iMyanmarHouse.com - Best Property Website for Myanmar
×

ရာသီလာခ်ိန္မွာ မလုပ္သင့္တဲ့ အရာေတြ၊ေဆာင္ရန္ေရွာင္ရန္ေတြရွိပါ တယ္။ မၾကာေသးမီက ေလ့လာေတြ႕ရွိခ်က္ေတြအရ လံုး၀မလုပ္သင့္တဲ့ ေရွာင္ရမယ့္ အခ်က္ေတြကိုေတြ႕ခဲ့ပါတယ္။အဲ့ဒီလိုအခ်ိန္ေတြမွာ ဆိုရင္ ပံုမွန္အခ်ိန္ေတြထက္ အာရံုစူးစိုက္ႏိုင္စြမ္းေ လ်ာ႔နည္းေနတက္ပါတယ္။ေရွာင္ရမယ့္ အခ်က္ေတြ ကေတာ့…

(၁)စိတ္ဆတ္ေန၊စိတ္တုိလြယ္

အဲ့ဒီလိုအခ်ိန္ေတြမွာ စိတ္တိုလြယ္၊စိတ္ဆတ္လြယ္ေနတာေၾကာင့္ အဲ့ဒီလို အခ်ိ န္ေတြမွာ တတ္ႏိုင္သမွ် စကားေျပာဆင္ျခင္ပါ။မိသားစု၊ကိုယ့္ရဲ႕ ပါတာနာ ကို   တစ္ေယာက္တည္းေအးေအးေန ခ်င္ေၾကာင္း ေျပာျပထားပါ။ လမ္းေလွ်ာက္တာ တို႔၊စာအုပ္ဖတ္ေနတာတို႔ လုပ္ပါ။

(၂)အငန္ပါတဲ့Snacks ေတြကိုေရွာင္ပါ

ဒီလိုအခ်ိန္မွာ ငန္တဲ့ Snacks ေတြ ဥပမာ-အငန္ပါတဲ့ အာလူးေခ်ာင္းေၾကာ္လို အရာေတြကိုေရွာင္ပါ။ရာသီလာေနတဲ့ အခ်ိန္မွာ အငန္ပါတဲ့ အစားအစာေတြကို လံုး၀ေရွာင္က်ဥ္သင့္ပါတယ္။ဒါေၾကာင့္ Snacks လိုအရာေတြကုိ စားမယ့္အစား သစ္သီး၊အသီးအရြက္အစရွိတာေတြကို စားသံုးေပးသင့္ပါတယ္။ဒီလိုအခ်ိန္မွာ လိုအပ္ေနတဲ့ Minerals(သတၱဳဓါတ္)နဲ႔ဗီတာမင္ေတြကို သစ္သီး၀လံနဲ ႔အသီး အရြက္ေတြကသာ ေပးစြမ္းႏိုင္မွာပါ။

(၃)Pad ထုပ္ကို (၃)နာရီ(သို႔)(၄)နာရီတစ္ခါလဲပါ

အိိမ္္မွာပဲျဖစ္ေစ၊အလုပ္မွာပဲျဖစ္ေစ ဘယ္ေနရာပဲေရာက္ေနေန Pad ထုပ္ကို သံုးနာရီ(သို႔)ေလးနာရီျခားတစ္ခါ ပံုမွန္လဲေပးပါ။Pads ဟာ မၾကာခဏလဲေပး သင့္ပါတယ္။Pad တစ္ခုတည္းကို အလုပ္ထဲမွာ တစ္ေနကုန္သံုးတာ(မလဲပဲ ထားတာ)ဟာ ဗက္တီးရီးယားေတြကို ေပါက္ဖြားေစႏိုင္ၿပီး အနံ႔အသက္ကိုလည္း ဆိုးရြားေစပါတယ္။ဒါေၾကာင့္ အိတ္ထဲမွာအၿမဲတမ္း Pad ထုပ္အပိုေဆာင္ပါ ။ပံု မွန္လဲေပးဖုိ႔ မေမ့ပါနဲ႔။


(၄)ႏို႔နဲ႔ႏို႔ထြက္အစားအစာေတြကိုေရွာင္

ကယ္ဆီယမ္ဟာ အမ်ိဳးသမီးေတြ ရာသီလာခ်ိန္မွာ ျဖစ္တတ္တဲ့ နာက်င္မႈေ တြကို သက္သာေစတယ္ဆိုေပမယ့္ ႏို႔၊ခ်ိစ္၊ဒိန္ခ်ဥ္အစရွိတာေတြကေတာ့ ဆန္႔ က်င္ဘက္ပါ။အေၾကာင္းအရင္းကေတာ့ သူတို႔မွာ  arachadonic acids ပါလို႔ပါ။အဲ့ဒီအက္ဆစ္က ဗိုက္ေအာင့္ေစတတ္ပါတယ္္။တကယ္လို႔ ကယ္ ဆီ ယမ္ဓါတ္လိုခ်င္တယ္ဆိုရင္ေတာ့(non-dairy)  ႏို႔ထြက္ပစၥည္းနဲ႔ လုပ္ထား တာမဟုတ္တဲ့ အုန္းႏို႔ဒိန္ခ်ဥ္လို အရာမ်ိဳးကို ေသာက္လို႔ရပါတယ္။

(၅)gym မသြားတာမ်ိဳး မလုပ္ပါနဲ႔

ရာသီလာခ်ိန္မွာ ျဖစ္ေပၚတတ္တဲ့ နာက်င္မႈေတြေၾကာင့္ အမ်ိဳးသမီးေတာ္ေ တာ္ မ်ားမ်ားဟာ အဲ့ဒီလိုအခ်ိန္ေတြမွာ အိပ္ယာထဲလွဲေနတာ၊အိမ္ထဲမွာေနၿငိမ္ ၿငိမ္ေ လးေနၿပီး TV ၾကည့္ေနေလ့ရွိပါတယ္။တကယ့္ေတာ့ ဒါဟာ မွားပါတယ္။ဒီလိုအ ခ်ိန္မွာ gym ကိုပိုလို႔ေတာင္သြားသင့္ပါတယ္။ေလ့က်င့္ခန္းဟာ ရာသီလာခ်ိန္ မွာခံစားရတဲ့ ဗို္က္ေအာင့္တဲ့ ေ၀ဒနာ၊တျခားခႏၶာကိုယ္အစိတ္အပိုင္းနာက်င္ကို က္ခဲမႈေတြကို သက္သာေစပါတယ္။

(၆)အျဖဴေရာင္ေဘာင္းဘီကိုေရွာင္

ရာသီလာေနတဲ့ အခ်ိန္မွာ ေရွာင္သင့္တဲဲ့ အရာေတြထဲမွာ အျဖဴေရာင္ေဘာင္း ဘီလည္း ပါပါတယ္။အျဖဴေရာင္က စြန္းထင္းရင္ အရမ္းကို သိသာလြန္းတဲ့အ တြက္ပါ။ဒီလိုအခ်ိန္မွာ တက္ႏိုင္သမွ်အေရာင္ေဖ်ာ႔၀တ္တာေတြကို ေရွာင္ပါ။


(၇)pad မခံပဲ အိပ္ယာ၀င္တာ

ညဖက္အိမ္မွာမို႔ Pad မခံပဲ ဒီအတိုင္းအိပ္ယာ၀င္တာမ်ိဳး ဘယ္ေတာ့မွ မလုပ္ ပါနဲ႔။သင့္ရဲ႕ေစာင္၊ေမြ႔ယာေတြကို ညစ္ပတ္ေစပါတယ္။ပံုမွန္သံုးေနက် pad ကိုခံအိပ္ရတာ အဆင္မေျပဘူး၊သက္ေသာင့္သက္သာမရွိဘူးဆိုရင္ အခုေ နာက္ပိုင္းမွာ  day သံုးနဲ႔ Night သံုးဆိုၿပီး သီးသန္႔ထုတ္ထားတာေတြရွိပါ တယ္။အဲ့ဒီထဲက Night သံုးကို စမ္းသပ္ေရြးခ်ယ္ အသံုးျပဳၾကည့္ပါ။

(၈)အေမႊးႏုတ္တာေတြ ေရွာင္ပါ

ရာသီလာခ်ိန္မွာ ခႏၶာကိုယ္ထဲမွာရွိတဲ့ (Estrogen)ပမာဏ ေလ်ာ႔နည္း သြား တာေၾကာင့္ တျခားပံုမွန္အခ်ိန္ေတြထက္ နာက်င္မႈေ၀ဒနာကို ပိုခံစားရတတ္ ပါတယ္။ဒါေၾကာင့္ ဒီလိုအခ်ိန္ေတြမွာ အေမႊးႏုတ္တာေတြ ကို ေရွာင္ပါ။

(၉)၀မ္းနည္းစရာရုပ္ရွင္ေတြကို မၾကည့္ပါနဲ႔

အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ ရာသီလာခါနီးရင္ စိတ္ခံစားမႈက သိသိ သာ သာသာ ေျပာင္းလဲေနတတ္ပါတယ္။ခံစားလြယ္၊စိတ္တိုလြယ္ေနပါတယ္။ေပ်ာ္ျခင္း၊၀မ္းနည္းျခင္း၊ေဒါသထြက္ျခင္း၊စိတ္မလံုၿခံဳမႈ စတဲ့ ခံစားခ်က္ေတြကုိ အခ်ိန္ ခဏေလးအတြင္းမွာ အမ်ိဳးမ်ိဳးေျပာင္းလဲခံစားေနရတတ္ပါတယ္။အဲ့ဒီလိုအခ်ိန္မွာ စိတ္ခံစားခ်က္ေတြက အျမင့္ဆံုးေရာက္ေန၊ခံစားလြယ္ေနတတ္တာေၾကာင့္ ၀မ္းနည္းစရာ ရုပ္ရွင္ေတြကို လံုး၀မၾကည့္ပါနဲ႔။

Credit : Shwemom

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ရာသီလာချိန်မှာ မလုပ်သင့်တဲ့ အရာတွေ၊ဆောင်ရန်ရှောင်ရန်တွေရှိပါ တယ်။ မကြာသေးမီက လေ့လာတွေ့ရှိချက်တွေအရ လုံးဝမလုပ်သင့်တဲ့ ရှောင်ရမယ့် အချက်တွေကိုတွေ့ခဲ့ပါတယ်။အဲ့ဒီလိုအချိန်တွေမှာ ဆိုရင် ပုံမှန်အချိန်တွေထက် အာရုံစူးစိုက်နိုင်စွမ်းေ လျာ့နည်းနေတက်ပါတယ်။ရှောင်ရမယ့် အချက်တွေ ကတော့…

(၁)စိတ်ဆတ်နေ၊စိတ်တိုလွယ်

အဲ့ဒီလိုအချိန်တွေမှာ စိတ်တိုလွယ်၊စိတ်ဆတ်လွယ်နေတာကြောင့် အဲ့ဒီလို အချိ န်တွေမှာ တတ်နိုင်သမျှ စကားပြောဆင်ခြင်ပါ။မိသားစု၊ကိုယ့်ရဲ့ ပါတာနာ ကို   တစ်ယောက်တည်းအေးအေးနေ ချင်ကြောင်း ပြောပြထားပါ။ လမ်းလျှောက်တာ တို့၊စာအုပ်ဖတ်နေတာတို့ လုပ်ပါ။

(၂)အငန်ပါတဲ့Snacks တွေကိုရှောင်ပါ

ဒီလိုအချိန်မှာ ငန်တဲ့ Snacks တွေ ဥပမာ-အငန်ပါတဲ့ အာလူးချောင်းကြော်လို အရာတွေကိုရှောင်ပါ။ရာသီလာနေတဲ့ အချိန်မှာ အငန်ပါတဲ့ အစားအစာတွေကို လုံးဝရှောင်ကျဉ်သင့်ပါတယ်။ဒါကြောင့် Snacks လိုအရာတွေကို စားမယ့်အစား သစ်သီး၊အသီးအရွက်အစရှိတာတွေကို စားသုံးပေးသင့်ပါတယ်။ဒီလိုအချိန်မှာ လိုအပ်နေတဲ့ Minerals(သတ္တုဓါတ်)နဲ့ဗီတာမင်တွေကို သစ်သီးဝလံနဲ့အသီး အရွက်တွေကသာ ပေးစွမ်းနိုင်မှာပါ။

(၃)Pad ထုပ်ကို (၃)နာရီ(သို့)(၄)နာရီတစ်ခါလဲပါ

အိမ်မှာပဲဖြစ်စေ၊အလုပ်မှာပဲဖြစ်စေ ဘယ်နေရာပဲရောက်နေနေ Pad ထုပ်ကို သုံးနာရီ(သို့)လေးနာရီခြားတစ်ခါ ပုံမှန်လဲပေးပါ။Pads ဟာ မကြာခဏလဲပေး သင့်ပါတယ်။Pad တစ်ခုတည်းကို အလုပ်ထဲမှာ တစ်နေကုန်သုံးတာ(မလဲပဲ ထားတာ)ဟာ ဗက်တီးရီးယားတွေကို ပေါက်ဖွားစေနိုင်ပြီး အနံ့အသက်ကိုလည်း ဆိုးရွားစေပါတယ်။ဒါကြောင့် အိတ်ထဲမှာအမြဲတမ်း Pad ထုပ်အပိုဆောင်ပါ ။ပုံ မှန်လဲပေးဖို့ မမေ့ပါနဲ့။


(၄)နို့နဲ့နို့ထွက်အစားအစာတွေကိုရှောင်

ကယ်ဆီယမ်ဟာ အမျိုးသမီးတွေ ရာသီလာချိန်မှာ ဖြစ်တတ်တဲ့ နာကျင်မှုေ တွကို သက်သာစေတယ်ဆိုပေမယ့် နို့၊ချိစ်၊ဒိန်ချဉ်အစရှိတာတွေကတော့ ဆန့် ကျင်ဘက်ပါ။အကြောင်းအရင်းကတော့ သူတို့မှာ  arachadonic acids ပါလို့ပါ။အဲ့ဒီအက်ဆစ်က ဗိုက်အောင့်စေတတ်ပါတယ်။တကယ်လို့ ကယ် ဆီ ယမ်ဓါတ်လိုချင်တယ်ဆိုရင်တော့(non-dairy)  နို့ထွက်ပစ္စည်းနဲ့ လုပ်ထား တာမဟုတ်တဲ့ အုန်းနို့ဒိန်ချဉ်လို အရာမျိုးကို သောက်လို့ရပါတယ်။

(၅)gym မသွားတာမျိုး မလုပ်ပါနဲ့

ရာသီလာချိန်မှာ ဖြစ်ပေါ်တတ်တဲ့ နာကျင်မှုတွေကြောင့် အမျိုးသမီးတော်ေ တာ် များများဟာ အဲ့ဒီလိုအချိန်တွေမှာ အိပ်ယာထဲလှဲနေတာ၊အိမ်ထဲမှာနေငြိမ် ငြိမ်ေ လးနေပြီး TV ကြည့်နေလေ့ရှိပါတယ်။တကယ့်တော့ ဒါဟာ မှားပါတယ်။ဒီလိုအ ချိန်မှာ gym ကိုပိုလို့တောင်သွားသင့်ပါတယ်။လေ့ကျင့်ခန်းဟာ ရာသီလာချိန် မှာခံစားရတဲ့ ဗိုက်အောင့်တဲ့ ဝေဒနာ၊တခြားခန္ဓာကိုယ်အစိတ်အပိုင်းနာကျင်ကို က်ခဲမှုတွေကို သက်သာစေပါတယ်။

(၆)အဖြူရောင်ဘောင်းဘီကိုရှောင်

ရာသီလာနေတဲ့ အချိန်မှာ ရှောင်သင့်တဲ့ အရာတွေထဲမှာ အဖြူရောင်ဘောင်း ဘီလည်း ပါပါတယ်။အဖြူရောင်က စွန်းထင်းရင် အရမ်းကို သိသာလွန်းတဲ့အ တွက်ပါ။ဒီလိုအချိန်မှာ တက်နိုင်သမျှအရောင်ဖျော့ဝတ်တာတွေကို ရှောင်ပါ။


(၇)pad မခံပဲ အိပ်ယာဝင်တာ

ညဖက်အိမ်မှာမို့ Pad မခံပဲ ဒီအတိုင်းအိပ်ယာဝင်တာမျိုး ဘယ်တော့မှ မလုပ် ပါနဲ့။သင့်ရဲ့စောင်၊မွေ့ယာတွေကို ညစ်ပတ်စေပါတယ်။ပုံမှန်သုံးနေကျ pad ကိုခံအိပ်ရတာ အဆင်မပြေဘူး၊သက်သောင့်သက်သာမရှိဘူးဆိုရင် အခုေ နာက်ပိုင်းမှာ  day သုံးနဲ့ Night သုံးဆိုပြီး သီးသန့်ထုတ်ထားတာတွေရှိပါ တယ်။အဲ့ဒီထဲက Night သုံးကို စမ်းသပ်ရွေးချယ် အသုံးပြုကြည့်ပါ။

(၈)အမွှေးနုတ်တာတွေ ရှောင်ပါ

ရာသီလာချိန်မှာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ (Estrogen)ပမာဏ လျော့နည်း သွား တာကြောင့် တခြားပုံမှန်အချိန်တွေထက် နာကျင်မှုဝေဒနာကို ပိုခံစားရတတ် ပါတယ်။ဒါကြောင့် ဒီလိုအချိန်တွေမှာ အမွှေးနုတ်တာတွေ ကို ရှောင်ပါ။

(၉)ဝမ်းနည်းစရာရုပ်ရှင်တွေကို မကြည့်ပါနဲ့

အမျိုးသမီးတော်တော်များများဟာ ရာသီလာခါနီးရင် စိတ်ခံစားမှုက သိသိ သာ သာသာ ပြောင်းလဲနေတတ်ပါတယ်။ခံစားလွယ်၊စိတ်တိုလွယ်နေပါတယ်။ပျော်ခြင်း၊ဝမ်းနည်းခြင်း၊ဒေါသထွက်ခြင်း၊စိတ်မလုံခြုံမှု စတဲ့ ခံစားချက်တွေကို အချိန် ခဏလေးအတွင်းမှာ အမျိုးမျိုးပြောင်းလဲခံစားနေရတတ်ပါတယ်။အဲ့ဒီလိုအချိန်မှာ စိတ်ခံစားချက်တွေက အမြင့်ဆုံးရောက်နေ၊ခံစားလွယ်နေတတ်တာကြောင့် ဝမ်းနည်းစရာ ရုပ်ရှင်တွေကို လုံးဝမကြည့်ပါနဲ့။


Credit : Shwemom


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top