iMyanmarHouse.com - Best Property Website for Myanmar
×

မိဘတွေ ဖြစ်လာတဲ့အခါ အစစအရာရာ ဇဝေဇ၀ါ ဖြစ်စရာတွေချည်းပါပဲ။ မိဘတွေအနေနဲ့ ကလေးတွေရဲ့ ကျန်းမာရေးကိစ္စ အရေးတကြီးသဘောထားရမယ့် အရာများစွာ ရှိပါတယ်။ အဲဒီအနက် နားဖားချေးပြသနာက တစ်ခု အပါအဝင်ဖြစ်ပါတယ်။ ကလေးတွေရဲ့ နားရွက်အတွင်း နားဖာချေးရှိတာ စိတ်သောကဖြစ်စရာ ကျန်းမာရေးပြသနာတစ်ခုတော့ မဟုတ်ပါဘူး။ နားဖားချေးဆိုတာ နားထိခိုက်စေနိုင်တဲ့ ပြင်ပအရာဝတ္တုအန္တရာယ် တားဆီးကာကွယ်ပေးမယ့် သဘာဝအလျောက်ဟန့်တားပေးတဲ့အရာ ဖြစ်ပါတယ်။

ဒါ ပုံမှန်ဖြစ်တဲ့ကိစ္စလို့ သိတာက ကလေးတွေ နားဖားချေး ရှင်းပေးဖို့ သင့်မသင့် ဆုံးဖြတ်ရာမှာ အဓိကကျပါတယ်။ ထည့်သွင်းစဉ်းစားရမယ့် အရေးကြီးအချက်တချို့တွေက…

ဘယ်ချိန်မှာ ပြသနာ ဖြစ်သလဲ

နားဖားချေးထွက်နှုန်း ပိုမြန်ပြီး နားဖားချေးတွေ ပိုများလာတဲ့အခါ ကျန်းမာရေးပြသနာတွေ ဖြစ်စေနိုင်ပါတယ်။ အဲဒါက နားရောဂါလက္ခဏာတွေ ကိုယ်စားပြုပါတယ်။ အကြားအာရုံအားနည်းခြင်း၊ နား နာကျင်ကိုက်ခဲမှု၊ ယားယံမှုတို့ကြောင့် ညည်းညူပါက ဂရုစိုက်ရပါမယ်။ နားဖားချေးတွေ ကလေးနားပေါက်ပိတ်ဆို့တာ ဖြစ်နိုင်ခြေပိုများပါတယ်။

ဘယ်လိုသန့်ရှင်းရေးလုပ်မလဲ

အရင်ဆုံး သတိထားရမှာက နားဖားချေး ရှင်းလင်းဖို့ ကလေးနားရွက်ထဲ ဘာမှ မထိုးထည့်ဖို့ပါပဲ။ ကလေးအငြိမ်မနေရင် နားစည် ထိခိုက်ပျက်စီးစေတတ်ပါတယ်။ နားဖားချေး ပျော့ပျောင်းစေနိုင်တဲ့ နားခပ်ဆေးတွေ ရှိပါတယ်။ ကလေးထိခိုက်မှု ရှိမရှိ ဆရာဝန်ကို မေးမြန်းပြီး အသုံးပြုနိုင်ပါတယ်။

အိမ်တွင်းဆေးနည်းတွေ အသုံးပြုလို့ ရလား

နားဖားချေးက အမြဲတမ်းလိုလို အိမ်တွင်းဆေးနည်း စမ်းသပ်စရာဖြစ်နေပါတယ်။ နားဖားချေး ရှင်းလင်းရာမှာ လူသိများတဲ့ အန္တရာယ်ရှိ အိမ်တွင်းဆေးနည်းများစွာ ရှိပါတယ်။ နားစည်ထိခိုက်မှုနဲ့ ရောဂါကူးစက်မှုတို့လို စိုးရိမ်ရတဲ့ ပြသနာတွေ ဖြစ်စေနိုင်တာကြောင့် ဒီလို စမ်းသပ်မှုတွေ ရှောင်ရှားပါ။

ကလေးတွေအတွက် နားကြပ်တံ ဘယ်လိုသုံးမလဲ

နားကြပ်တံနဲ့ နားဖားချေးကော်ထုတ်တာ နားစည် ပျက်စီးထိခိုက်စေပါလိမ့်မယ်။ နားကြပ်တံကို နားခပ်ဆေးရည်နဲ့ ပျော့ပျောင်းစေပြီးမှသာ အသုံးပြုဖို့ အကြံပြုထားပါတယ်။

Credit :Trend Myanmar


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top