iMyanmarHouse.com - Best Property Website for Myanmar
×

ကုရုတိုင္း၊ ဟတၳိနီ ၿမိဳ႕၌ ႐ုပ္ကိုအမွီျပဳ၍
ျပည့္တန္ဆာ အလုပ္ျဖင့္အသက္ေမြးဝမ္းေၾကာင္းျပဳေသာ
အမ်ိဳးသမီး တစ္ဦးရွိသည္။ သူမ၏အမည္မွာ
“ေသရိဏီ” ဟု အမည္ရွိသည္။
တစ္ေန႔တြင္ ရဟန္း သံဃာ မ်ားသည္
သာသနာ ကိစၥအတြက္
အစည္းအေဝးပြဲျပဳလုပ္ၾကသည္။
ထိုအစည္းအေဝးတက္ေရာက္လာၾကေသာ
ရဟန္းသံဃာမ်ားအတြက္ ဆြမ္းကိစၥေဆာင္ရြက္ရန္
ၿမိဳ႕သူၿမိဳ႕သားမ်ားသည္ ၿမိဳ႕ထဲသို႔လွည့္လည္ကာ
ဆန္၊ ဆီ၊ ဆား၊ ေထာပတ္စေသာ လွဴဖြယ္ဝတၱဳတို႔ကို
အလွဴခံထြက္ၾကသည္။ ၿမိဳ႕သူၿမိဳ႕သားမ်ားကလည္း
အားတက္သေရာ ေလာင္းလွဴၾကသည္။
အလွဴခံမ်ားသည္ ထိုျပည့္တန္ဆာမ
အိမ္သို႔ေရာက္ေသာ္ သံဃာအတြက္
အလွဴခံေၾကာင္းေျပာျပၿပီး အလွဴခံၾကသည္။
ေသရိဏီျပည့္တန္ဆာမသည္ သဒၶါတရားမရွိ၊
ရတနာသံုးပါး၌ မၾကည္ညိဳသူျဖစ္၍-
“ေခါင္းတံုးရဟန္းေတြကို လွဴသျဖင့္
ဘာအက်ိဳးရွိမွာလဲ” ဟု မထီမဲ့ျမင္ ေျပာဆို
လႊတ္လိုက္ေလသည္။
ေနာက္ ထို ျပည့္တန္ဆာ မသည္ ေသလြန္ေသာ္
ရဟန္းသံဃာမ်ားကို ေစာ္ကားေျပာခဲ့ေသာ
“ႏွဳတ္ထြက္စကားၾကမ္း”ေၾကာင့္ ၿမိဳ႕၏အစြန္အဖ်ားရွိ
ေျမာင္းႀကီး၌ ၿပိတၱာမျဖစ္ရေလသည္။
ထို ျပိတၱာမ သည္ အဝတ္မရွိ၊ ကိုယ္သည္ပိန္ခ်ံဳးလ်က္၊
အ႐ိုးအေရမွ်သာရွိသည္။ စက္ဆုပ္ဖြယ္ေကာင္းေသာ
ကိုယ္ခႏၶာ ရွိရေလသည္။
ၿပိတၱာမ သည္ ေရဆာသျဖင့္ ေျမာင္းထဲ
ေရဆင္းေသာက္ေသာအခါ ေရမ်ားေပ်ာက္ကုန္သည္။
ေနပူသျဖင့္ အရိပ္ထဲသို႔ဝင္ေသာ္
အရိပ္ေပ်ာက္၍ ေနပူျဖစ္သြားရသည္။
ပူေလာင္သျဖင့္ ေလညင္းခံလွ်င္ ေလသည္
မီးကဲ့သို႔ အလြန္ ပူေလာင္ေသာေလျဖင့္
တိုက္ခတ္ခံရေလသည္။
“ဘာအက်ိဳးရွိမွာလဲ” ဟူေသာ ႏွဳတ္ထြက္စကားေၾကာင့္
မိမိမွာလည္း ဘာေကာင္းက်ိဳးမွ် မခံစားရဘဲ၊
ဆင္းရဲေပါင္းမ်ားစြာ ခံစားေနရေတာ့သည္။


Credit:. တိပိဋက ျမန္မာျပန္

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ကုရုတိုင်း၊ ဟတ္ထိနီ မြို့၌ ရုပ်ကိုအမှီပြု၍
ပြည့်တန်ဆာ အလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းပြုသော
အမျိုးသမီး တစ်ဦးရှိသည်။ သူမ၏အမည်မှာ
“သေရိဏီ” ဟု အမည်ရှိသည်။
တစ်နေ့တွင် ရဟန်း သံဃာ များသည်
သာသနာ ကိစ္စအတွက်
အစည်းအဝေးပွဲပြုလုပ်ကြသည်။
ထိုအစည်းအဝေးတက်ရောက်လာကြသော
ရဟန်းသံဃာများအတွက် ဆွမ်းကိစ္စဆောင်ရွက်ရန်
မြို့သူမြို့သားများသည် မြို့ထဲသို့လှည့်လည်ကာ
ဆန်၊ ဆီ၊ ဆား၊ ထောပတ်စသော လှူဖွယ်ဝတ္တုတို့ကို
အလှူခံထွက်ကြသည်။ မြို့သူမြို့သားများကလည်း
အားတက်သရော လောင်းလှူကြသည်။
အလှူခံများသည် ထိုပြည့်တန်ဆာမ
အိမ်သို့ရောက်သော် သံဃာအတွက်
အလှူခံကြောင်းပြောပြပြီး အလှူခံကြသည်။
သေရိဏီပြည့်တန်ဆာမသည် သဒ္ဓါတရားမရှိ၊
ရတနာသုံးပါး၌ မကြည်ညိုသူဖြစ်၍-
“ခေါင်းတုံးရဟန်းတွေကို လှူသဖြင့်
ဘာအကျိုးရှိမှာလဲ” ဟု မထီမဲ့မြင် ပြောဆို
လွှတ်လိုက်လေသည်။
နောက် ထို ပြည့်တန်ဆာ မသည် သေလွန်သော်
ရဟန်းသံဃာများကို စော်ကားပြောခဲ့သော
“နှုတ်ထွက်စကားကြမ်း”ကြောင့် မြို့၏အစွန်အဖျားရှိ
မြောင်းကြီး၌ ပြိတ္တာမဖြစ်ရလေသည်။
ထို ပြိတ္တာမ သည် အဝတ်မရှိ၊ ကိုယ်သည်ပိန်ချုံးလျက်၊
အရိုးအရေမျှသာရှိသည်။ စက်ဆုပ်ဖွယ်ကောင်းသော
ကိုယ်ခန္ဓာ ရှိရလေသည်။
ပြိတ္တာမ သည် ရေဆာသဖြင့် မြောင်းထဲ
ရေဆင်းသောက်သောအခါ ရေများပျောက်ကုန်သည်။
နေပူသဖြင့် အရိပ်ထဲသို့ဝင်သော်
အရိပ်ပျောက်၍ နေပူဖြစ်သွားရသည်။
ပူလောင်သဖြင့် လေညင်းခံလျှင် လေသည်
မီးကဲ့သို့ အလွန် ပူလောင်သောလေဖြင့်
တိုက်ခတ်ခံရလေသည်။
“ဘာအကျိုးရှိမှာလဲ” ဟူသော နှုတ်ထွက်စကားကြောင့်
မိမိမှာလည်း ဘာကောင်းကျိုးမျှ မခံစားရဘဲ၊
ဆင်းရဲပေါင်းများစွာ ခံစားနေရတော့သည်။


Credit:. တိပိဋက မြန်မာပြန်



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top