရာယ်မှ မပေးသေးဘဲ ရှိနေတတ်တယ်တဲ့။ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးလေးယောက်မှာ သုံးယောက်က သူတို့ဘဝတလျှောက်မှာ အနညးဆုံးတစ်ကြိမ်တော့ ကန်ဒီဒါမှိုစွဲတဲ့ ပြဿနာကြုံရနိုင်တယ်လို့ သိရတယ်။

 လေ့လာဆန်းစစ်မှုအရ အမျိုးသမီးတွေ မိန်းမကိုယ်ယားရခြင်း အကြောင်းထဲမှာ ၁၀ ရာလိုင်နှုန်းက နာတာရှည် ကန်ဒီဒါမှိုစွဲတာကြောင့်ဘဲတဲ့’။
‘ကန်ဒီမှိုပိုးတွေက ကူးတတ်သလား လေဒေါ်လေးမာန်’။ ‘အင်း….ကိုယ်ဝန်ဆောင်တဲ့အခါ ပဋိဒေဝဆေးတွေ ရေရှည်သောက်ရတဲ့အခါတွင်အပြင် ဆီးချိုရှိတဲ့ အခါမျိုးမှာလည်း ဒီမှိုပိုးတွေ အလွယ်တကူ ပွားများနိုင် ပါတယ်။’ ‘နောက်တစ်ချက်ကတော့ Lichen လို့ခေါ်တဲ့အရေပြားရောဂါ တစ်ခုကြောင့်လည်း ယားတတ်တယ်။ မိန်းမကိုယ်တစ်ဝိုက်မှာ ဖြူတူတူနဲ့ အမ်းအမ်းအကွက်ပေါ်လာတာမျိုး၊ ဒီရောဂါဖြစ်ရင် ယားလည်းယား၊ နာလည်းနာပေါ့။

အမြင်အားဖြင့် ခရုသင်းနဲ့တောင်မှားချင်စရာပါ။’
‘ဒေါ်လေးမာန်တစ်ခါပြောပြတုန်းက အဖြူဆင်းတာကြောင့်လည်း ယားတတ်တယ်လို့ ပြောထားဖူးတယ်နော်။ အဲဒါရော ဒီရောဂါမျိုးနဲ့ အတူတူပဲလား ဒေါ်လေးမာန်’။ ‘ေဩာ်…သမီးက မှတ်မိသားပဲ။ ဟုတ်တယ် အဖြူဆင်းတာတို့ မိန်းမကိုယ်မှာ ရဲယောင်နေတတ်တာတို့၊ ပူစပ်ပူလောင်ဖြစ်နေတတ်တာတို့လည်း ပါတယ်။ ဆီးသွားတဲ့အခါလည်း ပူသလိုလို ကျင်သလိုလို အနေရခက်တဲ့အပြင် လိင်ဆက်ဆံတဲ့အခါမှာလည်း နာတတ်တယ်’။

‘အင်း…Trichinous Virginals ဆိုတဲ့ ပိုးတစ်မျိုးကြောင့်လည်း မိန်းမကိုယ်မှာ ယားယံနိုင်တယ်တဲ့၊ စိမ်းဝါဝါအရည်တွေ ဆင်းတတ်ပြီး အနံ့လည်းဆိုးတယ်။ အလွယ်တကူရနိုင်တဲ့ မက်ထရိုနီတာဇိုး (MetronidaZole) ဆေးသောက်လိုက်ရင်တော့ သိသိသာသာသက်သာနိုင်တဲ့ ရောဂါတစ်မျိုးလို့ ဒေါ်လေးမာန်မှတ်သားဖူးတယ်။ ဒါကြောင့်လူတွေက ယားပြီဆိုရင် မက်ထရိုနီတာဇိုးကို ဝယ်သောက်လိုက် ပျောက်တယ်လို့ အလွယ်တကူပြောကြတာတွေ ကြားဖူးမှာပေါ့’။

‘ဟုတ်တယ်နော်..သမီးကြားဖူးတယ်’ ဟု တစ်ယောက်ကပြောတော့ အားလုံးထောက်ခံသလို ခေါင်းညိတ်လိုက်ကြသည်။
‘နောက်တစ်ခုက ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ လိုင်ကင်ပလေနပ်ဆိုတဲ့ အရေပြားယားနာရယ်၊ ဆိုရီယားစစ်ဆိုတဲ့ အရေပြားရောဂါတစ်မျိုးရယ်ဟာ ရှားရှားပါးပါး လိင်အင်္ဂါလိုနေရာမျိုးတွေမှာ ဒုက္ခပေး တတ်တယ်တဲ့။ အဲဒီရောဂါမျိုးဟာ လိင်အင်္ဂါမှာဖြစ်တဲ့အခါ ခန္ဓာကိုယ်ရဲ့ တစ်ခြားတစ်နေရာမှာ ဖြစ်တာနဲ့မတူလို့ ဆရာဝန်တွေ မျက်စိလည်တယ်လို့တောင် ဆရာဝန်တွေကြား ပြောသံ ဒေါ်လေးမာန်ကြားခဲ့ဖူးတယ်’။

‘ဟိုလေ…သမီးသူများတွေ ပြောတာကြားဖူးတာကတော့ ယားတယ်ဆိုတာ ဓာတ်မတည့်လို့ ယားတာတဲ့။ အဲဒါကရော ဘာကိုဆိုလိုတာလဲဟင် ဒေါ်လေးမာန်’။ ‘ဟုတ်တယ်။ အဲဒါမျိုးက အမျိုးသားတွေထက် အမျိုး သမီးတွေမှာ ပိုပြီးကြုံတွေ့ရတတ်တယ်။ ဘာလို့လည်းဆိုရင် Sanitary Pad ဆိုတဲ့ လစဉ်သုံးပစ္စည်းတွေ၊ သန့်ရှင်းရေးလုပ်တဲ့ သန့်စင်ဆေးရည်တွေ၊ ပဋိသန္ဓေတားတဲ့ ပစ္စည်းတွေကြောင့်လည်း အခန့်မသင့်ရင် ယားတတ်တယ်။ နောက်ဆုံးအမျိုးသားတွေသုံးတဲ့ ကွန်ဒုံးတွေနဲ့ မတည့်ရင်လည်း ယားနိုင်တာပါဘဲ’။
‘ဘာဆေးတွေလိမ်းရင် ပျောက်နိုင်တာလဲ ဒေါ်လေးမာန်ရှင့်’။

‘ေဩာ်…ဆေးအညွန်းကတော့ ဆရာဝန်တွေနဲ့ သေချာပြပြီးမှ ရနိုင်မှာလေ။ ဒေါ်လေးမာန်က ဆရာဝန်မဟုတ်ဘူးလေကွယ်။ ဒီလိုပဲ တစ်ခြားလူတွေက ယားဖူးလို့ ဘယ်ဆေးနဲ့ပျောက်တယ်၊ ဘယ်လိုလိမ်းလိုက်ပါဆို ညွန်ကြားရင် မလုပ်သင့်ဘူးလို့ ဒေါ်လေးမာန်ခုနက ပြောတယ်မဟုတ်လား။ လိင်အင်္ဂါတွေဟာ အရှက်ကြောင့် ဖုန်းကွယ်ထားပေမဲ့ ကျန်းမာရေးဖြစ်နေတော့ ဆရာဝန်တွေကိုတော့ ပြောပြရလိမ့်မယ်။ ဆရာ ဝန်တွေတောင် ဘယ်လိုအရေပြားရောဂါမျိုးဖြစ်တယ်ဆိုတာ သေချာစမ်းသပ်ပြီးမှ ဆေးပေးလို့ရတာလေ။

ယားလို့ပေးတဲ့ဆေးရယ်လို့ တစ်မျိုးတည်း မရှိဘူးသမီးတို့ရေ။ ဒါကြောင့် ဒေါ်လေးမာန် မှာချင်တာကတော့ ကျန်းမာရေးနဲ့ ပတ်သက်ရင် ကျန်းမာရေးလုပ်သားတွေ ညွန်ကြားချက်အတိုင်းဘဲလုပ်တာ ကောင်းတယ် ဆိုတာကို ပြောပြချင်တယ်။

ဒေါ်လေးမာန်တို့တစ်တွေက မိန်းကလေးဖြစ်နေတော့ ဒီလိုလိင်အင်္ဂါတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ယားယံလာရင် သားဖွားမီးယပ်ဆရာဝန်တွေနဲ့ ပြသရင် ပိုကောင်းမယ်လို့ အကြံပြုချင်တယ် သမီးတို့ရေ…။’ ‘ဟုတ်ကဲ့ပါ ဒေါ်လေးမာန်’ ဟုအားလုံး တစ်ညီတစ်ညွတ်တည်း ပြောလိုက်ကြသည်။
ကျမ၏ မိတ်ဆွေများ တံခါးပေါက်တွင် ထွက်လိုက်ဝင်လိုက် လုပ်နေမလား၊ တစ်ခုခုဖြင့် သူတို့တစ်တွေစုပြီး စကားပြောနေကြမလား၊ ဒါမှမဟုတ်မည်သည့်နည်းဖြင့် ကျမကို စောင့်မျှော်နေမလဲဟု တွေးရင်း ကျမကားဂိတ်မှ မိတ်ဆွေကလေးများဆီသို့ အတွေးများနှင့်အတူ ခပ်သွက်သွက်လျှောက်လာလိုက်သည်။

Credit : MMDailyStar




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top