iMyanmarHouse.com - Best Property Website for Myanmar
×

သမီးရည္းစားဆက္ဆံေရးဆိုတာ သိမ္ေမြ႔နက္နဲပါတယ္။ တခါတေလမွာ ကိုယ့္ကုိ သူမရဲ႕ ခံစားခ်က္ေတြ ဖြင့္မေျပာပဲ သိေနေစခ်င္တယ္။ အဲဒီအခ်ိန္မွာ သင္ဘာလုပ္သလဲ။ ကံဆိုးမိုးေမွာင္က်တဲ့အခ်ိန္ေပါ့၊ အဲဒီအတြက္ ဒီေနရာမွာ သင့္ကို အကူအညီေပးခ်င္တာပါ။ သမီးရည္းစားဆက္ဆံေရး လ်ိဳ႕ဝွက္ခ်က္(၅) ခု ရိွပါတယ္။
 ၁။ မွတ္စုစာအုပ္ေလးတစ္ခုကို ေဆာင္ထားပါ။
သူမ မျမင္ေအာင္ အထူးသတိထားပါ။ ေနာက္ျပီး အခ်ိန္နဲ႔အမွ် သူမၾကိဳက္တတ္တဲ့ အရာေတြ၊ ဝယ္ခ်င္တာေတြ၊ သူမ အလည္အပတ္သြားေရာက္ခ်င္တဲ့ေနရာေတြ (သုိ႔) သူမ လုပ္ခ်င္တဲ့အရာေတြကို မွတ္သားထားပါ။ ေနာက္ပုိင္း ေန႔ထူးေန႔ျမတ္ တစ္ရက္ရက္ (သို႔) သင္ေငြေၾကးတတ္ႏုိင္တဲ့အခ်ိန္မွာ သူမ ဝယ္ခ်င္တဲ့ အရာေလးတစ္ခုခု (သို႔) သူမ ၾကိဳက္တဲ့စားေသာက္ဆိုင္တစ္ဆိုင္ဆိုင္ကို ေခၚသြားလိုုက္ပါ။ အဓိကအခ်က္ သူမေတာင္းဆိုလာတဲ့အခ်ိန္မွာ ခ်က္ခ်င္းလုပ္ေပးမယ့္အစား သူေမ့ေလာက္တဲ့ အခ်ိန္အတိုင္းအတာတစ္ခုေလာက္ထိ ေစာင့္ျပီးလုပ္ေဆာင္တာ ပုိေကာင္းပါတယ္။ ဒီလိုအစီအစဥ္ေတြ လုပ္လိုက္မယ္ဆိုရင္ သူ႔ကို ဂရုစိုက္ေၾကာင္း သိရိွပါလိမ့္မယ္။ ပိုျပီးအေရးႀကီးတာက သူေမ ေျပာတဲ့စကားကို ဂရုစိုက္နားေထာင္ေပးတယ္ဆိုတာ သူသိရိွသြားတယ္။
၂။ သူမရဲ့ ဆံပင္ညွပ္ဆရာကို မိတ္ေဆြဖြဲ႔လိုက္ပါ။
 သူမ ဆံပင္ညွပ္ဖို႔လာတိုင္း ကိုယ့္ကိုဖုန္းဆက္ေပးဖို႔ ေျပာထားၿပီး ဘယ္လိုပံုစံေလး ညွပ္ထားတယ္ဆုိတာကိုပါ ေမးပါ။ ညွပ္ၿပီးၿပီးခ်င္း ကိုယ္နဲ႔ဆံုတဲ့အခါ အခ်စ္ကေလး မင္းဆံပင္ညွပ္ထားတာ သိပ္ခ်စ္ဖုိ႔ ေကာင္းသြားတယ္ေျပာေပးပါ။ အဲ့ဒီေနာက္မွာေတာ့ ျပဳံးျပဳံးေလးေနျပီး သူကိုသိုင္းဖက္ထားလိုက္ရံုေပါ့။
၃။ ႏွစ္ဦးသား ရန္ေတြျဖစ္ၿပီး အဆင္မေျပတဲ့ အခ်ိန္မ်ိဳးေတြမွာ လက္ကေလးကို ကိုင္ထားျပီး လမ္းအတူေလွ်ာက္ပါ။
လက္ကိုင္ထားတဲ့အခ်ိန္ (သို႔) အတူတူ လမ္းတြဲေလွ်ာက္ေနတဲ့အခ်ိန္မွာ တစ္ဦးနဲ႔တစ္ဦး စိတ္ဆိုးေအာင္လုပ္ဖုိ႔ အရမ္းခဲယဥ္းပါတယ္။ ဒီအၾကံအဥာဏ္က ခ်စ္သူစုံတြဲအတြက္ သာမဟုတ္ဘူး ဆက္ဆံမႈ အားလုံးအတြက္ ေကာင္းမြန္တဲ့ အၾကံအဥာဏ္တစ္ခုျဖစ္ပါတယ္။ လမ္းေလွ်ာက္ေနရင္း စကားေျပာတာဟာ ထိုင္ရင္းနဲ႔ ေျပာရတာနဲ႔ အေတာ္ေလး ကြာျခားမႈရိွပါတယ္။ စမ္းလုပ္ၾကည့္ပါ။
 ၄။ သင္ သမီးရည္းစားဆက္ဆံေရးမွာ ေျခလွမ္းစတင္လွမ္းလုိက္တဲ့အခါ သင့္လက္တြဲေဖာ္မွာရိွတဲ့ အေကာင္း၊ အဆိုးေတြအားလုံးကို သိရိွလာခ်ိန္ ေကာင္းတဲ့အခ်က္ေလးေတြ ေတြးလိုက္ပါ။
အမွန္တိုင္းေျပာရမယ္ဆိုရင္ သူ႔ကို ၾကည့္မရတဲ့ အခ်ိန္ေတြလည္း အၾကိမ္ၾကိမ္ ၾကံဳဖူးပါလိမ့္မယ္။ ဒါေပမဲ့ တစ္ေယာက္နဲ႔တစ္ေယာက္ မၾကည္ျဖဴမႈေတြၾကားက (သို႔) စိတ္အေႏွာက္အယွက္ရိွေနတဲ့ၾကားကပဲ ေပ်ာ္ရႊင္ခဲ့တဲ့ အမွတ္တရတစ္ခုခု (သို႔) သင့္လက္တြဲမွာရိွတဲ့ ေကာင္းကြက္တစ္ခုခုကို ရင္ထဲမွာ သိမ္းထားပါ။ စိတ္ပ်က္စရာေတြၾကဳံလာတိုင္း(သို႔) သူရဲ႕မွားယြင္းတဲ့ အျပဳအမူကို ေတြ႔ျမင္ရတိုင္း အဲဒါေတြကိုသတိရျပီး က်န္တာကို ေမ့ထားလိုက္ပါ။ ဒါဆို ေပ်ာ္ရႊင္မႈနဲ႔ ကံေကာင္းမႈေတြကို ရရိွခံစားေစျပီး သင့္ရဲ႕သမီးရည္းစား ဆက္ဆံေရးဘဝမွာ အခါးသီးဆုံး အရာေတြကို ေက်ာ္ျဖတ္သြားႏိုင္ပါလိမ့္မယ္။
၅။ သူဖုန္းေခၚတိုင္း အၿမဲေျဖေပးပါ။
ဖုန္းမကုိင္ပဲ ေနတာတုိ႔ ဘာတုိ႔ မလုပ္ပါနဲ႔။ ဒီလိုလုပ္ေပးျခင္းအားျဖင့္ သူ႔ကို အေလးထားတယ္လို႔ ခံစားေစမွာျဖစ္ျပီး သူမ်ားထက္ တမူထူးျခားတယ္လို႔ သိရိွလာမွာျဖစ္ပါတယ္။ ဒါဆို ကိုယ္တို႔ေလာက္ နီးကပ္တာ ဘာတစ္ခုမွ မရိွေတာ့ဘူးေပါ့။

Credit:Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode  Version

သမီးရည်းစားဆက်ဆံရေးဆိုတာ သိမ်မွေ့နက်နဲပါတယ်။ တခါတလေမှာ ကိုယ့်ကို သူမရဲ့ ခံစားချက်တွေ ဖွင့်မပြောပဲ သိနေစေချင်တယ်။ အဲဒီအချိန်မှာ သင်ဘာလုပ်သလဲ။ ကံဆိုးမိုးမှောင်ကျတဲ့အချိန်ပေါ့၊ အဲဒီအတွက် ဒီနေရာမှာ သင့်ကို အကူအညီပေးချင်တာပါ။ သမီးရည်းစားဆက်ဆံရေး လျို့ဝှက်ချက်(၅) ခု ရှိပါတယ်။
 ၁။ မှတ်စုစာအုပ်လေးတစ်ခုကို ဆောင်ထားပါ။
သူမ မမြင်အောင် အထူးသတိထားပါ။ နောက်ပြီး အချိန်နဲ့အမျှ သူမကြိုက်တတ်တဲ့ အရာတွေ၊ ဝယ်ချင်တာတွေ၊ သူမ အလည်အပတ်သွားရောက်ချင်တဲ့နေရာတွေ (သို့) သူမ လုပ်ချင်တဲ့အရာတွေကို မှတ်သားထားပါ။ နောက်ပိုင်း နေ့ထူးနေ့မြတ် တစ်ရက်ရက် (သို့) သင်ငွေကြေးတတ်နိုင်တဲ့အချိန်မှာ သူမ ဝယ်ချင်တဲ့ အရာလေးတစ်ခုခု (သို့) သူမ ကြိုက်တဲ့စားသောက်ဆိုင်တစ်ဆိုင်ဆိုင်ကို ခေါ်သွားလိုုက်ပါ။ အဓိကအချက် သူမတောင်းဆိုလာတဲ့အချိန်မှာ ချက်ချင်းလုပ်ပေးမယ့်အစား သူမေ့လောက်တဲ့ အချိန်အတိုင်းအတာတစ်ခုလောက်ထိ စောင့်ပြီးလုပ်ဆောင်တာ ပိုကောင်းပါတယ်။ ဒီလိုအစီအစဉ်တွေ လုပ်လိုက်မယ်ဆိုရင် သူ့ကို ဂရုစိုက်ကြောင်း သိရှိပါလိမ့်မယ်။ ပိုပြီးအရေးကြီးတာက သူမေ ပြောတဲ့စကားကို ဂရုစိုက်နားထောင်ပေးတယ်ဆိုတာ သူသိရှိသွားတယ်။
၂။ သူမရဲ့ ဆံပင်ညှပ်ဆရာကို မိတ်ဆွေဖွဲ့လိုက်ပါ။
 သူမ ဆံပင်ညှပ်ဖို့လာတိုင်း ကိုယ့်ကိုဖုန်းဆက်ပေးဖို့ ပြောထားပြီး ဘယ်လိုပုံစံလေး ညှပ်ထားတယ်ဆိုတာကိုပါ မေးပါ။ ညှပ်ပြီးပြီးချင်း ကိုယ်နဲ့ဆုံတဲ့အခါ အချစ်ကလေး မင်းဆံပင်ညှပ်ထားတာ သိပ်ချစ်ဖို့ ကောင်းသွားတယ်ပြောပေးပါ။ အဲ့ဒီနောက်မှာတော့ ပြုံးပြုံးလေးနေပြီး သူကိုသိုင်းဖက်ထားလိုက်ရုံပေါ့။
၃။ နှစ်ဦးသား ရန်တွေဖြစ်ပြီး အဆင်မပြေတဲ့ အချိန်မျိုးတွေမှာ လက်ကလေးကို ကိုင်ထားပြီး လမ်းအတူလျှောက်ပါ။
လက်ကိုင်ထားတဲ့အချိန် (သို့) အတူတူ လမ်းတွဲလျှောက်နေတဲ့အချိန်မှာ တစ်ဦးနဲ့တစ်ဦး စိတ်ဆိုးအောင်လုပ်ဖို့ အရမ်းခဲယဉ်းပါတယ်။ ဒီအကြံအဉာဏ်က ချစ်သူစုံတွဲအတွက် သာမဟုတ်ဘူး ဆက်ဆံမှု အားလုံးအတွက် ကောင်းမွန်တဲ့ အကြံအဉာဏ်တစ်ခုဖြစ်ပါတယ်။ လမ်းလျှောက်နေရင်း စကားပြောတာဟာ ထိုင်ရင်းနဲ့ ပြောရတာနဲ့ အတော်လေး ကွာခြားမှုရှိပါတယ်။ စမ်းလုပ်ကြည့်ပါ။
 ၄။ သင် သမီးရည်းစားဆက်ဆံရေးမှာ ခြေလှမ်းစတင်လှမ်းလိုက်တဲ့အခါ သင့်လက်တွဲဖော်မှာရှိတဲ့ အကောင်း၊ အဆိုးတွေအားလုံးကို သိရှိလာချိန် ကောင်းတဲ့အချက်လေးတွေ တွေးလိုက်ပါ။
အမှန်တိုင်းပြောရမယ်ဆိုရင် သူ့ကို ကြည့်မရတဲ့ အချိန်တွေလည်း အကြိမ်ကြိမ် ကြုံဖူးပါလိမ့်မယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မကြည်ဖြူမှုတွေကြားက (သို့) စိတ်အနှောက်အယှက်ရှိနေတဲ့ကြားကပဲ ပျော်ရွှင်ခဲ့တဲ့ အမှတ်တရတစ်ခုခု (သို့) သင့်လက်တွဲမှာရှိတဲ့ ကောင်းကွက်တစ်ခုခုကို ရင်ထဲမှာ သိမ်းထားပါ။ စိတ်ပျက်စရာတွေကြုံလာတိုင်း(သို့) သူရဲ့မှားယွင်းတဲ့ အပြုအမူကို တွေ့မြင်ရတိုင်း အဲဒါတွေကိုသတိရပြီး ကျန်တာကို မေ့ထားလိုက်ပါ။ ဒါဆို ပျော်ရွှင်မှုနဲ့ ကံကောင်းမှုတွေကို ရရှိခံစားစေပြီး သင့်ရဲ့သမီးရည်းစား ဆက်ဆံရေးဘဝမှာ အခါးသီးဆုံး အရာတွေကို ကျော်ဖြတ်သွားနိုင်ပါလိမ့်မယ်။
၅။ သူဖုန်းခေါ်တိုင်း အမြဲဖြေပေးပါ။
ဖုန်းမကိုင်ပဲ နေတာတို့ ဘာတို့ မလုပ်ပါနဲ့။ ဒီလိုလုပ်ပေးခြင်းအားဖြင့် သူ့ကို အလေးထားတယ်လို့ ခံစားစေမှာဖြစ်ပြီး သူများထက် တမူထူးခြားတယ်လို့ သိရှိလာမှာဖြစ်ပါတယ်။ ဒါဆို ကိုယ်တို့လောက် နီးကပ်တာ ဘာတစ်ခုမှ မရှိတော့ဘူးပေါ့။
Credit:Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top